Posted by : လက်တွဲဖော် Sunday, April 1, 2012

အချစ်သည်သာ ဘ၀ ။ အချစ်သည်သာ ..ငါ့ ကမ္ဘာ ။
အချစ်ရှိရင် ..အားလုံးပြီးပြည့်စုံသည် ။ တဲ့ ….. လူငယ်လေးတွေ ရဲ့ ..ကြွေးကျော်သံ တွေ လေ ။
တကယ်ပဲ အချစ်ရှိယုံနဲ့ ….ပြည့်စုံ ခဲ့သလား လို့ မေးရင် …ဘယ်လို ဖြေကြမလဲ ။
နွေ နေပူပူကို …..မိုးလေး နည်းနည်း ဖြန်းလိုက်တော့ …..မြေသင်းနံ.လေးက …တသင်းသင်းပေါ့ ။
ဘာလိုလို နဲ ….မိုး ကို တောင်ရောက်တော့မှာပါလား ။

သြော် ..မိုးရာသီ …အေးချမ်းခြင်းနိမိတ်ကို ဆောင်ပေမဲ့ .ကျမအတွက်တော့ ….အမှောင်အတိ ကျခဲ့ဖူးတယ်လေ ။
တည်ငြိမ်စ ပြုလာပြီ ဖြစ်တဲ့ ဘ၀ အတွက် …. သက်မကို ခပ်ပျင်းပျင်း ချ မိပါသည် ။
လမ်းစပျောက်နေတဲ့ အမှောင်လမ်းကို လျှောက်လာရ တာ ကြာ ပြီလေ ။ အားအင်တွေ လဲ …ကုန်းခမ်းလုလုပါပဲ ။ မျက်ရည်တွေ ထဲ ….စမ်းတ၀ါးဝါးနဲ့ …အားတင်းရင်း လျှောက်လာခဲ့တာ …
သမီးလေးတောင် …၁၅ နှစ်ပြည့်တော့မယ်။ စိတ်ကစားတဲ့ အရွယ်လေး ရောက်လာပြီ ။
အချစ်သီချင်းတွေ ၊ အချစ်ကဗျာတွေ …စိတ်ဝင်စားတတ်လာပြီ။ အချစ်သူ ရဲ ကောင်းကြီးတွေကို …..အားကျနေတတ်ပြီ ။ အချစ်ကို ..ကိုးကွယ်ဖို့ …..အင်အားသစ်တွေ အပြည့်နဲ့ပေါ့ ။

သမီးလေး အတွက် …ဘာလုပ်ပေးနိုင်မှာလဲ ။ အချစ်က လုံးဝ မကောင်းပါဘူး သမီးရယ် ဆိုရင်ရော သူက ယုံမှာလား ။ ဘယ်ယုံပါ့မလဲ ။ ကိုယ် ကို တိုင် တုန်းကလဲ မယုံ ခဲ့ဘူး လေ ။ အချစ်နဲ့ မတွေ့အောင် သမီးလေးကို ထုပ်ပိုး သိမ်းဆည်းထားဖို့ ဆိုတာ မဖြစ်နိုင်ပါ ။
အဲ့ဒီတော့ ….တချိန်က အချစ်ကို ကိုးကွယ်ခဲ့သူ ။ ချစ်သူ ရဲ ကောင်းမကြီး မေမေ့ အကြောင်းကိုသာ ပုံ ပြင် တပုဒ် အဖြစ် ပြော ပြရတော့ မှာ ပေါ့ ။

မိုးလေးက တဖွဲဖွဲ …. အရမ်းကို သာယာ လှ ပ နေတာပေါ့ ။ ချစ်သူ နှစ်ယောက် လက် ကို တွဲ မိုးရေ ထဲမှာ
အပျော်ဆုံး အပြုံးတွေ နဲ့ လျှောက် ခဲ့ ကြဖူးတယ် ။ အချစ်ဆိုတာ ….အချို ဆုံး အရာ လို့ ဖွင့်ဆို လို့ ရပါတယ် ။
မောင့်က …ကျမရဲ့ ကမ္ဘာ ။ ကျမရဲ့ ဘ၀ လေးပေါ့ ။
ချစ်ခရီး လမ်းကလဲ ဖြောင့်ဖြူးလို ….ပန်းခင်းလမ်းလေးပါပဲ ။
ဒီ နှစ် သီတင်းကျွတ်ရင် ….တူနှစ်ကိုယ် တိုင်းပြည်လေး တည် ဆောက် ကြမယ် ။ သစ္စာ ပန္နက်တွေက ..ခိုင်ခိုင်မာမာ ။ ကျမတို့ ဘ၀ မှာ အချစ်တွေ နဲ့ ပြည့်စုံနေခဲ့တယ် ။

အတူသွား၊ အတူစား …နဲ့ ချစ်သူ နဲ့ တစက္ကန့်လေး တောင် မဝေး ချင်ပါ ။ အဲ့ဒီ လို အချစ်တွေ နဲ့ ပြည့်နှက်နေတဲ့ ချစ်သူ တွေ အနေနီး လွန်း တော့ “ စည်း” ဆိုတာ တွေ …ပျောက် ပျက် ကုန်ပြီပေါ့ ။
မကောင်းမှန်း သိပေမဲ့ …မဂ်လာ ဆောင်ဖို့ ကလဲ သေချာ ခဲ့ ပြီ မို့ .။ အမှား လို လဲ ….ထင်မှတ် မထားတော့ပါဘူးလေ ။ အားလုံးဟာ …သေချာ နေပြီ ပဲလေ ။

အကောင်းကြီး ပဲ ပေးရိုး ထုံးစံ မရှိခဲ့တဲ့ လောက ဓမ္မတာအတိုင်း …
ချစ်သူ မောင်က ….ခရီး သွားရင်း ..ကားမှောက် လို့ ….သေဆုံး သွားခဲ့ တယ် ။
သေချာ ခြင်း ဆိုတာ တွေ ဘယ်မှာ လဲ ။ အချစ်၇ှိမှ ဘ၀ ပြည့် စုံ မဲ့ လူ …ကျမ ..
မောင့်ကို လွမ်း ဖို့ ထက် …..ကိုယ့် ဘ၀ ကို ဘယ်လို ဆက်လျှောက် မှာ လဲ ။
အချစ်ကို ကိုး ကွယ် မိလို့ …..ဗိုက် ထဲ မှာ …ကိုယ် ၀န်က နှစ်လ…တဲ့ ။


Rainy Season Scraps, glitter, and pictures
GoodLightscraps.com


အရင်က …..အချိန်တိုင်း တွေး တော နေဖူးတဲ့ …အချစ် ကို … ထုရိုက်သာ …ငို ချင်ပါတော့ တယ် ။
ဒီကလေး ကို …တယောက်ထဲ မွေးမယ် …..ဆိုတာကလဲ ….ကို ရီးယား ကားတွေ ထဲမှာ သာ ….လွယ်ကူတာပါ ။ ကျမတို မြန်မာ ပြည်မှာ က …အဖေ့ မျက်နှာ ဘယ်လို ကြည့် မလဲ ။ အကို တွေ၊ မောင်တွေ ဆို တာ ..အရိပ်တောင် မပြ ရဲ တော့ပါ ။ တံထွေး ခွက် ပက်လက်မျောတယ် ဆိုတာက မှ သက်သာ အုံးမဲ့ ပါတ်ဝန်းကျင်စကားတွေ က လူကို တူတွေ နဲ့ ၀ိုင်းထုနေသလိုပါပဲ ။နောင်တတွေ တသီကြီး ရနေပေမဲ့ …..ဖွင့် ပြော မိရင် ….နည်းတောင် နည်းသေးတယ် လို့ အပြော ခံ ရမှာ …သေချာ သလောက်ပါပဲ ။

ကံဆိုးလွန်းတဲ့ ..ငါ လို ….ပြော မိပြန်တော့ ။ ကံက လုပ်တာ ..မဟုတ်ဖူး ။ ကိုယ် ကို တိုင် ..မိုက် ခဲ့ လို …ကိုယ့် ကို တိုင် ခံရတာတဲ့ ။ သူ တို့ ပြော တာ လဲ မှန်နေတာပါပဲ ။ဗိုက်တလုံးနဲ့ ..ကျန် ခဲ့ လို …သနားမဲ့ လူ …တယောက် မှ မရှိတာ …အသေအချာပါပဲ ။ သိက္ခာ မဲ. သော …မိန်းခလေး အဖြစ်သာ …အထင်သေးတဲ့ မျက်လုံးတွေ အကြည့် ခံရ တော့တာပါပဲ ။ အချစ်ကို ကိုးမိသူ၇ဲ့ ….ရ လဒ်တွေက ….မလှပခဲ့ပါ ဘူး။

သမီးလေးကို …လူ လောက ထဲရောက် အောင် …တော်တော် ကြီး ..ကြိုးစား ခဲ့ရပါတယ် ။
လူလောကထဲ ရောက် လာပြန်တော့ ….တရားဝင် ဖခင်မဲ့ ..သမီးလေး ကိုကြည့်ရင်း …ရင်ထဲက အနာက …ပိုမိုပြင်းထန် ခဲ့ရပါတယ် ။
သမီးလေး ကိုယ် တိုင်လဲ …ဖခင်မဲ့ ခဲ့ရ တဲ့ ..ဒါဏ်ရာတွေ နဲ့ပါ ။
ဇာတ်လမ်းလေးကို …နားထောင်နေတဲ့ …သမီးလေး ရဲ့ …မျက်နှာ မှာ …
.အရိပ်တွေ အမျိုး မျိုး ပြောင်းလဲ နေပြီး …….
သူရင်ထဲက …ဒါဏ်ရာတွေကို ….၀မ်းနည်း လာပုံပါပဲ ။
သေချာ သွားပါ ပြီ …သမီးလေး က …ကျမလို့ …အမှားမျိုး ဘယ် တော့မှ မမှားတော့ ဘူး ….ဆိုတာပါပဲ ။
ကျမ လို မျိုး …နောက်တယောက် မ၇ှိ စေ ချင်တော့သလို ….
သမီးလေး လို လဲ …နောက်တယောက် ၇ှိမလာစေချင်တော့ပါဘူး ။

Rainy Season Scraps, glitter, and pictures
GoodLightscraps.com


မိုးသည်းတဲ့ …နေ့ မှာ …..လွင့်ကြွေ ခဲ့ ရ တဲ့ …..ပန်းပွင့်လေး တွေ ကို …နမူနာ ယူ ပြီး …..
မိုးတွေ ဘယ်လောက်ပဲ ရွာပါစေ ……အညှာ ခိုင်ခိုင်နဲ့ …..ပြုံးပျော်နေတဲ့ ….ပန်းပွင့်လေး တွေ ဖြစ်ပါစေ လို့ ….
တောင်းဆု ပြု ပါတယ် ။

ခင်မင်လေးစား လျှက် ….
ဆန္ဒမွန်ဖြင့် …..
မှုံနံ.သာဖြူ …

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -