Posted by : လက်တွဲဖော် Tuesday, August 28, 2012


ချစ်သူ .. ငါဟာ .. သ၀န်ကြောင်တတ်သူ တစ်ယောက်မဟုတ်သလို ဝေဿန္တရာလို .. ချစ်သူကို စွန်လွှတ်နိုင်လောက်တဲ့ ပါရမီရှင် တစ်ယောက် မဟုတ်ခဲ့ဘူး …. ချစ်သူတိုင်းမှာ .. သ၀န်တိုခြင်းမကင်းဘူးတဲ့ ဒါပေမယ့် .. ချစ်သူကို လွတ်လပ်စေချင်တဲ့ ငါ .. မင်း အပေါ်မှာ နည်းနည်းလေးမှ သ၀န်မတိုခဲ့ပါဘူး .. အရာရာကို ငါသည်းခံ နားလည်ပေးခဲ့တယ် …. ။ ချစ်သူ .. မင်းဟာ .. ငါ့နှုတ်က ချစ်တယ်လို့ ပြောခဲ့ဖူးတဲ့ တစ်ဦးတည်းသူ ဖြစ်သလို .. ငါ့ဘ၀အတွက် .. လက်တွဲဖော်တစ်ယောက်အဖြစ် လက်ထပ်ခွင့်တောင်းခဲ့ဖူးတဲ့ တစ်ဦးတည်းသောသူပါ .. ချစ်သူ .. တစ်ချိန်ချိန်မှာ ငါမင်းကို လက်ထပ်ပါရစေ .. ခုချိန်မှာတော့ .. ငါတစ်ယောက်တည်း နေခွင့်ပြုပါ … ငါရဲ့ စိတ်တွေကို ယာယီ လွတ်လပ်ခွင့်ပေးပါ …

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -