Posted by : လက်တွဲဖော်
Tuesday, August 21, 2012

*ငါ့ဘ၀မှာ မင်းနဲ့ဆုံတွေ့ပြီး
ချစ်ခွင့်ရတာနဲ့တင်
ကံကောင်းနေပါပြီ ချစ်သူ …။
*ဒါပေမယ့် အတ္တကင်းသူ မဟုတ်လေတော့
မင်းကိုပိုင်ဆိုင်ခွင့်ရချင်တဲ့စိတ်တွေက
ငါ့ဘ၀ကို တစ္ဆေတစ်ကောင်အလား
အချိန်တိုင်း ခြောက်လှန့်နေတော့
နေ့ဘက်ဆို ကြောက်လန့်စိတ်တွေနဲ့
ညညဆို အိပ်ရေးပျက်ပေါင်းများလာတယ် …။
*မင်းနဲ့ငါက ဘုရားကဖန်ဆင်းပေးတဲ့
ချစ်သူတွေပါ …။
ဘာကြောင့်များအနေစိမ်းနေကြသလဲ?
ဘာတွေကိုများ ငဲ့ညှာနေကြရသလဲ?
မိဘတွေသိမှာစိုးတာလား …
သူငယ်ချင်းတွေ လှောင်မှာစိုးတာလား …
ငါ့ဦးနှောက်နဲ့
ဥာဏ်မီသလောက်စဉ်းစားတယ် …။
*အနာဂတ်မှာ ကြုံတွေ့လာမယ့်
ခရီးကြမ်းတွေ … ပျော်ရွှင်မှုတွေအတွက်
ငါ့ကမ်းတဲ့လက်ကို ဖမ်းဆုပ်လိုက်
ငါ့ရင်ခွင်မှာ နားခိုရင်း
မင်းရှေ့က သတ္တိရှိစွာရင်ဆိုင်ရင်း
အရာအားလုံးကို ရဲရဲဝံ့ဝံ့နဲ့
ဖြတ်ကျော်သွားကြစို့ ချစ်သူ …။
(မှတ်ချက်။ ။ ခင်မင်ရသော မောင်ငယ်လေး “Wai Snow Ko Ko” က သူ့ကောင်မလေးကို ပေးချင်လို့ ရေးပေးဖို့ တောင်းဆိုတာနဲ့ ရေးဖြစ်ခဲ့တာလေးပါ ...
အခြားသူတစ်ယောက်ရဲ့ခံစားချက်လေးကို တစ်ခါမှမရေးပေးဖူးလေတော့ အမှားပါသွားရင် ခွင့်လွှတ်ပေးပါရှင် ...)
မိုးညချမ်း
21.8.2012 (1:30 p.m)
Post a Comment