Posted by : လက်တွဲဖော် Sunday, October 14, 2012


လူတွေကပြောတယ်
လောကကြီးမှာ အချစ်မရှိရင်
မပြည့်စုံဘူးတဲ့
ဟဟဟဟ လို့
ငါပြက်ရယ်ခဲ့ဖူးပါတယ်ချစ်သူ
လူတွေကပြောတယ်
လောကကြီးမှာ အချစ်ရှိမှ
ပျော်ရွှင်ပြည့်စုံတာတဲ့
ဒီတစ်ခါလည်း
ငါဟားတိုက်ခဲ့မိတယ်ချစ်သူ
လူတွေကပြောတယ်
အချစ်မရှိရင် အသက်မရှင်ချင်ဘူးတဲ့
ငါခနဲ့ပြီးပြန်ပြောလိုက်တယ်ချစ်သူ
အရမ်းမပိုလွန်းဘူးလားလို့
လူတွေကပြောတယ်
အချစ်ဆိုတာ ခွန်အားအကြီးဆုံးပဲတဲ့
ငါမဲ့ပြုံးလေးပြုံးပြီး ခေါင်လေးကို အသာခါမိပါတယ်ချစ်သူ
ဒါတွေက မင်းနဲ့မတွေ့ခင်အချိန်တုန်းကပေါ့
အခုချိန်မှာ တော့ လူတွေက အဲလိုပြောရင်
ငါလေ ပုတ်သင်ညိုလေး တစ်ကောင်လိုပဲ
ခေါင်းလေးကို မပြတ်ငြိမ့်နေမိမှာ သေချာတယ် ချစ်သူ
မင်းရဲ့ အချစ်တွေကြောင့်
ကိုယ့်ဘ၀ကြီး ပြည့်စုံခဲ့တယ် မင်းရဲ့ အကြင်နာတွေကြောင့်
ပျော်ရွှင်စရာတွေပြည့်နှက်ခဲ့တယ်
မင်းအပြုံးလေးကြောင့် ကိုယ့်နှလုံးသားလေး
ရှင်သန်လှုပ်ရှားခဲ့ရတယ် ချစ်သူ
ဒါကြောင့်မင်းကို ကိုယ်တောင်းဆိုပါတယ်
ကိုယ့်ကို ဘယ်တော့မှ ခွဲမသွားပါနဲ့ကွာ
မင်းအချစ်နဲ့ ကိုယ်အသက်ဆက်ရှင်နေတာပါ ချစ်သူ...........လူတွေကပြောတယ်
လောကကြီးမှာ အချစ်မရှိရင်
မပြည့်စုံဘူးတဲ့
ဟဟဟဟ လို့
ငါပြက်ရယ်ခဲ့ဖူးပါတယ်ချစ်သူ
လူတွေကပြောတယ်
လောကကြီးမှာ အချစ်ရှိမှ
ပျော်ရွှင်ပြည့်စုံတာတဲ့
ဒီတစ်ခါလည်း
ငါဟားတိုက်ခဲ့မိတယ်ချစ်သူ
လူတွေကပြောတယ်
အချစ်မရှိရင် အသက်မရှင်ချင်ဘူးတဲ့
ငါခနဲ့ပြီးပြန်ပြောလိုက်တယ်ချစ်သူ
အရမ်းမပိုလွန်းဘူးလားလို့
လူတွေကပြောတယ်
အချစ်ဆိုတာ ခွန်အားအကြီးဆုံးပဲတဲ့
ငါမဲ့ပြုံးလေးပြုံးပြီး ခေါင်လေးကို အသာခါမိပါတယ်ချစ်သူ
ဒါတွေက မင်းနဲ့မတွေ့ခင်အချိန်တုန်းကပေါ့
အခုချိန်မှာ တော့ လူတွေက အဲလိုပြောရင်
ငါလေ ပုတ်သင်ညိုလေး တစ်ကောင်လိုပဲ
ခေါင်းလေးကို မပြတ်ငြိမ့်နေမိမှာ သေချာတယ် ချစ်သူ
မင်းရဲ့ အချစ်တွေကြောင့်
ကိုယ့်ဘ၀ကြီး ပြည့်စုံခဲ့တယ် မင်းရဲ့ အကြင်နာတွေကြောင့်
ပျော်ရွှင်စရာတွေပြည့်နှက်ခဲ့တယ်
မင်းအပြုံးလေးကြောင့် ကိုယ့်နှလုံးသားလေး
ရှင်သန်လှုပ်ရှားခဲ့ရတယ် ချစ်သူ
ဒါကြောင့်မင်းကို ကိုယ်တောင်းဆိုပါတယ်
ကိုယ့်ကို ဘယ်တော့မှ ခွဲမသွားပါနဲ့ကွာ
မင်းအချစ်နဲ့ ကိုယ်အသက်ဆက်ရှင်နေတာပါ ချစ်သူ...........

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -