Posted by : လက်တွဲဖော်
Saturday, January 21, 2012
မတော်တဆ ဆိုပေမယ့်
ငါတမင်တကာ မြိုချလိုက်တဲ့ စွဲလန်းမှု .....
ရင်ဘတ်ထဲမှာ ချိုနေတာတောင်
ခေါင်းထဲမှာတော့ ခါးခါးနေတယ်.......
တွားသွား သတ္တ၀ါ မဟုတ်လို့
ငါ့ရင်ဘတ်လည်း ပြားပြားမ၀ပ်တတ်.....
နင်သိရဲ့လား.....
နင့်မာနကို စွန်လိုလွှတ်ဖို့
ငါဒူးတော့ ညွှတ်ထားပြီ.......
ရင်ဘတ်ကိုကော့ ခေါင်းကိုမော့လို့
မျှော်လင့်ခြင်းလမ်းမှာတော့
ပန်းတွေ အလျားလိုက်ချခင်းထားတယ်.......
ပြာရီမှုန်ဝါးနေတဲ့ ငါ့မျက်လုံးတွေထဲ
နင်ဟာပန်းဖြစ်ခဲ့ရင်
ငါက ပါးနဲ့ပဲနမ်းမှာပါ
နင့်ရနံ့မှာ မရူးရဲဘူး.......
သံသရာကြီးရယ်
င့ါကိုမနှိုးပါနဲ့တော့
ငါဘယ်တော့မှ မနိုးအောင်အိပ်ချင်တယ်.............။
Post a Comment