Posted by : လက်တွဲဖော်
Tuesday, August 21, 2012
အတိတ်ကိုပြန်မလှည့်ဖူး
အနာဂတ်ကိုစိန်မခေါ်ဖူး
လက်ရှိငါ့အလွမ်းတွေသန့်ရှင်းနေကြောင်း
ရေမလောင်း၊ပေါင်းမရှင်းပဲသက်သေပြမယ်
လက်မပြဘဲနုတ်ဆက်သွားသူကို
ငါလိုက်မပို့နိုင်တာကလွဲရင်
ငါ့အကုန်ဖြူစင်နေဆဲပါကောင်မလေး။
ဗလာချီညှစ်တဲ့
ခဝါသယ်လက်ထဲက
ကော်လံတစ်စဖြူတာဟာ
ဆပ်ပြာကောင်းလို့တော့မဟုတ်ပါဖူးကောင်မလေးရယ်။
အားလုံးဆုံးရှံးသွားတာတောင်
မေ့လို့မရနိုင်သေးတဲ့ငါ့ရဲ့ဖြူစင်ခြင်းကလည်း
မင်းရဲ့အလှတစ်ခုတည်းကြောင့်တော့မဟုတ်တာသေချာပါတယ်။
တကယ်ချစ်ဖူးသူတွေကသာ
အချစ်ရူးတွေကိုနာလည်ပေးနိုင်ကြတာမို့
အဲ့ဒီလူကိုမင်းတကယ်ချစ်မိသွားတဲ့နေ့
ငါ့အချစ်ကိုစာနာမိမှာပါကောင်မလေးရယ်။
#တစ်ခန်းတစ်နားလွမ်းပြနေလည်း
မင်းကပြန်မကြည့်တော့
ငါ့ဘာသာပဲပြန်,ရီ မိတော့တယ်
အဟက်းးးးးးးးးးး
Post a Comment