Posted by : လက်တွဲဖော် Wednesday, September 5, 2012


မဖျက်ပစ်ရက်တဲ့ နင့်ရဲ့ စာတွေကို ငါ ... ထပ်ပြီး မသိမ်းထားတော့ပါဘူး။ နင်နဲ့ chat ခဲ့ဖူးတဲ့ စာတွေကို ငါ... ထပ်ခါထပ်ခါ ပြန်မဖတ်တော့ပါဘူး။ နင် နဲ့ လွဲသွားမှာ စိုးလို့ ငါ... တနေကုန် အွန်လိုင်း မှာ စောင့်မနေတော့ပါဘူး။ နင် ဘာတွေလုပ်နေလဲ ဆိုတာ ငါသိဖို့ ... တခြားသူတွေကို လိုက်ပြီး မမေးတော့ပါဘူး။ ငါ... နင့်ကို ဘယ်လောက်ချစ်ကြောင်း ငါ ... သူငယ်ချင်းတွေကို ထပ်ခါတလဲလဲ မပြောတော့ပါဘူး။ နင့်ဘ၀ အတွက် ငါဟာ ဘာမှမဟုတ်ပေမယ့် ငါ့ဘ၀ အတွက် နင်ဟာ `အပြင်းစား ဒဏ်ရာတစ်ခု´။ `ဒဏ်ရာ´ ဆိုတာ တခြားသူကို ပြနေလည်း အပိုပါပဲ။ လှစ်ခနဲ ပြလိုက်တိုင်း ခု... ငါ့ ရင်တွေ တဆတ်ဆတ်တုန်လို့။

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -