Posted by : လက်တွဲဖော် Tuesday, February 14, 2012



အကြောင်းအရာ ။ ။ ခွင့်တိုင်ကြားခြင်း


သို့ 


နှလုံးသားဆရာမ မှတစ်ဆင့်

ချစ်မြတ်နိုးတတ်သော ကျောင်းအုပ်ကြီးထံသို့ ....




ကျွှန်တော်၏ သားဖြစ်သူ မောင်စွဲလန်း သည် အချစ်သစ်ပင်ပေါ်သို့ အလွမ်းသစ်သီးခူးစားရာမှ အမုန်းသစ်ကိုင်းကျိုးကျရ်ျ

အသည်းနှလုံး တစ်နေရာတွင် ဒဏ်ရာရရှိသွားပါ သဖြင့် အမုန်းတိုက်ဖြတ်ရေး ဆေးရုံအလွမ်းကုသဆောင် ကုသဆောင်နံပါတ်

(1500)တွင်တတ် ရောက်နေပါသဖြင့် ခွင့် (1)ရက်ပေးပါရန် လေးစားစွာဖြင့် ခွင့်တောင်းခံအပ်ပါသည် ။




တပည့်ဖြစ်သူ


မောင်စွဲလန်း.





အုပ်ထိန်းသူ

U Love (ခ) ဦးမေတ္တာ


သစ္စာခြံ ၊မေတ္တာလမ်း ၊အမုန်းမဲ့ရပ်ကွက် ၊နှလုံးသားမြို့ တော်

ဖုန်း - 29581...







ကဲခွင့်လဲ တိုင်ပီးပီ ဆိုတော့ အားလုံးပဲ ပျော်ရွှင်ကြပါစေနော်.. လို့ တစ်ရက်ပဲ ရမယ်နော် စာမေးပွဲ အရမ်းနီးနေပြီ ဟိဟိ...


အားးလုံးပဲ ချစ်သူများနေ့ မှာ ကိုယ့်ချစ်သူကို ချစ်တဲ့အကြောင်းတွေပြော လွန်ခဲ့တာတွေတောင်းပန် ရှေ့လျှောက်မယ့်အကြောင်းတွေပြော ချောကလက်လေးလဲ အတူတူစားရင်းပေါ့နော် ချစ်သူမရှိသေးတဲ့သူတွေကလဲ မြန်မြန်ရှာ ဟီးး ရှိပြီးတဲ့သူတွေကလ အဆင်ပြေအောင်နေ .. ကြိုးစားနေတဲ့သူတွေလဲ မြန်မြန်လုပ် ဟိ...

ချစ်သူများနေ့ ကချစ်သူအားလုံးနဲ့ ဆိုင်တော့ လူမျိုးတွေဘာတွေ ခွဲခြားနေ မနေပါနဲ့ ကမ္ဘာပေါ်မှာရှိတဲံ ချစ်ခြင်းမေတ္တာကို ခံစားနားလည် တတ်တဲ့ နှလုံးသားပိုင်ရှင်တိုင်း 1500 တန်တဲ့ အချစ်လို့ သဘောမထားပဲ 1500 ထက်ပိုတဲ့ချစ်ခြင်း မေတ္တာများ နှင့်မိမိ ချစ်သူများအပေါ် သစ္စာရှိရှိ နှင့်ရိုးမြေကျ သေတစ်ဖန် သက်တစ်ဆုံးပေါင်းနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်.... :P


ချစ်သူများနေ့ တွင် ကျွှန်တော့် ၏ချစ်လှစွာသော ချစ်သူလေးး ညီမလေးး လဲ ပျော်ရွှင်ပါစေနော်ဟိ ..


ကိုကိုဆုတောင်းပေးလိုက်ပါတယ်


အားလုံးပဲ Happy Valentines Day နော်........ Feb 14 2012 :)


Mc wai yan (Dannel Iglesias Phyo)


http://mcwaiyan.blogspot.com

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -