သူငယ်ချင်းမောင်နှမများအားလုံးပျော်ရွှင်စရာ ချစ်သူများနေ့လေးပါနော်... ချစ်သူရှိတဲ့သူတွေအနေနဲ့လည်း...ပျော်ပျော်ပါးပါးကိုယ့်ချစ်သူနဲ့ပျော်နေကြမယ်လို့ဆုဂျေ ထင်ပါတယ်လေ...ချစ်သူမရှိသူတွေအနေနဲ့ကျတော့..အထီးကျန်ကောင်းဆန်မှာပါ... ကိုယ့်ဘေးကချစ်သူရှိသူတွေကိုလည်းအားကျမိနေမှာပါ...တကယ်တော့ချစ်သူများနေ့ ဟာ..အနောက်နိုင်ငံတွေမှာဆိုရင်...1500အချစ်သာမက...528 ချစ်ခြင်းမေတ္တာသဘောပါ... သက်ဆိုင်နေတာကိုတွေ့ရပါတယ်...မြန်မာနိုင်ငံမှာတော့...ချစ်သူများနေ့ဆိုရင်..ချစ်သူရှိသူ တွေရဲ့နေ့လို့ပဲမှတ်ယူနေကြတယ်လေ...ဒီတော့...ရှိတဲ့သူတွေရော...မရှိတဲ့သူတွေရော... အားလုံးနဲ့သက်ဆိုင်တယ်ဆိုတာလေးကို...အသိပေးပြောကြားရင်း...ဆုဂျေတို့နိုင်ငံကယူဆချက်လေး အတိုင်း...ချစ်သူများနေ့လေးကိုဖွဲ့သီချင်တာကဒီလို.... V---value တကယ်တော့ချစ်သူတွေကြားမှာ...တန်ဖိုးထားမှုလေးတွေရှိရမှာပါ..ဒီအချက်ကလေးက ချစ်ခရီးလမ်းလေးကိုရေရှည်တည်တံ့စေတဲ့အဓိကအချက်လေးဆိုတာ...မမေ့ရဘူးနော်..။ A---anniversary မိမိတို့ချစ်သူနှစ်ဦးရဲ့နှစ်ပတ်လည်နေ့လေးကိုလည်း...ဘယ်တော့မှမမေ့သင့်ဘူးလေ... အဲဒီနေ့လေးမှာ...ချစ်သူအချင်းချင်းအမှတ်တရလက်ဆောင်လေးတွေကလည်း...အချစ်တွေပိုတိုးစေတယ်နော်..။ L---love ဘယ်အချစ်ပဲဖြစ်ဖြစ်..မေတ္တာနွယ်တဲ့ချစ်ခရီးလေးကတော့..ပိုပြီးသာယာတတ်တယ်ဆိုတာလည်း သတိရဦးနော့..။ E---ego အတ္တလွန်ကဲတဲ့အချစ်က...ခလုတ်တစ်ခုဖြစ်စေတာကိုလည်းချစ်သူတွေမမေ့ရဘူးနော်...တစ်ခါတစ်လေ ချစ်တာကချစ်တာ...အတ္တကအတ္တဆိုပြီး..ကိုယ့်အတ္တကိုရှေ့တန်းတင်နေတတ်တယ်လေ..။ N---nickname ခုလိုနစ်ခ်နိမ်းလေးတွေအပြန်အလှန်ခေါ်ခြင်းကလည်း..ချစ်သူနှစ်ဦးကြားပိုလို့...အချစ်တွေခိုင်မြဲ စေတယ်လေ..။ T---teacher ကိုယ့်ချစ်သူအတွက်ကောင်းတာမကောင်းတာကိုညွှန်ပြတာလည်းလိုကိုလိုအပ်တယ်နော်...ဒါပေမယ့် တစ်ခုသတိထားရမှာက...စေတနာပိုရင်လည်း...ဆရာလုပ်လွန်းရာရောက်တယ်ဆိုတာပါပဲနော်..။ I---innocent ရိုးသားဖြောင့်မတ်တဲ့ချစ်သူကို...ကိုယ့်ချစ်သူကတန်ဘိုးထားတတ်ပါတယ်...ဒီတော့..အတတ်နိုင်ဆုံး အရိုးသားဆုံးဆက်ဆက်ပါနော်...အမှန်အတိုင်းပြောဆိုလုပ်တတ်ခြင်းဟာလည်း..သူ့အနေနဲ့ကိုယ့်အတွက် ဂုဏ်ယူရတဲ့အချက်တစ်ခုပဲလေ...။ N---noble မြင့်မြတ်တဲ့စိတ်ထားရှိသူကို...ကိုယ့်ချစ်သူကလေးစားချစ်ခင်တယ်လေ...ဒီတော့မလိုအပ်ဘဲ.. သ၀န်တိုလွန်းတာ...စိတ်သဘောထားသေးသိမ်တာလေးတွေကို..ရှောင်ရအောင်နော်..။ E---endearment ချစ်သူနှစ်ဦးကြားမှာ..တီတီတာတာချစ်စကားလေးတွေကလည်း..လိုကိုလိုအပ်တယ်နော်... ဒီတော့ချစ်သူအချင်းချင်း..အထာကြီးနဲ့မဆက်ဆံဘဲ...ချစ်စကားလေးတွေပြောပေးဖို့လည်းလိုကိုလိုအပ်ပါတယ်.. ဥပမာ...ကို့ကိုအရမ်းချစ်တယ်..ဆိုတဲ့စကားလေးတစ်ခွန်းက...ကိုယ့်ချစ်သူအတွက်အားဆေးတစ်ခွက်လည်း ဖြစ်တယ်ဆိုတာ..မမေ့ရဘူးနော်..။ D---dignity ကိုယ့်ချစ်သူရဲ့ဂုဏ်သိက္ခာကိုကိုယ်ကထိန်းတတ်ရမှာဖြစ်သလို..မိမိအတွက်လည်းထိန်းသိမ်းရ မယ်လေနော်... A---angry တစ်ခါတစ်လေစိတ်ဆိုးစိတ်ကောက်တာဟာမပြောပလောက်ပေမယ့်...ထပ်ကာတလဲလဲဖြစ်ပါများ လာရင်တော့...ပြသနာတစ်ခုဖြစ်လာနိုင်တာကိုလည်းမမေ့ပါနဲ့နော်..။ Y---yearning အချစ်ရဲ့ဘက်တော်သားက...အလွမ်းပဲမလား..ကိုယ့်ချစ်သူကိုလွမ်းတာလေးကိုတစ်ဖွဖွရွတ်ပြတာလည်း ချစ်သူအတွက်စိတ်ကြည်နူးစေမယ့်...အဓိကအချက်လေးပဲဆိုတာမမေ့ရဘူးနော်...။**ချစ်တတ်သူတိုင်းအတွက်ချစ်သူများနေ့.**
သူငယ်ချင်းမောင်နှမများအားလုံးပျော်ရွှင်စရာ ချစ်သူများနေ့လေးပါနော်...
ချစ်သူရှိတဲ့သူတွေအနေနဲ့လည်း...ပျော်ပျော်ပါးပါးကိုယ့်ချစ်သူနဲ့ပျော်နေကြမယ်လို့ဆုဂျေ
ထင်ပါတယ်လေ...ချစ်သူမရှိသူတွေအနေနဲ့ကျတော့..အထီးကျန်ကောင်းဆန်မှာပါ...
ကိုယ့်ဘေးကချစ်သူရှိသူတွေကိုလည်းအားကျမိနေမှာပါ...တကယ်တော့ချစ်သူများနေ့
ဟာ..အနောက်နိုင်ငံတွေမှာဆိုရင်...1500အချစ်သာမက...528 ချစ်ခြင်းမေတ္တာသဘောပါ...
သက်ဆိုင်နေတာကိုတွေ့ရပါတယ်...မြန်မာနိုင်ငံမှာတော့...ချစ်သူများနေ့ဆိုရင်..ချစ်သူရှိသူ
တွေရဲ့နေ့လို့ပဲမှတ်ယူနေကြတယ်လေ...ဒီတော့...ရှိတဲ့သူတွေရော...မရှိတဲ့သူတွေရော...
အားလုံးနဲ့သက်ဆိုင်တယ်ဆိုတာလေးကို...အသိပေးပြောကြားရင်း...ဆုဂျေတို့နိုင်ငံကယူဆချက်လေး
အတိုင်း...ချစ်သူများနေ့လေးကိုဖွဲ့သီချင်တာကဒီလို....
V---value
တကယ်တော့ချစ်သူတွေကြားမှာ...တန်ဖိုးထားမှုလေးတွေရှိရမှာပါ..ဒီအချက်ကလေးက
ချစ်ခရီးလမ်းလေးကိုရေရှည်တည်တံ့စေတဲ့အဓိကအချက်လေးဆိုတာ...မမေ့ရဘူးနော်..။
A---anniversary
မိမိတို့ချစ်သူနှစ်ဦးရဲ့နှစ်ပတ်လည်နေ့လေးကိုလည်း...ဘယ်တော့မှမမေ့သင့်ဘူးလေ...
အဲဒီနေ့လေးမှာ...ချစ်သူအချင်းချင်းအမှတ်တရလက်ဆောင်လေးတွေကလည်း...အချစ်တွေပိုတိုးစေတယ်နော်..။
L---love
ဘယ်အချစ်ပဲဖြစ်ဖြစ်..မေတ္တာနွယ်တဲ့ချစ်ခရီးလေးကတော့..ပိုပြီးသာယာတတ်တယ်ဆိုတာလည်း
သတိရဦးနော့..။
E---ego
အတ္တလွန်ကဲတဲ့အချစ်က...ခလုတ်တစ်ခုဖြစ်စေတာကိုလည်းချစ်သူတွေမမေ့ရဘူးနော်...တစ်ခါတစ်လေ
ချစ်တာကချစ်တာ...အတ္တကအတ္တဆိုပြီး..ကိုယ့်အတ္တကိုရှေ့တန်းတင်နေတတ်တယ်လေ..။
N---nickname
ခုလိုနစ်ခ်နိမ်းလေးတွေအပြန်အလှန်ခေါ်ခြင်းကလည်း..ချစ်သူနှစ်ဦးကြားပိုလို့...အချစ်တွေခိုင်မြဲ
စေတယ်လေ..။
T---teacher
ကိုယ့်ချစ်သူအတွက်ကောင်းတာမကောင်းတာကိုညွှန်ပြတာလည်းလိုကိုလိုအပ်တယ်နော်...ဒါပေမယ့်
တစ်ခုသတိထားရမှာက...စေတနာပိုရင်လည်း...ဆရာလုပ်လွန်းရာရောက်တယ်ဆိုတာပါပဲနော်..။
I---innocent
ရိုးသားဖြောင့်မတ်တဲ့ချစ်သူကို...ကိုယ့်ချစ်သူကတန်ဘိုးထားတတ်ပါတယ်...ဒီတော့..အတတ်နိုင်ဆုံး
အရိုးသားဆုံးဆက်ဆက်ပါနော်...အမှန်အတိုင်းပြောဆိုလုပ်တတ်ခြင်းဟာလည်း..သူ့အနေနဲ့ကိုယ့်အတွက်
ဂုဏ်ယူရတဲ့အချက်တစ်ခုပဲလေ...။
N---noble
မြင့်မြတ်တဲ့စိတ်ထားရှိသူကို...ကိုယ့်ချစ်သူကလေးစားချစ်ခင်တယ်လေ...ဒီတော့မလိုအပ်ဘဲ..
သ၀န်တိုလွန်းတာ...စိတ်သဘောထားသေးသိမ်တာလေးတွေကို..ရှောင်ရအောင်နော်..။
E---endearment
ချစ်သူနှစ်ဦးကြားမှာ..တီတီတာတာချစ်စကားလေးတွေကလည်း..လိုကိုလိုအပ်တယ်နော်...
ဒီတော့ချစ်သူအချင်းချင်း..အထာကြီးနဲ့မဆက်ဆံဘဲ...ချစ်စကားလေးတွေပြောပေးဖို့လည်းလိုကိုလိုအပ်ပါတယ်..
ဥပမာ...ကို့ကိုအရမ်းချစ်တယ်..ဆိုတဲ့စကားလေးတစ်ခွန်းက...ကိုယ့်ချစ်သူအတွက်အားဆေးတစ်ခွက်လည်း
ဖြစ်တယ်ဆိုတာ..မမေ့ရဘူးနော်..။
D---dignity
ကိုယ့်ချစ်သူရဲ့ဂုဏ်သိက္ခာကိုကိုယ်ကထိန်းတတ်ရမှာဖြစ်သလို..မိမိအတွက်လည်းထိန်းသိမ်းရ
မယ်လေနော်...
A---angry
တစ်ခါတစ်လေစိတ်ဆိုးစိတ်ကောက်တာဟာမပြောပလောက်ပေမယ့်...ထပ်ကာတလဲလဲဖြစ်ပါများ
လာရင်တော့...ပြသနာတစ်ခုဖြစ်လာနိုင်တာကိုလည်းမမေ့ပါနဲ့နော်..။
Y---yearning
အချစ်ရဲ့ဘက်တော်သားက...အလွမ်းပဲမလား..ကိုယ့်ချစ်သူကိုလွမ်းတာလေးကိုတစ်ဖွဖွရွတ်ပြတာလည်း
ချစ်သူအတွက်စိတ်ကြည်နူးစေမယ့်...အဓိကအချက်လေးပဲဆိုတာမမေ့ရဘူးနော်...။**ချစ်တတ်သူတိုင်းအတွက်ချစ်သူများနေ့.**
Post a Comment
https://www.facebook.com/moeyankyalshop/
- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -
Post a Comment