Posted by : လက်တွဲဖော်
Wednesday, September 5, 2012
တစ်ဦးနဲ့တစ်ဦး တကယ်မေတ္တာအစစ်နဲ့ချစ်ကြပြီဆိုရင်
မကြာခဏ ရန်ဖြစ်ပါလိမ့်မယ်..
စိတ်မညစ်ပါနဲ့ ရန်ဖြစ်ပြီးလျှင် ပြန်ချစ်တက်ပါတယ်။
မကြာခဏ မျက်ရည်ကျပါလိမ့်မယ်။
သင့်ကို ချစ်လို့ ကျတဲ့မျက်ရည်တွေကို လက်ဖမိုးနဲ့အသာသုတ်ပေးလိုက်ပါ။
လွှတ်ခနဲ့ အမှတ်မထင်ပြောမိတဲ့ စကားတစ်ခွန်းက သူ့အတွက် နာကျင်စေမိတယ်ဆိုရင် သင် နှစ်သိမ့်ပေးပါ။ သင့်စကားတိုင်းကို အလေးထားပြီး ဂရုစိုက်တက်တဲ့ချစ်သူတစ်ယောက်အတွက်။
မကြာခဏ ငြင်းခုန်နေမိပြီဆိုလျှင် သင့်ဘက်က အလျော့ပေးပြီး စိတ်အေးစွာထား၍ ပြန်၇ှင်းပြပါ။သင့်ချစ်သူက သင့်အား အနိုင်ယူလို၍ ဆိုးနွဲ့ချင်၍သာ ငြင်းခုန်ခြင်းဖြစ်ပါတယ်.။
ချစ်သူက သင့်အား သ၀န်တို၍ တိုပဲတိုနိုင်လွန်းတယ်ဆို၍ စိတ်တွင်မမှတ်ပါနှင့်..သင့်အား အရမ်းချစ်၍ ဆုံးရှုံးရမည်အား စိုးရိမ်သောကြောင့်ဖြစ်ပါတယ်..
ရန်ဖြစ်ခြင်း၊မျက်ရည်တွေ၊ နာကျင်မှုတွေ၊ ငြင်းခုံမှုတွေ ၊ မနာလိုမှုတွေ နှစ်ယောက်အတူ ရင်ဆိုင်နိုင်ပြီဆိုလျှင်တော့ ဘာပြဿနာပဲရှိရှိ သင်တို့ အချစ်ခိုင်မြဲပါလိမ့်မည်။
Post a Comment