Posted by : လက်တွဲဖော် Friday, January 27, 2012

မင်္ဂလာပွဲဆိုတာ မိန်းကလေးအများစုအတွက်တော့ အပျော်ဆုံးအချိန်အရေးအကြီးဆုံးနေ့ရက်
ကိုယ့်ရဲ့ စိတ်ကူးယဉ်အိမ်မက်ပဲနော်။ မိန်းကလေးအများစုအတွက်လို့ပြောတာက တချို့မိန်းကလေးတွေကြတော့ ကိုယ်မချစ်မနှစ်သက်တဲ့သူနဲ့ လက်ထပ်ရတာကိုး။ ဘယ်ပျော်ပါ့မလဲနော်။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် မိန်းကလေးတွေဟာ လက်ထပ်ပွဲအတွက် အနဲနဲ့အများတော့ စိတ်လှုပ်ရှားတတ်ကြတာပဲ။ မင်္ဂလာဆောင်တဲ့နေ့မှာလည်း အလှဆုံးဖြစ်အောင် ပြင်ဆင်ကြတယ်။ ကိုယ်ကတပွဲလုံးရဲ့ မင်းသမီးကိုး။ သူများတွေအားကျလောက်အောင် လှနေဖို့လိုတာပေါ့။


လူတွေကလည်း မင်္ဂလာပွဲဆိုရင် သတို့သမီးလှမလှကြည့်ချင်ကြတာ..။ ပွဲလာပရိသတ်မပြောနဲ့ အပြင်လူတွေကပါ သတို့သမီးကို စိတ်ဝင်စားကြလေတော့ သတို့သမီးက ဘယ်လိုပြင်ထားတယ်။ ဘယ်လိုဝတ်ထားတယ်ဆိုတာကြည့်ပြီး ဝေဖန်တတ်ကြတာ။ အဲဒီတော့ ကိုယ်ကအရမ်းကိုလှနေရမှာပေါ့။ အဲဒီလို အရမ်းလှနေဖို့ဆိုတာကလည်း ပွဲနေ့ကျမှ ၀ိုင်းဒိုင်းနဲ့ ထပြင်လိုက်လို့ မရဘူးလေ။ အနည်းဆုံး မင်္ဂလာပွဲမတိုင်ခင် ၂ လလောက်အလိုထဲက ကြိုပြီးပြင်ဆင်ထားဖို့ လိုတယ်နော်။ ဘာတွေ ပြင်ဆင်ထားရမလဲဆိုတော့….။

General Tips

- တစ်နေ့ကို အနည်းဆုံး ၈ နာရီအိပ်ပါ။

- ရေကို တနေ့ကို ဆယ်ခွက်သောက်ပါ။

- အာဟာရပြည့်ဝတဲ့ အစားအစာတွေ များများစားပါ။ အသီးအရွက်တွေနဲ့ သစ်သီးများများစားပေးပါ။ ခရမ်းချဉ်သီးဖျော်ရည်နဲ့ လိမ္မော်သီးဖျော်ရည်တွေကတော့ အသားအရေအတွက်ရော ကျန်းမာရေးအတွက်ပါ အရမ်းကိုကောင်းတယ်နော်။

- အဆီအဆိမ့်၊ အငန်၊ အချိုတွေနဲ့ ရယ်ဒီမိတ်စားစရာတွေကို ရှောင်ပါ။ မရှောင်နိုင်ရင်တောင် လျှော့စားပါ။

- အချိုရည်တွေ သောက်မယ့်အစား လတ်ဆတ်တဲ့ သဘာဝသစ်သီးဖျော်ရည်တွေကို သောက်ပေးပါ။

Skin Care Tips

- အခြေခံအသားအရေထိန်းသိမ်းခြင်း အဆင့် ၄ ဆင့်ကိုတော့ မဖြစ်မနေလုပ်ပေးပါ။

- နေရောင်ကာကွယ်တဲ့ လိမ်းဆေးတွေကို နေ့ဘက် အပြင်မထွက်ခင် မိနစ်၂၀ အလိုမှာ လိမ်းပါ။

- အပြင်ထွက်တိုင်း ထီး ဦးထုပ် မျက်မှန်စတဲ့ အကာအကွယ်တွေ ပါပါစေ။

- တစ်ပတ်ကို ၂ ခါမျက်နှာချေးချွတ်ပါ။ Scrub သုံးရင် ရပါတယ်။

- တစ်လကို တစ်ခါ မျက်နှာပေါင်းတင်ပါ။

- နေ့တိုင်း အနည်းဆုံး မိနစ် ၂၀ လောက် ကိုယ်လက်လှုပ်ရှားမှု လုပ်ပါ။

- မင်္ဂလာပွဲမတိုင်ခင် ၄- ၅ ရက် အလိုမှာတော့ အလှပြင်ဆိုင်ကောင်းကောင်းကို သွားပြီး အသားအရည်ကို သေချာထိန်းသိမ်းမှု ခံယူပါ။

- စိတ်ဖိစီးမူလျှော့နည်းအောင် တရားထိုင်တာ၊ ယောဂကျင့်တာတွေလုပ်ပေးပါ။ စိတ်ဖိစီးမှုများနေရင် အိပ်ရေးပျက်တာ၊ ၀က်ခြံတွေထွက်တာတွေ ဖြစ်နိုင်တယ်လေ။

- တကယ်လို့ ၀က်ခြံတွေ ဆိုးဆိုးဝါးဝါးထွက်တာမျိုးလို အရေပြားပြဿနာတွေရှိနေရင်တော့ အရေပြားအထူးကုဆရာဝန်ကြီးတွေနဲ့ စောစောစီးစီး ပြသပြီး ကုသမှုခံယူထားသင့်တယ်နော်။

Body Care Tips

- အသားအရေလေး နူးညံ့စိုပြေနေအောင် ရေချိုးပြီးတိုင်း အစိုဓာတ်လိမ်းခရမ် သို့မဟုတ် လိုးရှင်းလေး လိမ်းပေးပါ။

- အပြင်မထွက်ခင် ခန္ဓာကိုယ်ကိုလည်း နေရောင်ကာလိမ်းဆေး လိမ်းပေးပါ။

- မျက်နှာကို ချေးချွတ်ပေါင်းတင်လုပ်ပေးသလို ခန္ဓာကိုယ်ကိုလည်းလုပ်ပေးပါ။ ဒါမှ မျက်နှာနဲ့ ခန္ဓာကိုယ်အသားအရောင် ညီမှာပေါ့။

- မျက်နှာတစ်ခုထဲလှပြီး ခန္ဓာကိုယ်က ဖြစ်ချင်သလို ဖြစ်နေလို့မဖြစ်ဘူးလေ။

- အထူးသဖြင့် အနောက်တိုင်းဝတ်စုံဝတ်မယ့် သတို့သမီးလေးတွေအတွက် ပိုလိုတာပေါ့။

- အသားအရေခြောက်သွေ့ပြီး ညိုမည်းနေတဲ့ တတောင်ဆစ်တွေ၊ ဒူးတွေ၊ ခြေမျက်စိတွေအတွက်လည်း သေချာပြုစုပေးပါဦး။

Hair Care Tips

- မင်္ဂလာပွဲမှာ ဆံထုံးထုံးမယ့် သတို့သမီးလောင်းလေးတွေအတွက်တော့ ကိစ္စမရှိပေမယ့် အနောက်တိုင်းဝတ်စုံဝတ်ပြီး ဆံပင်ကိုချထားမယ့် သတို့သမီးလောင်းလေးတွေအတွက်တော့ ဆံပင်လေးတွေ လှပပျော့ပျောင်းနေဖို့လိုတာပေါ့။

- အဲ့ဒီတော့ မင်္ဂလာမဆောင်ခင်၂လလောက်အလိုကတည်းက ဆံပင်လေးတွေကို ဂရုစိုက်ဖို့လိုလာပြီပေါ့။

- မြင်သူငေးလောက်စရာ ပိုးသားဆံနွယ်လေးများမှာ ဖတ်ကြည့်နော်။

- ပြီးတော့ ခေါင်းလျှော်ပြီးတိုင်း သံလွင်ဆီ (သို့) Hair Coat အမြဲလိမ်းပေးဖို့ မမေ့ပါနဲ့။

Nail Care

- တကိုယ်လုံးလှနေရမယ့် မင်္ဂလာပွဲနေ့မှာ ခြေသည်း၊ လက်သည်းလေးတွေလည်း လှပနေမှဖြစ်မှာပေါ့။

- ခြေသည်းလက်သည်းတွေ ကြွပ်ဆတ်အက်ကွဲနေလား မှာ ဖတ်ကြည့်ပြီး ဂရုစိုက်လိုက်ပါဦးနော်။

Do Get A Good Night’s Sleep

- မင်္ဂလာပွဲမတိုင်ခင်ညမှာ နောက်နေ့အတွက် စိတ်လှုပ်ရှားနေလို့ အိပ်လို့မှပျော်ပါ့မလား ??

- အိပ်လို့ပျော်မှဖြစ်မှာနော်။ သတို့သမီးလေးက အိပ်ရေးပျက်ထားလို့ မျက်နှာလေးချောင်နေရင် ဘယ်လှပါတော့မလဲ။

- အဲ့ဒီတော့ အရမ်းစိတ်လှုပ်ရှားနေရင် ဖြစ်နိုင်ရင် မင်္ဂလာပွဲမတိုင်ခင်ညနေကတည်းက Spa တစ်ခုခုကိုသွားပြီး Aromatherapy လို့ခေါ်တဲ့ မွှေးရနံ့ကုထုံးကို ခံယူပါ။ စိတ်ဖိစီးမှုတွေကို သက်သာစေနိုင်တယ်လေ။

- အိပ်ရာမ၀င်ခင် စိတ်တည်ငြိမ်အောင် တရားထိုင်၊ ယောဂကျင့်၊ တရားစာအုပ်ဖတ်၊ သီချင်းအေးအေးလေးတွေ နားထောင်ပါ။

- အကုန်လုပ်လို့ မပြောဘူးနော်။ တော်ကြာ စိတ်ရှုတ်ပြီး ပိုဆိုးသွားအုံးမယ်။:P ကိုယ်နဲ့ အဆင်ပြေတာလေး တစ်ခုခုလုပ်ပေါ့။

- ပြီးတော့ စိတ်ကိုလျှော့ထားပြီး ကလေးလေးတစ်ယောက်လို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်အောင် အိပ်လိုက်တော့နော်။

- သင့်အတွက် ကောင်းမွန်စွာအိပ်စက်နိုင်မည့်အကြံကောင်းများ ကိုလည်းဖတ်ကြည့်ပါဦး။

On Wedding Day

- မင်္ဂလာပွဲနေ့မှာ မနက်အိပ်ရာကနိုးတာနဲ့ စိတ်လှုပ်ရှားနေမှာ အသေအချာပါပဲနော်။

- အဲဒီတော့ ရေနွေးလေးနဲ့ ရေချိုးလိုက်ပါ။ ဒါဆိုရင် စိတ်ဖိစီးမှုတွေလည်း ပြေပျောက်သွားပြီး တကိုယ်လုံးလည်း လန်းဆန်းသွားမှာနော်။

- ပြီးတော့ အဆာခံနိုင်မယ့် အစားအစာတစ်ခုခုကို ဗိုက်ဝအောင်စားထားပေးပါ။ မင်္ဂလာပွဲအချိန်အတွင်းမှာ ဘာမှစားဖို့အချိန်ရမှာမဟုတ်ဘူးလေ။ ဟိုသွားဒီသွားနဲ့ ဧည့်ခံနေရမှာဆိုတော့ ဗိုက်ပိုဆာမှာ အသေအချာပါပဲ။ သတို့သမီးလေးက ဗိုက်ဆာနေတဲ့ပုံနဲ့ဆိုရင် ရယ်စရာကောင်းနေမှာပေါ့။ ဒါကြောင့် မင်္ဂလာပွဲမစခင်ဗိုက်ဝအောင် စားထားပေးပါ။

- မင်္ဂလာပွဲမှာ အလျင်စလိုဖြစ်မနေအောင် စောစောစီးစီးကတည်းက အားလုံးအသင့်ပြင်ဆင်ထားမှ ဖြစ်မယ်နော်။

- ရေမွှေးအနံ့သင်းသင်းလေး ဆွတ်ဖို့လည်း မမေ့ပါနဲ့။

- ပြီးတော့ စိတ်လှုပ်ရှားနေရင် စိတ်ကိုလျှော့ပြီး ပေါ့ပေါ့ပါးပါးလေးနေပါ။ ပေါ့ပေါ့ပါးပါး ပြုံးထားပါ။ ကိုယ့်ရဲ့အိပ်မက်မင်္ဂလာပွဲလေးမှာ အပြုံးလေးတွေနဲ့ ဝေဆာနေရမယ့်အစား စိတ်လှုပ်ရှားပြီး ရုပ်တည်ကြီးနဲ့ဖြစ်နေရင် တီးတိုးသဖန်းပိုးစရာတွေ ဖြစ်နေပါလိမ့်မယ်။

ဒီလောက်ဆိုရင် သတို့သမီးလောင်းလေးတွေအတွက် ပြင်ဆင်စရာလေးတွေ တော်တော်စုံသွားပါပြီ။ ချစ်ချစ်အတွက် လူပျိုဘ၀ကို တာ့တာပြတော့မယ့် သတို့သားလောင်းများအတွက် ကို ဖတ်ကြည့်ပါအုံး။ ကိုယ့်ဘ၀ရဲ့ အရေးအကြီးဆုံး ပျော်စရာနေ့လေးအတွက် သေချာပြင်ဆင်ထားရမှာပေါ့နော်။ ရင်နှင်းရဲ့ချစ်သူငယ်ချင်းသတို့သမီးလောင်းလေးတွေလည်း မင်္ဂလာပွဲမှာ လူတကာအားကျငေးမောလောက်ရတဲ့ အလှဆုံးသတို့သမီးလေးဖြစ်ပြီး သာယာချမ်းမြေ့ပြီး ပျော်စရာကောင်းတဲ့ဘ၀လမ်းလေးကို ချစ်သောသူနဲ့ ထာဝရသက်ဆုံးတိုင် ရိုးမြေကျပေါင်းဖက်ပြီး လျှောက်လှမ်းနိုင်ပါစေရှင်။

ကျန်းမာရေးနဲ့ အလှအပဗဟုသုတ အတိုအထွာလေးတွေကို Facebook က Myanmar Sky Link Page မှာ ဖော်ပြပေးသွားမှာပါ သူငယ်ချင်းတို့ရေ..။ ဒါကြောင့် Facebook Page ကို Like ပေးထားရင် ပိုအဆင်ပြေမှာပါ။ ပို့စ်တွေ ဘယ်ဘက်က Facebook Like Box မှာလည်း Like လုပ်လို့ ရပါတယ်ရှင်။ Facebook မှာ Like ပေးထားရင် ပို့စ်အသစ်တင်တိုင်း သိနိုင်ပါတယ် သူငယ်ချင်းတို့ရေ.. Thx A Lot !!!

ပို့စ်ကို ကူးယူဖော်ပြမယ်ဆိုရင်

Myanmar Sky Link
(Myanmar Health & Beauty Website)
www.myanmarskylink.com မှ ကူးယူဖော်ပြပါသည်

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -