Posted by : လက်တွဲဖော် Saturday, February 16, 2013

Valentine တဲ့ချစ်သူရယ်

သူများတွေ အကျီ ဆင်တူတွေ ဝတ်ထားကြတယ်
ကိုယ်တို့ တွေကတော့ တာဝန်တွေကို ဆင်တူ လွယ်ထားကြရတယ်

သူများတွေ လက်လေးတွေ တွဲထားကြတယ်
ကိုယ်တို့ တွေကတော့ ခေါင်းထဲမှာ အလုပ်ကို ဆင်တူ စဉ်းစားကြရတယ်

သူများတွေ ချစ်သက်သေလက်ဆောင်တွေအပြန်လှန် ပေးကြတယ်
ကိုယ်တို့ တွေကတော့ ဖုန်းထဲမှာ ချစ်စကားကို ဆင်တူ ပြောကြရတယ်

ဒါပင်မယ့် ချစ်သူရယ်
ကိုယ်တို့ တွေ အကျီ ဆင်တူ မဝတ်ပင်မယ့်
နားလည်မှု ချင်း အပြန်အလှန် ပေးထားကြတယ်

ကိုယ်တို့ တွေ လက်လေးတွေ မတွဲထားကြပင်မယ့်
နှလုံးသားချင်း အပြန်အလှန် ထပ်ထားကြတယ်

ကိုယ်တို့ တွေ လက်ဆောင်တွေ မပေးနိင်ကြပင်မယ့်
တယောက်အပေါ်တယောက်အချစ်ကို ဆထက်တိုးထားကြတယ်

မြင်သာထင်သာတဲ့ ကိုယ့်အနားမှာ မင်းမရှိပင်မယ့်
ကျဉ်းမြောင်းလှတဲ့ကိုယ့် နှလုံးသားထဲကတော့ မင်း ကိုထွက်ခွင့်မပေးဘူး

ဘာလို့ လဲ ဆိုတော့နေ့ ရက် တိုင်းက ကိုယ်တို့ ၂ယောက်ရဲ့ 
Happy Valentine Day ပေါ့

Love U So Much , Honey ~~~


( ဇင် နှင်း )

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -