Posted by : လက်တွဲဖော် Friday, November 30, 2012


စိတ်ချပါချစ်သူ မင်းလေးကလွဲရင်..

ဒီရင်ခွင်မှာ..ဘယ်သူကိုမှခိုဝင်ခွင့်...မပေးဘူးဆိုတာ...
စိတ်ချပါချစ်သူ မင်းလေးကလွဲရင်...

ငါ့ရင်ခွင်တံခါးလေး..သော့ခတ်ထားတယ်ဆိုတာ...


စိတ်ချပါချစ်သူ မင်းလေးကလွဲရင်...

ငါ့အတွေးလေးထဲကိုတောင်...ဖြတ်သန်းခွင့်...တားမြစ်ပိတ်ပင်ထားတယ်ဆိုတာ

စိတ်ချပါချစ်သူ မင်းလေးကလွဲရင်...

ငါ့ဘ၀တစ်ခုလုံး...ပုံအပ်..ပေးဆပ်ရမယ့်သူမရှိဘူးဆိုတာ...။

စိတ်ချပါချစ်သူ မင်းလေး ကလွဲရင်

ငါမှာ မြတ်နိုးတန်းဖိုးထားရမယ် သူမ၇ှိဘူးဆိုတာ

စိတ်ချပါချစ်သူ မင်းလေး ကလွဲရင်

ငါမှာလွမ်းဆွတ်သတိရ စရာမရှိဘူးဆိုတာ

စိတ်ချပါချစ်သူ မင်းလေး ကလွဲရင်

ငါမှာ သီချင်းတွေကဗျာတွေ သီဆိုပြဖို့မရှိဘူးဆိုတာ

စိတ်ချပါချစ်သူ ချစ်သူ

ငါနှလုံးသား က မင်း ကလွဲရင် ဘယ် သူကိုမှ လက်မခံဘူးဆိုတာ ....။

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -