Posted by : လက်တွဲဖော် Thursday, January 26, 2012

ထိုင်းနိုင်ငံ Surin ခရိုင်က အသက် ၂၈ နှစ် အရွယ် Yingyuen ဆိုတဲ့ အမျိုးသားတယောက်က ကွယ်လွန်သူ သူ့ချစ်သူရဲ့ ရုပ်အလောင်းနဲ့ မကြာသေးခင်က လက်ထပ်ခဲ့ပါတယ်။

လဲလျောင်းနေတဲ့ ချစ်သူကို လက်ထပ်လက်စွပ် စွပ်ပေးနေပုံဟာ အင်တာနက်မှာ ပျံ့နေပါတယ်။

အသက် ၂၉ နှစ်အရွယ် အမျိုးသမီး Sarinya က ကားအက်ဆီးဒင့်ကြောင့် သေဆုံးသွားတာပါ။

အမျိုးသမီးနဲ့သူနဲ့ တွဲနေတာ ကြာပြီ ဆယ်နှစ်ဝန်းကျင် ရှိပြီ၊ လက်ထပ်ဖို့ ပြောနေတာလည်း ကြာပြီ တဲ့။ သူက လက်ထပ်ဖို့ ကတိပေးခဲ့ပေမယ့် ပညာ ဆက်လက်သင်လိုတာကြောင့် ချက်ချင်း လက်မထပ်ဖြစ်ခဲ့ဘူး တဲ့။

ခုတော့ အမျိုးသမီး ရုတ်တရက် ကွယ်လွန်သွားတဲ့အတွက် သူက လက်ထပ်ပွဲကို မဖြစ်ဖြစ်အောင် လုပ်လိုက်တာပါ။ အသုဘ+လက်ထပ်ပွဲ ပုံတွေကိုလည်း သူ့ ဖေ့စ်ဘုတ်မှာ သူ တင်ထားတယ်လို့ သတင်းတွေက ဆိုတယ်။

သူ့ဖေ့စ်ဘုတ်မှာ အခုလိုလည်း ရေးထားပါတယ် တဲ့။

"ကျနော်တို့အတွက်တော့ ပြင်ဆင်လို့ မရတော့တဲ့ မှားယွင်းမှုကြီးပဲ။ ဘ၀ ဟာ တိုတိုလေး ဆိုတာ မမေ့ပါနဲ့။ ဖြစ်ချင်တာကို လုပ်လိုက်ပါ။ မိဘ၊ မောင်နှမ၊ ကိုယ်ချစ်တဲ့သူတွေကို ဂရုစိုက်ပါ။ အခွင့်အရေးဟာ ထပ်မရပါဘူး"

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -