Posted by : လက်တွဲဖော် Wednesday, September 5, 2012


၁။ သင့်ကို ပျော်ရွှင်စေတဲ့ message တစ်ခုခု ရပါက သင် ပြုံးဖို့မမေ့ပါနဲ့။ ပြီးရင် အဲ့ဒီ့ message ကို ဖျက်ပစ်လိုက်ပါ။ ၂။ ပိုက်ဆံကို ဘယ်လို ရှာရမလဲဆိုတာ စဉ်းစားပါ။ ပိုက်ဆံကို ဘယ်လိုချွေတာရမလဲဆိုတာ မစဉ်းစားပါနဲ့။ ၃။ ဒေါသထွက်တဲ့အခါ ၁ ကနေ ၃၀ အထိ စိတ်ထဲကရေတွက်ပါ။ ပြီးမှ စကားဆက်ပြောပါ။ ၄။ လိုချင်ရင် ကိုယ့်ကိုကိုယ်ကြိုးစားပြီး ၀ယ်ပါ။ တခြားသူကို မ၀ယ်ခိုင်းပါနဲ့။ ၅။ အချိုရည် တွေလျော့သောက်ပါ။ ရေများများသောက်ပါ။ ၆။ ၂၄ နာရီလုံးကို အသုံးပြုပြီး လူ တစ်ယောက်တည်းကို မလွမ်းနေပါနဲ့။ အချိန်တချို့ကို မိသားစုနဲ့ သူငယ်ချင်း တွေကို ခွဲပေးလိုက်ပါ။ ၇။ မစားနိုင်တော့မှ အန်ထုတ်ပစ်ဖို့ မကြိုးစားပါနဲ့။ မစားခင်ကတည်းက သေချာစဉ်းစားပါ။ ၈။ အထီးကျန်တဲ့ အခါ သီချင်းဆွေးတွေနားထောင်ပြီး အင်တာနက်စာမျက်နှာပေါ်မှာပဲ ပတ်ချာလည်မနေပါနဲ့။ အားကစားတစ်ခုခုလုပ်၊ ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့ ပေါက်ကရတွေပြောပစ်ပါ။ ပိုပြီး နေလို့ကောင်းသွားပါလိမ့်မယ်။ ၉။ လိုချင်တဲ့ ပစ္စည်းကို ၀ယ်ပါ။ ပိုက်ဆံတော့ ချေးပြီး မ၀ယ်ပါနဲ့။ သေချာစဉ်းစား၊ ဆုံးဖြတ်ပြီးပြီဆို နောင်တ မရမိပါစေနဲ့။ ၁၀။ ကောင်းမွန်တဲ့စာတွေ များများဖတ်ပါ။ သင့်ဦးနှောက်ကို သင်ထွန်ယက်ပါ။ ဘ၀ကို မြင့်တင်ပါ။

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -