Posted by : လက်တွဲဖော် Friday, October 12, 2012

ကောင်မလေးတွေ သိသင့်တဲ့ကောင်လေးတွေ အကြောင်း


(1) ကောင်လေးတွေက ကိုယ်ချစ်သူကို ကိုယ်သာလှလှပပလေးမြင်စေချင်ကြတာ
တခြားကောင်လေးတွေ လှမ်းကြည့်ရင်တောင် မကြိုက်တတ်ကြဘူး အဲတော့ချစ်သူ
အရှေ့တော့ အစွမ်းကုန်အလှပြင်ပေါ့

(2) ကောင်လေးတွေက သူငယ်ချင်းအများစုနဲ့သွားလားနေတဲ့အချိန် သူပြောတဲ့စကားကို
ဂရုတစိုက်နားထောင်ပေးတဲ့ ကောင်မလေးမျိုးကို လိုလားတယ်
(becaues ) သူပြောနေတဲ့အချိန် ကောင်မလေးက တခြားသူငယ်ချင်းတွေနဲ့ တခုခုပြောဆိုနေမယ်ဆို
သူရင်ထဲ မှာ ကောင်မလေးသူကို အလေးနက်မထားဘူးဆိုပြီ စိတ်မကောင်းဖြစ်နေလိမ့်မယ်

(3) ကောင်လေးတွေက တချက်ချက်တော့ ရစ်တတ်တယ်နော် သူအိမ်နဲ့အဆင်မပြေလို့ဖြစ်ဖြစ်
သူအလုပ်မှာ အဆင်မပြေတာလေးဘဲ ရှိရှိ ကောင်မလေးကို သူနည်းနည်းတော့ရစ်မယ်
အဲချိန်မေးကြည့်ပါ စိတ်ညစ်စရာဘာများရှိလဲဆိုတာကို

(4) ကောင်လေးတွေ လိုအပ်တာ လှပမှုမဟုတ်ဘူး လှနေဖို့မလိုဘူး
သူမျက်စိထဲမှာ ချစ်နေရင်လှနေပြီးသားပါ
မိန်းမပီသတဲ့ မိန်းမမျိုးလိုအပ်တာပါ

(5) ကောင်လေးတွေ ချစ်သူကို သ၀န်တိုသလို
ကောင်မလေးတွေလဲ သ၀န်တိုတတ်ကြတာပါဘဲ
ကောင်လေးတွေက တော့ ပျော်နေတတ်တယ်
ငါချစ်သူ ငါကိုသ၀န်တိုတာ ချစ်လို့ဆိုပြီတော့ပေါ့

(6) ကောင်လေးတွေက လုပ်ငန်းအတွက်ဘဲဖြစ်ဖြစ်
သူအကြောင်းအရာတခုကို ဆွေးနွေးနေတဲ့အချိန်
သူဘက်ကမဟုတ်ဘဲ တခြားဘက်က လိုက်မပြောပေးပါနဲ့
သူတို့က အရာရာကို ကောင်မလေးတွေ အထင်ကြီးနေဖို့
ကြိုးစားနေတာပါ

(7) ဘယ်လောက်မာနကြီးတဲ့ ကောင်လေးဖြစ်ဖြစ်
သူချစ်သူရှေ့ရောက်ရင် အနည်းဆုံး တခါတော့ ချောခံဖူးခြင်းမှာ ဘ၀ပါဘဲ


ချစ်သောသူနဲ့ဘ၀ကို ထာဝရလက်တွဲနိုင်ပါစေ.........:)

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -