Posted by : လက်တွဲဖော်
Saturday, February 16, 2013
Chocolate ??
_ ဘာလုပ်မှာလဲ ?? ချောကလက်စားရင် သွားပိုးတောင်စားဦးမယ်။ မစားတာမှပိုကောင်းသေး ။ ပြီးတော့ ဒီလိုအချိန်ဆို ဈေးကကြီးသေး !!
အရုပ် ??
_ မလိုချင်ပါဘူး ။ ငယ်ငယ်လေးကတည်းက ဖေဖေ မေမေ ဝယ်ပေးထားတဲ့အရုပ်တွေတောင် အိမ်မှာပုံနေသေးတယ်။
ပန်းစည်း ??
_ ဈေးထဲက ပန်းစည်းတစ်စည်းဝယ်ပြီး ဘုရားကိုကပ်လိုက်တာကမှ ကုသိုလ်ရဦးမယ်။ ဘာမဟုတ်တဲ့ နှင်းဆီပန်းလေးတစ်ပွင့်တောင် အခုချိန် ဈေးတွေက ခေါင်ခိုက်နေတာပဲရှင် ။
ကဲ ~~
ဒီလိုဆိုရင်ဖြင့် ..
" တစ်ကိုယ်တော် Valentine " အတွက် ဘာမှ ဝမ်းနည်းနေစရာမလိုဘူးပဲ :)
ဟုတ်ပါသည် ။
"Valentine Day" or "14th February" သည် ကျွန်တော်/ကျွန်မနှင့် "လုံးဝမသက်ဆိုင်တော့ပါ" ။ ။ ။ ။
ဒါဆို ..
ဘာလက်ဆောင်မှမရလို့ စိတ်ထဲမှာ ဝမ်းနည်းမနေပဲ ဒီနေ့ကို ပျော်ပျော်ရွှင်ရွှင်ကြီးဖြတ်သန်းလိုက်ကြတာပေါ့နော် Mr & Mrs SINGLE တို့ :)
{ မယ်ပိုး }
< Heart Canteen >

Post a Comment