Archive for April 2012
သူတို့က တစ်ယောက်ကိုတစ်ယောက်ချစ်ကြတဲ့ ညားခါစဇနီးမောင်နှံဖြစ်တယ်။ ဒါပေမဲ့ ကိစ္စအသေးအမွှားနဲ့ အမြဲလိုလို သူတို့ ငြင်းခုန်ရန်ဖြစ်တတ်တယ်။ တစ်ခါက ငြင်းခုန်တော့ ကောင်မလေးကပြောတယ်.. "ဒီတစ်ခါ ရန်တစ်ခါဖြစ်တိုင်း တစ်ဘက်သားရဲ့ အပြစ် အနာအဆာတွေကို စာရွက်တိုတစ်ခုမှာရေးပြီး ပုလင်းထဲ ထည့်ထားမယ်။ တစ်နှစ်ပြည့်တဲ့အချိန်ကျရင် ပုလင်းချင်းလဲကြမယ်"တဲ့။
အဲဒီလိုလည်း ပြောပြီးရော သူတို့တဖြေးဖြေး ငြင်းခုန်ရန်ဖြစ်မှုတွေ နည်းလာတယ်။ ပုလင်းအကြောင်းလည်း စကားမဟဖြစ်ကြတော့ဘူး။ နောက်နှစ်တော်တော်ကြာမှ
ကောင်လေးသိမ်းထားတဲ့ပုလင်းကို ကောင်မလေးက မတော်တဆသွားတွေ့တယ်။ ပုလင်းမှာ စာရွက်တိုတွေနဲ့ ပြည့်လို့ပေါ့။ ကောင်မလေးက သိလိုစိတ်နဲ့ စာရွက်တွေယူပြီး ဖတ်ကြည့်တော့ စာရွက်တိုတိုင်းမှာ "နင့်ကိုချစ်တယ်"လို့ ရေးထားတာကို တွေ့လိုက်တယ်။
.
လူတစ်ယောက်ကို ချစ်မိတာ ကြောက်စရာမကောင်းပါဘူး
ကြောက်စရာကောင်းတာက မိုက်ရူးရဲဆန်ခြင...်းပါပဲ။
လမ်းခွဲတာ ကြောက်စရာမကောင်းပါဘူး
ကြောက်စရာကောင်းတာက လမ်းခွဲပြီးလည်း လက်မလွတ်နိုင်ခြင်းပါပဲ။
အထီးကျန်တာ ကြောက်စရာမကောင်းပါဘူး
ကြောက်စရာကောင်းတာက ကိုယ့်ကိုယ်ကို အထီးကျန်ကျန်ထားခြင်းပါပဲ။
အသည်းကွဲတာ ကြောက်စရာမကောင်းပါဘူး
ကြောက်စရာကောင်းတာက နလန်မထနိုင်ခြင်းပါပဲ။
ဖျားနာတာ ကြောက်စရာမကောင်းပါဘူး
ကြောက်စရာကောင်းတာက ဘုံးဘုံးလဲခြင်းပါပဲ။
အလုပ်လက်မဲ့ဖြစ်တာ ကြောက်စရာမကောင်းပါဘူး
ကြောက်စရာကောင်းတာက အလုပ်ထွက်မရှာခြင်းပါပဲ။
ပိုက်ဆံမရှိတာ ကြောက်စရာမကောင်းပါဘူး
ကြောက်စရာကောင်းတာက ကူညီထောက်ပံ့မယ့်သူကို စောင့်မျှော်နေခြင်းပါပဲ။
ရှုံးနိမ့်တာ ကြောက်စရာမကောင်းပါဘူး
ကြောက်စရာကောင်းတာက ရှုံးနိမ့်တဲ့နေရာကနေ ပြန်မထနိုင်ခြင်းပါပဲ။
မှားယွင်းတာ ကြောက်စရာမကောင်းပါဘူး
ကြောက်စရာကောင်းတာက အမှားကို ထပ်တလဲလဲလုပ်ခြင်းပါပဲ။
.
See More
ချစ်မိတာ
Posted by : လက်တွဲဖော် 0 Comments
http://forlovings.blogspot.com/ *ငါက နင်ပြုံးနေရင် ကျေနပ်သူ နင်ငိုနေရင် အနေခက်သူ နင့်ကိုမတွေ့ရရင် မနေတတ်သူ နင်လိုသမျှ ပေးဆပ်ချင်သူ နင်မှားသမျှလည်း မငြိုငြင်တတ်သူ
မငြိုငြင်တတ်သူ
Posted by : လက်တွဲဖော် 0 Comments
ကယ်မစုံတဲ့ လကွေးကွေးမှာ ဝိုးတဝါးလရောင်လေးကို ရီဝေစွာ စိုက်ကြည့်ရင်း မင်းပုံရိပ်လေးကို ငါ့မျက်လုံးထဲမှာ မြင်ရောင်လာခဲ့တယ် ချစ်သူပုံရိပ်အသွေးအသက်နဲ့ လဲရမယ်ဆိုလဲ လဲရဲပါတယ် မင်းဟာငါ့ဘဝရဲ့ဆာလောင်မူတွေကို ဖြေသိမ့်ပေးခဲ့တဲ့ အချစ်ဘုရင်မလေး ဖြစ်နေလို့ အထီးကျန်စွာနဲ့ ဘဝကို လျောက်လှမ်းနေရတဲ့ ငါဆီကိုဝင်လာခဲ့တဲ့မင်းကို အရမ်းချစ်တယ်...........
.ချစ်သူပုံရိပ်.
Posted by : လက်တွဲဖော် 0 Comments
ယောကျာ်းဆိုတာလေ ပန်ခြံတစ်ခုတွင် ကောင်လေးနဲ့ကောင်မလေးစကားပြောနေကြပါတယ် သမီးရည်းစားဆိုပါစို့ (၁)ကောင်လေး- ``ချစ်တယ်ကွာ အရမ်းကိုချစ်တယ်´´ (၂)ကောင်မလေး-``ဟွန်း ဒါပဲ့နော် မောင် အရင်ရည်းစားတွေကိုကော ချစ်မှာလား´´ (၃)ကောင်လေး-``အားးးးးလုံးဝပဲ့´´ (၄)ကောင်မလေး-``ကျွန်မကိုကော ချစ်လား´´ (၅)ကောင်လေး-``ထာဝရပါပဲ့ ကွာ´´ (၆)ကောင်မလေး-``ဒါဆို ကျွန်မ မကြိုက်တဲ့ ဆေးလိပ်နဲ့အရက်တွေကော ဖြတ်မှာလား´´ (၇)ကောင်လေး- ``အင်´´ (ဂ)ကောင်မလေး-``တကယ်လို့ ကျွန်မသေသွားရင်ရော´´ (၉)ကောင်လေး- ``အားး လွဲပါစေဖယ်ပါစေ ဒီလိုသာဆိုရင်ငါသေသွားတာမှကောင်မယ်´´ (၁၀)ကောင်မလေး-``ဒါဆိုကျွန်မတို့လက်ထပ်ကြရအောင်နော်´´ ဒီလိုနဲ့ကောင်လေးနဲ့ကောင်မလေးချစ်သူဘ၀မှ အနားယူကာ အိမ်ထောင်ရှင်ဘ၀သို့ကူးပြောင်းလိုက်ကြတယ်..။ အိမ်ထောင်သည်ဘ၀မှာ ကောင်လေးနဲ့ကောင်မလေးပြောတဲ့စကားကို ကောင်မလေးပြောတဲ့စကား (၁၀)ကောင်မလေးမှအပေါ်သို့ဖတ်တင်သွားပါ ယောကျာ်းဆိုတာ လာလဲဆိုတာသိလာရလိမ့်မယ် သြော် ပြောရဦးမယ်အဲလိုယောကျာ်း ထိုလင့်တွင်အပြည့်အစုံဖတ်ပါ: http://www.mm-flashsongs.com/profiles/blog/show?id=5202681%3ABlogPost%3A1159032&xgs=1&xg_source=msg_share_post#ixzz1tPnCumtd
ယောကျာ်းဆိုတာကလေ...
Posted by : လက်တွဲဖော် 0 Comments
သံယောဇဉ်ဆိုတာ ဘာလဲ? ငါစွန့် ခွာဖို့ အခါခါကြိုးစားတယ်.. ငါစွန့် ခွာမသွားဖို့ နင်အတန်တန်ဆွဲထားတယ်.. ဒါဟာ သံယောဇဉ်လား..? အချစ်လား ? အချစ်ဆိုတာဘာလဲ..? ရင်ဘတ်ထဲကလာတာလား..? နှတ်ဖျားသက်သက်ဘဲလား ? ချစ်စကားတစ်ခွန်းရဲ့ နောက်ကွယ်မှာ ခံစားမှုတွေပါလာလား.. ဟန်ဆောင်ခြင်းသက်သက်ပဲလားဆိုတာ. ဝေခွဲမရတဲ့ အဖြစ်.. တစ်ဦးစိတ်ကို တစ်ဦးနားလည်နေတဲ့  ဒို့ နှစ်ယောက်ရဲ့ အဖြစ်က သံယောဇဉ်လား ? အချစ်လား ?
သံယောဇဉ် လား ?အချစ် လား ?
Posted by : လက်တွဲဖော် 0 Comments
ယခုခေတ်မှာ အသည်းကွဲတဲ့ရောဂါတွေ တော်တော်များမယ်လို့ ထင်ပါတယ်.. ဘာလို့လဲဆိုတော့ အပြင်မှာ တွေ့ပြီး ချစ်ကြိုက်ကြသလို အွန်လိုင်းတွေပေါ်ကနေလည်း ချစ်ကြိုက်နေရတာကို တွေ့နေရပါတယ်.. အဲဒီတော့ အသည်းကွဲတဲ့အခါ ဘယ်လိုနေရမလဲ.. ဘယ်လိုနေရင် ရောဂါသက်သာမလဲ ဆိုတာကို အကြံပြုချင်ပါတယ်... အသည်းကွဲသောအခါ မလုပ်သင့်သောအရာ(၁၀)ချက် 1. အသည်းကွဲသောသီချင်းတွေနားမထောင်ပါနဲ့ 2.သူ့နဲ့ပတ်သတ်တဲ့အရာတွေခေါင်းထဲကိုရောက်လာတာနဲ့ ချက်ချင်းဖယ်ပစ်လိုက်ပါ 3. သူငယ်ချင်းတွေနဲ့တွေ့တဲ့အခါသူ့အကြောင်းလုံးဝမပြောပါနဲ့ 4. သူနဲ့သွားခဲ့တဲ့နေရာတွေကိုအတတ်နိုင်ဆုံးသွားခြင်း ရှောင်ကြဉ်ပါ 5.သူ့ကိုရွှဲတဲ့စိတ်နဲ့နောက်တစ်ယောက်ထားမယ်ဆိုတာဘယ်တော့မှ မလုပ်ပါနဲ့ 6. မာနကိုအတတ်နိုင်ဆုံးလျော့ပါ 7. အတွဲတွေမြင်တိုင်းသူ့ကိုသတိရလိုက်တာဆိုပြီးလိုက်မငေးပါနဲ့ 8. အရက်သေစာ(လုံးဝ)မသောက်စားပါနဲ့ 9. အိမ်ပြန်မအိပ်တာ၊ပါတီသွားတာတွေမလုပ်ပါနဲ့ 10. သူ့ကိုမကျေနပ်မှု့ကြောင့်တစ်ဦး၊ တစ်ယောက်ကိုမှအငြိုးမထားပါနဲ့ အသည်းကွဲပြီးကိုယ့်ချစ်သူကိုမေ့နိုင်အောင်ကြိုးစားနည်း(၁၀)ချက် 1. ရုပ်ရှင်ဟာသကားကြည့်ပါ 2. သူငယ်ချင်းတွေနဲ့ အပြင်သွားလည်ပါ 3. Game များများဆော့ပါ 4. သူငယ်ချင်းတွေနဲ့ဖုန်းများများပြောပါ 5. ခရီးထွက်ပါ (0r) shoppingများများထွက်ပါ 6. မိသားစု နဲ့အမြဲအတူတူရှိနေပါ 7. ကိုယ်ဝါသနာပါရာအလုပ်တစ်ခုကိုအာရုံစိုက်လုပ်ပါ 8. ပျော်စရာတွေကိုပဲစဉ်းစားပါ 9. အစားများများစားပါ 10. ဘုရားတရားများများလုပ်ပါ...။ ဒါဆိုရင်တော့ အသည်းကွဲတဲ့ရောဂါ သက်သာနိုင်ပါလိမ့်မယ်.... အားလုံးပျော်ရွှင်နိုင်ကြပါစေ... Views: 117 ထိုလင့်တွင်အပြည့်အစုံဖတ်ပါ: http://www.mm-flashsongs.com/profiles/blog/show?id=5202681%3ABlogPost%3A1158302&xgs=1&xg_source=msg_share_post#ixzz1tPmGP3cQ
အသည်းကွဲတဲ့ရောဂါ ကုစားနည်းများ
Posted by : လက်တွဲဖော် 0 Comments
အချစ်ဒဿနများ၁။အချစ်သည် လူတိုင်၏ နှလုံးသားတွင်ရှိပါသည်။သိုသော်အချို့က အတု အယောင် အချစ်ကိုဖန်တီးပြီလိမ်ညာလှည့်စားရန် ကြိုးစားကြလေသည်။ထိုကဲသို့ ပြုလုပ်ခြင်းဖြင့် လှပသာယာသော အနာဂတ်ကို ဖန်တီးနိုင်မည်လား။၂။အချစ်သည် လူအချို့ကိုရူသွပ်စေ ပြီး အချို့ကို ညဏ်ပညာရှိစေပါတယ်။၃။သင့် ချစ်သူ နှင့် သင်အမြဲထာဝရလက်တွဲသွားမယ်ဆိုလျှင် သက်က သူထက်နဲနဲ ပို၍ချစ်နေရပေလိမ်မည်။၎။မိန်းမတွေက ယောကျာင်္းလေးအပေါ်အထင်အမြင်နဲ ချစ်ကြပြီး ယောကျာင်္းလေးတွေက မျက်စိမှိတ်ပြီးချစ်ကြတယ်။၅။ဘ၀တွင် မိမိချစ်သောသူအတွက်မိမိအချစ်ကိုဖော်မှုမရှိခဲလျှင် အလွန်ဝမ်းနည်စရာကောင်ပေလိမ်မည်။အချစ်ကိုမဖော်ပြနိုင်ခြင်းအထက် အချစ်ကိုဖော်ပြနိုင်သော်လဲ အချစ်ကိုမရနိုင်ခြင်းက ပို၍ကောင်းပါတယ်။၆။အချစ်ကသတ္တိမွေးဖွားပေးတယ်။အချစ်ကြောင့်လူတွေသူရဲကောင်းဖြစ်လာတယ်။အချစ်မရှိတဲ့ သူရဲကောင်းဆိုတာမရှိနိုင်ဘူး။၇။ကောင်ကင်၌ လွင့်မျောနေသောတိမ်တိုက်ကိုကြည်ရင်ဖြင့် အချစ်ရဲသဘောကိုသိနိုင်ပါတယ်။အချစ်ဆိုတာလွင့်မျောနေတဲတိမ်တိုက်တစ်ခုဖြစ်ပြီး ခွန်အားကောင်သောလေ၏စေနှင်းရာကို ရွေ့  လျားသွားလာနေရတယ်။၈။ဆားရေကိုလူတိုင်လိုလိုသောက်ဖူးကြတယ်။အချစ်ဆိုတာဆားရေးလိုပါပဲ။၉။အချစ်ဆိုတာ အပင်တစ်ပင်စိုက်ပျိုးခြင်းပါပဲ။မျိုးစေ့ကောင်းရင်အပင်သန်မယ်။မျိုးစေ့ညံရင် အပင်ညံမယ်လေ။၁၀။ယောကျာင်္းတစ်ယောက် က မိန်းမ တစ်ယောက် မုန်တယ်လိုပြောခဲ့ပါလိမ်မယ်။တကယ်မုန်းလိုပြောတာပါ။မိန်းမတစ်ယောက်မုန်းတယ်လိုပြောခဲရင်တော့ တကယ်ချစ်လို အရမ်းချစ်လို ဖြစ်ရင်ဖြစ် မဖြစ်ရင် ဟန်ဆောင်တာပဲဖြစ်ပါလိမ်မယ်။၁၁။အချစ်ဟာ သဘာဝက ဖန်တီးပေးတာပါ။အမုန်းဆိုတာ အချစ်ရဲပယောဂကြောင့်ဖြစ်ပေါ်လာတာပေါ့။ခံစားချက်ကြီးမားတဲ အချစ်ကတော နုနယ်တဲနှလုံးသားက ဖြစ်ပေါ် သန္ဓေတည်ပါတယ်။၁၂။ဘ၀မှာပျော်၇ွှင်ကြည်နူးဖွယ်အကောင်းဆုံးအချိန်ကတော့ ချစ်သူဆီက အကောင်းဆုံးတုန်ပြန်မှုကို၇တဲအချိန်ပေါ့။အဲဒီနောက်မှာကံကြမ္မာရဲ့ စီမံရာအတိုင်းအချစ်ခရီးလမ်းကိုဆက်လျှောက်ကြရပါတယ်။၁၃။အချစ်ကိုသိချင်ရင် နှလုံးသားကိုနားလည်ရမယ်။အဖိုးတန်းတဲအချစ်မျိုးကိုလိုချင်ရင်တောကြီးမားတဲ ရင်းနှီးမှုကိုပေးဆပ်ရလိမ်မယ်။၁၄။ အချစ်ကိုကြာကြာသိမ်းထားရလို့အချစ်ဝေဒနာရတာမ ဟုတ်ပါဘူး။အသဲကွဲတဲဝေဒနာခံစားမှုဆိုတာနုညံပျော့ပြောင်းလွန်းတဲ့နှလုံးသားကြောင့်သာ။၁ ၅။လူတိုင်းအခြားသူထံမှ စစ်မှန်သောအချစ်ကို ရယူလိုကြသည်။သို့သော် မိ မိထံမှ အချစ်စစ်ကို ပေးဖို့ ရန်ဝန်လေးနေတတ်ကြသည်။၁၆။မိန်းမတွေက အချစ်စစ်ကိုရှာဖွေပြီး ယောင်္ကျားတွေက အချစ်စစ်ရှိတယ်လို့ လုပ်ကြံပြောလေ့ရှိတယ်။၁၇။ အချစ်ဆိုတာ နှလုံးသားကို တစ်စစီ ဆုတ်ဖဲ့နင်းခြေပြစ်လိုက်ခြင်းပဲလို့  ကြေကွဲစွာနားလည်လိုက်ပါသည်။ ထိုလင့်တွင်အပြည့်အစုံဖတ်ပါ: http://www.mm-flashsongs.com/profiles/blog/show?id=5202681%3ABlogPost%3A1157974&xgs=1&xg_source=msg_share_post#ixzz1tPk3HMW2
အချစ်ဒဿနများ
Posted by : လက်တွဲဖော် 0 Comments
 ကာမဂုဏ်ဖောက်ပြားမှားယွင်းခြင်းမှ ရှောင်ကြဉ်ချင်တယ်ဆိုရင် မသွားမလာအပ်တဲ့ မိန်းမ(၂၀) ကို ရှောင်ကြဉ်ရပ့ါမယ်။
(၁) မာတုရက္ခိတ - မိခင်စောင့်ထိန်းသော မိန်းမ၊
(၂) ပိတုရက္ခိတ - ဖခင်စောင့်ထိန်းသော မိန်းမ၊
(၃) မာတုပိတုရက္ခိတ - မိဘနှစ်ပါး စောင့်ထိန်းသော မိန်းမ၊
(၄) ဘာတုရက္ခိတ - မောင်ကြီးမောင်ငယ် စောင့်ထိန်းသော မိန်းမ၊
(၅) ဘဂိနီရက္ခိတ - အစ်မ၊ ညီမ စောင့်ထိန်းသော မိန်းမ၊
(၆) ဉာတိရက္ခိတ - သွေးသားတော်စပ်သူ ဆွေမျိုး စောင့်ထိန်းသော မိန်းမ၊
(၇) ဂေါတ္တရက္ခိတ - အမျိုးအနွယ် စောင့်ထိန်းသော မိန်းမ၊
(၈) ဓမ္မရက္ခိတ - တရားကျင့်ဖော်ချင်း စောင့်ထိန်းသော မိန်းမ၊
(၉) သာရက္ခ - ကိုယ်ဝန်ကတည်းက မှတ်သားသိမ်းဆည်းခံရသော မိန်းမ၊
(၁၀) သပရိဒဏ္ဍ - ဤ မိန်းမကို သွားလာလျှင် ဒဏ်သင့်စေဟုမင်းမိန့် ထုတ်ခံရသော မိန်းမ
(၁၁) ဓနက္ကီတ- ဥစ္စာဖြင့် ၀ယ်ယူပေါင်းသင်းသော မိန်းမ
၊(၁၂) ဆန္ဒ၀ါသိနီ- အလိုတူ၍ ပေါင်းသင်းသော မိန်းမ၊
(၁၃) ဘောဂ၀ါသိနီ- ပစ္စည်းအသုံးအဆောင်ပေး၍ ပေါင်းသင်းသော မိန်းမ၊
(၁၄) ပဋ၀ါသိနီ- အ၀တ်အထည်ပေး၍ ပေါင်းသင်းသော မိန်းမ၊
(၁၅) သြဒပတ္တကိနီ- ရေခွက်၌ လက်ဆုံနှိုက်၍ လက်ထပ်ပေါင်းသင်းသော မိန်းမ၊
(၁၆) သြဘဋစုမ္ဗဋာ- ထင်းခွေရေခတ် လုပ်ကိုင်ရသော အမျိုးသမီးအား ယင်းအလုပ်တို့ကို မလုပ်စေတော့ဘဲ ခေါင်းမှခေါင်းခုကို ချစေ၍ပေါင်းသင်းသော မိန်းမ၊
(၁၇) ဒါသီ- ကျွန်လည်းဟုတ် ၊ မယားလည်းဟုတ်သော မိန်းမ၊
(၁၈) ကမ္မကာရီ - အလုပ်သမားလည်းဟုတ်၊ မယားလည်းဟုတ်သော မိန်းမ၊
(၁၉) ဓဇာဟဋာ- သုဥ့်ပန်းအမျိုးသမီးအား မယားအဖြစ်သို့ ပေါင်းသင်းသော မိန်း မ၊
(၂၀) မုဟုတ္တိကာ- ခေတ္တငှားရမ်း ပေါင်းသင်းသော မိန်းမ။
  • ဖော်ပြခဲ့တဲ့အချက်(၂၀)မှာ နံပါတ်(၁)မှ(၈)ထိ အချက်ဟာ မိန်းမနဲ့ယောက်ျား နှစ်ယောက်လုံး ဖောက်ပြန်ခဲ့လျှင် ယော်ကျားမှာပဲ အပြစ်ဖြစ်ပါတယ်။ မိန်းကလေးမှာတော့ အပြစ်မဖြစ် ပါဘူး။ ဒါပေမယ့် ဖော်ပြခဲ့တဲ့အချက်(၂၀)မှာ နံပါတ်(၉) မှ နံပါတ်(၂၀)အထိ မိန်းမ(၁၂)မျိုးမှာဆိုရင်တော့ မိန်းမရော ယောက်ျားရော အပြစ်ဖြစ်ပါတယ်။ ဘာလို့လည်းဆိုတော့... အကြင် မိန်းမဟာ လင်ပိုင်ဆိုင်သော ကာမအတွေ့အထိကို ခိုး၍ သူတစ်ပါးအား ပျော်မွေ့ စေသောကြောင့် ဖြစ်ပါတယ်။ ယောက်ျားများမှာမူ ထိုမိန်းမ(၂၀)တို့တွင် မည်သူနှင့်မဆို ဖောက်ပြန်ပါက ကာမေသုမိစ္ဆာစာရကံ ထိုက်ပါတယ်။ နောက်ထပ် ယောက်ျားများအတွက် ဖော်ပြထားတဲ့ မိန်းမအမျိုး(၂၀) အပါအ၀င် ကာမေသု မိစစ္ဆာစာရကံ ထိုက်သော အချက်လေးချက်ရှိပါတယ်..။ အဲ့ဒါတွေကတော့..(၁)အထက်မှာဖော်ပြသောမိန်းမအမျိုး(၂၀)တို့တွင်ပါဝင်ခြင်း၊(၂)ကျင့်ပြုမှီဝဲလိုစိတ်ရှိခြင်း၊(၃)ရနိုင်သောနည်းဖြင့်လုံ့လပြုခြင်း၊(၄)ပြုကျင့်ခြင်းကိုလည်း သာယာခြင်း တို့ဖြစ်ပါတယ်။
    ဒီအချက်ကတော့ လူတို့၏ ခန္ဓာကိုယ်တွင် မဖောက်ပြန်သင့်သော လမ်းကြောင်းသုံးမျိုး အကြောင်းပါ။ ဤသုံးမျိုးတို့ကို လွဲမှားစွာပြုလုပ်လျင်လည်း ကာမေသုမိစ္ဆာစာရကံ ထိုက်ပါတယ်။ အဲ့ဒါတွေကတော့ (၁)ကျင်ကြီးစွန့်ရာလမ်းကြောင်း၊(၂)ကျင်ငယ်စွန့်ရာလမ်းကြောင်း၊(၃)စကားပြောရာလမ်းကြောင်းတို့ဖြစ်ပါတယ်။
    နောက်ပြီး မိမိကာမပိုင်မိန်းမပင် ဖြစ်လင့်ကစား ကာမေသုမိစ္ဆာစာရကံ ထိုက်သော အချက်လေးချက် ရှိပါတယ်။ အိမ်ထောင်ကျပြီး ယောက်ျားများ လိုက်နာသိသင့်တဲ့ အချက်တွေပါ။ အဲ့ဒါတွေကတော့ (၁)မိမိမိန်းမကိုယ်ဝန်အလွန်ရင့်သောအခါ၊(၂)မိဘဆရာလူအများတို့မြင်သဖြင့်မသင့်တော်သောနေရာ၊(၃)ကျင့်ရိုးမဟုတ်ခြင်းနှင့်လွဲမှားစွာပြုကျင့်ခြင်း၊(၄)ဆေးဝါးမှီဝဲပြီး ရှိမြဲအင်္ဂါထက် လွန်သောအခါ တို့ပဲဖြစ်ပါတယ်။
    ကျနော် ဖော်ပြခဲ့တဲ့အထဲမှာ စကားလုံး ရိုင်းသွားလို့ ရှိရင်လည်း တောင်းပန်ပါတယ်။ ရှင်းရှင်းလင်းလင်း သိသွားဖို့အတွက် နားလည်လွယ်အောင်ပဲ အလွယ်သုံးလိုက်တာပါ။ ဘာလို့ဒီအကြောင်းကို ရှင်းအောင် ဖော်ပြရလဲဆိုတော့ ကျနော်တို့ လိုလူငယ်တွေ အများဆုံးထင်ထားကြတာက အခကြေးငွေပေးပြီး ကျူးလွန်လျှင် အပြစ်မရှိဘူး.. နောက်ပြီး ကိုယ့်ချစ်သူမိန်းကလေးနဲ့ နှစ်ဦးသဘောတူ ကျူးလွန်လျှင် အပြစ်မရှိဘူး လို့ထင်ထားကြတာတွေ များလို့ပါ။ တကယ်တမ်းက ကိုယ့်ကာမပိုင် မိန်းမမဟုတ်ပဲ တစ်ခြားတစ်ယောက်နဲ့ ဘယ်လိုပဲ ကျူးလွန်မိမိ ကာမေသုမိစ္ဆာစာရကံ ထိုက်ဖို့များပါတယ်။ ဒါ့ကြောင့် ကိုယ့်ကာမပိုင် မိန်းမမှတစ်ပါး အခြားသူကို ဘယ်လိုနည်းနဲ့မဆို မကျူးလွန်မိဖို့ စောင့်ထိန်းသင့်ပါတယ်။ စောင့်ထိန်းဖို့ကိုလည်း တိုက်တွန်းလိုပါတယ်။ ကာမေကျူးလွန်ခြင်းကို အလွဲသိကြပြီး အမှားတွေ ဆက်မှားနေမှာ ဆိုးတဲ့အတွက် ဖော်ပြလိုက်ခြင်း ဖြစ်ပါတယ်။ လူတိုင်း ကာမဖောက်ပြား ကျူးလွန်ခြင်းကို ရှောင်ကြဉ်နိုင်ကြပါစေ။
  • မိန်းမ(၂၀)
    Posted by : လက်တွဲဖော် 0 Comments
    သင့်ကို တကယ် အလေးအနက်ထားသူဟာ... သင်နဲ့ စကားပြောတဲ့အခါ... ၀တ္တရားကျေရုံ မပြောဘူး.... သင့်ကို တကယ် အလေးအနက်ထားသူဟာ... သင်နဲ့ တွေ့ဆုံတဲ့အခါ... ပြောစရာ စကားကို မရမက ရှာပြီး... စိတ်ဝင်စားအောင် ပြောတတ်တယ်.... သင့်ကို တကယ် အလေးအနက်ထားသူဟာ... သင် ချမ်းတဲ့အခါ... ချက်ချင်းပဲ အလျင်အမြန် သူ့အနွေးထည်ကို ချွတ်ပေးပြီး သင့်ကို ၀တ်ပေးတယ်... သူ့မှာတော့ မချမ်းတဲ့ အမူအရာနဲ့ပေါ့... သင့်ကို တကယ် အလေးအနက်ထားသူဟာ... သင့်ဆီက ဘာ သတင်းမှ မကြားရတဲ့အခါ.... သင့်ကို မရမက ဖုန်းဆက်ပြီး မေးလေ့ရှိတယ်... သင့်ကို တကယ် အလေးအနက်ထားသူဟာ... သင် နေမကောင်းတဲ့အခါ... သင့်ကို စိတ်ပူပန်ပြီး... အမြဲနှစ်သိမ့်အားပေးတတ်တယ်... သင့်ကို တကယ် အလေးအနက်ထားသူဟာ... သူမဟုတ်တဲ့ တခြား တစ်ယောက်နဲ့  အနေနီးစပ်လွန်းတဲ့အခါ... သ၀န်တိုပြီး ကလေးတစ်ယောက်လို ဒေါသဖြစ်နေတတ်တယ်... သင့်ကို တကယ် အလေးအနက်ထားသူဟာ... သင်နဲ့ စိတ်ဆိုးတဲ့အခါ.... သူ့ဘက်က မှားသည်ဖြစ်စေ...မှန်သည်ဖြစ်စေ.... ဒေါသကို လျော့ပြီး သူက အရင် တောင်းပန်လေ့ရှိတယ်... သင့်ကို တကယ် အလေးအနက်ထားသူဟာ... သင့်ရှေ့မှာ သူဟာ ကလေးဆန်ဆန် ပြုမူနေထိုင်တတ်ပေမဲ့... သူ့စိတ်ထဲမှာတော့... သင့်ကို အမြဲလိုလို ကလေးလို သဘောထားတတ်တယ်.... သင့်ကို တကယ် အလေးအနက်ထားသူဟာ... သင့်ကို နေ့တိုင်း သတိရနေတတ်တယ်.... စကားလုံးတွေနဲ့ ပြောဆိုခွင့်မရှိသည့်တိုင်... သင့်ကို သတိရကြောင်း တစ်နည်းနည်းနဲ့ ပြသတတ်တယ်.... သင့်ကို တကယ် အလေးအနက်ထားသူဟာ... သူ ဘာကိစ္စပဲရှိရှိ သင့်ကို အရင်ဆုံးပြောပြတယ်... ဘာလို့လဲဆိုတော့ သင် ဂရုစိုက်တာကို လိုချင်လို့ပါ.... သင့်ကို တကယ် အလေးအနက်ထားသူဟာ... လုပ်နိုင်တဲ့ အရာမှန်သမျှကို သင့်အတွက် စိတ်ပါလက်ပါ လုပ်ပေးတတ်တယ်... ဘာကြောင့်လဲ ဆိုတာ မေးလေ့မရှိဘူး.... သင့်ကို တကယ် အလေးအနက်ထားသူဟာ... သံသယ များတတ်တယ်... ဒါကလဲ သူ သင့်ကို တကယ်ဂရုစိုက်လို့ပါပဲ.... သင့်ကို အလေးအနက်ထားချစ်တဲ့သူဟာ.... သင့်ကို ဂရုစိုက်ဆုံး သူပါပဲ.... သူက..... သင့်ရဲ့ ပျော်ရွှင်မှုကို ဂရုစိုက်တယ်... သင့်ရဲ့ သောကတွေကို အလေးထားတယ်... သင့်ရဲ့ စိတ်ချမ်းသာမှုတွေကို တန်ဖိုးထားတယ်... သင့်ရဲ့ မျက်ရည်တွေကို ခြောက်ခမ်းစေတယ်... သင့်ရဲ့ ဒဏ်ရာတွေကို ကုစားပေးတယ်... သင့်ရဲ့ စကားလုံးတိုင်းကို အလေးအနက်ထားတယ်... သင့်ရဲ့ လှုပ်ရှားမှုတိုင်းကို သတိထားမိတယ်... ပြီးတော့ သူ့ရဲ့ ဒဏ်ရာတွေကို သင် မရိပ်မိ စေဖို့ပေါ့....
    အလေးအနက်
    Posted by : လက်တွဲဖော် 0 Comments
    တချို့မိန်းကလေးတွေက ချစ်သူရှာရင် ဒီလိုသတ်မှတ်ထားတတ်တယ်
    ကြင်နာရမယ်၊ တိုးတက်လိုစိတ်ရှိရမယ်၊ အာရုံစူးစိုက်မှုရှိရမယ်၊ ငွေကြေးရှိရမယ်.. တဲ့
    ဒီလိုကောင်းတဲ့ယောက်ျားမျိုးက လူတွေလုလို့ ကုန်ကုန်ပြီ။
    ဒီလောကမှာ အရာရာပြည့်စုံ ခြောက်ပစ်ကင်းတဲ့လူမျိုး
    သင...့်အရွေးကိုခံဖို့ စောင့်နေမှာ မဟုတ်ဘူး။
    ယောက်ျားဆိုတာ ကောင်းကွက်တစ်ကွက်နှစ်ကွက်ရှိတာနဲ့ မဆိုးဘူးလို့ ဆိုရမယ်
    ကြင်နာတတ်တဲ့ ယောက်ျားကို တိုးတက်လိုစိတ်ရှိအောင် သင်လှုံ့ဆော်တတ်ရတယ်
    တိုးတက်ကြိုးစားတဲ့ယောက်ျားကို အာရုံစူးစိုက်မှုရှိအောင် သင်ထိန်းသိမ်းတတ်ရတယ်
    အာရုံစူးစိုက်မှုရှိတဲ့ယောက်ျားကို ငွေကြေးချမ်းသာလာတဲ့ထိ
    သင်စောင့်နိုင်ရတယ်
    ပြီးပြည့်စုံတဲ့ ယောက်ျားဆိုတာ
    (၁) စောင့်ပြီးမှ ရလာတာ
    (၂) ထိန်းသိမ်းပြီးမှ ရလာတာ
    (၃) သည်းခံပြီးမှ ရလာတာဖြစ်တယ်။နှိုင်းနှိုင်းစနေ...
    ပြီးပြည့်စုံတဲ့ ယောက်ျားဆိုတာ။
    Posted by : လက်တွဲဖော် 0 Comments
    ကိုယ့်ကိုလွှမ်း မိုးထားတဲ့ ချစ်သူလေး.. ကိုယ့်နှလုံးသားရဲ့ အနက်ရှိင်းဆုံးနေရာမှာ မင်းလေးက နေရာယူထားတယ်.. မင်းလေးဘယ်လောက်ဆိုးနွဲ့ ခဲ့ပေမဲ့ .. မင်းလေးအသံကိုကြားတိုင်းချစ်ရတယ်.. ကိုယ်ပြောတဲ့ စကားတိုင်းကို နာခံမှုအပြည်နဲ့ နားထောင်တိုင်း မင်းလေး ကိုချစ်ရတယ်... မင်းလေးရဲ့အပြုးံလေးတွေက ကိုယ့်ရဲ့ အချစ်ကို ပိုတိုးလာစေတယ်.. ကိုယ့်အိမ်မက်ထဲ မင်းလေးဝင်ရောက်လာတိုင်း တမ်းတရင်းနဲ့ ချစ်ရတယ်.. ကိုယ့်ရဲ့ နှလုံးသားခံစားချက်တိုင်းဟာ မင်းလေးအတွက်ဆိုတာ ကိုယ်ကျိန်ဆိုရဲတယ်... ကိုယ့်ရဲ့ နှလုံးသားတစ်ချက်ခုန်လိုက်တိုင်းဟာ မင်လေးအတွက်ထာဝရရှင်သန်နေတာယ်ဆိုတာ.. သိစေချင်တယ် ချစ်သူ.. မင်းလေးရဲ့ အဖျားခတ် တိုးညှင်းတဲ့ အသံကိုနားစွင့်ရင်း ထာဝရချစ်နေပါရစေ......ချစ်သူရယ်... ( သယ်ရင်းတစ်ယောက်ရဲ့ ရင်တွင်းခံစားချက်လေးကို ကဗျာ အဖြစ်ပြန်ပြီး ပုံဖေါ်ပေးလိုက်ပါတယ်...သယ်ရင်းရဲ့ ချစ်သူကောင်မလေး သိပါစေ.. )
    ချစ်သူသိစေ
    Posted by : လက်တွဲဖော် 0 Comments
    ချစ်သူ......... ဒီကမ္ဘာပေါ်မှာ ငါမင်းကိုသာအချစ်ဆုံးပါ ငါ့အသက်ရှင်နေသရွေ့ ငါ့ရဲ့ နှလုံးသား ဝင်သက်ထက်သက်တွေတိုင်းမှာ ရှိနေတာမင်းပါ ချစ်သူ........ တကယ်လို့များ မင်းငါ့ဘေးနားမှာ မရှိတော့ရင်တောင် မင်းရဲ့အငွေ့အသက်တွေ နဲ့ ငါရှေ့ဆက်ရင်း မင်းပေးတဲ့ဒဏ်ရာတွေကို မော့သောက်လို့ နာကျင်စွာပြုံးရင်း ယစ်မူးနေတာသိထားပေးပါ ချစ်သူ........ နင်ငါ့ကိုစိတ်ကုန်သွားခဲ့ရင် ဒါမှမဟုတ် အခြားတစ်ယောက်ကို ရွေးချယ်သွားခဲ့ရင် ငါ့အချစ်တွေက မင်းခြေဖဝါးအောက်မှာ ဖုန်မှုန်တွေလို ကပ်ငြိတွယ်စေဖို့ ငါဆုတောင်းတယ် ချစ်သူ....... တစ်နေ့နေ့တစ်ချိန်မှာ ငါ့ကိုပြန်မတွေ့ရင်တောင် မင်းဖိနပ်ချွတ်လိုက်တဲ့အချိန်တိုင်း ကပ်ငြိတွယ်နေတဲ့ဖုန်မှုန်ကိုတွေ့ရင် ဒါငါ့ အချစ်တွေ ကပ်ငြိတွယ်နေတယ်ဆိုတာ နင်သိထားပေးပါချစ်သူ........ မြေပြင်တစ်ခု ပေါ်မှာ ဘယ်လောက်ပဲ ပြောင်အောင်လှဲနေပါစေ အဲဒီမြေပြင်ပေါ်ကို မင်းနင်းလျှောက်လိုက် ရင် ဖုန်မှူန်တွေပေကျံနေသလိုပဲ ဖုန်မှုန့်နဲ့တူတဲ့ငါ့အချစ်တွေကို နင်အမြဲ သတိရပေးပါနော်။.........(by..JP)
    ***ဖုန်မှုန့်နဲ့တူတဲ့ငါ့အချစ်***
    Posted by : လက်တွဲဖော် 0 Comments
    လွမ်းပင်အောက်ကစောင့်နေမယ်...........ချစ်သူ
    မုန်း တဲ့ စကားတစ်ခွန်းတော့ ပြောပါရစေ ချစ်သူ
    ချစ်ခြင်းမပါတဲ့ ဒီဇာတ်လမ်း
    ရေတွက်စရာမလိုပေမဲ့
    အိမ်မက်ဟောင်း ဒဏ်ရာတစ်ခု
    မကျက်သေးဘူး ချစ်သူ.......
    မုသားမပါတဲ့ စကား
    အတုယောင် အလွမ်းကြားမှာ
    နေသားကျနေခဲ့တာဆိုရင်တောင်
    မျက်မမြင်တဲ့ နှလုံးသားမို့ 
    အရောင် မခြယ်ချင်တော့ဘူးချစ်သူ.......
    မှောက်မှားခဲ့တဲ့ အချစ်ကို
    တစ်သက်မှာ တစ်ခါချစ်
    အဆုံးမှာ အမုန်းနဲ့ ပျိုးပါရစေ............
    ရင်ကွဲ ဥယျာဉ် ထဲက အချစ်ရူးသမားတစ်ယောက်လို
    အချစ်ဆူးတော့ မစူးပါရစေနဲ့ တော့ကွယ်
    အချစ် ဥယျာဉ်မှာ အချစ်ပင် ပျိုးပေမဲ့
    အခါသင့် လို့  ကြေကွဲခဲ့ရင်
    အမုန်းပင်လေးတစ်ပင်တော့ စိုက်ခဲ့ပါရစေ........
    ကြွေခြောက်နေတဲ့ အလွမ်းတောလေးမှာ
    ငိုကြွေကာရှာနေတဲ့ ရွက်ခြောက်တွေ
    အမြင်ဆန်းပြီး အသင်လှမ်းတဲ့ နေ့ ရောက်ရင်
    လွမ်းပင်အောက်က စောင့်ပြီး အမုန်းစကားလေး
    ပြောပါရစေကွယ်............
    ချစ်တတ်သူတိုင်း ထာဝရပြုံးပျော်နိုင်ပါစေ
    ကဗျာချစ်သူများကို ထာဝရလေးစားလျက်ပါ
    မေဟန်နီ
    လွမ်းပင်အောက်ကစောင့်နေမယ်..........ချစ်သူ
    လွမ်းပင်အောက်ကစောင့်နေမယ်...ချစ်သူ
    Posted by : လက်တွဲဖော် 0 Comments
    တိတ်ဆိတ်နေပင်မဲ့ မင်းအသံကိုကြားနေရတယ်
    မဲမှောင်နေပင်မဲ့ မင်းကိုမြင်နေရတယ်
    ဝေးနေပေမဲ့ အနီးလေးလိုပဲ ချစ်သူ
    ဘာဖြစ်လိုလဲဆိုတော မင်းဟာကိုယ်ဘ၀အတွက်
    နေမင်းလိုရဲရင်းမှုတွေပေးပြီ
    လမင်းလိုအေးချမ်မှုတွေလည်ပေးလိုပါပဲ
    နေမင်းရဲအလင်းရောင်ကြောင့်မနက်ဆိုတာဖြစ်ပေါ်လာပြီ
    ကိုယ်ဖြတ်သန်းမဲ့နေ့တစ်နေ့တာကို
    ရဲရင်စွာဖြတ်သန်းနိုင်အောင်အလင်းရောင်တွေပေးခဲ့သလို
    ညဘက်ရောက်ရင်းလည်
    လမင်းရဲအလင်းရောင်ကိုကြည်ပြီးအေးချမ်းစွာအိတ်စက်နိုင်လိုပါပဲ
    ပမာနှိုင်ရင်း
    ကိုယ်အဖြစ်ဟာနေမင်းရဲအလင်းရောင်ကိုစောင့်ကြိုပြီးပွင့်လန်းရမဲ့
    ကြာပန်းလေးနဲ့တူသလို
    လမင်းရဲအလင်းရောင်ကိုငံ့လင်းပြီပွင့်လန်းရမဲ့ကြာပန်းလေလိုပါပဲ ချစ်သူ
    မင်းသာကိုယ်ကိုခွဲသွားရင်းကိုယ်ဘ၀မှာနေ့ဆိုတာဖြစ်မလာနိုင်တော့သလို
    ညဆိုတာလည်ရှိတောမှာမဟုတ်ပါဘူး
    ဒါကြောင့်ကိုယ်နောက်ဆုံမင်ကိုပြောချင်းတာကတော
    ကိုယ်ကိုခွဲမသွားပါနဲ့လား ချစ်သူရယ်............................။
    ခွဲမသွားနဲ့နော်
    Posted by : လက်တွဲဖော် 0 Comments
    ချစ်ခင်ရပါသော kothu1987, ယနေ့မှာကျရောက်တဲ့ သင့်ရဲ့ မွေးနေ့မင်္ဂလာမှသည် နောင်နှစ်ပေါင်း တစ်ရာတိုင် နှစ်စဉ် မွေးနေ့ပွဲများကို သင်ချစ်သောသူများနဲ့ ပျော်ရွှင်စွာ ဆင်နွဲနိုင်ပါစေလို့ မြန်မာမိသားစုဖိုရမ် မှ ဆန္ဓပြုပါတယ်။ Dear kothu1987, Happy birthday to you,kothu1987 ! We also glad in your birthday and hope you will be happy and healthy in your whole life.May you be celebrate birthday party in every year till the end of your life with happily ! With Best Wishes, မြန်မာမိသားစုဖိုရမ်
    မွေးနေ့
    Posted by : လက်တွဲဖော် 0 Comments
    ချစ်ရသူရဲ့စိမ်းကားရက်စက်မှု........... မြတ်နိုးရသူရဲ့သစ်စာ ကင်းမဲ့မှုဟာ.............. စိတ်ထားတတ်တဲ့သူအတွက်တော့ ............ တန်ဖိုးမဖြတ်နိုင်တဲ့................ ဘ၀လွတ်မြောက်မှု ဆုလာဘ်ကြီးပါပဲ............ အသုံးချတတ်သူတစ်ယောက်အတွက်................ အချစ်ကံခေတာဟာ အနှစ်ကျန်စေဖို့ပါပဲ..............
    အချစ်ကံခေတာဟာ
    Posted by : လက်တွဲဖော် 0 Comments
    ‎(-------နှလုံးသားကိုသော့ခတ်ထားပါ---------) ချစ်ရတာလဲ ဒုတ်ခ............ မုန်းရတာလဲ ဒုတ်ခ................. ချစ်သူကိုမတွေ့ရရင်................ စိတ်ပူလောင်ရသလို............... မုန်းသူကိုမြင်ရရင်လည်း........... စိတ်ဆင်းရဲရပါတယ်............. စိတ်မပူလောင်ချင်ရင်............. ဘယ်သူ့မှမချစ်ပါနဲ့........... စိတ်မဆင်းရဲချင်ရင် ................. ဘယ်သူ့မှမမုန်းပါနဲ့..........
    -နှလုံးသားကိုသော့ခတ်ထားပါ-
    Posted by : လက်တွဲဖော် 0 Comments
    အချစ်ကို တန်ဖိုးမထားရဘူးလို့ ငါဆိုလိုတာ မဟုတ်ဘူး.. ကိုယ့်အချစ်နဲ့ မထိုက်တန်လို့မှ..သူထွက်သွားခဲ့တာပဲ.. နင်က ဘာအတွက် ကြေကွဲနေမှာလဲ..
    ဘာအတွက် ကြေကွဲနေမှာလဲ..
    Posted by : လက်တွဲဖော် 0 Comments
    တကယ်လို့ နင်နဲ့ ဘာလို့ အတူနေချင်တာလဲလို့ ငါ့ကို မေးရင်.... ၁။ ငါ ၀မ်းသာတဲ့အခါ.... ချက်ချင်း နင့်ကို မျှဝေခံစားစေချင်လို့ပါ..... ၂။ ငါ ၀မ်းနည်းတဲ့အခါ... နင့်ရဲ့ အားပေးမှုကိုလိုအပ်လို့ပါ..... ၃။ ကောင်းမွန်လှပတဲ့ နေရာတစ်ခုကို တွေ့ရှိတဲ့အခါ...နင့်ကို အသိပေးပြောပြချင်လို့ပါ.... ၄။ ငါ ပထမဆုံး မျက်စိနှစ်ဖက် ဖွင့်တာနဲ့....နင့်ကို အရင်ဆုံးမြင်ချင်လို့ပါ.... ၅။ နင် ၀မ်းနည်းတဲ့အခါ....ငါ နင့်ကို ထွေးပွေ့ထားချင်လို့ပါ.... ၆။ နင်နဲ့အတူတူ ငါ့ဘ၀ရဲ့ နေ့ရက်တွေကို ဖြတ်သန်းချင်လို့ပါ.... ၇။ နင့်ရဲ့  အပြုအမူ အလေ့အထတွေကို တနေ့ကျရင် ငါ ကျင့်သားရနေဖို့ပါ.... ၈။ ၀မ်းနည်းတဲ့အခါ...နင်က ငါ့အတွက် ခွန်အားဖြစ်စေလို့ပါ.... ၉။ နင်က ငါ့ရဲ့ မိသားစုဝင်ဖြစ်သွားစေချင်လို့ပါ.... ၁၀။ ဘယ်လောက် အေးချမ်းတဲ့ ရာသီပဲဖြစ်ဖြစ် နင့်ရဲ့ ရင်ခွင်နဲ့ နွေးထွေးစေလို့ပါ.... ၁၁။ ညဘက် တိတ်ဆိတ်တဲ့အချိန် နင်နဲ့ အဖော်ပြုရင်း ကံကောင်းခြင်းကို ဖြစ်စေလို့ပါ.... ၁၂။ နင့်ရဲ့ နာမည်ကို ငါ့နှလုံးသားထဲမှာ တိတ်တိတ်လေး...အကြိမ်ပေါင်းများစွာ ရေးထိုးထားပြီးဖြစ်လို့ပါ..... ၁၃။ နင်ဟာ ငါအတူရှိနေချင်တဲ့ လူဖြစ်နေလို့ပါ.... ၁၄။ နင်ကံကောင်းတာ အမြဲ မျှော်လင့်သလို...နင့်ရဲ့ကံကောင်းခြင်းတွေဟာလဲ ငါ့ကြောင့် ဖြစ်စေချင်လို့ပါ.... ၁၅။ နင်ဟာ ငါ့ သတ်မှတ်ချက်နဲ့ ပြည့်စုံတဲ့ လူတစ်ယောက်ဖြစ်နေလို့ပါ.... နင်ဟာ နင်ဖြစ်လို့... ငါဟာ ငါဖြစ်လို့.... ဒါကြောင့် ငါနင့်ကို ချစ်တယ်..
    ဘာလို့ အတူနေချင်တာလဲ
    Posted by : လက်တွဲဖော် 0 Comments
    သတိရချိန်တိုင်း မလွမ်းဖို့တော့ ငါ့ဘက်က တာဝန်ယူပါတယ်…။ အသက်အစိတ် ပုခက်ချိတ်ရန် ကြိုးစားနေသည်။ မပြောချင်ရင် ဘလော့(block)လုပ်ပါ စကားမပြောတာကတော့ စိတ်မကောင်း။ ချစ်လိုက်မုန်းလိုက် as you like Without any စောက်ဂရုမစိုက် တို့အသည်းက ခပ်မိုက်မိုက် မင်းမုန်းသွားလည်း စောက်ဂရုမစိုက် နောက်တစ်ဗွေက မင်းထက်မိုက် မကျေနပ်ရင် လမ်းခွဲလိုက်။ Just God Can Stop Me. အနားဂတ်အတွက် မစဉ်းစားရင်နေပါ အတိတ်ကမင်းအတွက် အဓိပ္ပါယ် တချို့တ၀က်ရှိခဲ့ရင် ငါ့ကို သတိရပေးပါ… ပစ္စုပ္ပန်တိုင်းအတွက် အကောင်းဆုံးချစ်သူအဖြစ် ငါရှိနေပါ့မယ်။ ကျောင်းဖွင့်တိုင်း မင်းမျက်နှာ ငါနေ့တိုင်းမြင်ချင်မိ။ ပြောချင်ရာပြော လုပ်ချင်ရာလုပ်ပြီး နောက်မှာ ဘာဖြစ်ကျန်ခဲ့တယ်ဆိုတာ မသိတဲ့လူတွေအတွက် နောက်ကြည့်မှန်တစ်ချပ်လှူချင်တယ်။ ပြုံးနေတိုင်းလည်း ပျော်နေတယ်မထင်ပါနဲ့ ရင်ထဲမှာရှိတဲ့ခံစားချက် နေရာတိုင်းမှာ ဖွင့်ပြလို့မရဘူးလေ။ Life is like the movies, We produce our own show. ချာတိတ်မတွေကို… ညာရှိတ်ဦးမယ် မုန်းတယ် မုန်းတယ် မိန်းမတွေကို မုန်းတယ်း) ပြောသာပြောရတယ် အမေ့ကို မတိုင်ရဘူးနော်။ ချစ်ရတာလည်း… ဒုက္ခ မုန်းရတာလည်း ဒုက္ခပါပဲလေ။ မကျွတ်မလွတ်နိုင်သေးတဲ့ အိပ်မက်ထဲမှာ မင်းဘယ်တော့ အမျှဝေမှာလဲ။ တစ်ခါတလေ လောကကြီးကို ဖားတစ်ကောင်နဲ့ ခရုတစ်ကောင် လက်ဆောင်ပေးလိုက်ချင်တယ်။ ငြင်းစရာရှိလာရင် စိတ်အေးအေးထား ဒေါသရှေ့ထားရင် အမှားကနေ အပြစ်ဖြစ်တတ်သလို မှန်ပေမယ့်လည်း ယဉ်ကျေးဖွယ်ရာ ကင်းတတ်တယ်။ ယုံကြည်မှုနဲ့ ချစ်ခဲ့တဲ့ အချစ်ကို အလွဲသုံးစားလုပ်ခဲ့ရင် မင်းဟာ ငါ့ရဲ့ယုံကြည်မှုတွေကို ရိုက်ချိုးတဲ့အတွက် မင်းကို ထာဝရ မုန်းသွားမှာပါချစ်သူ…။ အချိန်တန်ပြီဆို ပြန်ကြရမှာပါ။ ချစ်သူနှုတ်ဖျား ပြောစကားကို ရင်မှာလွမ်းရ မေ့မရလို့ ကြင်နာတံခါး ဖွင့်လို့ထားသည် ၀င်လာခဲ့ပါ ချစ်သူရာ…။ တစ်ခါ Hi ၁၀၀ ကျပ်။ နာမည်မေးလျှင် ၂၀၀ ကျပ်။ လိပ်စာပါသိချင်လျှင် ၅၀၀ ကျပ်။ အသည်းကွဲ၍လာတိုင်ပင်လျှင် ၁၀၀၀ ကျပ်။ ဟိုမေးဒီမေး ၅၀၀၀ ကျပ်။ စစနောက်ပြောင် ၁၀၀၀၀ ကျပ်။ ရည်းစားစကားပြောလျှင် FREE.. :P ကောင်းကင်က ကြယ်တွေကြွေတိုင်းသာ မင်းရဲ့ ဆုတောင်းတွေပြည့်မယ်ဆိုရင် မင်းဆုတောင်းတွေ အမြဲပြည့်နေဖို့အတွက် မကြာခဏ ကြွေပေးနေမယ့်ကြယ်တွေ ငါဖြစ်ပါရစေ။
    ငါ့ကို သတိရပေးပါ…
    Posted by : လက်တွဲဖော် 0 Comments
    သွားပါဆိုလဲ လာမြဲလာချင် တကယ်ဆိုရင်နင့်အပြုံး ငါသေဆုံးထိစောင့်မိမှာပါ နင်မခေါ်ပေမယ့်ငါမျှော်နေမှာ နင်နဲ့ငါ ငါနဲ့နင်ဟာ ရပ်နေကြတာလမ်းထိပ်မှာလေ ငါခေါ်ရင်နင်အမြဲတော်ပြီပြော နောက်ကျောကိုနင်ကြည့်ချင်လို့ နင်စေရာ လှမ်းမိတဲ့ငါ ခုတော့ဟာ လွမ်းနေရပါတယ်ချစ်သူရယ်။
    လွမ်းနေရပါတယ်ချစ်သူရယ်။
    Posted by : လက်တွဲဖော် 0 Comments
    မိန်းမတယောက်ဟာ အချစ်ကို စတင်တွေ့၇ှိချိန်မှာ သူမ၇ဲ့မျက်ဝန်းထဲမှာ မျက်၇ည်တွေနဲ့စတင်စိုစွတ်နေပြီး ယောက်ျားလေးကတော့ အချစ်ကို၇ယ်မောခြင်းနဲ့ပဲ စတင်တွေ့၇ှိတယ်
    အချစ်ကို စတင်တွေ့၇ှိချိန်
    Posted by : လက်တွဲဖော် 0 Comments
    (၁) ချစ်သူသေဆုံးပြီးနောက် အသက်ရှင်ကျန်ရစ်သူက မေ့မရနိုင်တဲ့ အမှတ်တရတွေနဲ့ ချစ်သူကို ဆက်ပြီးချစ်နေသတဲ့... ဒါကြောင့်... အချစ်အတွက် အသက်ပေးရတာကို "အချစ်"လို့ မထင်လိုက်နဲ့... တကယ်ချစ်ရင် ချစ်သူအတွက် အသက်ရှင်ပါ။ အိုမင်းတဲ့အထိ အသက်ရှင်ပါ.... (၂) ကိုယ့်ကို သူ မချစ်တော့တဲ့အခါ၊ ခွဲသွားတော့မယ့်အခါ သူ့ကိုချစ်သေးလားလို့ ကိုယ့်ကိုယ်ကိုမေးကြည့်ပါ။ ကိုယ်လည်းသူ့ကို မချစ်တော့ဘူးဆိုရင် ကိုယ့်ကိုယ်ကိုသနားပြီး သူ့ကို မခွဲနိုင်မဖြစ်ပါနဲ့.... တကယ်လို့ သူ့ကို ကိုယ်ချစ်သေးတယ်ဆိုရင် သူပျော်ရွှင်တာကိုပဲ ကိုယ်မြင်ချင်ခဲ့တယ်။ သူပျော်ရွှင်ဖို့ သူချစ်တဲ့သူနဲ့ အတူနေခွင့်ပေးလိုက်ပါ သူထွက်သွားဖို့ မတားပါနဲ့.... သူပျော်ရွှင်ဖို့ ကိုယ်တားခဲ့မိရင် သူ့ကို ကိုယ်တကယ်မချစ်တော့လို့ပါပဲ။ သူ့ကို တကယ်မချစ်တော့ဘူးဆိုမှတော့ သူ နောက်တစ်ယောက်ပြောင်းတာကို ကိုယ်ဘာလို့ ငြိုငြင်နေဦးမလဲ? (၃) ချစ်သူတွေ လမ်းခွဲပြီးနောက် သူငယ်ချင်းဆက် မဖြစ်နိုင်တော့ဘူး။ တစ်ယောက်ကိုတစ်ယောက် ဒဏ်ရာရခဲ့စေလို့.... ချစ်သူတွေ လမ်းခွဲပြီးနောက် ရန်သူလည်း မဖြစ်နိုင်ဘူး။ တစ်ယောက်ကိုတစ်ယောက် ချစ်ခဲ့ဖူးလို့.... ချစ်သူတွေ လမ်းခွဲပြီးနောက် အရင်းနှီးဆုံး သူစိမ်းတွေပဲ ဖြစ်ခဲ့ကြတယ်။ (၄) ကိုယ်ချစ်တဲ့မိန်းကလေးကို မင်္ဂလာဝတ်စုံ ဝတ်မပေးနိုင်ရင် ကျေးဇူးပြုပြီး သူ့အင်္ကျီကြယ်သီးကို ဖြုတ်နေတဲ့ ရှင်လက်တွေ ရပ်လိုက်ပါ။ (၅) ကိုယ်တကယ်ချစ်တဲ့ လူတစ်ယောက်အတွက် "သူ့ကိုဘာကြောင့်ချစ်ရတယ်"ဆိုတဲ့ အကြောင်းပြချက်တွေ မလိုဘူး။ ကိုယ်ပျော်သည်ဖြစ်စေ၊ စိတ်ညစ်သည်ဖြစ်စေ ကိုယ့်ဘေးမှာ သူရှိစေချင်ခဲ့တယ်။ တကယ်အချစ်ဆိုတာ အခက်အခဲကြုံချိန် လက်တွဲမဖြုတ်ခဲ့ဘဲ၊ တောင်းဆိုမှုတွေ မများဘဲ အချင်းချင်း ပေးဆပ်နေတာပဲဖြစ်တယ်။ (၆) ကမ္ဘာပေါ်မှာ ထက်မြက်တဲ့ယောက်ျား၊ လှပတဲ့မိန်းကလေးတွေ အများကြီးရှိတယ်။ ဒါပေမယ့် ကိုယ်နဲ့သင့်တော်တာ တစ်ယောက်ပဲရှိတယ်။ သူတစ်ပါးရဲ့အမြင် အပြောကြောင့် ကိုယ့်အချစ်ကို မပြောင်းလဲလိုက်ပါနဲ့။ သူတစ်ပါးရဲ့အမြင်ထဲမှာ ရှင်သန်ပြီး ကိုယ့်ကိုမပျောက်ဆုံးစေနဲ့ နောက်ပြီး လောဘမကြီးပါနဲ့.... (၇) တကယ်လို့ လူတစ်ယောက်က ကိုယ့်ကို "ချစ်တယ်" လို့ပြောတဲ့အခါ သူ့ကို ယုံကြည်လိုက်ပါ။ တကယ်လို့ ကိုယ့်ကို "မချစ်တော့ဘူး" လို့ပြောတဲ့အခါ သူ့ကို ယုံကြည်လိုက်ပါ။ ဘယ်အချိန်ပဲဖြစ်ဖြစ် ကိုယ့်ကိုမချစ်တော့တဲ့လူတစ်ယောက် ကိုယ့်အနားက ခွဲထွက်သွားတာကို ကံကောင်းခြင်းတစ်မျိုးလို့ မှတ်ယူလိုက်ပါ.... (၈) လူတစ်ယောက်ကိုချစ်တယ်ဆိုရင် သင့်တော်တဲ့အချိန်မှာ သူ့ကိုချစ်ကြောင်း ဖွင့်ပြောပါ။ အဖြေမရခဲ့လည်း အနည်းဆုံးတော့ ကိုယ်ကြိုးစားခဲ့ဖူးလို့ နောင်တဆိုတာ ရှိမှာမဟုတ်ဘူး... အင်တာနက်ပေါ်ကတွေ့တဲ့ "အချစ်"တွေပါ။ ဘာသာပြန် မျှဝေပါတယ်..... နိုင်းနိုင်းစနေ (Thursday, February 11, 2010) Views: 45 Read more: http://www.mm-flashsongs.com/profiles/blog/show?id=5202681%3ABlogPost%3A1135030&xgs=1&xg_source=msg_share_post#ixzz1sIZW7o3Z
    အင်တာနက်ပေါ်က "အချစ်"
    Posted by : လက်တွဲဖော် 0 Comments
    ကိုယ်နဲ့ chatting လုပ်ခဲ့ဖူးသူတစ်ယောက် ကိုယ်နဲ့သူ့ရဲ့ chatting historyကို ပြန်လှန်ကြည့်ခဲ့ဖူးသလား! အစကနေ အခုထိတိုင် chatting လုပ်ခဲ့ဖူးတာကို ဖတ်ရင်းဖတ်ရင်း ရယ်မိတယ် ရယ်ရင်းရယ်ရင်း ငိုမိတယ် ငိုရင်းငိုရင်း လွမ်းမိတယ် သူစိမ်းအဖြစ်ကနေ ကိုယ်နဲ့ရင်းနှီးလာသူတစ်ယောက် ရင်းနှီးသူအဖြစ်ကနေ သူစိမ်းတစ်ယောက် ပြန်ဖြစ်သွားခဲ့တယ်...
    သူစိမ်းအဖြစ်ကနေ
    Posted by : လက်တွဲဖော် 0 Comments
    အချစ်ဦးဆိုတဲ့ ဆူးကလေးရယ် ကြည်ဇင်နှင်း 'ထပ်တလဲလဲ မက်သည့် အိမ်မက်တွေထဲမှာ ပျော်ရွှင်မှုနှင့် စိုးရွံ့မှု၊ ကြည်နူးမှုနှင့် ပူပန်မှုတွေ တစ်လှည့်စီ ခံစားရင်း အိပ်မွေ့ကျအောင် သူ ပြုစားခဲ့သည်' မတွေ့တာ ကြာပြီဖြစ်သော သူငယ်ချင်းများနှင့် ဆုံတွေ့လိုသောကြောင့် တစ်ကြောင်း၊ တစ်ခါတစ်ရံ အလုပ်ခွင့်နှင့် မပတ်သတ်သော ပြင်ပလောကကို ထိတွေ့လိုသော စိတ်ကြောင့် တစ်ကြောင်း တဖွဖွ ဖိတ်ကြားခဲ့သည့် ငယ်သူငယ်ချင်း ထား၏ အလှူသို့ မွန်ရောက်သွားသည်။ ခြံအ၀င်လမ်း တစ်လျှောက်ရှိ ပုဏ္ဍရိက်ပင်တန်းလေးက ဟိုးယခင်ကလိုပင် ညီညီ ညာညာမို့ လက်ဖျားလေးနှင့် စိတ်မှတ်မဲ့စွာ တို့ထိရင်း မွန်းလျှောက်လာခဲ့သည်။ အပြေးကလေးလာကြိုရှာသော ထား၏ မျက်နှာပေါ်မှာ ၀မ်းသာလှိုက်လှဲခြင်းအပြည့် တွေ့ရသော အဆက်အသွယ်ဖြတ်ထားခဲ့သော ကာလများစွာအတွက် မွန် အားတုံ့အားနာ ဖြစ်သွားသည်။ '၀မ်းသာလိုက်တာ မွန်ရယ်၊ အေးအေးဆေးဆေး နေရမယ်နော်၊ ဒီနေ့ ဆေးခန်းပိတ်တယ် မဟုတ်လား' 'နေပါ့မယ် ထားရယ်၊ မုန့်တွေလည်း အများကြီး စားပါ့မယ်' ထားက ကြည်လင်ရွှင်ပျစွာ ရယ်မောလိုက်သည်။ ထားမိသားစု၏ အံ့သြ၀မ်းသာစွာ နှုတ်ဆက်မှုကြားမှာ မွန်စိတ်တွေ နွေးထွေးလာပါသည်။ အချိန်စောနေသေး၍ သူငယ်ချင်းများကို စောင့်ရင်း ဓာတ်ပုံအယ်လ်ဘမ် အချို့ကို ဖွင့်ကြည့်နေမိသည်။ ထား၏ ဖေဖေနှင့် မေမေက အခြားဧည့်သည်များကို နှုတ်ဆက်နေပါသည်။ 'ဘာပဲပြောပြော ယောက်ျားနဲ့ မိန်းမ အသက်အရမ်းအကွာတော့ မိန်းမက လှချင်ပချင် နုပျိုနေတုန်း အရွယ်မှာ ယောက်ျားက စိတ်ကျသွားပြီ၊ ဘယ်အဆင်ပြေပါ့မလဲ' 'ဒါတင် ဘယ်ကမလဲ၊ ဆရာကြီးရဲ့ မိန်းမက ဆရာကြီးနဲ့ လိုက်ဖက်တဲ့ အတွေးအခေါ် အဆင့်အတန်းလည်း မရှိဘူးလေ။ သူ့အမျိုးသမီးကြောင့် ဆရာကြီးခမျာ ခဏခဏ မျက်နှာပျက်ရတယ် မဟုတ်လား' မွန် ထိုင်နေသော နေရာနှင့် မလှမ်းမကမ်းဝိုင်းမှ အမျိုးသမီးကြီးနှစ်ဦး၏ စကားသံကို နားထောင်ရင်း တစ်ချိန်တုန်းက ထိုအဓိပ္ပာယ်မျိုးဆန်ဆန် ပြောခဲ့ဖူးသူ တချို့ကို သတိရလိုက်မိသေးသည်။ မကြာမီိ ငယ်သူငယ်ချင်း အေးနှင့် နု ရောက်လာ၍ မွန်တို့ဝိုင်းက စိုပြည်သွားပါသည်။ အေးက မွန်၏ ကြာဇံချက် ပန်းကန်ထဲသို့ ငုံးဥနှင့် ငါးဖယ်လုံးလေးတွေ ဆယ်ထည့်ပေးရင်း ခပ်တိုးတိုး စကားဆိုသည်။ 'ဒီလိုပဲ မနေနဲ့လေ မွန်၊ သင့်တော်မယ့် တစ်ယောက်ယောက်ကိုတော့ ရွေးဖို့ ကောင်းပြီ' 'ဟုတ်တယ် မွန်ရဲ့၊ နုရဲ့ တူမလေးတွေဆိုရင် တစ်ယောက်မကောင်း တစ်ယောက်ဂျောင်းပဲ၊ တစ်ခါတလေ သူတို့ အတွေးတွေကို ကိုယ်တောင် လိုက်မမီဘူး' အေးနှင့် နုကို အငေးသားကြည့်ပြီး ဘာမှ ပြန်မပြောနိုင်သော မွန့်ကို ထားက မြန်မြန်ကယ်တင်လိုက်ပါသည်။ 'တစ်ယောက်နဲ့ တစ်ယောက် စိတ်ချင်း ဘယ်တူပါ့မလဲ၊ မွန် တစ်ခါတလေ လာတာ တခြားစကားပဲ ပြောကြပါစို့ကွာ' 'ထားရေ…ဖုန်းလာတယ်' 'ဟုတ်ကဲ့ မေမေ' တယ်လီဖုန်း ချပြီး ပြန်လာသော ထား၏ မျက်နှာပေါ်က စိုးရွံ့မှု အရိပ်အယောင်ကြောင့် စကားဝိုင်းက ခေတ္တငြိမ် သက်သွားသည်။ 'ကိုကို လာမယ်တဲ့ မွန်' အေးက စိတ်တိုသည့် လေသံနှင့် 'သူ မလာဘူးဆိုလို့ မွန့်ကို မရမက ခေါ်ထားရတာ' ဟုဆိုသည်။ 'အခု သူ ဒီနားရောက်တော့မယ်တဲ့၊ မွန် ထားကို စိတ်ဆိုးမှာလား' မွန်သည် သက်ပြင်းတစ်ချက် ခိုးရှိုက်လိုက်ပြီး ထားကို နှစ်သိမ့်လိုက်သည်။ 'သြော်…ထားရယ်၊ နှစ်တွေ ဒီလောက်ကြာခဲ့ပြီပဲ၊ တို့နှစ်ယောက်က ရန်သူတွေလည်း မဟုတ်ကြပါဘူး၊ တွေ့ရင်လည်း အရေးမကြီးတော့ပါဘူး' သူငယ်ချင်းများနှင့် စကားဆက်ပြောနေရင်း မွန့်စိတ်ထဲမှာ ခံစားမှု တစ်စုံတစ်ရာရှိမနေတာ သတိပြုမိသည်။ အချိန်ကာလ၏ ရွေ့လျားမှုအောက်မှာ ကြုံတွေ့ခဲ့ရသော အတွေ့အကြုံအမျိုးမျိုး၊ လောကဓံအမျိုးမျိုးက မွန့်ကို ရင့်ကျက်ပြောင်းလဲစေခဲ့ပြီဟု ထင်သည်။ မွန့်အတွေးများသည် လွန်ခဲ့သော နှစ်ပေါင်းများစွာက အောက်တိုဘာလ၏ ညနေခင်လေး တစ်ခုဆီသို့ ပျံ့လွင့်သွားလေသည်။ ဒိတ်ခနဲ နှလုံးက ဆောင့်ခုန်သွားပြီး ရင်ညွန့်ထဲမှ နှလုံးခုန်သံသည် နားစည်ထဲက ထွက်လာသလို မြည်ဟည်းနေသည်။ ပါးပြင်နှစ်ဖက်နှင့် နားရွက်ဖျားတွေ ထူပူရှိန်းဖိန်းလာပြီး သူ့အကြည့်ကို ဘယ်လိုမှ ရင်မဆိုင်နိုင်အောင် ဖြစ်ရမည်။ ခေါင်းငုံ့ကာ မျက်လွှာချထားမိသော်လည်း သူ့မျက်ဝန်းတွေက အာရုံထဲမှာ တ၀ဲလည်လည်။ 'ကိုကို နားလည်ပါတယ် ကလေးရယ်၊ ကိုကိုလည်း ရင်တွေ ခုန်လိုက်တာ ဒီမှာ စမ်းကြည်ပါဦး' ကုလားထိုင် လက်ရန်းကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသော မွန့်လက်ဖ၀ါးကို သူက ညင်သာစွာ ဆွဲယူရင်း သူ၏ ၀ဘက်ရင်ညွန့်မှာ ဖိကပ်လိုက်သည်။ သူ့နှလုံးခုန်သံသည် မွန့်လက်ဖျားမှ တစ်ဆင့် ခန္ဓာကိုယ် တစ်ခုလုံး အနှံ့စီးဝင်သွားသည်။ ဟင့်အင်း…မဟုတ်ဘူးဟု မွန့်စိတ်ထဲက ကယောင်ကတမ်း ငြင်းဆန်နေသော်လည်း စကားသံအဖြစ် ထွက်မလာခဲ့။ အမြဲတစေ၊ ရဲရင့်ပွင်းလင်းခဲ့သော မွန်သည် လည်ချောင်းဝ၌ တစ်စုံတစ်ခု တစ်ဆို့နေသလို အာခေါင်ထဲ ခြောက်သွေ့ပြီး မျက်လုံးများ ပြာဝေနေသည်။ 'ကြည်စမ်း၊ လက်ဖျားတွေ အေးစက်နေလိုက်တာ၊ ရေခဲတုံး အတိုင်းပဲ' ကိုကိုက အသာအယာ ရယ်မောရင်း စကားဆိုသည်။ လွန်ခဲ့သော မိနစ်အနည်းငယ်က ဘာမှ မဟုတ်သေးသော သူနှင့် မွန်တို့၏ အခြေအနေသည် ယခုတော့ ပြောင်းလဲသွားခဲ့ပြီ။ တစ်လောကလုံးက ၀ိုင်းကြည့်ခြင်း ခံရသလို၊ ဘာကိုမှ မမြင်တော့သလို ရှက်စိတ်နှင့် တစ်ကိုယ်လုံး ထူပူပြီး သူ့ရှေ့မှာ ခေတ္တပျောက်ကွယ်သွားချင်လှသည်။ အဖြူထည် ဘ၀လေးမှ လှေကားတစ်ထစ် ပြောင်းလဲသော လှုပ်ရှားမှုကို လက်မခံလိုသော်လည်း သူ့အနားမှ မခွာချင်အောင် တွယ်ငြိနေသော စိတ်ဝိညာဉ်က ပိုမိုခိုင်မာနေပြန်ပါသည်။ ထိုအချိန်ကတည်းက မွန်၏ အိပ်မက်တွေ စတင်ခဲ့တာ ဖြစ်သည်။ ထပ်တလဲလဲ မက်သည့် အိပ်မက်တွေထဲမှာ ပျော်ရွှင်မှုနှင် စိုးရွံ့မှု၊ ကြည်နူးမှုနှင့် ပူပန်မှုတွေ တစ်လှည့်စီ ခံစားရင်း အိပ်မွေ့ကျအောင် သူပြုစားခဲ့သည်။ သူဟာ မွန့် အိပ်မက်ထဲက ချစ်သူပါပဲ။ အဦးဆုံးသော ခံစားမှုတိုင်းသည် သဘာဝအကျဆုံး ခံစားမှုဖြစ်သည်ဟု ဆိုလျှင် သူသည် ထိုခံစားမှုကို ပေးစွမ်းနိုင်ခဲ့သည့် တစ်ဦးတည်းသော လူသားသာဖြစ်သည်။ သူ့မျက်နှာကို တစ်နေ့မမြင်ရလျှင် စိတ်တိုင်းမကျနိုင်အောင် အရူးအမူးဖြစ်ရသည်။ သူ့အနားမှာ နေရသည့် အချိန်တိုင်း သူ့ကိုသာ ငေးမော ကြည်နူးမိသည်။ ကိုကိုက…မွန့် ဆံနွယ်စတို့ကို သူ့လက်ဖ၀ါးနှင့် အုပ်ကိုင်ပြီး ညည်းညူသလို ပြောဖူးသည်။ 'ကိုကိုရဲ့ ကလေးလေး၊ ညည်းကို လက်ထပ်ဖို့ နေနေသာသာ ပိုးပန်းရမယ့် အရွယ်တောင် မရောက်သေးသလိုပဲ' မွန်သည် ရုတ်တရက် မျက်ရည်တွေ လည်လာကာ ကိုကို့ဒူးခေါင်းကို လက်သီးဆုပ်ဖြင့် ထုတော့သည်။ မပြည့်စုံမှု ကြားထဲက မွန်သည် ပြည့်စုံကြွယ်ဝသူတွေ အလယ်မှာ မျက်နှာငယ်ရမြဲမို့ ကိုကိုနှင့် မွန်တို့၏ ကွာခြားလှသော တံတိုင်းကို တတ်နိုင်သလောက် သေးကျုံ့အောင် ကြိုးစားမိသည်။ သို့သော အတွေ့အကြုံ နုနယ်သော မွန်၏ စေတနာဖြင့် ပြုလုပ်သမျှ အရာတို့သည် အထင်အမြင် လွဲမှားမှုဖြင့်သာ အမြဲ အဆုံးသတ်သည်။ 'မွန်က ကလေး သိပ်ဆန်တာပဲကွာ၊ မိန်းမတစ်ယောက်ဟာ ချစ်တတ်ပြီဆိုရင် လူကြီးလို ရင့်ကျက်အောင် ကြိုးစားရတယ်' ကိုယ့်ကိုယ်ကို အလွန်မာနကြီးသည်ဟု ထင်ခဲ့သော မွန်သည် ကိုကို့ရှေ့မှာ ပကတိသိုးငယ်လေးပမာ။ ဥစ္စဓန အတွက် အကြံဉာဏ်ကောင်း အားနည်းရှာသည့် မွန့်မိဘတို့၏ ချို့ယွင်းချက်ကို ထိပါးပြောဆိုခဲ့သော ကိုကို့အသိုင်းအ၀ိုင်း က စကားတွသည် မွန့်ကို အနာတရဖြစ်စေခဲ့သည်။ သို့ရာတွင် မွန်သည် ကိုကို့မျက်နှာ တစ်ခုတည်းကြောင့် ဘာမဆို လည်စင်းခံဖို့ အသင့်ဖြစ်နေသည်။ အတန်းထဲမှာ စာအတော်ဆုံး မွန်ဟာ ကိုကို့အချစ်ကို စိုးရိမ်ပူပန်မှုကြောင့် အဆင့်ကျလာတော့ ထားက သူ၏ ၀မ်းကွဲအစ်ကို 'ကိုကို့' ကို ရန်တွေ့ခဲ့သည်။ မွန်ကိုလည်း ကျိတ်ဆူသည်။ 'မွန်နော်… နင်က ပိုကြိုးစားပြရမှာ မဟုတ်လား' တစ်နေ့… ကိုကို လာမည် ဆို၍ ထားတို့အိမ်မှာ အကြာကြီး စောင့်နေခဲ့ရသည်။ ကိုကိုရောက်လာတော့ အချိန်အတော်လင့်လှပြီ။ ကိုကို့မျက်နှာက ပြိုလုလုမိုးလို ညိုပြီး သက်ပြင်းသာ အခါခါ ချနေသည်။ 'ကိုကို… ဘာဖြစ်နေတာလဲဟင်' 'ကိုကိုကလေ.. . မွန့်ဘ၀မှာ ခေါင်းမော့နေတာကိုပဲ မြင်ချင်တယ်။ အောင်မြင်ပျော်ရွှင်စေချင်တယ်၊ မွန်ပျော်နေမယ်ဆိုရင် ကိုကို့လောက် ၀မ်းသာတဲ့သူ ဒီကမ္ဘာမှာ ရှိမှာ မဟုတ်ဘူး' 'ကိုကို ပြောတာ မွန် နားမလည်ဘူး' ''ကလေးရဲ့ ဘမှာ ရှေ့ဆက်ရမယ့် ခရီးတွေ အများကြီး ကျန်သေးတယ်၊ ကိုကိုကြောင့် မွန့်ရဲ့ အောင်မြင်မှုတွေ ရပ်တန့်သွားမှာ၊ ထိခိုက်နစ်နာသွားမှာ ကိုကို မလိုလားဘူး 'အို… မသိဘူး၊ ကိုကို မွန့်ကို ချစ်ရမှာပဲ' အိမ်အပြန်လမ်းတစ်လျှောက် မွန့်လက်ဖျားကို ဆုပ်ကိုင်ထားသည့် ကိုကို့လက်တွေ လွတ်ထွက်သွားမျာ စိုးသည့်အလား။ အိမ်နား ရောက်ခါနီးမှ ဖြေလျှော့ပေးလိုက်သည့် လက်အစုံဟာ တစ်သက်လုံးစာအတွက်ဆိုတာ ကြိုတင်သိခဲ့လျှင် မွန် ကိုကို့လက်ကို မလွှတ်တမ်း ဆုပ်ကိုင်ထားခဲ့မှာပေါ့ ကိုကို။ အလူးအလဲ ခံစားခဲ့ရသည့် အချိန်တုန်းက ကိုကိုနှင့် ချစ်ခဲ့မိသည့် ဘ၀၏ အစိတ်အပိုင်းတစ်ခုကို ဖြတ်တောက်၍ ရမည်ဆိုလျှင် ဖြတ်တောက်ပစ်ချင်လှအောင် နာကျင်ခဲ့သည်။ ဘာတစ်ခုမျှ အတွေ့အကြုံ မရှိသည့် မွန့်ရင်ထဲကို အဦးဆုံးသော ခံစားမှုတွေ ထည့်ပေးပြိး ပိတ်လှောင်ထားနိုင်ခဲ့သူဟု အပြစ်တင်လိုလှပါသည်။ ကောင်းကင်ပြာနှင့် တိမ်ဖြူလွှာတို့ကို မော့ကြည့်တိုင်း 'သည်ဘ၀မှာ နှမ လက်လျှော့ နေရစ်ပါတော့' ဆိုသော တယ်လီဖုန်းထဲက စကားသံကို ပြန်လည်ကြားယောင်ကာ ကြေကွဲခဲ့ရသည့် နေ့တွေ… ပြိုးပြိုးပြက်ပြက် ကြယ်တွေ လက်သည့် မိုးကောင်းကင်ကို မတုန်မလှုပ် စိုက်ငေးကြည့်ရင်း 'တစ်နေရာ တစ်မိုးအောက်မှာ သူလည်း မွန့်လို ရှိနေမှာပါ' စု ဖြေသိမ့်ခဲ့ရဖူးသည့် ညတွေ… တစ်စုံတစ်ယောက်၏ ပုခုံးစွန်းမှာ မှီနွဲ့ရှိုက်ငိုလိုက်သည့် အခါတိုင်း ကိုကိုရေဟု အသံမထွက်အောင် မြည်တမ်းခဲ့ ရသည့် အလွမ်းတွေ… အားလုးကို ကျော်ဖြတ်ပြီး မွန့်ဘ၀ကို 'ဒေါက်တာမွန်မွန်ရည်' အဖြစ် တင့်တယ်စေခဲ့ပြီ။ ပညာနှင့် စိတ်ဓာတ် အရည်အချင်းကိုသာ မြတ်နိုးကိုးကွယ်လိုသော မွန်သည် မိမိ၏ ရပ်တည်ချက်ကို ဘယ်သောအခါမှ မပြောင်းလဲခဲ့ပါ။ 'မွန်က သိပ်ငယ်နေသေးတဲ့ အချိန်မှာ သူက အိမ်ထောင်ပြုသင့်တဲ့ အရွယ်ကို တော်တော်ကျော်လွန်ခဲ့ပြီ ဆိုတော့ အကြောင်းကြောင်းတွေ တွက်ဆပြီး ဆုံးဖြတ်သွားတာနေမှာပါ၊ ကိုကိုက မွန့်ကို ချစ်ရှာပါတယ်' ထားက မွန် စိတ်သက်သာရာ ရအောင် နှစ်သိမ့်ပေးခဲ့သော်လည်း ကိုကို့အသိုင်းအ၀ိုင်း အငွေ့အသက် အားလုံးနှင့် ဝေးရာမှာသာ ရှောင်ရှားနေမိသည်က မွန်၏ ပျော့ညံ့ချက်ဟု ဆိုနိုင်ပါသည်။ ခြောက်သွေ့ တိတ်ဆိတ်နေသော မွန့်နှလုံးသားကို စိုပြည်လန်းဆန်းအောင် ကြိုးစားလိုသူက အတန်းတူ သူငယ်ချင်း ဒေါက်တာမောင်မောင်အောင်။ အလွန်ပျော်ရွှင်တတ်သော သူ့ကို စာသင်ရက် ကာလရှည်ကတည်းက မွန် အားကျခဲ့ဖူးသည်။ 'လူဆိုတာ တစ်နေ့ထက် တစ်နေ့ ပြန်ပြီး ငယ်သွားတဲ့သူ မရှိဘူး။ အသက် ငယ်နေသေးလို့ လူကြီးတွေလို မရင့်ကျက်သေးတာ အပြစ်မှ မဟုတ်တာ၊ ကိုယ့်အရွယ်နဲ့ လိုက်ဖက်တဲ့ ရင့်ကျက်မှုမျိုး ရှိဖို့ပဲ လိုတယ်' ကွင်းဆင်းလေ့လာရေး ခရီးစဉ်တစ်လျှောက် သူ့ရဲ့ ခေါင်းဆောင်ပီသမှု၊ ဆက်ဆံရေး ပြေပြစ်မှု၊ ကူညီဖေးမမှုတွေ ကို အမှတ်ထင်ထင် ဖြစ်ခဲ့ရသည်။ စိတ်ထားကောင်းပြီး ပျော်ရွှင်တတ်သော သူ့ကြောင့် မေ့လျော့ထားခဲ့တာ ကြာပြီဖြစ်သော မွန်ရဲ့ ရယ်မောခြင်းတွေကို ပြန်လည်တွေ့ရှိလာခဲ့သည်။ သူ့ကို လက်ခံဖို့ စဉ်းစားတိုင်း တွေဝေနေမိသည့် စိတ်ကိုတော့ မွန် နားမလည်နိုင်သေးပေ။ 'ကိုကို လာနေပြီ မွန်' ထား၏ သတိပေးသံကြောင့် အတိတ်သို့ ပျံ့လွင့်သွားသော စိတ်အစဉ်ကို စုစည်းလိုက်ရသည်။ ကားစက်သံ သဲ့သဲ့ကြားပြီး ကိုကို့ကို ရိပ်ခနဲမြင်လိုက်ရသည်နှင့် မွန့်ရင်ထဲ ဒိတ်ခနဲဖြစ်သွားပြီး ပရမ်းပတာ ရင်ခုန်လာသည်။ လက်ဖျား၊ ခြေဖျားများက အေးစက်နေသော်လည်း နှလုံးခုန်သံ တဆတ်ဆတ်ကြောင့် ရင်ထဲမှာ ပူနွေးတုန်ယင်နေသည်။ အသည်းနှလုံမှာ ရှိခဲ့ဖူးသည့် ပုံရိပ်ဦးကို နှစ်များစွာ ကြာပေမဲ့ နှလုံးသားက မမေ့သေးပါလား။ 'မွန် ငယ်ငယ်တုန်းက ခြင်္သေ့ပေါက်စလေး တစ်ကောင်းလိုပဲ၊ အရာရာကို စိုးရွံ့နေတဲ့ မျက်လုံးလေးတွေနဲ့၊ အခုတော့လည်း တောဘုရင်ဆိုတာ ကိုယ့်ကိုယ်ကို သိသွားပြီပေါ့လေ' မွန် အသာပြုံးရင်း ကိုကို့ကို ငေးကြည့်နေမိသည်။ ကိုကို့ ဆံပင်တွေ ဖြူစပြုနေပြီ။ မျက်ဝန်းများက ဟိုးကလျင်ကလို တောက်ပဆဲ။ ပါးလျား စေ့စပ်သည့် နှုတ်ခမ်းက ပြုံးလိုက်သောအခါ လျှို့ဝှက်နက်ရှိုင်းဆဲ။ စောစောတုန်းကလို ရင်ခုန်တာတွေ မရှိတော့ဘဲ ကိုကို့ကို တည်တည်ငြိမ်ငြိမ် ဆက်ဆံနိုင်လာသည်ကို မွန် အံ့သြနေမိသည်။ မွန့်ကို ကြည့်ပြီး စိတ်သက်သာရာ ရသွားသော သူငယ်ချင်းများကြောင့် မွန်တို့ စကားဝိုင်းက နွေးထွေးလာပါသည်။ 'အိမ်ထောင်ပြုတော့လေ မွန်' ကိုကို့စကားကြောင့် ထားက မခံမရပ်နိုင်သလို ၀င်ပြောသည်။ 'ကိုကို ရန်မစနဲ့နော်၊ ထားက မွန့်ဘက်ကပဲ' 'မဟုတ်ဘူး၊ ကိုကို တကယ် ပြောတာ။ မွန့်ကို တကယ် ပျော်ရွှင်စေချင်တဲ့ စေတနာပါ' 'တော်ပါတော့ ကိုကို၊ မွန်က ကိုယ်လျှောက်ရမယ့် လမ်းမှာ ကိုယ့်အား ကိုယ့်ကိုးပြီး ကြိုးစား ရပ်တည်ခဲ့တာ ကြာပါပြီ' 'ကိုကို့ အသိုင်းအ၀ိုင်း ကြားထဲမှာ မွန်ကလေး စိတ်နှလုံး ညှိုးချုံးနေရမှာ စိုးလို့ တဖြည်းဖြည်း အနေဝေးပြီး သွေးအေးသွားမယ့် လမ်းကို ကိုကို ရွေးချယ်ခဲ့တာပါ' သူ ဘာတွေပဲ ပြောနေသည်ဖြစ်စေ အရေးမကြိးတော့ပါ။ မွန်ဟာ အချိန်နှင့်အမျှ ရင့်ကျက်ပြောင်းလဲလာမှ မဟုတ်ဘူးဟု တစ်ဖက်သတ် တွေးထင်ယူဆခဲ့သည့် သူ့အမြင်ကိုလည်း စောဒက မတက်လိုတော့ပါ။ ကိုကိုနှင့်တွေ့မှ မွန်သည် ကိုယ့် ချို့ယွင်းချက်ကို ပြန်မြင်လာသည်။ တစ်ယောက်ယောက်နှင့် လက်တွဲဖို့ စဉ်းစားတိုင်း ဘာကြောင့် တွေဝေနေခဲ့ရသည့် အဖြေကို ယခုမှပင် မွန် သိသည်။ မွန့်နှလုံးသား၏ အသံကို ပြန်လည် နားထောင်ရာတွင် ပထမဆုံး အတွေ့အကြုံနှင့် အမြဲယှဉ်ကြည့်ပြီး လွဲမှားစွာ ကောက်ချက်ချမိသည်ကိုး။ ပထမဆုံး ပြောင်းလဲမှု ဆိုသည်မှာ ဘယ်တော့မှ နှစ်ခါ မရှိနိုင်သည်ပဲလေ။ ယခုအချိန်မှာတော့ မွန့်နှလုံးသား၏ အသံကို မှန်မှန်ကန်ကန် နားထောင်နိုင်လိမ့်မည်ဟု ယုံကြည်နေပါပြီ။ မွန့်အဖို့တော့ အချစ်ဦးဆိုတာ နှလုံးသားထဲမှာ နာကျင်စွာ စူးခဲ့ဖူးသေး ဆူးတစ်ချောင်းသာ ဖြစ်လေသည်။ ကြည်ဇင်နှင်း ထိုလင့်တွင်အပြည့်အစုံဖတ်ပါ: http://www.mm-flashsongs.com/profiles/blog/show?id=5202681%3ABlogPost%3A1123043&xgs=1&xg_source=msg_share_post#ixzz1rw8Iph00
    အချစ်ဦးဆိုတဲ့ ဆူးကလေးရယ်
    Posted by : လက်တွဲဖော် 0 Comments
ူသူ.ရဲ့အနီးဆုံးမှာ ရှိနေချင်ခဲ့တဲ့ ဆန္ဒတစ်ခုက သူ.ဘ၀အတွက် ဆူးတစ်ချောင်းဖြစ်စေခဲ့မယ်ဆိုရင် အဲဒီဆူးကို ကိုယ်တိုင်ပဲ နှုတ်ပစ်လိုက်ပါ့မယ်........ သူအရမ်းချစ်တာကို လိုချင်ခဲ့တဲ့ ဆန္ဒတစ်ခုက သူ.ဘ၀အတွက် ရူးစေခဲ့မယ်ဆိုရင် အဲဒီအစား ကိုယ်တိုင်ပဲ အရူးခံလိုက် ပါ့မယ်.......... ဆုပ်မိလို.လည်း စူးခဲ့ပြီးပြီ......... စားမိလို.လည်း ရူးခဲ့ပြီးပြီ......... င်္င်္ဘာအတွက်နဲ.မှလည်း နောင်တမ၇ချင်တော့ပါဘူး ရှိပါစေတော့.........
    သူ.ရဲ့အနီးဆုံးမှာ
    Posted by : လက်တွဲဖော် 0 Comments
    ကောင်မလေး မင်းကို ငါသနားတယ်... ကောင်မလေး မင်းက ငါ့ကို Gmail တောင်းပြီး လာ Add တယ်... ကောင်မလေး မင်းက ငါတတ်ထားတဲ့ပညာတွေကို လာမေးတယ်... ကောင်မလေး...မင်းသိချင်တာ မှန်သမျှကို ငါရှင်းပြခဲ့ပါတယ်... ကောင်မလေးက တစ်ဆင့်တက်ပြီး ကိုယ်ရေးကိုယ်တာတွေ လာမေးတယ်... ကောင်မလေးကို ငါဖြေနိုင်တာပဲ ဖြေခဲ့ပါတယ်... ကောင်မလေးက ငါ Online ရောက်တတ်တဲ့အချိန်ဆို ၀င်လာပြီး ငါ့ကို စကားလာပြောတယ်... ကောင်မလေးပြောသမျှ ငါ နားထောင်ပေးခဲ့ပါတယ်... ကောင်မလေးက တစ်ဆင့်တက်ပြီး ငါ့ကို ဘယ်လောက်တန်ဖိုးထားကြောင်း၊ ငါ့ကို ဘယ်လောက် သံယောဇဉ်ရှိကြောင်း လာပြောတယ်... ကောင်မလေးကို ငါ ခင်တယ်ဆိုတာက လွဲလို့  အပိုမပြောခဲ့ပါဘူး... ကောင်မလေးက ငါနဲ့ အထင်လွဲအောင် လူတကာလိုက်ပြောနေမှန်း ငါ ပြန်ကြားခဲ့ပါတယ်... ကောင်မလေး ငါနဲ့ ချစ်နေသယောင်ယောင်၊ လူတကာအထင်မှားအောင် နေနေမှန်း ငါသိခဲ့ပါတယ်... ကောင်မလေး မင်းမသိသေးတဲ့အကြောင်းက ငါ့မှာ ငါ့အသက်ထက် တန်ဖိုးထားတဲ့ ချစ်သူရှိနေတယ်ဆိုတာပဲ... ကောင်မလေး မင်းမသိသေးတာက ငါဟာ ငါ့ချစ်သူကလွဲပြီး ဘယ်သူ့ ကိုမှ မချစ်ဘူးဆိုတာပဲ... ကောင်မလေး မင်းမသိသေးတာက ငါဟာ မင်းထက် ဥာဏ်ပညာရှိတယ်... အသိဥာဏ်ရှိတယ်ဆိုတာပဲ... ကောင်မလေး မင်းမသိသေးတာက မင်းရေးသမျှ ငါ့ချစ်သူကို ပေးဖတ်တယ်ဆိုတာပဲ... ဒါကြောင့် ကောင်မလေး မင်းကို ငါသနားတယ်... မှတ်ချက်။ ။ Online အချစ်ဆိုတာ ဒီလိုလေး ရှိတတ်ပါလားလို့  မိန်းခလေးတွေ သိထားအောင်လို့ ပါ... လွမ်းဧကရီ ၁၀-၀၄-၂၀၁၂ ညနေ ၅း၂၀ နာရီ ထိုလင့်တွင်အပြည့်အစုံဖတ်ပါ: http://www.mm-flashsongs.com/profiles/blog/show?id=5202681%3ABlogPost%3A1118276&xgs=1&xg_source=msg_share_post#ixzz1rk1pv7rf
    ကောင်မလေး မင်းကို ငါသနားတယ်...
    Posted by : လက်တွဲဖော် 0 Comments
    ညို့ချက် (၁) တစ်ချို့ မိန်းမတွေက မျက်နှာကို ချိုချိုလေး လုပ်ထားတတ်တယ်။ အဲ့ဒါ ယောင်္ကျားတွေကို စွဲဆောင်တဲ့ နံပါတ်တစ် "သိတံ" လို့ ခေါ်တယ်။ (မျက်နှာမြင် ချစ်ခင်ပါစေဆိုတဲ့ ရုပ်လေးတွေပေါ့ဗျာ) ... ညို့ချက် (၂) တစ်ချို့ကျတော့ အသံတိုးတိုးလေးတွေနဲ့ ရီပြတတ်တယ်။ အဲ့ဒါက ညှို့ချက် နံပါတ်နှစ် "ဟာသ" လို့ခေါ်တယ်။ (မကြားတကြားနဲ့ သတိထားရမယ့် ဆည်းလည်းသံလေးတွေပေါ့) ညို့ချက် (၃) တစ်ချို့ မိန်းကလေးလေးတွေကျတော့ ယောင်္ကျားလေးတစ်ယောက်ရဲ့ ရှေ့ကိုရောက်ရင် ကြောက်ပြ၊ စိုးထိတ်ပြတတ်တယ်။ အဲ့ဒါက ညှို့ချက် နံပါတ်သုံး "ဘယ"တဲ့။ (အားကိုးခံချင်တဲ့ ယောက်ျားလေးတွေအကြိုက်ပေါ့ဗျာ နောက်မှ(ညားပြီးမှ) မိန်းမကြမ်းကြီးဖြစ်နေတတ်မို့ သတိရှိ ဟိဟိ) ညို့ချက် (၄) တစ်ချို့မိန်းကလေးတွေက ရှက်ကိုးရှက်ကန်းဟန် လုပ်ပြတတ်တယ်။ လျှာတစ်လစ်ထုတ်ပြတတ်တယ်။ အဲ့ဒါက ညှို့ချက် နံပါတ်လေး "လဇ္ဇ" လို့ခေါ်တယ်။ (ကလေးဆန်တယ် ချစ်စရာကောင်းတယ်ဆိုပြီး အသည်းယားရင်း ယားရင်း ချစ်သွားတတ်တဲ့ ပုံစံမျိုးပေါ့။ သတိထားကြနော် လျှာတစ်လစ် ထုတ်တုန်းက ချစ်စရာကောင်းခဲ့ပြီး ညားပြီးမှ အဲဒီလျှာကပဲ ဗျစ်တောက် ဗျစ်တောက် မြည်တွန်တတ်တယ်ဆိုတာ …..အဟဲဟဲ) ညို့ချက် (၅) တစ်ချို့မိန်းကလေးတွေကျတော့ စကားကို မကြားတစ်ကြားဖြစ်အောင်လုပ်ပြောတတ်တယ်။ အဲ့ဒါကတော့ ညှို့ချက် နံပါတ်ငါး"မန္ဓ၀ါစာ" လို့ခေါ်တယ်။ (ချစ်တယ်ဆိုတဲ့ အဖြေကို မပေးချင်ပေးချင် ပေးရတဲ့ လေသံမျိုးပေါ့ နောက်တော့လည်း အတင်းအဖျင်းပြောရင် အသုံးဝင်လာတတ်တဲ့ ညို့နည်းလေးပေါ့) ညို့ချက် (၆) မျက်လုံးထောင့်ကပ်ကြည့်တာ ညှို့ချက် နံပါတ်ခြောက် "အဒေက္ခဏာ"တဲ့။ (ရုပ်ရှင်တွေထဲမှာ အနှေးရိုက်ပြရင် သိပ်ကိုကြည့်ကောင်းတဲ့ ပုံစံမျိုးပေါ့ ညားပြီးတဲ့အခါမှ ထောင့်ကပ်ကြည့်တာမဟုတ်ဘဲ မျက်စောင်းတွေချည်း တဒိုင်းဒိုင်းအထိုးခံရနေနိုင်တဲ့ အကြည့်မျိုးပါ ဟဲ ဟဲ) ညို့ချက် (၇) မျက်ရည်ကျပြတာက ညို့ချက်ခုနှစ် "ရုဒါ"တဲ့။ (သနားရာကနေ ဟင်း ဟင်း ဟင်း ချစ်မိသွားတယ်ဆိုတာမျိုးပေါ့ မျက်ရည်ဆိုတာက မိန်းမတွေရဲ့ လက်နက်လေ အဲဒီလက်နက်နဲ့လည်း ကိုယ်တွေကို ခြွေသွားတတ်တယ်နော်) ညို့ချက် (၈) မခံချင်အောင် စကားနာထိုးတာက ညို့ချက်ရှစ် "ဤကံကလဟ"လို့ ခေါ်တယ်။ (စကားနာထိုးစဉ်က မနာဘဲ ပိုပိုချစ်တတ်တဲ့လူတွေ အိမ်ထောင်ကျပြီးတော့ အရမ်းနာတတ်တဲ့ ညို့ချက်လေးပါ အဟိ) အခုဖော်ပြခဲ့တာကတော့ ယောက်ျားလေးတွေကို ကျအောင်ညို့ နိုင်တဲ့ မိန်းကလေးတွေရဲ့ ညို့နည်း ၈ မျိုးပါ။ သတိထားပြီး အမျိုးသားများ လွတ်အောင်သာ ရှောင်ကြပေတော့ မရှောင်ချင်ရင်လည်း လာမယ့်ဘေး ပြေးတွေ့လိုက်တာပေါ့ ထိုလင့်တွင်အပြည့်အစုံဖတ်ပါ: http://www.mm-flashsongs.com/profiles/blog/show?id=5202681%3ABlogPost%3A1115731&xgs=1&xg_source=msg_share_post#ixzz1rk1VHXH8
    မိန်းကလေးများ၏ ညို့ချက် (၈)ချက်
    Posted by : လက်တွဲဖော် 0 Comments
    ကောင်မလေးက ဆံပင်ရှည်ရှည် နဲ့ လိုက်ဖက်တဲ့ အရပ်အရှည်ရှည်ကိုပါ ပိုင်ဆိုင်ထားတယ်.. ချောတာလည်း တော်တော်လေးကို ချောမောလှပတယ်.. ကြိုက်ချင်သူ ကိုလူပျိုတွေကလည်း ပေါလိုက်တာမှ လွန်ရောပေါ့.. ကောင်မလေးက ရုံးဌာနတစ်ခုမှာ တာဝန်ထမ်းဆောင်တယ်.. ကွန်ပျူတာနဲ့ပတ်သက်ရင်လည်း တော်တော် ကျွမ်းကျင်တယ်.. အသက်အရွယ်နဲ့ ပြောရရင်တော့ ကောင်မလေးက (၂၉)ရှိပြီ.. ကောင်မလေးက ကွန်ပျူတာ ကျွမ်းကျင်တော့ ရုံးမှာ စာရေးမဆိုပေမယ့် ကွန်ပျူတာပဲ ကိုင်ရတယ်.. ကောင်မလေး ကွန်ပျူတာမှာ အင်တာနက် ချိတ်ထားတယ်.. ကောင်မလေး အင်တာနက်အသုံးပြုရင်းနဲ့ အချိန်တွေ ကြာလာတော့ ကိုကိုနဲ့ တွေ့ဆုံမိတယ်.. အင်တာနက်ကနေ ကောင်မလေး နဲ့ ကိုကို တစ်ယောက်နဲ့ တစ်ယောက် ဖေးဖေးမမ နဲ့ သူငယ်ချင်းလို ခင်မင်ရာကနေ.. သံယောဇဉ်တိုးလို့ ချစ်သူဘ၀ရောက်ခဲ့တယ်.. အွန်လိုင်း ချစ်သူ ဖြစ်ခဲ့ကြတယ်ပေါ့.. ကိုကိုက မန္တလေးကပါ.. ကိုကိုကလည်း ချောတယ်.. ကိုကို့မှာလည်း အလုပ်ရှိတယ်.. ကိုကိုက ကျောက်ပွဲစားတဲ့ .. ကိုကိုက ကျောက်ပွဲစားဆိုတော့ အပြောလည်း ကောင်းတာပေါ့နော်.. ကောင်မလေးတို့ဆီမှာ ကျောက်မျက် ပြပွဲရှိတိုင်း ကိုကို , ကောင်မလေးဆီ အမြဲလာတယ်.. ဒီလိုနဲ့ ကိုကိုရဲ့ အပြောမှာ ကောင်မလေး နစ်မြောပြီး ကိုကို့ကို ကောင်မလေး ပိုပိုပြီး သံယောဇဉ်တွေ တိုးလာခဲ့တယ်.. ကိုကိုက ကောင်မလေးကို လက်ထပ်မယ်တဲ့.. ကိုကို , ကောင်မလေးကို လက်ထပ်မယ်လို့ ပြောပြီး မန္တလေးပြန်သွားတာ ရက်ပိုင်းလောက်နေတော့ကောင်မလေးရှိတဲ့ အဆောင်ကို ကိုကိုရဲ့ အမျိုးသမီးဆိုသူက လာသောင်းကျန်းသွားတယ်.. ကောင်မလေး , ဘာလုပ်ရမလဲ.. ကောင်မလေး သိထားတဲ့ ကိုကိုက လူပျိုဆိုပြီး.. ကောင်မလေးကို ကိုကို ညာသွားတယ်.. ခုတော့ ဘာဆက်လုပ်ရတော့မလဲ.. ကောင်မလေး လမ်းခွဲလိုက်ပါပြီ.. ကောင်မလေး မသိခဲ့လို့ပါ.. ကောင်မလေးက ကိုကိုသာ အိမ်ထောင်သည်ဆိုတာ သိရင် ကိုကို့ကို ကောင်မလေး မချစ်ခဲ့ပါဘူး.. လက်လည်း ခံဖြစ်မှာ မဟုတ်ပါဘူး.. ကောင်မလေးက မိန်းကလေးလေ.. ကောင်မလေးလည်း ရှက်တတ်ပါတယ်.. ပြီးတော့ ကောင်မလေး သူများအိမ်ထောင်ရေးကို မဖျက်ဆီးလိုဘူး.. ကောင်မလေး ကြောက်တယ်.. ဒါပေမယ့် ကောင်မလေး အကြောင်းကို ကောင်မလေး အိမ်က မိဘတွေ သိသွားပြီး ကိုကိုနဲ့ ထပ်တွေ့မှာစိုးလို့ ကောင်မလေးကို အလုပ်ကနေပါ ထွက်ခိုင်းပစ်တယ်.. ကောင်မလေးဘ၀မှာ ပညာတစ်ခုပေါ့နော်..ကောင်မလေး သေတဲ့အထိ မှတ်သားထားလိုက်ပြီ.. ကောင်မလေးသာ အသိ မစောခဲ့ရင် ကောင်မလေး သူများအိမ်ထောင်ရေးကို ဖျက်ဆီးလိုက်သလို ဖြစ်ပြီး.. ကောင်မလေးလည်း နောင်တရ, ရမှာ.. ကောင်မလေးပြောပြချင်ပါတယ်.. ကောင်မလေးအရွယ်နဲ့ ညီမလေး/မောင်လေးအရွယ် သူငယ်ချင်းတွေကို အွန်လိုင်းအချစ်ဆိုတာ တစ်ခါတစ်လေ ယုံကြည်လို့ရသလို.. တစ်ခါတစ်လေမှာ ကောင်မလေးလို အဖြစ်မျိုး နဲ့ တိုးတဲ့သူတွေ အများကြီး ရှိမှာပါ.. အွန်လိုင်းကနေ လူတစ်ယောက်ကို ချစ်မိပြီဆိုရင် စဉ်းစားပါ.. လွယ်လွယ်ကူကူ နဲ့ မယုံကြည် မိပါစေနဲ့.. အပြင်မှာတွေ့ပြီးမှ လေ့လာပါ.. မိမိဘက်ကလည်း ရိုးသားသလို တစ်ဖက်လူရဲ့ စိတ်ထားကကော ရိုးသားရဲ့လားဆိုတာ စုံစမ်းပါ.. လေ့လာပါ.. ပြီးမှ အိမ်ထောင်မှု တစ်ခု ပြုဖို့ ဆုံးဖြတ်ပါလို့.. ဒီပိုစ့်လေးကလေ ရွှေလေး သူငယ်ချင်းတစ်ယောက်ရဲ့ အဖြစ်ကို တင်ပြပေးထားတာပါ.. နောက်ဆုံးတော့ ရွှေလေး သူငယ်ချင်းလည်း အလုပ်က ထွက်ပြီး နာမည်ပျက်သွားတာပဲအဖတ်တင်လိုက်တယ်လေ.. ရွှေလေး ဒီပိုစ့်ကို ရေးရမလား , မရေးရဘူးလား စဉ်းစားရင်းနဲ့ နောက်ဆုံးတော့ သူငယ်ချင်းတွေအတွက် ပညာပေးအနေနဲ့ တင်ဆက်ပေးခဲ့တာပါ.. ရွှေလေးက စာရေးဆရာတော့ မဟုတ်ပါဘူး.. ရွေလေး အရေးအသား မကောင်းတာကို ၀န်ခံပါတယ်.. ပြီးတော့ ရွှေလည်း ရုံးစာရေးမဆိုတော့ ရုံးအလုပ်လုပ်ရင်း စာရေးရတဲ့ အချိန်မှာ လိုအပ်ချက်တွေ ရှိနေပါလိမ့်မယ်.. အဲဒီအတွက် ရွေလေး ရေးတဲ့ ပိုစ့်တွေမှာ စာတွေ အဆီအလျော် မတည့်တာတို့ လိုရင်းကို မရောက်တာတို့ ကိုယ်လိုရာကို တန်းရေးလိုက်တာတို့ ဖြစ်သွားတတ်ပြီး.. စာဖတ်ရတာ အဆက်အစပ် မရှိသို ဖြစ်နေပါလိမ့်မယ်.. ရွှေ ရေးရင်းနဲ့ ကြိုးစားသွားပါ့မယ်.. လောလောဆယ်တော့ ဒီလိုလေးပဲ သည်းခံပြီး ဖတ်ပေးပါဦးနော်.. ရွှေက စာရေးပေးရင်း ပိုစ့်တစ်ခု ကနေ ရသတစ်ခုခု ပေးစွမ်းနိုင်လိုက်ရင်ကို ကျေနပ်ပါတယ်.. ရွှေလေး ပိုစ့်တွေမှာ ကွန်မန့်တစ်ခုပဲ တက်လို့ အဲဒီကွန်မန့်ကလည်း ကောင်းတယ်လို့ ပြောသည် ဖြစ်စေ / မပြောသည်ဖြစ်စေ ပျော်တယ်.. တစ်ခါတစ်လေ ကွန်မန့် တစ်ခုမှ မတွေ့ရရင်တောင် ကြည့်ရှုသူ ဦးရေလေးကို ကြည့်ပြီးတော့ ပျော်တယ်.. ဘာလို့လည်း ဆိုတော့ ရွှေလေးရေးထားတဲ့စာလေးကို ၀င်တော့ ဖတ်ပေးသွားကြတယ် ဆိုတာကို သိရလို့ပေါ့.. နောက်လည်း ဖတ်ရှု အားပေး ဝေဖန်ပေးပါဦးနော်.. ကြိုးစားရေးပါ့မယ်.. လိုအပ်တာလေးတွေကိုလည်း ထောက်ပြပေးပါဦး.လို့ တောင်းဆိုပါတယ်.. သူငယ်ချင်းအားလုံး ပျော်ရွှင်ကျန်းမာကြပါစေလို့ တောင်းဆုပြုလျှက် လေးစားစွာဖြင့် ရွှေလေး ထိုလင့်တွင်အပြည့်အစုံဖတ်ပါ: http://www.mm-flashsongs.com/profiles/blog/show?id=5202681%3ABlogPost%3A1115548&xgs=1&xg_source=msg_share_post#ixzz1rk19uGK9
    အင်တာနက် ပုံပြင်လေး
    Posted by : လက်တွဲဖော် 0 Comments
    ၁ ။ သူမရဲ့ မျက်ဝန်းတွေကြောင့် (သို့မဟုတ် ) သူမရဲ့ နှုတ်ခမ်းတွေကြောင့် (သို့မဟုတ်) သူမရဲ့ ခန္ဓာကိုယ်အလှကြောင့် ချစ်တာဆိုရင် - အဲဒါအချစ်မဟုတ်ပါဘူး ။ တပ်မက်မှု တဏှာသာလျှင်ဖြစ်လိမ့်မယ် ။ ၂ ။ သူမရဲ့ ဥာဏ်ရည်ဥာဏ်သွေးထက်မြတ်မှုကြောင့် (သို့မဟုတ် ) သူမရဲ့ ဘ၀အရည်အသွေးတွေကြောင့် ချစ်တာဆိုရင် - အဲဒါအချစ်မဟုတ်ပါဘူး လေးစားသဘောကျခြင်းသာဖြစ်တယ် ။ ၃ ။ သင်ထွက်ခွာဖို့ ကြိုးစားတိုင်း သူမအကြိမ်ကြိမ်ငိုကြွေးခဲ့လို့ ချစ်မိတာဆိုရင် - အဲဒါအချစ်မဟုတ်ပါဘူး သနားဂရုဏာသက်ခြင်းသာဖြစ်တယ် ။ ၄ ။ သူမဟာ သင့်ကို စာကျက်ဖို့ နဲ့ အိပ်ဖို့မေ့နေအောင်တောင် ဖမ်းစားနိုင်ခဲ့လို့ ချစ်မိတာဆိုရင် - အဲဒါအချစ်မဟုတ်ပါဘူး ရူးသွပ်စွဲလမ်းမှုသာဖြစ်တယ် ။ ၅ ။ အချစ်ဆိုတာ သင်ဘာကြောင့် သူ့ကိုဘယ်အချိန်မှာ စွဲလမ်းသွားရသလဲဆိုတာ သင်ကိုယ်တိုင် တောင်မသိနိုင်တဲ့အရာတစ်ခုပေါ့ ။ အချစ်မှာ - - - သူ့အကြောင်းပြချက်နဲ့သူရှိတယ် - - ပြီးတော့ အဲဒီအကြောင်းပြချက်ကိုလည်း ဘယ်သူမှ တိတိကျကျမသိကြဘူး ။ ထိုလင့်တွင်အပြည့်အစုံဖတ်ပါ: http://www.mm-flashsongs.com/profiles/blog/show?id=5202681%3ABlogPost%3A1113972&xgs=1&xg_source=msg_share_post#ixzz1rk0LhITw
    အချစ် - - - နဲ့ ပတ်သတ်တဲ့ အချက် ငါးချက်
    Posted by : လက်တွဲဖော် 0 Comments
    ဖိနပ်ကို အမျိုးမျိုးသော ဝတ္ထုပစ္စည်းတွေနဲ့လုပ်ကြတယ်။ အလွယ်ဆုံးနဲ့ အရှင်းဆုံးဖိနပ်က ငှက်ပျောရွက်နဲ့ လုပ်တာဖြစ်နိုင်သလို တန်ဖိုးအကြီးဆုံးနဲ့ အရှားပါးဆုံးက စင်ဒရဲလားရဲ့ လက်လက်ထနေတဲ့ ဖိနပ်လည်းဖြစ်နိုင်တယ်။ ဘယ်လိုဖိနပ်မျိုးဖြစ်ဖြစ် အဓိက,က ခြေထောက်နဲ့တော်ဖို့၊ ကိုက်ညီဖို့ဖြစ်ပြီး ဘယ်လို အိမ်ထောင်ရေးမျိုးဖြစ်ဖြစ် အဓိက,က စည်းချက်ညီဖို့နဲ့ သဟဇာတဖြစ်ဖို့ပဲ ဖြစ်ပါတယ်။ ထက်မြက်တဲ့ယောက်ျားနဲ့ ထက်မြက်တဲ့ မိန်းမတို့ရဲ့ အိမ်ထောင်ရေးက နာမည်ကြီးတံဆိပ် ဖိနပ်နဲ့တူတယ်။ လှပပြီးအဖိုးတန်သလို ကြည့်လိုက်တာနဲ့ လူကိုကြည်နူးစေတယ်။ ဒါပေမယ့် တန်ဖိုးကြီးမားပြီး လှပတာကြောင့် ရွံ့အပေမခံဘူး။ ရွံ့နည်းနည်းပေတာနဲ့ ကြည့်ရရုပ်ဆိုးတာကြောင့် အမြဲတမ်းဂရုတစိုက် ပြုပြင်ထိန်းသိမ်းပေးရတယ်။ တန်ဖိုးထားရတယ်။ ငယ်ပေါင်းကြီးဖော်အိမ်ထောင်ရေးက အဝတ်စနဲ့ချုပ်ထားတဲ့ ဖိနပ်နဲ့တူတယ်။ ရိုးရှင်းပြီး တန်ဖိုးမကြီးပေမယ့် စီးလို့ကောင်းတယ်။ ကြည့်လိုက်တာနဲ့ ပေါ့ပါးပြီးသွက်လက်စေတယ်။ တခြားလူ ယူသွားမှာလည်း စိုးရိမ်စရာမလိုဘူး။ ဒါပေမယ့် စီးတဲ့အချိန် သိပ်လျောလျောရှူရှူ ဖြစ်မနေတတ်ဘူး။ ဆင်းရဲဒုက္ခကို အတူတကွဖြေရှင်းတဲ့ အိမ်ထောင်ရေးက အားကစားဖိနပ်နဲ့တူတယ်။ ပုံစံဆန်းပြီး စီးရတာလည်း သက်တောင့်သက်သာရှိတယ်။ အကောင်းဆုံးအချက်က လေဒဏ်၊ မိုးဒဏ်၊ ရွံ့နွံ့ဒဏ်ကိုခံရလည်း ဖိနပ်အောက်ခံ ပျက်စီးသွားတာမျိုး မရှိဘူး။ စီးလိုက်တိုင်း ခြေထောက်နဲ့တသားတည်း အံဝင်ခွင်ကျဖြစ်နေတတ်တယ်။ ဒါကြောင့် ဘယ်လိုဆူးခင်းလမ်း၊ ခရောင်းတောလမ်းပဲဖြစ်ဖြစ် ခြေထောက်ကို မပွန်းပဲ့စေဘဲ တာရှည်ခိုင်မြဲစေပါတယ်။ ရိုမန်တစ်ဆန်တဲ့ အိမ်ထောင်ရေးက အကဖိနပ်နဲ့တူတယ်။ ပေါ့ပါး၊ တက်ကြွပြီး ကြော့ရှင်းတယ်။ ဒါပေမယ့် ပြောင်ချောတဲ့ အကခွင်ကြမ်းပြင်ကခွါတာနဲ့ ဒီလိုဖိနပ်မျိုးက စီးလို့အသုံးမဝင်တော့သလို စီးရတာလည်း ခက်သွားပါတယ်။ စီးပွါးဆန်အိမ်ထောင်ရေးက အပြေးဖိနပ်နဲ့တူတယ်။ လှမ်းတဲ့ခြေလှမ်းနောက် ထပ်ကြပ်မခွါလိုက်ပြီး စောင့်ရှောက်တယ်။ အောင်မြင်မှုတွေ ဆွတ်ခူးတယ်။ ဒါပေမယ့် စီးပွါးရေးပြေးလမ်းက ခွဲထွက်သွားတာနဲ့ စီးလို့မကောင်းတော့ပါဘူး။ အသက်ကြီးတဲ့ယောက်ျားနဲ့ အသက်ငယ်တဲ့မိန်းမတို့ရဲ့ အိမ်ထောင်ရေးက ခုံမြင့်ဖိနပ်ဖြစ်တယ်။ ခရီးဝေးအတွက် စီးလို့မသင့်လျော်ပေမယ့် ကြည့်ရတာထူးခြားတယ်။ အသက်ကြီးတဲ့မိန်းမနဲ့ အသက်ငယ်တဲ့ယောက်ျားတို့ရဲ့ အိမ်ထောင်ရေးက ညအိပ်ဖိနပ်နဲ့တယ်။ ကြည့်ရတာ ရယ်ချင်စရာကောင်းနေပေမယ့် စီးရတာအဆင်ပြေတယ်။ ချွတ်ရတာလည်း လွယ်ကူတယ်။ ဒီလိုဖိနပ်မျိုးကို အိမ်မှာပဲစီးရအဆင်ပြေတယ်။ အပြင်စီးထွက်ရင် လူပြောစရာဖြစ်တယ်။ ပွင့်လင်းတဲ့အိမ်ထောင်ရေးက လွှာချင်းဖိနပ်(sandal)နဲ့တူတယ်။ ရာသီမရွေး စီးလို့ရတယ်။ ခံစားချက်တွေ ပူနွေးစေတဲ့နွေရာသီမှာ ခြေထောက်ကို အေးမြစေတဲ့လွှာချင်းဖိနပ်ကို စီးထားနိုင်ပြီး ခံစားချက်တွေ အေးခဲ့တဲ့ဆောင်းရာသီမှာ ဖိနပ်ကိုချွတ်ထားလို့ရပါတယ်။ ဖောက်ပြန်တဲ့အိမ်ထောင်ရေးက အိမ်နေစီးဖိနပ်နဲ့တူတယ်။ စီးလို့ကောင်းတယ်၊ လွယ်ကူအဆင်ပြေတယ် ဆိုပေမယ့် အပြင်စီးထွက်လို့မရဘူး၊ လမ်းမကြီးပေါ်လျှောက်လို့မရဘူး။ ခရီးဝေးဝေးသွားလို့ မဖြစ်ဘူး။ ငွေမက်တဲ့အိမ်ထောင်ရေးက နိုင်ငံခြားကလာတဲ့ ထိပ်ချွန်ဒီဇိုင်းဆန်းတဲ့ ဖိနပ်မျိုးနဲ့တူတယ်။ ကြည့်ရတာ လှပပေမယ့် စီးလို့မကောင်းဘူး။ စီးလိုက်တာနဲ့ စီးရအဆင်မပြေဘဲ ခြေထောက်နာတတ်တယ်။ အတင်းအကျပ်လုပ်တဲ့ အိမ်ထောင်ရေးက သံဖိနပ်နဲ့တူတယ်။ ကြီးလေးပြီး ရှေ့ကိုလျှောက်လှမ်းဖို့ ခက်ခဲစေတယ်။ ချွတ်ပစ်လည်း ခြေကြော၊ ခြေရိုးတွေကို နာကျင်စေတယ်။ အသားတွေကို ပွန်းပဲ့စေတယ်။ အားရကျေနပ်ဖို့ကောင်းတဲ့ အိမ်ထောင်ရေးကိုရွေးချယ်တာက စီးလို့ကောင်းတဲ့ ဖိနပ်တစ်စုံကို ရွေးယူတာနဲ့တူတယ်။ အဓိက,က ခြေထောက်ရဲ့အတိုင်းအတာနဲ့ ဖိနပ်အတိုင်းအတာ ကိုက်ညီဖို့ဖြစ်တယ်။ ဘယ်လိုခြေထောက်မျိုးက ဘယ်လိုဖိနပ်မျိုး စီးရင်သင့်တော်မလဲဆိုတာ သိဖို့လိုလိမ့်မယ်။ သက်တောင့်သက်သာရှိတဲ့ ဖိနပ်က ခြေထောက်ကို မပွန်းပဲ့စေဘူး။ ဒါပေမယ့် သက်တောင့်သက်သာရှိတဲ့ ဖိနပ်တိုင်းလှပရမယ်လို့ မဟုတ်ပါဘူး။ ဖိနပ်စီးရတာ အဆင်ပြေမပြေ စီးတဲ့ခြေထောက်ကပဲသိပါတယ်။ ခရီးဝေးသွားရင် ဖိနပ်စီးမှားမှာကို လူတိုင်းကြောက်ကြတယ်။ အိမ်ထောင်ပြုရင် လူတိုင်းအနိုင်ကျင့်ခံရမှာကို ကြောက်ကြတယ်။ ဖိနပ်က ခြေထောက်ကိုအရမ်းပွန်းပြီး နာကျင်စေခဲ့ရင် ဖိနပ်အောက်ခြေ မပါးခင်၊ ခြေထောက်လည်း မထိခိုက်ခင် သင့်လျော်တဲ့အသစ်တစ်ရံကို ပြောင်းလဲသင့်ပါတယ်။ ကိုယ်နဲ့မသင့်လျော်တဲ့ အဖိုးတန်ဖိနပ်ကို စီးထားတာဟာ ကိုယ့်ကိုနာကျင်အောင် လုပ်တာနဲ့တူတယ်။ သူတစ်ပါးက ကိုယ့်ရဲ့တန်ဖိုးကြီးလှပတဲ့ဖိနပ်ကို တွေ့မြင်နိုင်တယ်ဆိုပေမယ့် စီးထားတဲ့ကိုယ့်ခြေထောက် နာကျင်တာကို ကိုယ်ပဲသိပါတယ်။ ခြေထောက်က ဖိနပ်ထက်အရေးပါပါတယ်။ ဒါပေမယ့် တချို့က တန်ဖိုးကြီးလှပတဲ့ ဖိနပ်ကြောင့် ဒီအချက်ကို မေ့ခဲ့ကြတယ်။ ရေခဲစကိတ်စီးရင် စကိတ်စီးဖိနပ်ကို စီးရတယ်။ နှင်းတောကြားမှာ နှင်းဖိနပ်ရှည်ကို စီးရတယ်။ ခရီးဝေးသွားရင် ခရီးသွားဖိနပ်ကို စီးရတယ်။ လောကကြီးမှာ ကိုယ်နဲ့သင့်တော်တဲ့ ဖိနပ်တွေအများကြီး ကိုယ်စိတ်ကြိုက်ရွေးယူနိုင်ပါတယ်။ ခြေထောက်က တစ်စုံပဲရှိတာမို့ ကိုယ့်ခြေထောက်နာစေတဲ့ဖိနပ်မျိုး အရွေးမမှားစေချင်ပါဘူး။ အသက်အရွယ် အကန့်အသတ်တစ်ခုထိ ခြေထောက်တွေ ရှည်လျားကြီးထွားနိုင်ပါတယ်။ ဒါပေမယ့် ဖိနပ်တွေက မပြောင်းလဲပါဘူး။ ခြေထောက်နဲ့ဖိနပ် ဘယ်အရာက အင်အားကြီးသလဲ? ခြေထောက်ကြီးတယ်လို့ ထင်ပါတယ်။ ဖိနပ်ရိအောင်၊ ပွန်းအောင် ခြေထောက်ကပဲ လုပ်နိုင်ခဲ့ပါတယ်။ အသက်အရွယ်တစ်ခုမှာ ခြေထောက်ဆက်မကြီးထွားတော့တဲ့ အချိန်က ကျွန်မတို့ ရင့်ကျက်တဲ့အချိန်ဖြစ်ပါတယ်။ ဒီအချိန်မှာ ကိုယ်နဲ့သင့်လျော်တဲ့ ဖိနပ်တစ်မျိုးကို ရွေးဖို့အချိန်ကျပါပြီ။ ခြေထောက်တစ်ဖက်က ယောက်ျားဆိုရင်၊ နောက်တစ်ဖက်က မိန်းကလေးဖြစ်ပါလိမ့်မယ်။ ဖိနပ်က အဲဒီခြေထောက်နှစ်ဖက်ကို တစ်စုံဖြစ်အောင် အတူတကွ ပေါင်းစည်းလိုက်ပါတယ်။ ပြီးတော့ ဘဝခရီးဆုံးခန်းတိုင်ထိ လျှောက်လှမ်းကြရပါတယ်။ ကိုယ်နဲ့သင့်လျော်တဲ့ဖိနပ်ကမှ ပိုဝေးတဲ့ခရီးကို လျှောက်လှမ်းနိုင်မှာဖြစ်ပါတယ်။
    အိမ်ထောင်ရေး မည်သော ဖိနပ် တစ်စုံ.....
    Posted by : လက်တွဲဖော် 0 Comments
    တချိန်ချိန်မှာ ---- တစုံတယောက်နဲ့ ဆုံစည်းရမယ်ဆိုရင် အဲဒီသူဟာ မင်းပဲဖြစ်ချင်တယ်။ တချိန်ချိန်မှာ ---- တစုံတယောက်နဲ့ ချစ်ခွင့်ရမယ်ဆိုရင် အဲဒီသူဟာ မင်းပဲဖြစ်ချင်တယ်။ တချိန်ချိန်မှာ ---- တစုံတယောက်ကို ပိုင်ဆိုင်ခွင့်ရမယ်ဆိုရင် အဲဒီသူဟာလည်း မင်းပဲဖြစ်ချင်တယ်။ တချိန်ချိန်မှာ ---- တစုံတယောက်နဲ့ ဝေးကွာရမယ်ဆိုရင်တော့ နှစ်ခါပြန် သေချင်သေပါစေ အဲဒီသူဟာ ဘယ်တော့မှ မင်းမဖြစ်စေရဘူး။ ဒါပေမယ့် ---- သူငယ်ချင်းတယောက်ကပြောတယ် “အချစ်စစ်ဆိုတာ ပိုင်ဆိုင်ရခြင်းနဲ့လည်း မဆိုင်ဘူး သူရှိနေတယ် ဆိုတဲ့ အသိလေးနဲ့ ပြီးပြည့်စုံတဲ့ ခံစားချက်လေးပါပဲ” တဲ့ ။ ဒါကြောင့် ---- စွန့်လွှတ်ရခြင်းကို ငါမနှစ်သက်လည်း ငါ့နှလုံးသားထဲမှာ မင်းရှိနေရုံနဲ့တင် သိမ်မွေ့ ပြီးပြည့်စုံတဲ့ခံစားချက်လေးတခုနဲ့ ငါ လွမ်းတတ်အောင် ကြိုးစားတော့မယ်။
    တချိန်ချိန်မှာ
    Posted by : လက်တွဲဖော် 0 Comments
    မနက်အိပ်ရာထချိန် မက်ဆေ့တို ဒါမှမဟုတ် miss call မြင်ရတာကို ငါနှစ်သက်တယ် ရာသီဥတုအေးပြီဆို အနွေးထည်ထပ်ဖို့ ပြောတဲ့လူရှိတာကို ငါနှစ်သက်တယ် စိတ်ညစ်ချိန် အဖော်ပြုပေးသူ၊ ငါ့ကိုရယ်အောင်လုပ်သူရှိတာကို ငါနှစ်သက်တယ် ဖျားနာချိန် ဆေးသောက်ဖို့ ဂရုစိုက်တဲ့လူရှိတာကို ငါနှစ်သက်တယ် စောစောအိပ်နော်လို့ ပြောတတ်တဲ့လူရှိတာကို ငါနှစ်သက်တယ် ညတိုင်း ဂွတ်နိုက်လို့ ပြောတတ်တဲ့လူရှိတာကို ငါနှစ်သက်တယ် ဒီနေ့ အဆင်ပြေလား? ပျော်ရဲ့လား? စိတ်ချမ်းသာရဲ့လို့ မေးတတ်တဲ့လူရှိတာကို ငါနှစ်သက်တယ် မနက်ထလာတိုင်း fb မှာ စာတိုလေးချန်ထားတတ်တဲ့လူရှိတာကို ငါနှစ်သက်တယ် အဲဒီစာတိုလေးက သူ့စိတ်ထဲကတကယ်လာတဲ့ စကားဆိုရင် ငါပိုနှစ်သက်တယ် ဒါတွေကို ငါနှစ်သက်သလို သူလည်း နှစ်သက်မှာပဲ.... သူနှစ်သက်အောင် ငါလည်း လုပ်နိုင်တတ်ရမယ်..
    ငါနှစ်သက်သလို သူလည်း နှစ်သက်မှာပဲ...
    Posted by : လက်တွဲဖော် 0 Comments
    ကောင်လေး မဖြစ်နိုင်တဲ့ အရာတွေကြားမှာ ငါနင့်ကိုချစ်မိခဲ့တာလေ..။လူကိုမပြောနဲ့ ဓာတ်ပုံလေးတောင်မှသေချာမမြင်ဖူးပါဘဲ.ရူးရူးမိုက်မိုက်ငါနင့်ကိုအဖြေပေးခဲ့တာပါ..။ ငါ့ဆီမှာ နင်နဲ့ပတ်သက်ပြီးပိုင်ဆိုင်တာဆိုလို့ ညနေခင်းတိုင်းပုံမှန်ဖွင့်ဟတတ်တဲ့ အွန်လိုင်းထဲကစာသားလေးတွေရယ်.. တခါတလေနင့်ပါးစပ်ကထွက်ကျလာတဲ့လေလိုင်းထဲကစကားလုံးတွေရယ်.. ပြီးတော. နေ.တိုင်းလိုလိုငါမျှော်နေတတ်တဲ့ စာသားလေးတွေနဲ့ပုံလေးတွေ၇ယ်... ဒါပါဘဲ နင်နဲ့ငါ့ကြားမှာပိုင်ဆိုင်မှူတွေကဒါလေးတွေဘဲ၇ှိတာလေ..။ဒါပေမဲ့ ငါ့ရင်ဘတ်ရဲ့ဘယ်ဘက်နေရာလေးတခုမှာ နင့်အတွက် အချစ်တွေရှိနေတယ်ဆိုတာကိုတော.နင်သိနိုင်ပါ့မလားး..။ သူငယ်ချင်းတွေကငါ့ကိုပြောတယ် ..။ "လိုင်းထဲကစကားလိုင်းပေါ်မှာဘဲပျောက်သွားမှာပါ"တဲ့..။ သူတို့ရှေ့မှာပေါ့ပေါ့ပါးပါးနဲ့ဘာမှမဖြစ်သလိုနေနေရပေမဲ့ ငါ့စိတ်ထဲမှာ နင့်ကြောင့် စိုးရိမ်စိတ်လေးတွေ၇ှိခဲ့ပါတယ်..။ ဟိုးအရင်တုန်းက ဘယ်နေရာဘယ်ချိန်ဘယ်လိုမျိုးဖြစ်ဖြစ်ပျော်အောင်နေတတ်တဲ့ငါ.. တခါတလေနင့်အတွက်နဲ့ အလွမ်းတွေထမ်းပိုးပြီး ရင်မောနေရပြီ...။မောလိုက်တာဟာ..။အချစ်ဆိုတာတကယ်တော.လဲဆန်းကြယ်သားဘဲနော်...။ ပိုင်ဆိုင်မှူတွေနဲပေမဲ့ အချစ်တွေကတော.ငါ့ရင်ထဲမှာတနင့်တပိုးပါဘဲ...။ ရေမြေခြားနေတဲ့ ငါတို့နှစ်ယောက်ကြားမှာယုံကြည်မှူဆိုတဲ့အလင်းတန်းလေးရှိရင်ဘဲပြည့်စုံပြီ...။ ထိုလင့်တွင်အပြည့်အစုံဖတ်ပါ: http://www.mm-flashsongs.com/profiles/blog/show?id=5202681%3ABlogPost%3A1108773&xgs=1&xg_source=msg_share_post#ixzz1rEsbQuxJ
    မိန်းခလေးတစ်ယောက်ရဲ့ဖွင့်ဟ၀န်ခံချက်
    Posted by : လက်တွဲဖော် 0 Comments
    ချစ်သူတွေဖြစ်လာပြီးဆိုရင် အချင်းချင်းပဋိပက္ခဖြစ်လို့ စိတ်ညစ်ရတာတွေတော့ရှိကောင်းရှိမှာပါ။ ဒါပေမယ့်သင့်ကြောင့် လွန်ကြူးတဲ့စိတ်ညစ်စရာတွေ များလာရင်တော့ သင့်ရဲ့ချစ်သူကသင့်ကို စိတ်ကုန်တဲ့အဆင့်ရောက်လာပါလိမ့်မယ်။ စိတ်ကုန်တာတွေစုလာရင်တော့ သင့်ကိုစိတ်ထဲကပါ ထုက်လိုက်ပါလိမ့်မယ်။ ဒါကြောင့်ချစ်သူရဲ့စိတ်ကုန်ခြင်းမခံရလေအောင်၊ ချစ်သူကိုစိတ်မညစ်စေရ အောင် အတက်နိုင်ဆုံးဂရုစိုက်သင့်ပါတယ်။ အလွန်အမင်းသ၀န်တိုခြင်းကိုရှောင်ကြဉ်ပါ။ တကယ်တော့သ၀န်တိုတယ်ဆိုတာက အချစ်ကြီးလို့ဖြစ်လာရတဲ့ ခံစားမှုမျိုးပါ။ သင့်တင့်မျှတသောသ၀န်တိုခြင်းကတော့ သင့်ချစ်သူသင့်ကို ပိုချစ်အောင်စွမ်းဆောင်ပေးနိုင်ပေမဲ့၊ သူ့ရဲ့သိက္ခာနဲ့အရှက်ပါ ထိခိုက်စေလောက်အောင် သ၀န်ကြောင် လာရင်တော့ သင့်ချစ်သူ့ကသင့်ကို စိတ်ကုန်သွားပါလိမ့်မယ်။ သဘောထားမကွဲလွဲအောင်ဂရုစိုက်ပါ။ သင့်ချစ်သူရဲ့ဆုံးဖြတ်ချက်တစ်ခုက မမှားဘူးဆိုရင်၊ သင်လက်ခံနိုင်တဲ့အတိုင်းအတာတစ်ခုမှာပဲ ဆိုရင်တော့ သင့်သဘောထက်ချစ်သူရဲ့သဘောထားကို အတက်နိုင်ဆုံးလိုက်လျောပေးပါ။ ဒါမှလဲ သဘောထားချင်းကိုက်ညီမှုရပြီး ချစ်သူနဲ့အဆင်ပြေနိုင်ပါ။ ဒီနေရာမှာသူ့သဘောတရားကို လက်ခံနိုင်ရဲ့သားနဲ ကိုယ့်စိတ်တိုင်းကျမဖြစ်လို့ အပြင်းအထန် မဆန့်ကျင်ပါနဲ့။ ချစ်သူကိုနားမလည်ပဲသင်ထင်တာတွေကိုပဲ တစ်ယူသန်နေရင်တော့ သင့်ချစ်သူကသင့်ကို စိတ်ကုန်သွားပါလိမ့်မယ် ချစ်သူကိုလျစ်လျူရှုမထားမိပါစေနဲ့ မင်းအချိန်တွေကိုလဲ ချစ်သူအတွက်ပေးနိုင်အောင်ကြိုးစားပါ။ တကယ်လို့ မင်းကအရမ်းအလုပ်များတဲ့သူ ဖြစ်ရင်တောင် သီးသန့်အချိန်တော့ပေးနိုင်ပါစေ။ တကယ်လို့ချစ်သူကို အချိန်မပေးနိုင်တဲ့အကြောင်းပြချက်နဲ့ လျစ်လျူရှုထားမိရင်တော့ သူ့အနေနဲ့ပထမဆုံးဝမ်းနည်းခံစားရမှာပါ။ လျစ်လျုရှုတာ များလာရင် သူ့အနေနဲ့ဝမ်းနည်းတာတွေက ဒေါသအဖြစ် ပြောင်းလဲပြီးသင့်ကိုစိတ်ကုန်သွားပါလိမ့်မယ်။ ထိုလင့်တွင်အပြည့်အစုံဖတ်ပါ: http://www.mm-flashsongs.com/profiles/blog/show?id=5202681%3ABlogPost%3A1108851&xgs=1&xg_source=msg_share_post#ixzz1rEs4bhJh
    ချစ်သူရဲ့...စိတ်ကုန်ခြင်း...မခံရလေအောင်
    Posted by : လက်တွဲဖော် 0 Comments
    သူ့ရင်ထဲမှာ ဘာတွေများ ပုန်းကွယ်နေလဲ... ဘာတွေများ လျှို့ဝှက်ထားလဲ.. သူသိအောင် ပြောပြချင်ပေမယ့်
    မိန်းကလေးဘ၀မို့ ပညတ်ချက်တွေကြားမှာ အသက်ရှင်နေထိုင်ရတဲ့ သူမ ဘ၀ကို သူ စာနာပေးနိုင်ပါ့မလား။
    သူကရော သူမအပေါ် တူညီတဲ့ မေတ္တာတွေ ရှိနေရဲ့လား။ ဒါမှမဟုတ် သူမ အပေါ်မှာ သူငယ်ချင်း
    တစ်ယောက်လို သံယောဇဉ် အဖြူရောင်သက်သက်ပဲလား။ ဒါဆိုရင် သူမ အချစ်က တကယ်ကို
    ဆိုင်သူမသိတဲ့ အချစ်ပဲလား။ ဒီလို အဖြေရှာမရတဲ့ မေးခွန်းပေါင်းများစွာ သူမကို ထိုးနှက်နေကြတာ
    သူသိနိုင်ကောင်းပါရဲ့လေ... ဟုတ်တယ်....သူမ နဲ့ သူက ငယ်သူငယ်ချင်းမဟုတ်ဘူး ကျောင်းနေဖက်လဲ
    မဟုတ်ဘူး ၊တမြို့တည်း တွေလည်းမဟုတ်ဘူး...သူမ သူ့ကိုတွေ့ခဲ့တာက အေးချမ်းတဲ့ ၀က်ဆိုဒ်လေးတခုမှာ
    တွေ့ခဲ့တာ သူက အမြဲဖော်ရွှေပြီး..အမြဲတည်တည်တံ့တံ့ နေတတ်တဲ့သူ...စကားပြောနည်းပြီး စိတ်ထားဖြူစင်
    မြင့်မြတ်တဲ့သူ... သူမ သူ့မျက်ဝန်းညို့ကို အကဲခတ်ရင်း သူ့စိတ်ကို ဖတ်နိုင်ဖို့ ကြိုးစားမိတယ်။ သူဟာ
    ခံစားချက်တွေ ဘယ်တော့မှ ထုတ်မပြောတတ်တဲ့ လူတစ်ယောက်ဆိုတာ သူမသိတယ်လေ။
    သိပ်နားလည်ရခက်တဲ့ သူ့ကို သူမ တွယ်တာနေမိပြီဆိုတာ သိလိုက်ရတဲ့နောက် သူမလေ... ကိုယ့်ကိုယ်ကို
    အပြစ်တင်လို့ မဆုံးနိုင်ဘူး။ မအောင်မြင်နိုင်မှန်း သိပေမယ့်လည်း ကိုယ့်ကိုယ်ကို တားနေမိတယ်။
    ဒီလူ့အကြောင်း ထပ်မတွေးနဲ့ ... ဒီလို လူတစ်ယောက်အတွက်နဲ့ စိတ်အနှောင့်အယှက်ဖြစ်စရာလားပေါ့။
    တစ်ကယ်တမ်းတော့ သူဟာ သူမစိတ်အစဉ်ကို မိုးလင်း မိုးချုပ် ပိုင်ဆိုင်ထားသူပါ။ သူမအတွေးယဉ်ကြောမှာ
    စက္ကန့်မလပ် စိုးမိုး နေရာ ယူထားသူပါ..............။
    ကိုယ်က စပြီး အရမ်းချစ်ပါတယ်လို့ပြောဖို့ မဖြစ်နိုင်တဲ့မိန်းကလေးရဲ့ ဘ၀မှာ ရင်ထဲက ခံစားချက်တွေကို
    ကဗျာတွေ အဖြစ်ဖန်တီးတယ်..အချစ်စာစုလေးတွေရေးတယ်..ဒါတွေကို သူ
    သိပါလေစ....မနက်မိုးလင်းလို့မျက်လုံးတစုံဖွင့်မိပြီဆိုတာနဲ့ စိတ်က သူ့ကိုတွေ့ချင်နေတာ
    ..သူနဲ့စကားဘယ်လိုစပြောရင်ကောင်းမလဲ အကြံထုတ်နေမိတာ.. မိန်းကလေးဘ၀ဆိုတော့လဲ အိနြေ္ဒာရေ
    သိက္ခာတွေလည်း ထိန်းရသေးတယ် ဘာဘဲဖြစ်ဖြစ် သူနဲ့တွေ့မှာကိုဖြစ်မှာ သူအသံလေးနားထောင်ရမှ
    တနေ့တာ အတွက် အဓိပါယ်ရှိတာ ...သူစကားတွေကြားမှာ သာယာနေမိတာက သူမ အတွက်
    အလေ့အကျင့်တခုလိုဖြစ်နေပြီ....မချစ်ဖူးလို့ ရူးတာလား..အချစ်ဦး မို့ ရူးခဲ့တာလား...ကို့ကိုယ်ကို တောင်
    နားမလည်နိုင်တော့ပါဘူး.....။ မြို့တော်ထဲကို ၀င်လိုက်ရင် အရင်ဆုံးရောက်မိတာ
    သူအိမ်လေးပါ...ဘယ်မိန်းကလေးတွေကများ သူ့ကို လက်ဆောင်တွေပေးထားလဲ.. သူကရော
    ဘယ်သူတွေကို သွားပေးထားလဲ ကြည့်ရတာ အမောပေါ့...သူမ ဆီကို သူ လက်ဆောင်တွေ
    လာပေးတဲ့နေ့တွေဆိုရင် သူမအတွက် အပျော်ဆုံးနေ့ တွေပါ ... သူက ရိုးရိုးသားသားပဲဖြစ်မှာပါ လို့
    တွေးမိလိုက်တိုင်းလဲ သိမ်ငယ်ခဲ့ရတာတွေ များပါပြီ...ဒီလိုနဲ့ဘဲ သူမရဲ့ဘ၀က
    နေကိုမျှော်ကိုးပြီးရှင်သန်ခဲ့နေရတဲ့ နေလောင်ပန်း နေကြာပန်းလိုပါဘဲ............။
    အခုဆိုရင် သူမငိုနေတာ (၂)ရက်ရှိပြီ..မျက်ရည်တွေခမ်းခြောက်ကုန်လို့လားမသိဘူး မျက်ရည်တွေကို
    မကျနိုင်တော့ဘူး....ဒီလိုတွေ ငိုကြွေူးနေတာကို သူကိုမသိစေချင်ဘူး...ဘာ့ကြောင့် ငိုနေတာလဲ လို့ မေးခဲ့ရင်
    သူဖြေနိုင်မှာမဟုတ်ဘူးလေ ...သူမ ငိုနေတာ သူ့ကို အရမ်းချစ်လို့ ဝေးရမှာကြောက်လို့ပါလို့
    မသိစိတ်ကပြောချင်နေမိတယ်.....နှလုံးသားရဲ့ တောင်းဆိုမှု့ကို မိန်းကလေးတစ်ယောက်ရဲ့ အိနြေ္ဒာရေ
    သိက္ခာဆိုတဲ့ အသိတရားတွေရဲ့ကြားမှာ သူမ နှုတ်ဆီတ်နေမိတယ်... တကယ်ဆိုရင် ဒီလိုပြောမထွက်ခဲ့တာ
    သူအထင်သေးခံရမှာကြောက်လို့မဟုတ်ဘူး သူ တန်ဖိုးမထားမှာကြောက်လို့မဟုတ်ဘူး...... သူက
    မချစ်နိုင်ဘူးလို့ပြော လာမယ့်စကားကို အလိုလို ကြောက်ရွံမိနေလို့..နားထောင်နိုင်တဲ့ ခွန်အားမရှိလို့ပါ....အခု
    အိမ်က အခြားသူတစ်ယောက်နဲ့လက်ထပ်ပေးစားတော့မယ် တဲ့ ... သူမ အဲဒီအခြားတစ်ယောက်ကို
    လက်မထပ်နိုင်ဖူးလို့ ငြင်းခဲ့ပေမယ့် မေမေက နင့်မှာ ချစ်သူရည်စားရှိလို့လားတဲ့ ရှိရင်လည်း ခေါ်လာခဲ့ပါတဲ့
    ...သူမ ဘယ်လိုပြောရမလဲ ..သူမ ချစ်နေတဲ့သူက သူ့ကို ချစ်နေတာတောင် မသိဘူး....သူမဘာလုပ်ရမလဲ
    ..?သူမဘ၀က ချစ်သူနဲ့ ကွေ့ကွင်းရခြင်း.. မချစ်မနှစ်သက် သူ နဲ့ ပေါင်းဖက်ရခြင်းဆိုတာတွေ
    တပြိုင်တည်းခံစားရတော့မှာ....အဲဒီလို ဘ၀ကြီးမှာ သူမ အသက်မရှင်ချင်တော့ဘူး......။ ချစ်ရတဲ့သူရယ်
    အမြန်ဖွင့်ပြောလိုက်ပါတော့....သူမရင်မှာ အရမ်းကို ပူပြင်းတောက် လောင်နေပြီ....။
    မိန်းကလေးတစ်ယောက်ရဲ့ တဖက်သတ် အချစ်က တကယ်ကိုဆိုးပါတယ်...ကိုယ်ချစ်တာကို ချစ်တယ်လို့
    ပြောပိုင်ခွင့်မရှိတဲ့ မိန်းကလေး တစ်ယောက်ရဲ့ခံစားချက် ကို
    ဘယ်သူတွေများနားလည်ပေးနိုင်မလဲ...အရမ်းအေးဆေးတဲ့ သူမ မှာ တိုင်ပင်စရာ သူငယ်ချင်းက
    လည်းမရှိတော့ သူမအတွက် အမြဲတမ်း မျက်ရည် နဲ့ အဖော်ပြုခဲ့ရတယ်....ယောက်ျားလေးတွေ အသည်းကွဲရင်
    အရက်၊ဘီယာသောက်ပြီး စိတ်ထွက်ပေါက်ရှာနိုင်ပေမယ့် ...မိန်းကလေးတွေ ခံစားချက်တွေ မွန်းကြပ်လာရင်
    အသက်နဲ့ စတေးတတ်ကြတယ်.....သူနဲ့ ပတ်သတ်လာရင် သူမ ဘာကိုမှ မကြောက်ဖူး..သေရာမှာ
    မကြောက်သလို ... အဖန်ငါးရာငါကမ္ဘာဆိုတာကိုလည်း မကြောက်ဖူး..သူမ ကြောက်တာက ခုလိုတွေ့ဆုံရတဲ့
    တခဏလေးမှာ သူနဲ့အဝေးဆုံးကိုထွက်ခွါသွားရမှာဘဲ....
    သူရယ်...ဟောဒီကမ္ဘာကြိး မှာ ဘယ်လိုအရာမျိုးနဲ့မှာ နှိုင်းယှဉ်မရအောင် သိပ်ချစ်ပါတယ်......
    ကြယ်လေးတပွင့်ကြွေသွားတယ်....သူမရဲ့ တဖက်သတ် အချစ်တွေကို သူကြားသိနိုင်ပါစေ....ကြယ်ကြွေရင်
    ဆုတောင်းပြည့်တယ်ကြားဖူးလို့ပါ.. သူမရဲ့ ဆုတောင်းခြင်းအတွက် ကြယ် တွေ အမြဲကြွေပါစေ...............။
                                                                                          ငဖြိုး (4.3.2012)
    အမတစ်ယောက်လို ခင်ရတဲ့ သူတစ်ယောက်ရဲ့ တကယ့်အဖြစ်ပျက်လေးကို အငှားခံစားချက်နဲ့ရေးထားတာပါ.... အမရေ....ကျနော် ရေးခဲ့တယ်နော်........
    အမ အတွက်  သီချင်းလေးပါ..နားထောင်ကြည့်နော်...
    အချစ်နဲ့ခံစားချက်.."
    Posted by : လက်တွဲဖော် 0 Comments
    ငါ့ နှလုံးသားတံခါးလေး ဖွင့်ချိန်လေးမှာ နင်..၀င်ရောက်ခဲ့တယ်.. ငါ့ရဲ့ နှလုံးသား နေရာလေးမှာ နင်အပြည့်ရှိတယ်.. ငါပျော်ရွှင်တုန်း မသိမသာလေး နင်ထွက်ပြေးဖို့  ကြိုးစားတယ်.. အခုအချိန်မှာ ငါ့ရဲ့ နှလုံးသား ကွက်လပ်ထဲမှာ နင်..မလိုအပ်တော့ပါ. နင်ကြောင့် စိတ်ညစ်စရာတွေ ငါ..မလိုချင်တော့ပါ နင်..မလာပါနဲ့  ငါ့ ရဲ့ နှလုံးသားနေရာလေးမှာ ပြန်ဝင်ရောက်ဖို့  မကြိုးစားပါနဲ့ .. နင့် အတွက်ဆိုရင် ငါ့ ရဲ့ နှလုံးသား တံခါးလေးကို ငါ ..ပိတ်လိုက်ပြီ.. ထပ်ခါ.ထပ်ခါ ငါပြောလိုက်မယ်.. နင်..မလာပါနဲ့ 
    နင်.....မလာပါနဲ့ ..
    Posted by : လက်တွဲဖော် 0 Comments
    ဒါအချစ်တဲ့လား … ကိုယ်နဲ့စိတ်တူကိုယ်တူ လက်တွဲဖော်ကိုရှာရတာ အရမ်းခက်ပါတယ်။ တစ်ခါတစ်လေမှာ ရတာမလို၊ လိုတာမရ အချစ်ဘဝမျိုးလည်းကြုံရတတ်ပါတယ်။ တော်တော်များများချစ်ဇာတ်လမ်းတွေမှာ အပေါ်ယံ ကြည်နူးမှု တွေကြောင့်ပဲ အချစ်စစ်ဟုတ်မဟုတ်ကို မမြင်နိုင် မသိနိုင်ဖြစ်ရတတ်ပါသတဲ့။ အချစ်နှောင်ကြိုး မြဲဖို့ ဘာတွေလိုမလဲ … အရေးကြီးဆုံးကတော့ တစ်ယောက်အပေါ်တစ်ယောက် ကောင်းဖို့ပါပဲ။ အဲလို မခံစားရဘူးလား။ ဒါဆိုရင်တော့ ဆန်းစစ်ကြည့်ဖို့လိုလာပါပြီ။ သင်နဲ့ သင့်ချစ်သူကြားမှာ ဒီအချက် ၇ချက်ရှိရဲ့လားလို့စဉ်းစားကြည့်ပါ။ ၁။ ချစ်သူအချင်းချင်း လေးစားမှု (Mutual Respect) ကိုယ်က တစ်ခုခုကို လုပ်ရတာ၊ ဒါမှမဟုတ် အနေကျုံ့တာ စသည်ဖြင့် ပြောပြတဲ့အခါ ကိုယ့်ချစ်သူက နားလည်ပေးပါသလား။ ချစ်သူနှစ်ယောက် တစ်ယောက်ကို တစ်ယောက် လေးစားချစ်ခင်တယ်ဆိုတာက နားလည်မှုအပြည့်နဲ့ တစ်ယောက်ရဲ့ အားနည်းချက်၊ မဖြစ်နိုင်တဲ့ကိစ္စတွေကို အတင်း အကျပ်မလုပ်ယူတဲ့ စိတ်ဓာတ်မျိုးဖြစ်ပါသတဲ့။ ၂။ ယုံကြည်မှု (Trust) ဥပမာ – ကိုယ့်ချစ်သူက ကိုယ်တခြား ကောင်လေး/ကောင်မလေး တွေနဲ့ စကားပြောတဲ့အခါ တို့ ဘာတို့မှာ ကိုယ်ကသူ့အပေါ် သစ္စာရှိမှန်းသိရက်နဲ့ သဝန်တို အူတိုတတ်ပါသလား။ တစ်ခါတစ်ရံ သဝန်တိုတတ်တာ က ပြဿနာမဟုတ်ပေမယ့် အဲလိုသဝန်တိုတတ်တဲ့ ကိုယ့်ချစ်သူက ဘယ်လိုတုန့်ပြန်သလဲဆိုတာကအရေးကြီးတာပါ။ ခိုင်မြဲတဲ့အချစ်မှာ ယုံကြည်မှုကအရေးကြီးပါတယ်။ ကိုယ့်အပေါ်ကို အမြဲ သဝန်တိုပြီး “ နင့်ကို ယုံလိုက်မယ် တောထဲ မှာ ” ဆိုသလို မယုံကြည်တတ်တဲ့ ချစ်သူမျိုးရှိရင် အချစ်ရေးက မဖြောင့်ဖြူးနိုင်ပါဘူး။ ၃။ ရိုးသားမှု (Honesty) ရိုးသားမှုဆိုတာ ယုံကြည်မှုနဲ့ အမြဲဆက်စပ်နေပါတယ်။ ချစ်သူနှစ်ဦးမှာ တစ်ယောက်ယောက် က ရိုးသားမှုကို အလွဲသုံးစားလုပ်နေရင်တော့ ယုံကြည်မှုပျောက်လာတတ်တာ သဘာဝပါပဲ။ ဥပမာ ကိုယ့်ချစ်သူက စာလုပ်စရာရှိလို့ မတွေ့နိုင်ဘူးလို့ ကိုယ့်ကိုပြောပြီး ကိုယ့်နောက်ကွယ်မှာ သူငယ်ချင်းတွေနဲ့ ရုပ်ရှင်သွားကြည့်တယ်ဆို ပါစို့။ နောက်တစ်ခါ သူက အဲလိုပြောလာရင် ကိုယ်က သူ့ကို ယုံကြည်နိုင်ပါဦးမလား။ ခိုင်မာတဲ့ အချစ်ဆိုတာ ရိုးသားမှုနဲ့ တည်ဆောက်ထားတာပါ။ ၄။ အားပေးမှု (Support) အားပေးတယ်ဆိုတာကလည်း စိတ်ဓာတ်ကျနေချိန်မှမဟုတ်ပါဘူး။ ကိုယ့်ချစ်သူက ကိုယ့်ဘေး မှာအမြဲတမ်းရပ်တည်ပြီး အေးတူပူအမျှ အားပေးနေမယ်ဆို အချစ်ကလည်း အမြဲခိုင်မာနေမှာအမှန်ပဲ။ ၅။ မျှတမှု (Fairness/Equality) ကိုယ့်ချစ်သူကို ကိုယ်ကပဲအမြဲပေးဆပ်နေရလား။ ဒါမှမဟုတ် ကိုယ်ကပဲ ကိုယ့်ချစ်သူကို အမြဲနိုင်နေသလား။ တကယ်တော့ ချစ်သူတွေ အများအားဖြင့် ရန်ဖြစ်တတ်တာက အတ္တတွေကိုရှေ့တန်းတင်ပြီး ကိုယ်ကပဲ နိုင်အောင် အလျော့မပေးကြလို့ပါ။ ဒီလို ချစ်တဲ့ချစ်ပုံပြင်တွေကကော ဖြောင့်ဖြူးနိုင်ပါ့မလား။ အာဏာလုရင်း ကနေပဲ အမြဲစစ်တိုက်နေရမယ့် အချစ်မျိုးပဲ။ ဒါကြောင့် သူ့ဖက်ကိုယ့်ဖက် မျှမျှတတရှိဖို့ကအရေးကြီးပါတယ်။ ၆။ ဟန်ဆောင်မှု ကင်းမဲ့ခြင်း (Separate Identities) ကိုယ့်ချစ်သူနဲ့အတူတူရှိနေတဲ့အခါ သူ မကြိုက်မှာစိုးလို့ ကိုယ့်ရဲ့ အကျင့်တွေကို ဟန်ဆောင် ဖုံးကွယ်ထားရလား။ ကိုယ်နေတတ်သလို မနေရဘဲ သူ့အကြိုက်အမြဲလိုက်နေရတာ ပင်ပန်း ပါတယ်။ ကိုယ့်လွတ်လပ်မှုနဲ့ကိုယ်ကြိုက်တာတွေကို မစွန့်လွှတ်ဘဲ နားလည်ပေးတတ်တဲ့ အချစ်စစ်မျိုးက ရေရှည်တည် တံ့ခိုင်မြဲမယ့် အချစ်မျိုးပါ။ ၇။ လွယ်လွယ်ကူကူ ပြောဆိုဆက်ဆံနိုင်မှု (Good Communication) တခါတရံ လူမျိုးကွဲ ဘာသာစကားမတူတဲ့သူတွေ ချစ်ကြိုးသွယ်တဲ့အခါ ပြဿနာမျိုးစုံတတ်တတ်ပါတယ်။ တကယ်တော့ တစ်ယောက်နဲ့တစ်ယောက် နားလည်အောင် ရှင်းမပြနိုင်ဘဲ အရာရာကို အောင့်အီးမျိုသိပ်ထားတတ်ကြလို့ပါ။ တကယ်လို့သာ ပွင့်ပွင့်လင်းလင်းနဲ့ ရှင်းရှင်းလင်းလင်း သာ ပြောပြထားနိုင်မယ်ဆိုရင် နားလည်မှုလွဲမှာမဟုတ်ပါဘူး။ သူမကြားချင်တဲ့စကားဖြစ်မှာစိုးလို့မပြောဘဲ မျိုသိပ်ထား တာမျိုးက ခိုင်မြဲတဲ့အချစ်ဖြစ်မလာနိုင်စေပါဘူး ဒီအချက် ၇ချက်က အချစ်စစ်တို့ခိုင်မြဲခြင်းရဲ့ Foundation တွေပါပဲ။ တကယ်တော့ ဘယ်သူမျှ အားလုံးကောင်းတယ် ပြည့်စုံတယ်ဆိုတာတော့မရှိပါဘူး။ ဒါပေမယ့်တတ်နိုင်သလောက် ကိုယ့်ချစ်သူအပေါ် ကောင်းနိုင်သလောက် ကောင်းအောင် စိတ်ထားတတ်ပြီး ချစ်တတ်မယ်ဆိုရင် ချစ်နှောင်ကြိုး ဘယ်အခါဖြတ်ဖြတ် မပြတ်နိုင်ပါ။ အခုတစ်လောကျွန်တော်အချစ်အကြောင်းတွေတင်ချင်လို့ အချစ်နဲ့ပတ်သက်တာတွေပဲတင်နေတယ် လူတွေက အချစ်နဲ့မကင်းကြဘူးလေ အချစ်မရှိဘူးဆိုရင် လူဆိုတာလဲရှိလာမှာ မဟုတ်ဘူး ဒီပို့စ်လေးဖတ်ပြီးတော့ ချစ်သူတွေ အရင်ကထက်ပိုချစ်နိုင် ကြပါစေလို့ ဆုတောင်းပေးပါတယ်
    အချစ်စစ်တို့​ခိုင်မြဲ​ခင်းရဲ့ ... Foundation
    Posted by : လက်တွဲဖော် 0 Comments
    ပွဲသိမ်းခရာ မမှုတ်သေးခင် ရှုံးပြီလို့မပြောပါနဲ့ဦး..။ ကျားသစ်ဆိုတာ အရေခွံဆုတ်ပြီးမှ တကယ်သေပြီလို့ အတည်ပြုနိုင်တယ်..။ ပိုးဟပ်တစ်ကောင်ဟာ ခေါင်းမပါဘဲနဲ့ ရက်အတော်ကြာ အသက်ရှင်နိုင်သေးတယ်ဆိုပဲ..။ အသက်ရှူ ရပ်သွားတာတောင် ဦးနှောက်အလုပ်လုပ်နေရင် သေပြီလို့ မဆိုနိုင်သေးဘူး..။ ငါ့နှလုံးခုန်သံ သဲ့သဲ့လေးပဲကျန်တော့လို့ မင်းသိပ်ပျော်နေလား ဟင်..။ စိတ်ချ….. နောင်ဘဝကျရင်လည်း ငါမင်းကိုပဲ ပြန်ချစ်ဦးမှာ..။ ဒီလိုပဲ.. တန်ဖိုးရှိတဲ့ မိန်းမဆိုတာ စာအုပ်ကောင်းတစ်အုပ်လိုပဲ ဘယ်လောက်ဟောင်နွမ်းစုတ်ပြတ်နေပါစေ ပြန်ဖတ်တိုင်း အရသာရှိတယ်လေ..။ မင်းလူ (ဆရာမင်းလူရဲ့ “ပြန်ခေါ်သက်သေ” လုံးချင်း ဝတ္ထုမှ)
    တန်ဖိုးရှိတဲ့ မိန်းမဆိုတာ
    Posted by : လက်တွဲဖော် 0 Comments
    ကောင်မလေးရယ် ဒို့နှစ်ယောက်ကြားမှာ မတူညီတဲ့ဘာသာစကားနဲ့ ဒို့နှစ်ယောက်ရဲ့အချစ်တွေကို စတင်ခဲ့ကြတယ်နော်......။ ဒါပေမယ့် ကောင်မလေး၇ယ် ခြားနဲ့နေတဲ့ ဘာသာတရား ၊ လူမျိုး ခြားနားမှုတွေကြောင့် ဒို့နှစ်ယောက် သိချစ်လျက်နဲ့ လမ်းခွဲခဲ့ရတယ်.....။ ကောင်မလေးရယ် မင်းရင်ထဲမှာ ငါရှိနေမယ် ငါ့ရင်ထဲမှာလည်း မင်းရှိနေမယ်ဆိုရင် ဒို့နှစ်ယောက်ရဲ့လမ်းခွဲခြင်းကို ငါကျေနပ်နေမိမှာပါတယ်.........။ တကယ်လို့ တန်ခိုးရှင်တစ်ဦးကသာ ငါ့ရဲ့ဆန္ဒတွေကို ဖြည့်စီးပေးခဲ့မယ်ဆိုရင် ငါအလိုချင်ဆုံးဆုက ဖျက်ကနဲ့ ဖွင့်လိုက် ပိတ်လိုက်လုပ်တဲ့ မျက်တောင်တွေရဲ့ လှုပ်ရှားမှုတိုင်းမှာဖြစ်ဖြစ် တဒိတ်ဒိတ်မြည်နေတဲ့ ငါ့နှလုံးသားရဲ့ ရင်ခုန်သံတိုင်းမှာဖြစ်ဖြစ် အိပ်စက်ခြင်းတွေရဲ့ အခြားတဘက်က အိပ်မက်တွေထဲမှာဖြစ်ဖြစ် " မင်းနဲ့ စက္ကန့်ပိုင်းလောက်ရှိတဲ့ ဆုံဆည်းမှုလေးတစ်ခု " ကိုသာ ငါတောင်းတမိမှာပါ ကောင်မလေးရယ်.....။ သိပ်ချစ်မိခဲ့ပါတယ် ကောင်မလေးရယ်.............။
    ဆုံဆည်းမှုလေးတစ်ခု
    Posted by : လက်တွဲဖော် 0 Comments
    မာန် တဲ့ သိပ်လှတဲ့စကားလုံးလေးပဲနော့်ဘာလဲမလှပါဘူးလိုပြောအုံးမလို့လာ့း့
    မလှဘူးဆိုရင်ဒီ မာန် ဆိုတဲ့စကားလုံးကို တချို့လူတွေနာမည်အဖြစ်ဘာလို့မှည့်ကြတာတုန့်း
    လှလို့မှည့်တာပေါ့
    လှတော့လှတယ့်ဒါပေမဲ့မကောင်းဘူ့းဒီနာမည်ကြားရင်တတစ်စုံတစ်ခုကပ်ငြိပါနေသလိုခံစားရတယ်။
    တစ်လုံးထဲနေရင်သိပ်လှတဲ့ စကားလုံးလေပါ မာန် တဲ့ဒါပေမဲ့ အခြားစကားလုံးတွေနဲ့ တွဲသုံးရင်သူကရိုင်း
    သွားတတ်တယ့်ဥပမာ မာန် ရဲ့နောက်မှာ တတ် တို့ ထောင်တို့ မာန ဆို့ထည့်လိုက်ရင်ပေါ့
    ဒီကောင် မာန်တတ်နေတာပါ ဒီကောင်မလေး မာန်ထောင်နေတာပဲ ဒီလူမာန်မာနသိပ်ကြီးတာပဲ ဆိုတာမျိုး
    တွေပေါ့ နောက်ပြီးရှေ့က ထည့်ကြည့်ရအောင် ဂုဏ်မာန် တဲ့ ဘီလူးလို့အဓိပာယ်ထွက်နေပြန်တယ် ဒါဆို လဲ
    ရိုင်းနေတတ်သေးတယ်နော် သူတစ်လုံးထဲနေရင်လှပါရက်နဲ့ သူနဲ့တွဲဖက်တဲ့ကစကားလုံးလေးတွေကြောင့်
    အကျည်းတန်သွားတတ်ပါတယ်။
    ကျွန်တော်ရောပဲ့ကျွန်တော့်မှာ မစွှန့်ပစ်နိုင်သေးတဲ့ သူငယ်ချင်းတွေ အသိမိတ်ဆွေတွေရှိနေခဲ့တယ်။
    အရက်သမား သူငယ်ချင်း ဖဲသမားသူငယ်ချင်း ရန်ဖြစ်တတ်တဲ့သူငယ်ချင်းတွေပေါ့။ကျွန်တော့်ကိုသူတို့ခင်
    ကြတယ်။သူတို့ကျွန်တော့်ကိုခင်သလို ကျွန်တော်လဲသူတို့ကိုခင်တယ်။သူတို့နဲ့ယှဉ်လိုက်ရင်ကျွန်တော်ကလူ
    ကောင်းတစ်ယောက်ပေါ့။ကျွန်တော်အရက်သမားမဟုတ်သလို လောင်းကစားသမားလဲမဟုတ်ခဲ့ဘူး ပြီးတော့
    ရန်မဖြစ်တတ်ဖူး ဒါပေမဲ့ သူတို့နဲ့ပေါင်းနေမှတော့ ကျွန်တော်တစ်ခါတစ်လေသူတို့နဲ့ ပါသွားတတ်တယ်လေ
    အဖော်အဖြစ်နဲ့ပေါ့ အရက်ဆိုင်ထိုင်တယ် ဖဲဝိုင်းလိုက်တယ် ရန်ဖြစ်တဲ့အထဲမှာလဲ ကျွန်တော်ပါသွားတတ်တယ်
    ဘေးက ထိန်းပေးတဲ့သဘောပါ သူတို့တစ်ခုခုဖြစ်မှာဆိုးရိမ်လို့လေ။အဲ့တော့ ကျွန်တော်ဟာ အများအမြင်မှာ
    အရက်သမား ဖဲသမား ထစ်ခနဲ့ရှိရန်ဖြစ် တတ်တဲ့သူပေါ့။မှန်ပါတယ်သူတို့ထင်မြင်ချက်တွေလေ နေရာတိုင်းမှာ
    ကျွန်တော်ပါနေတတ်တာကို့း
    ဒါပေမဲ့ ကျွန်တော့်အကြောင်းကျွန်တော်သာအသိဆုံးပါ့ကျွန်တော့်သူငယ်ချင်းတွေကို ကျွန်တော်ထိန်းရမယ်
    လေ။ကျွန်တော်သူတို့လို မလုပ်ရင်ပြီးတာပါပဲ။ဒါကျွန်တော့်ခံယူချက်ပေါ့ ဒါပေမဲ့ ဘေးပတ်ဝန်းကျင်ကခံယူချက်
    ထဲမှာတော့ ကျွန်တော်ဟာ စွယ်စုံရတဲ့သူပေါ့။ ကျွန်တော်အကြောင်းကို ကောင်းကောင်းသိတဲ့ သူတွေကတော့
    ကျွန်တော့်ကို ပိုပြိလေးစားတတ်ကြတယ်။အထူးသဖြင့်ကျွန်တော့် သူငယ်ချင်းတွေပေါ့ သူတို့အတွက်ဆိုရင်အမြဲ
    ကောင်းနေတတ်တဲ့ကျွန်တော်ဖြစ်နေလို့ပဲလေ။ကျွန်တော်သူတို့ကိုချစ်တယ်ကောင်းစေချင်တယ် အဲ့လိုစိတ်ထား
    ရှိတဲ့ကျွန်တော့်နောက်မှာ သူတို့မမြဲတမ်းရှိနေတတ်ကြတယ်လေ။အကယ်လို့ သူတို့သာကျွန်တော့်နောက်မှာရှိ
    မနေခဲ့ကြဘူးဆိုရင် ကျွန်တော်အထီးကျန်သွားမှာပေါ့ကျွန်တော်အထီးကျန်နေရင် ကျွန်တော်ပဲခံစားနေ
    ရမှာပါ။ ဒါပေမဲ့ဘေးအမြင်မှာတော့ ကျွန်တော့်ဂုဏ်ပုဒ်တွေဟာ အရောင်လက်လာမှာသေချာပါတယ် ကျွန်တော်
    တစ်ယောက်ထဲနေရင်လေ့ကျွန်တော်မနေနိုင်တာကျွန်တော့်အပြစ်လားဗျာ့
    ဒါကြောင့် ကျွန်တော်ဟာ မာန် ဆိုတဲ့ စကားလုံးလေးနဲ့ ညီမျှနေပါတယ်။ကျွန်တော်ဟာ မာန် ပါပဲ။လှတယ်နော်
    နောက်က ကျွန်တော့်သူငယ်ချင်းတွေမပါရင်ပေါ့။ဒီနာမည်လေးကို ကျွန်တော် ခံယူထားရင်းနဲ့ပဲ တစ်နေ့နေ့ကို
    စောင့်မျှော်နေမိတယ်။ကျွန်တော် နဲ့အတွဲညီမဲ့ လှပတဲ့စကားလုံးလေးတစ်ခု ကျွန်တော့် ရှေ့ကို ရောက်လာခဲ့
    ရင်လေ့ဘယ်လိုစကားလုံးလေးလဲဆိုတော့ ကျွန်တော့်ကိုအေးချမ်းစေအောင်ပြုပြင်ပေးမဲ့ စကား
    လုံးလေးတစ်လုံးပါပဲ။အဓိပာယ်ဖွင့်ပြရမယ်ဆိုရင် ကျွန်တော့်ကိုလမ်းပြပေးနိုင်တဲ့ မီအိမ်ရှင်မလေးတစ်ယောက်
    အနေနဲ့ပေါ့အဲ့လိုကောင်မလေးတစ်ယောက်အလို ရှိပါတယ့်ဖြစ်လာနိုင်မယ်ဆိုရင်ပေါ့
    သူ့လိုကောင်မလေးကို ကျွန်တော် နာမည်လေးတစ်ခု တပ်ပေးဖို့ရည်ရွယ်ထားပါတယ့်သူ့ကို ဟေ လို့နာမည်
    ပေးချင်ပါတယ်။
    အထီးကျန်ဆန်နေတဲ့ကျွန်တော်နာမည်လေးနဲ့ တွဲလိုက်ရရင် ဘယ်လောက်အေးချမ်းပြည့်စုံသွားနိုင်မလဲနော့်
    ကျွန်တော်တို့နှစ်ယောက်ပေါင်းလိုက်ရင် အေးချမ်းတဲ့နိမိတ်ကိုဆောင်နေပါလိမ့်မယ့် ဟေမာန် ဆိုပြီးတော့
    ပေါ့ အဲ့တာပါပဲ ကျွန်တော်ဆိုတဲ့ အထီးကျန်ဆန်တဲ့ မာန် ဆိုတဲ့စကားလုံးလေးမှာတွဲစရာ စကားလုံး
    တွေအမြောက်အများရှိပေမဲ့ အေးချမ်းမူကိုဆောင်ဖို့အတွက်တော့ ဟေ ဆိုတဲ့ စကားလုံးလေးတစ်လုံးသာ ရှိ
    နေခဲ့ပါတယ်။ဒါကြောင့် ဟေ ဆိုတဲ့စကားလုံးလေးနဲ့ ညီမျှတဲ့ ကောင်မလေးတစ်ယောက်ကျွန်တော်အပူတပြင်း
    လိုက်ရှာနေပါတယ့်အကယ်လို့များသင်တို့ တွေ့ရှိခဲ့မယ်ဆိုရင်အကြောင်းကြားပေး ကြပါလို့
    ထိုက်ထိုက်တန်တန် ကျေးဇူးဆပ်ပါမည့်
    ပုံ/ ဖြိုးဇာနည်
    ည့၁၂ နာရီ တိတိ
    မာန်
    Posted by : လက်တွဲဖော် 0 Comments
    ချစ်သူ ကျေးဇူးပြုပြီး မင်းမပြုံးလိုက်ပါနဲ့ မင်းရဲ့ကျေနပ်တဲ့ အပြုံးတွေကိုငါအရမ်းနှစ်သက်ပေမဲ့ မင်းရဲ့မချိ
    ပြုံးတွေကိုငါအရမ်းကြောက်လို့ပါ့
    ချစ်သူ ကျေးဇူးပြုပြီးမင်း မရယ်လိုက်ပါနဲ့ မင်းရဲ့ ကြည်လင်တဲ့ရယ်သံချိုလေးတွေကိုငါတောင့်တပေမဲ့ မင်းရဲ့
    လှောင်ရယ်သံတွေကို ငါသိပ်ကြောက်လို့ပါ့
    ချစ်သူ ကျေးဇူးပြုပြီးမင်း မပြောလိုက်ပါနဲ့ မင်းရဲ့ ချိုသာတဲ့စကားသံတွေကိုငါသိပ်မြတ်နိုးပေမဲ့ မင်းရဲ့ခနဲ့တဲ့
    စကားသံတွေကို ငါအရမ်းကြောက်နေလို့ပါ့
    ချစ်သူကျေးဇူးပြုပြီးမင်း မကြည့်လိုက်ပါနဲ့ မင်းရဲ့အကြည့်လေးတွေကိုငါစွဲလန်းမိပေမဲ့ မင်းရဲ့မျက်စောင်းလေး
    တွေကို ငါသိပ်ကြောက်လို့ပါ့
    ချစ်သူကျေးဇူးပြုပြီး မင်းမလှမ်းလိုက်ပါနဲ့ မင်းရဲ့ခြေလှမ်းလေးတွေကိုငါ တန်ဖိုးထားပေမဲ့ မင်းချန်ရစ်ထားခဲ့မှာ
    ကို ငါတွေးကြောက်လို့ပါ့
    ချစ်သူ ကျေးဇူးပြုပြီး မင်းမမေးလိုက်ပါနဲ့ မေးခွန်းတိုင်းကိုငါဖြေနိုင်ပေမဲ့ အဆုံးမရှိတဲ့ငါ့အချစ်အကြောင်းတွေကို
    ကန့်သတ်ချက်မရှိ ပြောမိတိုင်း နင်ပျင်းရိသွားမှာ ငါသိပ်ကြောက်လို့ပါ့
    ချစ်သူကျေးဇူးပြုပြီ မင်းမတောင့်တလိုက်ပါနဲ့ မင်းတောင့်တမူတိုင်းငါဖြည့်ဆည်းနိုင်ပေမဲ့ မင်းစိတ်ကျေနပ်တဲ့
    အတိုင်းအတာထိငါမဖြည့်ဆည်းပေးနိုင်ခဲ့မှာကို ငါအရမ်းကြောက်လို့ပါ့
    ချစ်သူကျေးဇူးပြုပြီး မင်းမနှိုင်းလိုက်ပါနဲ့ မင်းနှိုင်းယှဉ်လိုက်တဲ့ အရာတိုင်းထက်ငါ့အချစ်ပိုသာတယ်ဆိုတာ
    မင်းနားလည်အောင်ငါပြောပြနိုင်ပေမဲ့ မင်းမယုံကြည်မှာ ငါတွေးကြောက်လို့ပါ့
    ချစ်သူ ကျေးဇူးပြုပြီး မင်းမငိုလိုက်ပါနဲ့ မင်းရဲ့မျက်ရည်တွေရပ်တန့်သွားအောင်ငါချော့လိုက်နိုင်ပေမဲ့ ငါ့ရင်ထဲမှာ
    ခိုဝင်လာမဲ့ ဝမ်းနည်းခြင်းတွေကို ငါ သိပ်ကြောက်လို့ပါ့
    ချစ်သူကျေးဇူးပြုပြီး မင်းမသွားလိုက်ပါနဲ့ မင်းသွားလိုရာတိုင်းကိုငါ အဖော်ပြုပေးနိုင်ပေမဲ့ ငါ့ရင်ခွင်ထဲကနေ မင်း
    ထွက်ခွာသွားမှာကို ငါသိပ်ကြောက်လို့ပါ့
    ချစ်သူ့ကျေးဇူးပြုပြီး မင်းမမုန်းလိုက်ပါနဲ့နော် မင်းရဲ့အမုန်းတွေကြောင့် ငါ့ရဲ့ နှလုံးခုန်သံတွေရပ်တန့်သွားချိန်မှာ
    မင်းငိုကြွေးမိရင် မင်းအငိုတိတ်အောင်လုပ်မပေးနိုင်တော့မှာကို ငါသိပ်သိပ်ကြောက်လို့ပါ ချစ်သူရယ့်
    ဟုတ်တယ်ချစ်သူ မင်းအမုန်းတွေကြောင့် ငါသေသွားနိုင်ပါတယ့်ဒါကြောင့် ထပ်ပြီးတော့ပြောပါရစေချစ်သူ့
    ကျေးဇူးပြုပြီး မင်းမမုန်းလိုက်ပါနဲ့လို့
    ချစ်သူဒီစာဖတ်ပြီးရင် ဒီနေ့ April Fools Day မှာ ငါ့ကို မုန်းတယ်လို့ပြောပြီး Fool လုပ်မယ်ဆိုတဲ့အကြံအစည်
    ရှိနေခဲ့မယ်ဆိုရင်တောင် အဲ့ဒီအစီအစဉ်ကိုအမြန်ဆုံး ဖျက်လိုက်ပါချစ်သူ့ငါ့နှလုံးခုန်သံတွေ ရုပ်တန့်မသွား
    ခင်လေးပေါ့
    April Fools အမှတ်တရအဖြစ့်ဖြိုးဇာနည့်ည ၁၁နာရီတိတိ
    Please!
    Posted by : လက်တွဲဖော် 0 Comments
    - Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -