Posted by : လက်တွဲဖော် Tuesday, August 21, 2012


နင်ကတော့ဘယ်သိမှာလဲ အရင်ကဖုန်းသရဲလို့တောင်သူငယ်ချင်းတွေကခေါ်ကြတဲ့ငါ အခုအပြင်ထွက်ရင်ဖုန်းယူဖို့သတိမေ့တတ်သွားတာနင်ဘယ်သိမှာလဲ ရည်းစားတွေနင်ထားနေတယ်တဲ့ အဲ့ဒါငါဘာတတ်နိုင်မှာလည်း နင့်ရည်းစားထားတာနင့်လွှတ်လပ်မူတစ်ခုပါ ငါကနင့်ရည်းစားမှမဟုတ်တာနင့်ချစ်သူလေ အဲ့ဒါကြောင့်အဲ့လိုလူတွေနဲ့ငါကဘယ်လိုအသွင်တူမှာလည်း ငါခဏခဏရန်ဖြစ်တယ်ဆိုပေမယ့် နင့်အပေါ်မှာတစ်ခါတောင်ငါအော်ဖူးလို့လား နင်သာငါ့ကိုခဏတိုင်းအော်ခဲ့ပြီးအခြားလူတွေနဲ့ကြူနေတာလေ ဒါပေမယ့် အဲ့ဒီနင့်လူတွေကငါတို့တောင်ပေါ်ကိုမှမလာနိုင်ဘဲလေ ငါတစ်ခွန်းလောက်ထပ်ပြောချင်တယ် နင်သူတို့နဲ့အမြန်လမ်းခွဲပြီးငါ့ဆီပြန်ခဲ့ပါဟာ။

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -