Posted by : လက်တွဲဖော်
Wednesday, May 16, 2012
လမ်းခွဲဖို့ ထုတ်ဖော် ပြောလာ သူရဲ့ ဖြစ်နိုင်သော အကြောင်းရင်းများ....
၁။ သူ့အနေနဲ့ မချစ်ချင်တော့လို့ ဒါမှမဟုတ်... မင်းကို မကြိုက်တော့လို့ ပါ....
၂။ သူ့ အနေနဲ့ မင်းကို ကံကောင်းခြင်းတွေ မပေးနိုင်တော့လို့ပါ....
၃။ မင်းကြောင့် စိတ်ဖိစီးမှုများလာလို့ပါ....
၎။ သူ့အနေနဲ့ အချိန်ယူပြီး စဉ်းစားသုံးသပ်ချင်လို့ပါ....
၅။ သူ့အနေနဲ့ ဒီလိုအခြေအနေမျိုးကို ရွေးချယ်လိုက်ရတာက.... ဆက်ပြီးလက်တွဲနေရင်...အရင်က ရှိခဲ့တဲ့ ချိုမြိန်တဲ့ အဖြစ်အပျက်လေးတွေ နိဂုံးချုပ်သွားမှာ စိုးလို့ပါ....
၆။ မင်းတို့ နှစ်ယောက်ရဲ့ အချစ်ကို လေးနက်စေချင်တဲ့ သဘောပါ....
ဒါကြောင့် တစ်ကြိမ်တစ်ခါ စွန့်လွှတ်လမ်းခွဲဖို့ ပြောလာသူကို မျှော်လင့်ချက် မရှိတော့ဘူးလို့ မသတ်မှတ်လိုက်ပါနဲ့....
တခါတလေမှာ သူ တကယ် မင်းကို လမ်းမခွဲချင်ပဲပြောတာမျိုးလဲ ရှိတတ်တယ်လေ.....နှစ်ယောက်သား ပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်းဖို့ သင့်ပါတယ်....
(ဇေယျာ)
—
Post a Comment