Posted by : လက်တွဲဖော်
Tuesday, August 28, 2012
ရုပ်ချောတဲ့ မိန်းမဆို – ငါမုန်းတယ် … ရုပ်ဆိုးတဲ့ မိန်းမဆို – ငါမုန်းတယ် …
ပညာအရမ်းတတ်တဲ့ မိန်းမဆို – ငါမုန်းတယ် … ပညာလုံးဝ မတတ်တဲ့ မိန်းမဆို – ငါမုန်းတယ် …
ပိုက်ဆံချမ်းသာတဲ့ မိန်းမဆို – ငါမုန်းတယ် … ပိုက်ဆံမရှိတဲ့ မိန်းမဆို – ငါမုန်းတယ် …
စီးပွားရှာတော်တယ်ဆိုတဲ့ မိန်းမဆို – ငါမုန်းတယ် … စီးပွားရေးနားမလည်တဲ့ မိန်းမဆို – ငါမုန်းတယ် …
လည်လွန်းတဲ့ မိန်းမဆို – ငါမုန်းတယ် … ရိုးအလွန်းတဲ့ မိန်းမဆို – ငါမုန်းတယ် …
ဂုဏ်ရှိန်ကြီးတဲ့ မိန်းမဆို – ငါမုန်းတယ် … ဂုဏ်မရှိတဲ့ မိန်းမဆို – ငါမုန်းတယ် …
သဘောထားကြီးတဲ့ မိန်းမဆို – ငါမုန်းတယ် … သဘောထားသေးသိမ်တဲ့ မိန်းမဆို – ငါမုန်းတယ် …
သ၀န်ကြောင်တဲ့ မိန်းမဆို – ငါမုန်းတယ် … သ၀န်မတိုတတ်တဲ့ မိန်းမဆို – ငါမုန်းတယ် …
ပြတ်သားလွန်းတဲ့ မိန်းမဆို – ငါမုန်းတယ် .. တွေဝေတတ်တဲ့ မိန်းမဆို – ငါမုန်းတယ် …
နေရာတကာ သိတတ်လွန်းတဲ့ မိန်းမဆို – ငါမုန်းတယ် … ဘာမှ မသိတတ်တဲ့ မိန်းမဆို – ငါမုန်းတယ် …
ငါ့ကို ချစ်လွန်းတဲ့ မိန်းမဆို – ငါမုန်းတယ် … ငါ့ကို မုန်းတဲ့ မိန်းမဆို – ငါမုန်းတယ် …
ငါ့ကို အားကိုးစိတ်မရှိတဲ့ မိန်းမဆို – ငါမုန်းတယ် … ငါ့ကို မှီခိုလိုစိတ်ရှိတဲ့ မိန်းမဆို – ငါမုန်းတယ် …
ဒေါသကြီးတဲ့ မိန်းမဆို – ငါမုန်းတယ် … လောဘကြီးတဲ့ မိန်းမဆို – ငါမုန်းတယ် …
ငါ မင်းကို ချစ်ခဲ့တုန်းက .. မင်းမှာ ငါမုန်းတဲ့ အချက်တွေ တစ်ခုမှ မပါဘူး ….
အခု .. … ….
မင်းကို ချစ်ခဲ့မိတဲ့ – ငါ့ကိုယ် ငါလည်း မုန်းတယ် ..
Post a Comment