Posted by : လက်တွဲဖော် Monday, August 6, 2012


သိပ်ချစ်တတ်တဲ့ လူတစ်ယောက်ဟာ .. သူ တန်ဖိုးထားတဲ့ လူတစ်ယောက်ကို မျက်စိအောက်ကအပျောက်မခံနိုင်ပဲ ရှိနေတတ်တယ် .. .. .. သူ့အတွက် အကျိုးမရှိတောင်မှ သူတန်ဖိုးထားတဲ့လူအတွက် အချိန်ပြည့်ပေးဆပ်ချင်နေတတ်တယ် .. .. .. သူ တန်ဖိုးထားတဲ့ လူတစ်ယောက်ကို လက်လွှတ်မခံချင်လောက်အောင် သ၀န်တိုပြီး အတ္တကြီးတတ်တယ် .. .. .. သူ တန်ဖိုးထားတဲ့ လူကို ဆုံးရှုံးမှာကြောက်လို့ အမြဲတစေ ပူပန်နေရတတ်တယ် .. .. .. ငါ .. နင့်ကို အဲ့ဒီလို အပူမျိုးတွေ မခံစားစေချင်ဘူး .. .. .. ဒါကြောင့် .. " နင် သိပ်မချစ်တတ်ပါနဲ့ " ဟာ .. -သိပ်လွမ်းတတ်တဲ့ လူတစ်ယောက်ဟာ .. သူတန်ဖိုးထားတဲ့ လူက သူချစ်သလောက် သူ့ကို ပြန်ချစ်နိုင်ပါ့မလား လို့ တွေးပူနေရတတ်တယ် .. .. .. တစ်ခါတစ်လေ သူ့ကို မေ့နေချိန်မျိုးဆိုရင် တစ်ယောက်တည်း ဆွေးနေတတ်တယ် .. .. .. သူဂရုစိုက်သလောက် ပြန်ဂရုမစိုက်နိုင်တဲ့အချိန်မျိုးတွေဆိုရင် တွေးချင်ရာတွေးပြီး ၀မ်းနည်းနေတတ်တယ် .. .. .. သူ မျှော်နေတဲ့ လူတစ်ယောက်ရောက်မလာခဲ့ဘူးဆိုရင်လည်း အရာရာဟာ သူ့အတွက်အထီးကျန်ဆန်ပြီး လွမ်းဖို့ သိပ်ကောင်းနေတတ်တယ် .. .. .. တစ်ခါတစ်လေ လူတစ်ယောက်ကို လွမ်းရတာ သေလောက်အောင် နာကျင်ဖို့ကောင်းတယ် .. .. .. ငါ .. နင့်ကို အဲ့ဒီလိုမျိုးတွေ မခံစားစေချင်ဘူး .. .. .. ဒါကြောင့် .. " နင် သိပ်မလွမ်းတတ်ပါနဲ့ " ဟာ ..

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -