Posted by : လက်တွဲဖော် Tuesday, January 24, 2012

အတွေးထဲမှာတောင်ဝေးကွာ ဖို့ .. မတွေးရဲဘူး … ချစ်သူ .. တစ်သက်လုံးအနားနားမှာ အမြဲချစ်နေချင်တယ် ဆိုရင်.. ချစ်သူအတွက်လှောင်ရီစရာများ ဖြစ်နေမလား .. ဘ၀မှာ ကံကောင်းခြင်းတွေ မရခဲ့ဘူးတော့ ကို့အချစ်တွေဟာလည်း ကျွန်မအတွက် .... တစ်သက်လုံး ချစ်နိုင်မလားဆိုတာ သံသယတွေ စိုးရိမ်စိတ်တွေ နဲ့ နေ့စဉ် တွေးနေမိတယ် ... မသေချာတာတွေများတဲ့ ... လောက ကြီးထဲမှာ .. ရုန်းထွက်လို့မရနိုင်တဲ့ သံယောဇဉ်တွေကြား မထားခဲ့ပါနဲ့ .. တစ်ခါတစ်လေ အတ္တနဲ့ ဒွန်တွဲနေတဲ့ .. ကျွန်မရဲ့ချစ်ခြင်းတွေကြောင့် ဖြစ်ပေါ်လာတဲ့ .. ညော်သံတွေကြားမှာ ... ကို့နှလုံးသား မပျော်ရွှင်တော့တဲ့အခါ ကျွန်မကို ထားခဲ့မှာကြောက်မိတယ် .. ဘယ်လိုပဲဖြစ်ဖြစ်ပါ .. ကို့ကိုချစ်မိ တဲ့ ကျွန်မရဲ့ချစ်ခြင်းတွေဟာ .. ကို့အတွက် ထာဝရ ဖြူစင်စွာနဲ့ ကမ္ဘာမြေ တည်တံ့နေသ၍ .... ရှိနေမယ် ဆိုတာ .. ချစ်သူသိပါစေ ..

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -