ညီမလေးရေ............ ဘောလီဘောအားကစား အမျိုးသမီးငယ်တစ်စုကို CCTV သတင်းထောက်တွေက အင်တာဗျူးလုပ်နေတယ်တဲ့ ...။ " ပြိုင်ပွဲမှာ.....ဘယ်အဆင့် ထိ....ရောက်ခဲ့ လဲ? " " ပထမ ပတ်လည်ပွဲမှာတင် ကျွန်မတို့ အဖွဲ့  ရှုံးပြီး ထွက်ခဲ့ ရတယ် " " ဒီလိုဆိုရင်...ကိုယ့် နိုင်ငံအတွက်....အိုလံပစ်အားကစား ပြိုင်ပွဲကနေ....ဘာတွေယူဆောင်သွားနိုင်ခဲ့ သလဲ...." " ကျွန်မတို့ တစ်တွေ အများကြီးယူသွားနိုင်ခဲ့ တယ်...။ကျွန်မတို့ ရဲ့  လက်ဖ၀ါးတွေဟာ ဆုတံဆိပ်တွေကို လက်ခံရယူနိုင်စွမ်း မရှိခဲ့ ပါဘူး....။ ဒါပေမယ့်  အားကစား အသင်းအဖွဲ့ တွေ့ ရဲ့  အားကစားပြိုင်ပွဲအားလုံးကို ဟောဒီလက်တွေနဲ့  အားပေးခဲ့ တယ်...။မုဒိတာ အပြည့်ပါတဲ့  ဟောဒီလက်ဖ၀ါးတွေနဲ့  အားလုံးကို အားပေးခဲ့ တယ်....။ကျွန်မတို့  နိုင်ငံပြန်ရောက်ရင် ........ အားလုံးကိုပြောပြရမယ်...။ဟောဒီလက်ဖ၀ါးတွေနဲ့  အားလုံးကို ကျေကျေနပ်နပ်ကြီး အားပေးခဲ့ တယ်...။ကျွန်မတို့ ရဲ့  မုဒိတာ လက်ဖ၀ါးတွေကို ကျွန်မတို့  လက်ဆောင်အဖြစ် ကျွန်မတို့  တိုင်းပြည်ကို ယူဆောင်သွားမှာပါ "...........။ ကိုယ်မနိုင်ပေမယ့်  သူနိုင်တာကို ကျေနပ်တဲ့ စိတ်....၊ ကိုယ်ရှုံးပေမယ့်  သူမရှုံးတာကို အသိအမှတ်ပြုပေးနိုင်တဲ့  စိတ်....၊ ပြိုင်ပွဲဆိုတာ အနိုင်အရှုံးထက် ဂုဏ်သိက္ခာဆိုတဲ့  စိတ်.....၊ ကောင်းလိုက်တဲ့  စိတ်ဓါတ်နော်....ညီမလေး.....။ " တစ်စုံတစ်ခုကို သင်မရနိုင်တော့ တဲ့ အခါ...အဲ့ ဒီအချိန်မှာ...အဲ့ဒီအရာအတွက် မုဒိတာ( Perfection of Tolerance) ပွားလိုက်ဖို့ ပါပဲ " တဲ့ ......။ ကိုယ် လိုချင်တဲ့ အရာအတွက် အစွမ်းကုန် အားသွန်ခွန်စိုက် ကြိုးစားအားထုတ်ခဲ့ ပေမယ့်  တစ်ခါတစ်ရံ မရနိုင်တာ၊ ဆုံးရှုံးတာမျိုးနဲ့  ကြုံလာတဲ့ အခါ စိတ်ဓါတ်ကျ အရှုံးပေးလိုက်တာထက်...အဲ့ဒီအရာအတွက် မုဒိတာ ပွားလိုက်တာက နှလုံးစိတ်ဝမ်း အေးချမ်းတယ်လေ....။ ရှုတ်ချသံ...ကဲ့ ရဲ့ သံ...ကြားလည်း.... Detach မဖြစ်အောင် နေခြင်းဟာလည်း မုဒိတာပါပဲ ညီမလေးရယ်...။ ဖတ်ရင်း....တွေးရင်း......နဲ့ ....မုဒိတာများ....ပိုင်ဆိုင်သော.....မုဒိတာညီမလေး....ဖြစ်ပါစေလို့ .......။
Post a Comment