
ဟိုးအရင်တုန်းကတော့ မင်္ဂလာဆောင်ဆိုရင် သတို့သမီးကိုပဲ အာရုံစိုက်ကြတော့ သတို့သမီးပဲ လှဖို့လိုတယ် ထင်ကြတယ်လေ။ သတို့သမီးလောင်းတွေကပဲ မင်္ဂလာဆောင်မှာ လှပဖို့ အားစိုက်တတ်ကြတယ်။ သတို့သားတွေကြတော့ မင်္ဂလာဆောင်မှာ မင်္ဂလာဝတ်စုံဝတ် မျက်နှာကိုပေါင်ဒါလိမ်း၊ ဆံပင်ကို ဂျယ်လိမ်းပြီး သပ်သပ်ရပ်ရပ်ဖီးလိုက်ရင် ပြီးသွားရော။ ဂျယ်တောင်မဟုတ်ဘူးနော် အုန်းဆီလေး လိမ်းပြီး ပြီးသွားတာလည်း ရှိသတဲ့။ :D သူ့ခေတ်နဲ့သူကိုနော့။
ခု အရမ်းကို ခေတ်မီဖွံဖြိုးတိုးတတ်လာတဲ့ခေတ်ကြီးမှာ အမျိုးသားတွေနဲ့ အမျိုးသမီးတွေ တန်းတူဖြစ်လာတော့ အမျိုးသားတွေလည်း အလှအပကို စိတ်ဝင်စားလာကြရော။ မင်္ဂလာဆောင်မှာ သတို့သမီးရဲ့ အလှကိုလည်းငေး သတို့သားရဲ့ အလှကိုလည်း ဝေဖန်တတ်လာကြတယ်လေ။ အဲဒီတော့ သတို့သားတွေလည်း ချောမောခန့်ညားနေဖို့ လိုလာပြီပေါ့။ ခုသီတင်းကျွတ်ပြီဆိုတော့ မင်္ဂလာဆောင်တော့မယ့် သတို့သားလောင်းတွေအတွက် မင်္ဂလာဆောင်မှာ သတို့သမီးလေးနဲ့အပြိုင် ချောမောခံ့ညားနေအောင် လူတိုင်းအားကျရလောက်တဲ့ အသွင်ပြင်လေးရအောင် ကြိုတင်ပြင်ဆင်ရမှာတွေကို ပြောပြမယ်နော်။
Body Weight
- သတို့သားက ခန္ဓာကိုယ်အချိုးအစားကျနေမှ မင်္ဂလာဝတ်စုံနဲ့ ပိုကြည့်ကောင်းမှာပေါ့။
- ဒါကြောင့် မင်္ဂလာမဆောင်ခင် ၃ လ အလိုထဲက ကိုယ့်ရဲ့ ကိုယ်အလေးချိန်ကို သတိပြုရတော့မယ်နော်။
- ၃ လဆိုတဲ့ အချိန်က မများဘူးနော်။ ကိုယ်အလေးချိန်က ၀ိုင်းဒိုင်းကြီးချလို့ မရဘဲ။
- ဒါကြောင့် သတို့သားလောင်းလေးတွေ မင်္ဂလာမဆောင်ခင် အနည်းဆုံး ၃ လလောက်လိုထဲက အစားအသောက်ဆင်ခြင်၊ လေ့ကျင့်ခန်းတွေလုပ်ပြီး ကျစ်ကျစ်လစ်လစ်နဲ့ ကြံခိုင်ကြည့်ကောင်းတဲ့ ပုံစံလေးရဖို့ ကြိုးစားသင့်တယ်နော်။
Hair
- ဆံပင်ပုံစံကလည်း ရုပ်သွင်ကို ပြောင်းလဲစေပါတယ်လေ။
- အဲဒီတော့ ကိုယ့်ဘ၀ရဲ့ အရေးကြီးဆုံးနေ့အတွက် ကိုယ်နဲ့လိုက်ဖက်တဲ့အကောင်းဆုံး ဆံပင်ကပုံစံရဖို့အတွက် ကျွမ်းကျင်ပညာရှင်နဲ့ ဆံပင်ညှပ်ပါ။
- အမျိုးသားသီးသန့်ဆိုတဲ့ဆိုင်မှာ ညှပ်ပါ။ ဈေးကြီးရင်လည်း ကြီးပေါ့နော့။ ကိုယ့်ရဲ့ အရေးအကြီး
ဆုံးနေ့အတွက်ပဲကို။ :D
- ဆံပင်ကို မင်္ဂလာမဆောင်ခင် ၁ ပတ် အလိုက ကြိုညှပ်ပါ။
- ဒါမှ အဆင်မပြေတာရှိရင်လည်း ပြန်ညှပ်လို့ရမှာပေါ့။
- ခေါင်းမှာ ဗောက်ထတတ်တဲ့ သတို့သားလောင်းတွေလည်း မင်္ဂလာပွဲမတိုင်ခင်ထဲက ဂရုစိုက်
ဖို့လိုတယ်နော်။
- ဗောက်တွေကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ လေ့လာကြည့်ပါအုံး။
Skin and Facial Care
- မိန်းကလေးတွေပဲ အသားအရေကို ဂရုစိုက်ရမှာဟုတ်ပါဘူး။
- ယောကျာ်းလေးတွေလည်း အသားအရေကို ဂရုစိုက်ထိန်းသိမ်းသင့်တယ်နော်။
- အထူးသဖြင့် သတို့သားလောင်းတွေပါ။
- ဒါမှ မင်္ဂလာပွဲမှာ သန့်ရှင်း ကြည်လင်ပြီး စိုပြေတဲ့အသားအရေနဲ့ အရမ်းကို ခန့်ညားပြီး ကြည့်ကောင်းနေမှာပေါ့။
- အခြေခံ အသားအရေ ထိန်းသိမ်းနည်းတွေကတော့ လုပ်ကိုလုပ်ရမှာပါ။
- နေရောင်ကာလိမ်းဆေးတွေလိမ်းပြီး နေပူထဲသွားမယ်ဆိုရင်လည်း
ထီး၊ ဦးထုပ်စတဲ့ အကာအကွယ်တွေ ပါပါစေနော်။
- မင်္ဂလာပွဲ မတိုင်ခင် ၃ ရက်အလိုမှာတော့ အလှပြင်ဆိုင်ကောင်း
ကောင်းကို သွားပြီး မျက်နှာကို သေသေချာချာ ပေါင်းတင်ပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။
- မင်္ဂလာဆောင်မယ့်မနက်မှာ နူတ်ခမ်းမွေး၊ မုတ်ဆိတ်မွေးတွေကို သေချာရိတ်ပေးရအုံးမှာနော်။
- မင်္ဂလာဝတ်စုံမ၀တ်ခင် မနက်စောစောထဲက ရိတ်နော်။
- မတော်တဆ ဓားရှရင် မင်္ဂလာဝတ်စုံမှာ သွေးမပေအောင်ပါ။
- မရိတ်ခင်ရေနွေးလေး ဆွတ်ထားတဲ့ ပုဝါလေးနဲ့ ရိတ်မယ့်နေရာကို ခဏအုပ်ထားပါ။
- ဒါမှ အမွေးလေးတွေ နူးညြံ့ပီး ရိတ်ရပိုလွယ်တယ်လေ။
- ပြီးတော့ ရေတွေသုတ် Shaving Cream လိမ်းပြီး အမွေးထွက်တဲ့ ဦးတည်ရာ
အတိုင်းသေချာရိတ်ပေးနော်။
- တခြားနေ့တွေထက် ပိုအရေးကြီးတယ်လေ။
- ပြီးရင် Aftershave တစ်ခုခုလိမ်းလိုက်ပေါ့။
- ၀က်ခြံထွက်တတ်တဲ့ သတို့သားတွေကတော့ အသားအရေကို ပိုဂရုစိုက်ရမှာပါ။
- အရမ်းဆိုးရင်တော့ အနည်းဆုံး ၃ - ၄ လ အလိုထဲက အရေပြား အထူးကုဆရာဝန်နဲ့ ပြနော်။
Teeth Care
- သတို့သားရဲ့ သွားအရောင်က ၀ါညစ်နေလို့ ဘယ်ကောင်းပါ့မလဲ။
- အဲဒီတော့ မင်္ဂလာပွဲမတိုင်ခင်လုပ်ရမှာတွေထဲမှာ သွားလေးတွေ ဖြူစင်သန့်ရှင်းနေအောင် လုပ်ရမှာလည်း ပါတာပေါ့။
- သွားဆရာဝန်တွေဆီမှာ သွားတွေဖြူအောင် လုပ်လို့ရပါတယ်။
- အိမ်မှာလုပ်နိုင်တဲ့ နည်းတွေလည်းရှိတယ်နော်။မကြာမီ လာမည် မျှော်.. :D
Mouth and Body Oder
- ခံတွင်းနံ့နံ့တတ်တဲ့၊ ချွေးထွက်များပြီး ချွေးနံနံတတ်တဲ့ သတို့သားလောင်းတွေလည်း ဒီအနံဆိုးတွေ ပျောက်ဖို့ စဉ်းစားရတော့မယ်လေ။
- မင်္ဂလာဆောင်တဲ့မနက်မှာမှ ရေချိုးပြီး ရေမွှေးကောင်းကောင်းတွေသုံးလည်း
ချွေးနံပျောက်သွားမှာ မဟုတ်သလို ခံတွင်းနံ့ပျောက်အောင် မင်္ဂလာပွဲမှာ ပီကေ၀ါးနေလို့မှ မရတာ။
- အဲဒီတော့ သင့်ရဲ့ ခံတွင်းနံ့နံ ချွေးနံသက်သာပျောက်ကောင်းအောင် မင်္ဂလာမဆောင်ခင် ၁ လလောက် အလိုထဲက ကြိုးစားရတော့မယ်ပေါ့။
- ခံတွင်းနံတွေ ချွေးတွင်းနံ့ဆိုးတွေအတွက်ဖြေဆေး ဖတ်ကြည့်နော်။
Nail Care
- သတို့သားကိုလည်း ကြည့်ပြီးဝေဖန်တတ်ကြတဲ့ ခေတ်မှာ သတို့သားရဲ့ လက်သည်းတွေကလည်း ညစ်ပတ်နေတာပဲလို့ အပြောမခံရအောင် လက်သည်း ခြေသည်းတွေကို သေချာညှပ်ပါ။
- လက်သည်း ခြေသည်းတွေရဲ့ ကျန်းမာရေးကိုလည်း ဂရုစိုက်ဖို့လိုတယ်နော်။
- ခြေသည်း လက်သည်းတွေ ခြောက်သွေ့ကွဲအက်နေလား မှာ ဖတ်ကြည့်နော်။
General Tips
- အသားအရေကြည်လင် စိုပြေနေအောင် ကျန်းမာရေးလည်းကောင်းအောင် ကျန်းမာရေးနဲ့ညီညွှတ်ပြီး အာဟာရပြည့်ဝတဲ့ အစားအစာတွေကိုစားပါ။
- အသီးအရွက်များများစားပါ။
- အချို၊ အဆီ၊ အဆီအစိမ့်တွေကိုလျှော့ပါ။
- ရေများများသောက်ပါ။
- လေ့ကျင့်ခန်းလုပ်ပေးနိုင်ရင်တော့ အကောင်းဆုံးပေါ့။
- များများ အနားယူပါ။
- တနေ့ကို ၈ နာရီဖြစ်အောင် အိပ်ပါ။
- မင်္ဂလာပွဲအတွက် အရမ်းကြီးစိတ်မလှုပ်ရှားမနေပါနဲ့ ။
- စိတ်လှုပ်ရှားနေတဲ့အခါ အိပ်ရေးပျက်နိုင်ပါတယ်။
- အသားအရေအတွက်မကောင်းဘူး။
- ပြီးတော့ အာရုံလဲသေချာ မစိုက်နိုင်တော့ မင်္ဂလာပွဲအတွက်
လုပ်စရာတွေ ပြင်ဆင်စရာတွေကိုလည်း သေချာမလုပ်နိုင်ပဲ ဖြစ်နေလိမ့်မယ်။
- ဒါကြောင့် ကိုယ့်ဘ၀ရဲ့ အရေးအကြီးဆုံးနေ့တစ်နေ့ ဖြစ်တဲ့ မင်္ဂလာပွဲနေ့မှာ အစအစ အရာရာ အဆင်ပြေချင်ရင် စိတ်ကို မလှုပ်ရှားအောင် အရင်ထိန်းရမယ်နော်။
- အရမ်းစိတ်လှုပ်ရှားနေရင်တော့ တရားလေးထိုင်ပေးပါ။
Good Night’s Sleep
- မင်္ဂလာပွဲမတိုင်ခင်ညမှာ နောက်နေ့အတွက် စိတ်လှုပ်ရှားနေလို့ အိပ်လို့မှပျော်ပါ့မလား ??
- အိပ်လို့ပျော်မှဖြစ်မှာနော်။ သတို့သားက အိပ်ရေးပျက်ထားလို့ မျက်နှာချောင်နေရင် ဘယ်ကြည့်ကောင်းပါတော့မလဲ။
- အဲ့ဒီတော့ အရမ်းစိတ်လှုပ်ရှားနေရင် ဖြစ်နိုင်ရင် မင်္ဂလာပွဲမတိုင်ခင်ညနေကတည်းက Spa တစ်ခုခုကိုသွားပြီး Aromatherapy လို့ခေါ်တဲ့ မွှေးရနံ့ကုထုံးကို ခံယူပါ။ စိတ်ဖိစီးမှုတွေကို သက်သာစေနိုင်တယ်လေ။
- အိပ်ရာမ၀င်ခင် စိတ်တည်ငြိမ်အောင် တရားထိုင်၊ ယောဂကျင့်၊ တရားစာအုပ်ဖတ်၊ သီချင်းအေးအေးလေးတွေ နားထောင်ပါ။
- အကုန်လုပ်လို့ မပြောဘူးနော်။ တော်ကြာ စိတ်ရှုတ်ပြီး ပိုဆိုးသွားအုံးမယ်။:P ကိုယ်နဲ့ အဆင်ပြေတာလေး တစ်ခုခုလုပ်ပေါ့။
- ပြီးတော့ စိတ်ကိုလျှော့ထားပြီး ကလေးလေးတစ်ယောက်လို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်အောင် အိပ်လိုက်တော့နော်။
- သင့်အတွက် ကောင်းမွန်စွာအိပ်စက်နိုင်မည့်အကြံကောင်းများ ကိုလည်းဖတ်ကြည့်ပါဦး။
On Wedding Day
- မင်္ဂလာပွဲနေ့မှာ မနက်အိပ်ရာကနိုးတာနဲ့ စိတ်လှုပ်ရှားနေမှာ အသေအချာပါပဲနော်။
- အဲဒီတော့ ရေနွေးလေးနဲ့ ရေချိုးလိုက်ပါ။ ဒါဆိုရင် စိတ်ဖိစီးမှုတွေလည်း ပြေပျောက်သွားပြီး တကိုယ်လုံးလည်း လန်းဆန်းသွားမှာနော်။
- ပြီးတော့ အဆာခံနိုင်မယ့် အစားအစာတစ်ခုခုကို ဗိုက်ဝအောင်စားထားပေးပါ။ မင်္ဂလာပွဲအချိန်အတွင်းမှာ ဘာမှစားဖို့အချိန်ရမှာမဟုတ်ဘူးလေ။ ဟိုသွားဒီသွားနဲ့ ဧည့်ခံနေရမှာဆိုတော့ ဗိုက်ပိုဆာမှာ အသေအချာပါပဲ။ သတို့သားက ဗိုက်ဆာနေတဲ့ပုံနဲ့ဆိုရင် ရယ်စရာကောင်းနေမှာပေါ့။ ဒါကြောင့် မင်္ဂလာပွဲမစခင်ဗိုက်ဝအောင် စားထားပေးပါ။
- မင်္ဂလာပွဲမှာ အလျင်စလိုဖြစ်မနေအောင် စောစောစီးစီးကတည်းက အားလုံးအသင့်ပြင်ဆင်ထားမှ ဖြစ်မယ်နော်။
- ရေမွှေးအနံ့သင်းသင်းလေး ဆွတ်ဖို့လည်း မမေ့ပါနဲ့။
- ပြီးတော့ စိတ်လှုပ်ရှားနေရင် စိတ်ကိုလျှော့ပြီး ပေါ့ပေါ့ပါးပါးလေးနေပါ။ ပေါ့ပေါ့ပါးပါး ပြုံးထားပါ။ ကိုယ့်ရဲ့အိပ်မက်မင်္ဂလာပွဲလေးမှာ အပြုံးလေးတွေနဲ့ ဝေဆာနေရမယ့်အစား စိတ်လှုပ်ရှားပြီး ရုပ်တည်ကြီးနဲ့ဖြစ်နေရင် တီးတိုးသဖန်းပိုးစရာတွေ ဖြစ်နေပါလိမ့်မယ်။
ရင်နှင်းပြောတဲ့အတိုင်းသာ သေချာလုပ်မယ်ဆိုရင် သူငယ်ချင်းတို့လည်း အရမ်းကို ခန့်ညားတဲ့သတို့သားလေး ဖြစ်မှာ။ ချစ်ချစ်ကို ဘယ်လိုပြင်ဆင်ပေးရမလဲဆိုတာကိုလည်း အလှဆုံးသတို့သမီးလေးမှာ ဖတ်ကြည့်နော်။ သတို့သားလောင်းတွေအားလုံး ကိုယ့်ရဲ့ အချစ်ဆုံးမိန်းကလေးနဲ့ အလှပဆုံးမင်္ဂလာပွဲကို ဆင်နွဲပြီး
ရိုးမြေကျ ပျော်ရွှင်စွာပေါင်းသင်း နိုင်ပါစေ။
ကျန်းမာရေးနဲ့ အလှအပဗဟုသုတ အတိုအထွာလေးတွေကို Facebook က Myanmar Sky Link Page မှာ ဖော်ပြပေးသွားမှာပါ သူငယ်ချင်းတို့ရေ..။ ဒါကြောင့် Facebook Page ကို Like ပေးထားရင် ပိုအဆင်ပြေမှာပါ။ ပို့စ်တွေ ဘယ်ဘက်က Facebook Like Box မှာလည်း Like လုပ်လို့ ရပါတယ်ရှင်။ Facebook မှာ Like ပေးထားရင် ပို့စ်အသစ်တင်တိုင်း သိနိုင်ပါတယ် သူငယ်ချင်းတို့ရေ.. Thx A Lot !!!
ပို့စ်ကို ကူးယူဖော်ပြမယ်ဆိုရင်
Myanmar Sky Link
(Myanmar Health & Beauty Website)
www.myanmarskylink.com မှ ကူးယူဖော်ပြပါသည်
အမျိုးသမီးတို့likeလုပ်ထားသင့်သောpage
statistics
Popular Posts
-
ပစ္စည်းပျက်သွားလို့ စောင့်မျှော်နေရလို့ စိတ်မရှည်မဖြစ်ကြပါနဲ့ ဗျာ အခုပစ္စည်းလေးရောက်လာပါပြီ သုံးဆောင်လို့ ရပါပြီဗျာ Vimax ( Male Virility...
-
အိမ်ထောင်ရှင် ကိုကိုကြီးတို့အတွက် မိမိချစ်ဇနီးက အိမ်ထောင်ရေးမှာ စိတ်မပါတဲ့ဝေဒနာခံစားနေရရင် အခုဆေးလေးတွေကို ဖြန်းပေးလိုက်ပါ ဖီးဆေး ...
-
မိန်းမကို အလိုလိုက်နိုင်တဲ့ယောင်္ကျား ပျော်ရွှင်မှုကို ရသွားတယ် မိန်းမကို ပိုက်ဆံပေးသုံးနိုင်တဲ့ယောင်္ကျား ကြီးပွားချမ်းသာမှုကို ရသွားတယ် မိ...
-
လူပျိုစစ်ခြင်း/မစစ်ခြင်း နှင့် အပျိုစစ်ခြင်း/မစစ်ခြင်း စကားချီး :::::: ၏အကြောင်းအရာကိုရေးသားရာတွင် ဆေးပညာနှင့်ဆိုင်သော အယူအဆများအပြင် က...
-
မြေဖြူကို မြင်တဲ့  အခါ ကျောင်းဆရာက ကျောင်းသားတွေကို စာသင်ဖို့ အတွက်လို့  တွေးတယ် နားကျပ်ကို မြင်တဲ့ အခါ ဆရာဝန်က ပြည်သူတွေကို ဆေးကုသဖို့ အ...
-
အချစ်တစ်ခုတည်မြဲဖို့ အတွက် နင့်ဘက်က သစ္စာရှိအောင်နေ ငါလဲသစ္စာရှိအောင်နေမယ်လို့ မပြောဘဲ ငါတို့ နှစ်ယောက်ရဲ့ သစ္စာတရားနဲ့ အချစ်ကို စစ...
-
တစ်နေ့တော့ ချစ်သူနှစ်ဦး စကားပြောနေတုန်းမှာ ကောင်မလေးက သူ့ချစ်သူကောင်လေးကို မေးတယ်…။ ကောင်မလေး – “ဘာကြောင့် ကျွန်မကို ကြိုက်တာလဲ ၊ ဘာကြောင့်...
-
အချစ်က ချိုချို ခါးခါး ငါချစ်နေအုံးမှာဘဲ အချစ်က လေပြေဖြစ်ဖြစ် မုန်တိုင်းဖြစ်ဖြစ် ငါချစ်နေအုံးမှာဘဲ အချစ်က အားဆေးတစ်ခွက်ဖြစ်ဖြစ် ...
-
Msg တစ်စောင် Reply ပြန်ဖို့ အတွက် 25 ကျပ်ဘဲကုန်ပါတယ်ဟာ မင်းငါ့ကို 25 ကျပ်ဖိုးလောက်တောင်တန်ဖိုးမ ထားဘူးနော် ဖုန်းဆက်ချင်ပေမဲ့ မင်းနဲ့ ...
-
အမက်မောဆုံးပဲ နင်.အပြုံးလေးများနဲ. ဘာတွေကများငါ.အာ.ဒူးထောက်စေခဲ.သလဲ....ငါအမုန်းဆုံးပဲ..နင်.ဘေးနားရှိတဲ. ဟိုကောင်လေးတွေနဲ. နင်ချစ်သွားမ...
Post a Comment