Posted by : လက်တွဲဖော်
Friday, November 30, 2012
တစ်နေ့ တစ်နေ့
ငေးကြည့်ယုံလေးနဲ့တော့
ရင်ထဲကအချစ်တွေ ဘယ်အချိန်ထိ
ခေါက်ထားရမှာလဲ ကောင်မလေးရယ်
တကယ်တော့ နှလုံးသားဟာ
အမှည့်လွန်သစ်သီးတစ်လုံးလို
နင်သာကောက်ယူစားသုံးမယ်ဆိုရင်
ကြွေချင်နေတာကြာပါပြီ
ဒါပေမယ့်
အေးစက်စက်မင်းမျက်ဝန်းတွေကြောင်
့
ခံစားချက်တွေတောင့်တင်းခဲ့တယ်
ဖွင့်အန်ပြောပြဖို့
စကားလုံးတွေ ပျောက်ဆုံးခဲ့တယ်
ဘယ်အချိန်မှ ရောက်လာမလဲမသိပေမယ့်
ငါ့ဘူတာရုံလေးကတော့
မျော်လင့်ခြင်း များစွာနဲ့
လည်တစ်ဆန့်ဆန့်ပေါ့
ကောင်မလေးရယ်
ခံစားချက်တွေတောင့်တင်းခဲ့တယ်
ဖွင့်အန်ပြောပြဖို့
စကားလုံးတွေ ပျောက်ဆုံးခဲ့တယ်
ဘယ်အချိန်မှ ရောက်လာမလဲမသိပေမယ့်
ငါ့ဘူတာရုံလေးကတော့
မျော်လင့်ခြင်း များစွာနဲ့
လည်တစ်ဆန့်ဆန့်ပေါ့
ကောင်မလေးရယ်
Post a Comment