Love' melody * ကိုကို လမင်း * * ပြော ကြယ်လေး * * ကိုကို လမင်းကို သိပ်ချစ်တယ် သိလား * * ဘယ်လောက်တောင် ချစ်တာလဲ ကြယ်လေး * * ဟောဒီ စကြာဝဠာကြီးလောက် ချစ်တယ် * * ယုံလိုက်ပြီ * * ကိုကို ကိုသာမယုံတာ * * ဘာလို့ မယုံတာလဲ * * ကြယ်လေး ကြယ်လေးနဲ့ ဘယ်လောက်တောင် များများခေါ်ခဲ့ပြီလဲ * * အော် ကြယ်လေးရယ် * * အခုမှ ကြယ်လေးရယ်တဲ့ … ပြော…ဆို * * သိပ်များများစားစားမဟုတ်ပါဘူး * * မရဘူး … မရဘူး အတိအကျကို မှတ်ထားရမယ် ပြော… ဆို * * ကြယ်လေးကလည်းကွာ * * ကိုကို လမင်းကိုကျ သိပ်ချစ်တာ ပြောပြသားပဲ * * ကြယ်လေးရယ် * * မရဘူးကွာ ပြော … ပြ * * ကြယ်လေး ဘေးနားကနေ မဆိုးရဘူးလေ * * ကိုကို လမင်း ပြောမှာလား မပြောဘူးလား * * ကဲ ကဲ ပြောပြမယ် နားထောင် ကြယ်လေး * * ပြောပါဆိုမှ * * ကြယ်လေးက ငယ်သေးတော့ နားမလည်သေးပါဘူး * * ဘာပုလည်း ငယ်တော့ * * လောကမှာလို့ အစချီတာနဲ့ ကြယ်လေး ပျင်းနေပြီမလား * * မပျင်းပါဘူး နားထောင်နေတယ် ကိုကိုရဲ့ * * သံယောဇဉ်ဆိုတာ အလင်းလိုပဲ … ခဏတာ မြန်မြန်ကြီးမြင်လိုက်ရပေမယ့် အချိန်ကြာကြာလင်းပြန်တော့ လင်းလှချီလား လင်းလိုက်တာလို့ တသသ ညည်းညူမိတယ် * * အင် … ကိုကို လမင်းကလည်း လင်းလက်တောက်ပတယ် လို့ ပြောစမ်းပါ * * မြန်နှုန်းနိမ့်မြင့်တွေ အကွာအဝေးတွေ ကြယ်လေး နားမလည်ပါဘူး * * အင်း … နားမလည်ဘူး … ကိုကို ပြောပြ * * အလင်းရောင် များများ မလိုချင်ဘူးလား ကြယ်လေး * * အိုး … လိုချင်တာပေါ့ * * အခု ကြယ်လေးက လင်းနေတယ်နော် * * သိသားပဲ ကိုကိုလမင်းကြောင့် လင်းနေတာလေ * * လမင်းကြောင့် ကြယ်လေးတွေ မဆုံးရှုံးစေချင်ဘူး * * အာ … ကိုကိုကလည်း * * အချစ်ကြောင်းမပြောခင် ကြယ်လေး အချစ်ကို ဘယ်လိုနားလည်သလဲ * * ကြယ်လေးကတော့ ကိုကို လမင်းကို ချစ်ကြောင်း သက်သေပြမယ် * * ကြယ်လေးက ဘယ်လို သက်သေပြမလို့လဲ * * ကြွေပြမယ်လေ ၊ ကြယ်ကြွေလေးပေါ့ * * ယုံပါတယ် * * အမယ် ကိုကို လမင်းအသံက မယုံသလိုပဲ * * မဟုတ်ပါဘူး တခါတလေ ကြယ်လေးတွေ မကြွေတာကောင်းပါတယ် * * ဘာလဲ ကြယ်လေးကို မယုံတာလား … ခုချက်ချင်း ကြွေပြမယ် လေ* * လင်းပါ တောက်ပစွာ နံဘေးက လင်းနေလိုက်စမ်းပါ ကြယ်လေးရယ် * * ကိုကို အဲဒီလိုမျိုး ဘယ်နှစ်ကြိမ်မြောက် ပြောခဲ့ပြီးပြီလဲ * * မဖြေပါရစေနဲ့ ကြယ်လေးရယ် * * ကိုကို မညာနဲ့နော် * * ဟောဒီ စကြာဝဠာကြီးက သက်သေပါကွယ် * * ဒါဆိုပြောပြလေ ၊ ဘယ်လောက်တောင် များများပြောခဲ့လဲ * * ဟောဒီ လောက စကြာဝဠာကြီးလောက် ပြောခဲ့ပါတယ် ကြယ်လေးရယ် * * ဟင် … အများကြီးပေါ့ * * ဟုတ်တယ် ကြယ်လေး ၊ အများကြီး အများကြီး * * ကိုကို လမင်း * * ကြယ်လေး ပြောလေ * * ကြယ်လေးလင်းပါတယ်နော် * * လင်းပါတယ် ၊ လင်းလက်တောက်ပနေပါတယ် * * ကိုကို လမင်း ဒီထက်ပိုပြီး လင်းလက်အောင်လုပ်လို့ရလား * * မလုပ်ချင်ပါဘူး ကြယ်လေးရယ် * * အာ ….. မရဘူး ဒီထက်လင်းအောင် လုပ်ပြ * * ကြယ်လေးရယ် ….. မလုပ်ပါရစေနဲ့ * * ဟောဒီ စကြ၀ဠာကြီး တစ်ခုလုံး လင်းအောင်လုပ်ပြ * * ကိုကိုလမင်း လင်းလွန်းရင် ကြယ်လေး ကြွေသွားလိမ့်မယ် * * ကြွေကြွေ … လင်းပြ ၊ လင်းလက်တောက်ပနေအောင် လုပ်ပြ ၊ နေပြ * * ကြယ်လေးရယ် * လူ့လောက ကမ္ဘာသားတွေက လမင်းကြီးထိန်ထိန်သာနေတာကို မြင်တွေ့နေရပြီ ။ ကြယ်ရောင်ပျောက်သောကောင်းကင်မှာ လမင်းတစင်းတည်း လင်းလက်နေသော ကြယ်ကြွေညတွေ။ လင်းလက်တဲ့ လမင်းရဲ့ချစ်ခြင်းတီးတိုးစကားတွေကို ကြယ်လေးကြားပါစ။ * လင်းနေပါတယ် ကြယ်လေးရယ် *
Post a Comment