Posted by : လက်တွဲဖော် Saturday, February 16, 2013

"စိတ်မညစ်နဲ့ နော်...." တဲ့
ငါ စိတ်ညစ်နေမှာ နင် စိုးရိမ်သတဲ့လား..
နင်.......ငါ့ကို စိတ်ညစ်အောင် လုပ်မိနေသလား..
အရင် ပြန်တွေးကြည့်လိုက်ပေါ့...

"မငိုနဲ့ နော်...." တဲ့
ငါ ငိုမှာ နင် မကြိုက်ဘူးတဲ့လား..
နင်......ငါ့ကို မျက်ရည်ကျအောင် လုပ်မိနေသလား..
အရင် ပြန်ဆန်းစစ်ကြည့်ပေါ့...

"စောစောအိပ်နော်..."တဲ့
ငါ အိပ်ရေးပျက်မှာ နင် စိတ်ပူနေသတဲ့လား..
နင်.......ငါ့အိပ်ပျက်ညတွေကို ဖန်တီးနေမိသလား..
အရင် ပြန်စဉ်းစားကြည့်ပေါ့.....

..
..
..
စိတ်ချပါ ချစ်သူ...
ငါ စိတ်ညစ်အောင်..နင်ပဲလုပ်နိုင်တယ်..
ငါ့ကို နင်တစ်ယောက်တည်းပဲ နှိပ်စက်နိုင်တယ်..
နင် တားမြစ်သမျှ.. ငါ နင့်စိတ်ကြိုက်နေပါ့မယ်..
ငါ့ရင်ထဲက ခံစားချက်တွေ နင် မမြင်အောင် သိုဝှက်ထားပါ့မယ်...

ငါ့ရဲ့ အရာရာတိုင်းမှာ နင်သာ ဖန်ဆင်းရှင်ပါ...



^Chuu Lay^

Heart Canteen

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -