Posted by : လက်တွဲဖော် Saturday, February 23, 2013

* ဟော .. သူ online တက်လာပြီ။ ငါ သူ့ကို သွားပြီးနှုန်ဆက်ရင်ကောင်းမလား ??
( မဖြစ်သေးပါဘူးလေ .. သူ ငါ့ accountကိုမြင်ရင် စိတ်ရှုပ်သွားပါဦးမယ် ။ ဒီအတိုင်းလေးပဲ offline ပြပြီး သူ့ account လေးကို ကြည့်နေလိုက်ပါတော့မယ် )


* ဟော .. သူ facebook ပေါ်မှာ ကဗျာလေးတွေ ဓါတ်ပုံလေးတွေ တင်နေပြီ ။ ငါဝင်ပြီး comment ပေးရင်ကောင်းမလား ??
( မဖြစ်သေးပါဘူးလေ .. တော်ကြာ ငါcomment ပေးတာကိုသူမကြိုက်လို့ အားလုံးကို delete လုပ်သွားပါဦးမယ် ။ ဒီအတိုင်းလေးပဲ သူရေးတဲ့စာလေးတွေ ဓါတ်ပုံလေးတွေကို ထိုင်ကြည့်နေတာပဲကောင်းပါလိမ့်မယ် )


* အင်း ! ငါ ဒီည သူ့ဆီကို Message ပို့လိုက်ရင်ကောင်းမလား ??
( မဖြစ်သေးပါဘူးလေ .. သူ့ဘက်က "သူ့ဆီနောက်ထပ် message တွေမပို့ပါနဲ့တော့" လို့ reply များပြန်လာရင် ငါပဲ ရင်ကျိုးရချည်ရဲ့ )


* လွမ်းလိုက်တာ !! ငါ့မာနတွေချပြီး သူ့ဆီဖုန်းခေါ်လိုက်ရင်ကောင်းမလား ??
( မဖြစ်သေးပါဘူး .. တော်ကြာ ငါဖုန်းထပ်ဆက်မှာစိုးလို့ သူ့ဘက်က စက်ပိတ်ပစ်သွားရင် ဒုက္ခ !! )


* ဟော !! သူပါလား ! မတွေ့ရတာတောင် တော်တော်ကြာနေပြီ ။ သူတော်တော်ပြောင်းလဲသွားပြီပဲ ။ ငါ သွားနှုတ်ဆက်လိုက်ရင် ကောင်းမလား ??
( မဖြစ်သေးပါဘူးလေ .. ငါ့ကိုတွေ့လို့ သူမျက်နှာပျက်သွားရင် ဒုက္ခ!! ငါ ဆိုတဲ့လူကလည်း သူ့မျက်နှာလေးညှိုးမှာတောင် မကြည့်ရက်သူကိုး !! )

* တခါတလေ ကိုယ့်ချစ်သူ ပျော်ရွှင်စေဖို့ ဟန်ဆောင်လိမ်ညာရခြင်းကလည်း ကိုယ့်နှလုံးသားကို နာကျင်စေခဲ့ပါတယ် *




{ မယ်ပိုး }

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -