Posted by : လက်တွဲဖော် Tuesday, January 24, 2012

ညီမလေးရေ....... " တကယ်လို့  လူတစ်ယောက်ဆီက အကောင်းဆုံးလိုချင်ရင်၊ သူ့ မှာရှိတဲ့  အကောင်းဆုံးကိုပဲ ရှာရမှာဖြစ်တယ်" တဲ့ ..........။ သူဟာ ကိုယ်မဟုတ်တဲ့ အတွက် ......... ကိုယ်နဲ့  စိတ်သဘောထားချင်း ၊ အတွေးအခေါ် အယူအဆချင်း မတိုက်ဆိုင် ၊ မတူညီတာနဲ့ ....... သူ့ အပေါ်အပြစ်တင် အဆိုးမြင်စရာ မလိုပါဘူး....။ဘယ်လောက်ပဲ ဆိုးတဲ့  ညံ့တဲ့ သူပဲဖြစ်ဖြစ်၊ သူ့ မှာ အကောင်းဆုံး အရည်အချင်းတစ်ခုတော့  ကိန်းဝပ်နေမှာပါ....။ ဒါကြောင့်  ညီမလေးရေ....... လူတစ်ယောက်ဆီကနေ ကိုယ်လိုချင်တဲ့  အကောင်းဆုံးဆိုတာကို မျှော်လင့် မနေပါနဲ့ .....။ သူ့ ဆီမှာရှိနေတဲ့ ........ အကောင်းဆုံးအရည်အသွေး တစ်ခုခုကိုပဲ ညီမလေး ရှာဖွေ အသိအမှတ်ပြုလိုက်ပါနော်.....။ အဲဒါကလည်း အဝေးကြီးကိုသွားပြီး ရှာနေစရာ မလိုပါဘူး.....။ကိုယ့် ရဲ့  စိတ်ထဲမှာ.....ကိုယ့် ရဲ့ နှလုံးသားထဲမှာ..... ကိုယ့် ရဲ့ အသိဥာဏ်ထဲမှာ.......အစဉ်အမြဲ ရှိနေပါတယ်.....။ ညီမလေးရေ....... နူးညံ့တဲ့ နှလုံးသား....ရင့် ကျက်တဲ့ အသိဥာဏ်နဲ့ ....သာယာတဲ့ .....ငြိမ်းချမ်းတဲ့ ......အောင်မြင်တဲ့ ...." ဘ၀အိမ်" ကို တည်ဆောက်ကြရအောင်နော်.......။ ။ မေတ္တာအားဖြင့် ....................

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -