Posted by : လက်တွဲဖော်
Monday, September 24, 2012
သူမက ဝချင်ဝမယ်
ဒါပေမဲ့ သူမကိုဘယ်တော့မှလက်တွဲမဖြုတ်တဲ့ လက်တစုံကို ပိုင်ဆိုင်ထားပါတယ်
သူကလည်း ရုပ်ဆိုးချင်ဆိုးမယ်
ဒါပေမဲ့ဘယ်တော့မှ သူ့အပေါ်
မပြောင်းလဲမဲ့နှလုံးသားတခုကိုပိုင်ဆိုင်ထားပါတယ်
သူမ အရမ်းချောတယ်
သူကလည်း ရုပ်အရမ်းရုပ်ဖြောင့်တယ်
ဒါပေမဲ့သူတို့အချစ်တွေဟာမတည်ငြိမ်ဘူး ခဏခဏကံဆိုးနေကြတယ်
တခါတလေကျတော့သင်တို့ရဲ့အပေါ်ယံအလှ အပေါ်ယံပြည့်စုံမှုတွေဟာ အချစ်စစ်ကိုရှာရခက်တယ်
တကယ်တမ်းကျတော့
ဝသည်ဖြစ်စေ ပိန်သည်ဖြစ်စေ
ရုပ်ချောသည်ဖြစ်စေ ရုပ်မချောသည်ဖြစ်စေ
အဓိကကသင့်ကို ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် မခွဲခွာသွားမဲ့လက်တစုံကို
ပိုင်ဆိုင်ထားနိုင်ဖို့ကအရေးကြီးဆုံးပဲလေ
ခင်မင်လျက်
ကောင်မလေးရဲ့ကောင်ကလေး

Post a Comment