Posted by : လက်တွဲဖော် Monday, September 24, 2012

ကောင်လေးတစ်ယောက် ဆံပင်ညှပ်ဆိုင်တစ်ဆိုင်ထဲဝင်လာတဲ့အချိန် ဆံသဆရာဟာ သူဆံပင်ညှပ်ပေးနေတဲ့ လူငယ်ကိုတိုးတိုးပြောလိုက်တယ် …

“အဲ့ကောင်လေးဟာ ကမ္ဘာပေါ်မှာ အတုံးဆုံး အ,အဆုံးကောင်လေးပဲ … ကြည့်နေ~ ငါမင်းကို သက်သေပြမယ်”

ဆံသဆရာဟာ လက်တစ်ဖက်မှာ ၁၀၀၀ တန် တစ်ရ

ွက်… နောက်တစ်ဖက်မှာ၂၀၀ တန်နှစ်ရွက်ကိုင်ပြီး ကောင်လေးကိုခေါ်မေးလိုက်တယ် …

“ဘယ်တစ်ခုကိုယူမလဲ ကောင်လေး??”

ကောင်လေးဟာ ၂၀၀တန် နှစ်ရွက်ကိုယူပြီး ထွက်သွားခဲ့တယ် …

“ငါမင်းကိုပြောတယ်မလား?? ဒီကောင်လေးအရမ်းအ,ပါတယ်လို့…” ဆံသဆရာက လူငယ်ကိုပြောလိုက်တယ် …

လူငယ် ဆံပင်ညှပ်ပြိးလို့ ဆိုင်ထဲကထွက်လာချိန်မှာ မျက်နှာချင်းဆိုင်စတိုးကနေ ရေခဲမုန့်ဝယ်ပြီး ထွက်လာတဲ့ကောင်လေးကိုတွေ့လိုက်လို့ လှမ်းခေါ်လိုက်တယ် …

လူငယ်: “ညီလေး မင်းကိုငါတစ်ခုမေးလို့ရမလား?? မင်းဘာလို့ တစ်ထောင်တန်မယူဘဲ နှစ်ရာတန် နှစ်ရွက်ကို ယူတာလဲ??”

အဲ့ဒီမှာ ကောင်လေးပြန်ဖြေလိုက်တာကတော့ …

“ကျွန်တော်သာ တစ်ထောင်တန်ယူလိုက်ရင် နောက်တခါ အဲ့လူကြီး ဒီလိုဘယ်လုပ်တော့မလဲဗျာ …” တဲ့!!

++++++++++++++++++++++++++++++++++++++++++++++++++++++++++

***လူတစ်ယောက်ကို ငတုံး,ငအလို့ထင်တာဟာ သင့်ကိုယ်သင် အရူးလုပ်နေသလိုပါပဲ … တစ်ခါတလေမှာ တကယ်အ,တဲ့ တုံးတဲ့လူက သူမဟုတ်ဘဲ ကိုယ်ဖြစ်သွားတတ်တယ်လေ…***

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -