Posted by : လက်တွဲဖော် Tuesday, May 22, 2012


ကောင်လေးတစ်ယောက်က သူ့ချစ်သူကောင်မလေးဆီက မက်ဆေ့တွေ ၀င်လာတာကိုညည်းငွေ့နေတယ် ။ နေ့တ...ိုင်းနေ့တိုင်းပဲ “ နင့်ကို ငါအရမ်းချစ်တယ် ” “ နင့်ကို ငါလွမ်းတယ် ” တဲ့ မက်ဆေ့တွေကြောင့် သူ့စိတ်ထဲ ရိုးပြီးညည်းငွေ့သလိုဖြစ်လာတယ် ။

တစ်ညမှာတော့ ကောင်မလေးဆီက လာတဲ့ မက်ဆေ့ကို သူ မဖတ်ခဲ့ပဲ အိပ်ရာဝင်ခဲ့တယ် ။

နောက်တစ်ရက်မှာတော့ ကောင်မလေး အမေဆီကနေ ဖုန်းဝင်လာခဲ့တယ် ။ ကောင်မလေး ညက ကားတိုက်မှုဖြစ်ပြီး အဲဒီညတွင်းချင်းပဲ သေဆုံးသွားခဲ့ပြီတဲ့ ။

သူ ၀မ်းနည်းယူကြုံးမရဖြစ်ပြီး ကောင်မလေးညက ပေးတဲ့မက်ဆေ့ကို သွားဖတ်ကြည့်မိတော့

“ အချစ် ကျေးဇူးပြုပြီး အိမ်ရှေ့ကို ခဏထွက်လာခဲ့ပါ ငါ နင့်အိမ်ရှေ့မှာ ကားတိုက်မှုဖြစ်လို့ - - အခု ငါ့ရဲ့ နောက်ဆုံးအချိန်လေးမှာ နင့်ကို တွေ့ချင်ပါတယ် ကျေးဇူးပြုပြီး ငါ့ကို လာတွေ့ပါ နော် - - - ”

@@@@@@@@@@@@@@@@@@@

“ ကိုယ့်ချစ်သူပြောတဲ့စကား တစ်ခွန်း မက်ဆေ့တစ်စောင်ကို ဘယ်တော့မှ လစ်လျှုမရှုမိပါစေနဲ့ ”

သက်တန့်ချို

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -