Posted by : လက်တွဲဖော်
Monday, August 6, 2012
ငါနင့်ကို.........အရမ်းချစ်ခဲ့ပါတယ်...။
ဟိတ်” ကောင်မလေး အသံပေးပြီး ကောင်လေးဘေးနား ၀င်ထိုင်လိုက်တယ်.. လွယ်အိတ်ထဲက လက်ဆောင်ကိုထုတ်
ပြီးကောင်လေး ကို လှန်းပေးလိုက်တယ်…ပြီးတော့ မွေးနေ့ဆုတောင်းပေးလိုက်တယ်။ ကောင်လေးကဖွင့်ကြည့်ပြီး
ပြုံးလိုက်တယ်။ ကျေနပ်တဲ့ အပြုံးနဲ့ပေါ့… ဆွဲကြိုးလေးပါ..သိပ်လှတဲ့ ဆွဲကြိုးလေးပါ…. ကောင်မလေးက ဆွဲကြိုးလေး
ကို ယူပြီးကောင်လေးကိုဆွဲပေးလိုက် တယ်.. နောက်ပြီး ဒီနေ့ ဘာနေ့လဲလို့မေးလိုက်တယ်… ကောင်လေးက ဒီနေ့
သူ့မွေးနေ့လေလို့ ပြန်ဖြေတယ်…. ကောင်မလေး အရမ်းဝမ်းနည်းသွားတယ်…
ဒါပေမယ့် ကောင်မလေး ဖော်မပြခဲ့ပါဘူး။
သူ့ရဲ့ဝမ်းနည်းမှုတွေကို ပျော်ရွင်နေတဲ့ ကောင်လေးဆီကူးဆက်သွားမှာ ကောင်းမလေး မလိုလားခဲ့ဘူး… ဒီလိုနဲ့
ကောင်လေးမွေး နေ့ပွဲလေးပြီးတော့ ကောင်မလေး အိမ်ပြန်သွားတယ်။ အိမ်ပြန်လမ်းမှာ ကောင်မလေး ငိုခဲ့တယ်။
ဘာဖြစ်လို့လဲဆိုတော့ ဒီနေ့က ကောင်လေးနဲ့ ကောင်မလေး ချစ်သူဖြစ်တာ ၂နှစ်ပြည့်တဲ့နေ့ပါ။ အဲဒါကိုကောင်လေး
မေ့နေခဲ့တယ်။ အလိုက်သိတဲ့ မိုးက အိမ်ပြန်လမ်းမှာ ကောင်မလေးရဲ့ မျက်ရည်တွေကို ဖုံးပေးလျက်…. နောက်နေ့
မနက် ကောင်မလေးဆီကို ကောင်လေးရာက်လာတယ်။
ကောင်မလေးကို သူ့ဘ၀အတွက် အရေးကြီးတဲ့နေ့ကို မေ့နေခဲ့တဲ့အတွက် တောင်းပန်စကားပြောတယ်…. နောက်ပြီး
ကောင်လေးက ဘယ်တော့မှ မခွဲပါဘူးဆိုတဲ့ ကတိကို ကောင်မလေးကို ပေးခဲ့တယ်။ ကောင်မလေး အရမ်းဝမ်းသာ
သွားပြီး ကောင်လေးကို ပြုံးပြတယ်… အဲဒီနေ့က ကောင်လေးနဲ့ ကောင်မလေး နေ၀င်ချိန်အထိ အတူရှိနေခဲ့တယ်။
ကောင်လေး စာတွေရနေပြီလား… ကောင်မလေးက လှန်းမေးလိုက်တယ်။ ဒီနေ့စာမေးပွဲ စဖြေရတော့မယ်။
ကောင်လေးက ဘာမှမပြောဘဲ ခေါင်းငုံနေတယ်။ ကောင်လေး စာမရဘူးဆိုတာ ကောင်မလေး သဘောပေါက်သွား
တယ်။ ကောင်လေးကို နှစ်သိမ့်စကားပြောပြီး ကောင်မလေး စာမေးပွဲအခန်းထဲ ၀င်သွားတယ်။ အဲဒီနေ့က ကောင်လေး
ရော ကောင်မလေးပါ ဖြေနိုင်ခဲ့တယ်….ဒီလိုနဲ့ စာမေးပွဲနောက်ဆုံးနေ့ ရောက်တော့ စာဖြေပြီး ကောင်လေးနဲ့
ကောင်မလေး လျှောက်သွားခဲ့တယ်.. အဲဒီနေ့က သူတို့ရဲ့ နှလုံးသားတွေ နီးစပ်နေခဲ့တယ်….. စာမေးပွဲပြီးသွား
တော့ ခါတိုင်းလို ကောင်လေးနဲ့ ကောင်မလေး အမြဲတမ်းတွေ့လို့ မရတော့ဘူး။
ကောင်လေးက ကောင်မလေးရဲ့ အိမ်ကို တစ်ခါတစ်လေ သွားတယ်။ ကောင်မလေး ကလည်း ကောင်လေးဆီကို
အမြဲဖုန်းဆက်ခဲ့တယ်။ ဒီလိုနဲ့ ကောင်လေးနဲ့ ကောင်မလေး အနေဝေးခဲ့တယ်။ အနေဝေးပေမယ့် ကောင်မလေးက
ကောင်လေးကို အရင်လိုချစ်ဆဲ သတိရဆဲပါ.. ကောင်လေးလည်း ကောင်မလေးလိုပါပဲ… ခါတိုင်းလို အမြဲမတွေ့ရပေ
မယ့် တစ်ခါတစ်လေ ချိန်းတွေ့ကြမြဲပါ… ချိန်းတွေ့တိုင်းလည်း ကောင်လေးက ကောင်မလေးကို ဘယ်လောက်
လွမ်းကြောင်းပြောတယ်။
အဲဒီလို အချိန်တွေတိုင်း ကောင်မလေးရဲ့ နှလုံးသားတွေ နွေးထွေးနေမြဲပါ….. ဒီလိုနဲ့ အောင်စရင်းထွက်လာတယ်။
ကောင်လေးရော ကောင်မလေးပါအောင်တယ်။ ကောင်မလေးလည်း အောင်စရင်းလာကြည့်တယ်။ ကောင်မလေးရဲ့
မျက်နှာသိပ်ပြီးတော့ ကြည်ကြည်လင်လင် မရှိတာကို ကောင်လေး သတိထားမိတယ်။ အဲဒီနေ့က ကောင်လေးနဲ့
ကောင်မလေး အပျော်တွေ ပေါင်စည်းရင်း နှလုံးသားချင်း ခံစားချက်တွေကို ရင်ဖွင့်ခဲ့တယ်…. နောက်နေ့ကျတော့
ကောင်လေးက ကောင်မလေးကို ဖုန်းဆက်ပြီး ချိန်းတယ်။ တွေချင်လို့လာခဲ့ပါဆိုပြီး ပြောတယ်။
ကောင်မလေး လာခဲ့မယ်လို့ ပြောလိုက်တယ်။ ချိန်းထားတဲ့နေ့ ရောက်တော့ ကောင်မလေးရောက်မလာခဲ့ပါဘူး…
ကောင်လေးက ကောင်မလေးကို နေ၀င်ချိန်ထိစောင့်ခဲ့တယ်။ ကောင်မလေးကတော့ ရောက်မလာခဲ့ပါဘူး။
ကောင်မလေး ရောက်မလာတော့ ကောင်လေးက ကောင်မလေးရဲ့ အိမ်ကို လိုက်သွားခဲ့တယ်။ ကောင်မလေးအိမ်
ရောက်တော့ အိမ်တံခါးပိတ်ထားတယ်။
ကောင်လေးလည်း လက်လျှော့ပြီး အိမ်ပြန်ခဲ့တယ်။ အိမ်ပြန်လမ်းမှာ မိုးရာသီမို့လို့ ပတ်ဝန်းကျင်က အေးစိမ့်နေ
ပေမယ့် ကောင်လေးရင်ထဲမှာတော့ မီးတောက်နေဆဲပါ…. နောက်ရက်မှာ ကောင်မလေးဆီက ဖုန်းရလို့ ကောင်လေး
ပျော်သွားတယ်။ ကောင်မလေးကို တွေ့ဖို့ချိန်းလိုက်တယ်။အဲဒီနေ့ က မိုးအုံနေသလို ကောင်မလေးရဲ့ ရင်ထဲမှာ
လည်း ဆို့နစ်နေတယ်။
ဒါပေမယ့် ကောင်မလေးရဲ့ မျက်နှာပေါ်မှာ အပြုံးပန်းကို ပန်ဆင်လျှက်….. ကောင်လေးက ကောင်မလေးကို အရင်
လိုပဲ သူဘယ်လောက်လွမ်းကြောင်း၊ ချစ်ကြောင်းတွေ ပြောတယ်။ နောက်ပြီး သူတို့ငယ်ငယ်တုန်းက အကြောင်း
တွေကို ပြန်ပြောတယ်……. နားထောင်နေတဲ့ ကောင်မလေးကတော့ သူ့ချစ်သူကောင်လေးကို နှုတ်ဆက်နေတဲ့
အကြည့်တွေနဲ့ ကြည့်နေတယ်… ကောင်မလေးရဲ့ မျက်ဝန်းထဲမှာ မျက်ရည်တွေ တောက်ပလျှက်ပေါ့……….
ကောင်လေး “ကောင်မလေး” ငါနင့်ကို အရမ်းလွမ်းတယ်။ ကောင်မလေး ငါလည်းနင့်လိုပါပဲ ကောင်လေးရယ်……..
ငါနင့်ကို အရမ်းချစ်တယ်….. ကောင်လေး ငါလည်းနင့်ကို ချစ်ပါတယ်….ကောင်မလေးရယ်…..
…………………………………………………………………. ကောင်မလေး မိုးအုံနေတယ်နော်…ကောင်လေး……
ဒီနေ့ မိုးရွာရင် ကောင်းမယ်။ ငါတို့ မိုးရေထဲမှာ လမ်းမလျှောက်ရတာ ကြာပြီနော်….. ကောင်လေး အင်း…
ဟုတ်တယ်နော်….. ဒါပေမယ့် မရွာလောက်ဘူး ထင်တယ်။
ဒီလိုနဲ့ သူတို့ပြန်ခါနီးမှာ ကောင်လေးက ကောင်မလေးကို သူနိုင်ငံခြားသွားတော့မယ်လို့ ပြောတယ်။ နောက်ပြီး
ကောင်လေးက သူပြန်လာရင် ကောင်မလေးနဲ့ အတူနေမယ်လို့ ကတိပေးပြီး ကောင်မလေးကို လက်ထက်ခွင့်တောင်း
တယ်။ ကောင်မလေးရဲ့ ရင်ထဲမှာ တော်တော်ဆို့နစ်သွားတယ်။ ဒါပေမယ့် ကောင်မလေးက မျက်နှာမပျက်ပဲ
ကောင်လေးရဲ့ တောင်းဆိုမှုကို ခေါင်းငြိမ့်လိုက်တယ်။
ဒါဟာ ကောင်လေးနဲ့ ကောင်မလေးရဲ့ နောက်ဆုံးတွေ့ဆုံခြင်း ဆိုတာ ကောင်လေးရော ကောင်မလေးပါ မျှော်လင့်
မထားခဲ့ပါဘူး….. ကောင်မလေးရဲ့ ရင်ထဲက တောက်လောင်နေတဲ့ မီးကို ဘယ်သူက စာနာပြီး ဘယ်အရာက
သက်သာစေမှာလဲ။ ကောင်မလေး တောင်းတနေတဲ့ မိုးရေ….. နင်ဘယ်ရောက်နေလဲ….. ကောင်မလေး ငိုနေပေ
မယ့် အလိုက်မသိတော့တဲ့ မိုးက ကောင်မလေးရဲ့ အနားမှာ မရှိတော့……… ကောင်လေးလည်း ရက်အတော်ကြာ
နိုင်ငံခြားသွားဖို့ အလုပ်ရှုပ်နေတာကြောင့် ကောင်မလေးနဲ့ အဆက်အ သွယ်ပျက်နေတယ်။
သွားဖို့ရက်က နီးလာတာကြောင့် ကောင်လေးက ကောင်မလေးအိမ်ကို နှုတ်ဆက်ဖို့ သွားခဲ့တယ်။ လမ်းမှာ
ကောင်မလေး ကြိုက်တဲ့ မုန့်နဲ့ပန်းတွေ ၀ယ်သွားခဲ့တယ်။ ကောင်လေး ကောင်မလေးရဲ့ အိမ်ရှေ့ကိုရောက်တော့
ထူးဆန်းတဲ့ မြင်ကွင်းကို ကောင်လေး မြင်လိုက်ရတယ်။ အရင်က လူဝင်လူထွက်နည်းတဲ့ ကောင်မလေးရဲ့ အိမ်မှာ
လူတွေ စည်ကားနေပါတယ်…. ကောင်မလေးရဲ့ အမေက အဲဒီလူတွေကို မျက်ရည်တွေနှဲ့ဧည့်ခံနေတယ်။ ဧည့်ခန်း
ထဲရောက်တော့ ကောင်မလေးရဲ့ ဓါတ်ပုံရှေ့မှာ ထိုင်ပြီး ဓါတ်ပုံလေးကို ကြည့်ပြီး ငိုင်နေတဲ့ ကောင်မလေးရဲ့ အဖေ
ကို တွေ့လိုက်ရတယ်။
အဲဒီမြင်ကွင်းတွေဟာ ကောင်လေးရဲ့ ရင်ထဲမှာ ဆို့နစ်သွားတယ်။ နောက်တော့ ကောင်မလေးရဲ့ အမေရောက်လာ
ပြီး ကောင်လေးကို ဧည့်ခံတယ်။ ကောင်မလေး နှလုံးရောဂါနဲ့ ဆုံးသွားပြီ ဆိုတဲ့ အကြောင်းပြောပြတယ်။
ကောင်လေးမျက်လုံးတွေ ပြာသွားပြီး နားတွေထုံထိုင်းသွားတယ်….. ဧည့်ခန်းထဲက ကောင်မလေးရဲ့ ဓါတ်ပုံကိုပဲ
စိုက်ကြည့်နေမိတယ်…… ကောင်မလေးက ဓါတ်ပုံထဲကနေ ကောင်လေးကို ပြုံးပြီးကြည့်နေလေရဲ့…… “အကို”
ရုတ်တရက် ခေါ်သံကြားလို့ ကြည့်လိုက်တော့ ကောင်မလေးရဲ့ ညီမက ကောင်လေးကို စာလေးတစ်စောင် လှန်းပေး
လိုက်တယ်…. ကောင်လေး စာကို ဖွင့်ကြည့်လိုက်တော့ ကောင်မလေးရဲ့ လက်ရေးနဲ့ ရေးထားတဲ့စာ….
ကောင်မလေးရဲ့ညီမက ကောင်လေးကို ကောင်မလေး ဘယ်လောက်ချစ်တဲ့ အကြောင်း ဆေးရုံရောက်နေတာတောင်
ကောင်လေးဆီကို လာခဲ့တဲ့အကြောင်းကို ပြောပြတယ်….. ကောင်လေး ရင်ထဲမှာ မချိ့အောင်ခံစားရတယ်…..
နောက်တော့ စာကိုဖွင့်ဖတ်လိုက်တော့ ကောင်မလေးရဲ့ လက်ရေးမညီမညာနဲ့ ရေးထားတာ ကောင်မလေးဘယ်
လောက်တောင် ခံစားခဲ့ရလည်း ကောင်လေးသိလိုက်ရတယ်…. လှပညီညာတဲ့လက်ရေးတွေဟာ အခုတော့ မလှပ
မညီညာတော့ပါဘူး… ကောင်လေးရေ….. ငါနင့်ကို မပြောပြနိုင်ခဲ့တာ ခွင့်လွှတ်ပါ…ငါနင့်ကို ဖွင့်ပြောဖို့ ကြိုးစားတိုင်း
ငါ့ရင်တွေ အရမ်းကို နာကျင်ရတယ်။
င့ါပါးစပ်ကနေ ဖွင့်ပြောဖို့ ကြိုးစားတိုင်း ပျော်ရွှင်နေတဲ့ နင့်မျက်နှာ ကိုမြင်လိုက်ရတော့ ငါပါးစပ်တွေ ဆွံ့အသွားတယ်…
ငါတောင်းပန်ပါတယ်…. နင့်ကိုချိန်းပြီး မလာမိတဲ့အတွက်ပါ…. တကယ်တော့ အဲဒီနေ့က ငါဆေးရုံကနေ ဘယ်လိုမှ
ထွက်လို့မရလို့ပါ…. နောက်ပြီး အဲဒီနေ့က ငါသိခဲ့ရတာက ငါကြာကြာမနေရတော့ဘူး ဆိုတာပဲ ။နောက်နင်နဲ့တွေ့တဲ့
နေ့က ငါနင့်ကို ဖွင့်ပြောဖို့ကြိုးစားပေမယ့် အိမ်မက်တွေစိတ်ကူးတွေနဲ့ ပြည့်နှက်နေတဲ့ နင့်ကို င့ါဘယ်လိုပြောထွက်
မှာလဲ ကောင်လေးရယ်………… ကောင်လေးရဲ့ အိမ်ပြန်လမ်းမှာ ကောင်မလေး မျှော်နေတဲ့ မိုးက ကောင်လေးရဲ့
အလွမ်းတွေနဲ့ အတူ အဖော်ပြုရင်း ငိုနေလေရဲ့…….. မိုးသံတွေကြားထဲမှာ ကောင်လေးတစ်ယောက် စာရွက်လေး
တစ်ရွက်ကို ကိုင်ကာ အော်ဟစ်ငိုကြွေးလျှက် ပျောက်ဆုံးသွားတဲ့ ကောင်မလေးကို ရှာနေဆဲ………..
ကောင်မလေးရေ……… နင်ဘယ်ရောက်နေလဲ….. နင်ငါ့ကိုပြောခဲ့တာ နင်ငါနဲ့ မိုးရေထဲမှာ လျှောက်သွားချင်တယ်
ဆို…. နင်မျှော်နေတဲ့မိုးလေ…အခုရွာနေပြီ……နင်ဘယ်မှာလဲ…..ထွက်ခဲ့ပါတော့….. ကောင်မလေးရယ်…………..။
Post a Comment