Posted by : လက်တွဲဖော် Tuesday, January 24, 2012

အချစ်. ငါဟာမင်းအချစ်ကို ရူးသွပ်နေသူပါ


မင်းသိရက်နဲ့


ရှောင်ပုန်းနေရက်တယ်


ရှောင်ဖယ်ကာမနေပါနဲ့


မင်းရဲ့အကြင်နာ၊မေတ္တာတွေနဲ့ဝေးရာ


မသွားပါရစေနဲ့


မချစ်နိုင်ရင်နေပါ


ဖယ်ခွာမပြေးပါနဲ့


မင်းရဲ့အချစ်ပယ်ခံတယောက်ခဲ့ဖြစ်ခဲ့ရင်လည်း


မင်းရဲ့အနားမှာပဲ


တိတ်တိတ်လေးကြေကွဲ


မင်းမသိအောင်လွမ်းနေပါမယ့်


တဖတ်သက်အချစ်မို့


ပူလောင်ချင်..ပူလောင်ပါစေ


မင်းကိုဆက်ချစ်နေပါရစေ


ရှောင်ပုန်းကာမနေပါနဲ့..ချစ်မိသူရယ်


တဘက်သက်အချစ်ကို...စာနာလှည့်ပါ


ရှောင်ပုန်းကာ..မပြေးပါနဲ့


ချစ်မိသူရယ်။



အားလုံးကိုလေးစားလျှက်

ရှင်းသန့်မေ

တဘက်ချစ်ခြင်းကလွန်မြောက်နိုင်ပါစေ

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -