Posted by : လက်တွဲဖော် Saturday, February 23, 2013

နင်ကြိုးဆွဲရာ ကတတ်တဲ့
ရုပ်သေးရုပ်လေးက
ကြိုးပြတ်သွားလို့
နှမျော နေတာလား
ရုပ်သေးရုပ်လေးက
ပိုခံစားရပါတယ်ဟာ

နင်တီးနေတဲ့ ဂီတာလေး
ပျက်စီးသွားလို့
စိတ်မကောင်းဖြစ်နေတာလား
ဂစ်တာလေးက
ပိုပြီး ကြွေကွဲရပါတယ်

နင့်ရင်ထဲက ကြယ်လေး
ကြွေကျ သွားလို့
မျက်နှာ ငြိုးနေတာလား
ကြယ်လေးက
ဘဝတစ်ခုလုံး သေဆုံးခဲ့ရတာပါ

အဲ့ဒီ ရုပ်သေးရုပ်လေးက
အဲ့ဒီ ဂီတာလေးက
အဲ့ဒီ ကြယ်လေးက
ငါသာဆို နင်ဝမ်းနည်းဖြစ်မှာပါ
ငါကတော့ နှလုံးသားတစ်ခုလုံး
ကြေမွခဲ့ရတာ

Htet Myat

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -