Posted by : လက်တွဲဖော် Sunday, March 4, 2012

အမြဲ offline ဖြစ်နေတဲ့ နင့်ရဲ့ gtalk chat box လေးကိုနေ့ တိုင်ုးကည့်နေရုံကလွဲပြီး ဘာမှငါမတတ်နိုင်တာထက်စာရင်..
နင့်နားမှာ သူငယ်ချင်းတစ်ယောက်အနေနဲ့  အဖြူစင်ဆုံးရှိခွင့်ရနိုင်မယ့်နေ့ ကိုသာ ငါတကယ်ကို ပိုမျှော်လင့်နေမိတော့တာပါ...

တစ်ကယ်လို့ တစ်ချိန်ချိန်မှာ နင်နဲ့ ငါပြန်ဆုံတွေ့ ခွင့်ရခဲ့မယ်ဆိုရင်
ငါနင့်ကို ပြ...ုံးရွှင်စွာနဲ့ စတင်နှုတ်ဆက်မယ်...

နောက် အနီးအနားက ကော်ဖီဆိုင်လေးတစ်ခုမှာသွားထိုင်ဖို့ ငါစပြီးခေါ်ဖြစ်မယ် ..
နင်အင်တင်တင်ဖြစ်နေမှာ ငါသိပေမယ့် နင်ငါနဲ့ လိုက်ခဲ့မယ်လို့ တော့ငါမျှော်လင့်မိတယ် ..

နောက် ...နင်နဲ့ ငါမတွေ့ ဖြစ်တဲ့ အချိန်ကာလတစ်ခုအတွင်းမှာ ဖြစ်ပျက်သွားတဲ့ ငါတို့ နှစ်ယောက်လုံးသိပြီးသား သတင်းတစ်ချို့ ကိုပြန်ပြောုကမယ် ..

ပြီးတော့ နင်နဲ့ ငါရဲ့ လက်ရှိအလုပ်အကိုင်အေုကာင်း ပြောဖြစ်ုကမယ်ထင်တယ်...
အဲဒီအထဲမှာ ပညာဘယ်လောက်တော်တော် အသက်ငယ်ရင် ရာထူုးကီုးကီးမပေးချင်ုကတဲ့ နင့်ကိုအင်တာဗျူးမေးတဲ့ လူဆိုးကီးတွေအေုကာင်းလဲပါရင်ပါမယ် ...
ဒါမှမဟုတ် Work experience ကိုအရေးအုကီးဆုံးပါဆိုပြီး အသည်းအသန်တောင်းတတ်တဲ့ နင်ပြောပြောနေုက ခပ်ချာချာငနဲ တွေအေုကာင်းလဲပါမယ် … :)
ဘယ်လောက်ပဲသူတို့ ဆိုးဆိုးနောက်ဆုံးမှာ နင်နေရာတစ်ခုကို ရအောင်ယူနိုင်တယ်ဆိုတဲ့ အေုကာင်းလဲပါမယ်လို့ ငါထင်တယ် … :)

ပြီးတော့ နင်အခုတလောဖတ်ဖြစ်နေတဲ့ စာအုပ်တွေအေုကာင်းလဲငါတို့ ပြောဖြစ်နိုင်တယ် …
နင် နားထောင်ဖြစ်နေတဲ့ သီချင်းတွေအေုကာင်းလဲ ငါစပ်စုမိလိမ့်မယ် ..

ဒါပေမယ့် နင်နဲ့ ငါနဲ့ ပြောမယ့် စကားတွေထဲမှာ နင့်ရဲ့ လက်ရှိချစ်သူအေုကာင်းမပါဘူး …
နင်ဘယ်သူ့ ကိုလက်ထက်တော့မယ်ဆိုတာမပါဘူး ..
နင်နဲ့ ငါ့ရဲ့ အတိတ်ကဖြစ်ရပ်တွေ ၊ အနာဂတ်အစီအစဉ်တွေလဲ လုံးဝပါဝင်မှာမဟုတ်ဘူး..
အဲဒီအေုကာင်းတွေကို နင်လဲပြောချင်မှာ မဟုတ်သလို ငါလဲပြန်မသိချင်တော့ဘူးလေ…
နင့်စိတ်ထဲမှာ နဲနဲတော့ ထူးဆန်းကောင်းထူးဆန်းနေလိမ့်မယ်.. တစ်ချိန်ကနင့်နားမှာပဲတစ်ချိန်လုံးရှိချင်ခဲ့တဲ့ ငါ ...
နင့်ရဲ့ ဘ၀လက်တွဲဖော်နေရာကို အိမ်မက်မက်ခဲ့တဲ့ ငါဟာ အခုအချိန်မှာ နင်နဲ့ ငါနဲ့ အရင်ကမချစ်ခဲု့ကသလို ၊ နင့်ရဲ့ မိတ်ဆွေသူငယ်ချင်းကောင်းတစ်ယောက်လို ဆက်ဆံရေးမျိုးနဲ့ နင့်ကိုဆက်ဆံပေးနေတာနဲ့ ပတ်သက်လို့ ပေါ့ ...

အမှန်တကယ်တော့
နင်နဲ့ အဆက်အသွယ်မရလို့ ငါရူးမတတ်ခံစားနေရတာထက်စာရင်..
နင်ငါ့ကို မချစ်တော့ဘူးဆိုတဲ့ အတွေးတွေေုကာင့် ငါညညအိပ်မရတာထက်စာရင်..
အမြဲ offline ဖြစ်နေတဲ့ နင့်ရဲ့ gtalk chat box လေးကိုနေ့ တိုင်ုးကည့်နေရုံကလွဲပြီး ဘာမှငါမတတ်နိုင်တာထက်စာရင်..
မာနဆိုတဲ့ စကားလုံး ၂လုံးေုကာင့်နင်နဲ့ ငါ အခုလို ကမ္ဘာတစ်ဘက်စီခြားနေရတာထက်စာရင်..
နင်နဲ့ ပြန်တွေ့ ရင်ဆိုတဲ့ အခြေအနေမျိုးတွေကို အခုလို ရူးေုကာင်ေုကာင်နဲ့ တစ်ယောက်ထဲ စဉ်းစားနေမိမှာထက်စာရင်..
နင့်နားမှာ သူငယ်ချင်းတစ်ယောက်အနေနဲ့  အဖြူစင်ဆုံးရှိခွင့်ရနိုင်မယ့်နေ့ ကိုသာ ငါတကယ်ကို ပိုမျှော်လင့်နေမိတော့တာပါ...

နင်ပြောခဲ့သလိုပဲ ... ဘ၀ဟာ သိပ်တိုတောင်းပါတယ် .. လူတစ်ယောက်ကို မုန်းဖို့ ဆိုတဲ့ အချိန်တောင်ရှိမှာ မဟုတ်ပါဘူး ... ဒါ့ကြောင့် နင်ငါ့ကို မမုန်းလိုက်ပါနဲ့ ... မာနတွေလဲထားမနေပါနဲ့ ...
နင်နဲ့ ငါ ပစ်စုပ်ပန်မှာ မိတ်ဆွေသူငယ်ချင်းအဖြစ်နဲ့  ပျော်ရွှင်စွာတစ်ယောက်ကိုတစ်ယောက် ဖေးမကူညီနိုင်ဖို့ အတွက် ကျေးဇူးပြုပြီး အတိတ်တွေနဲ့ ငြိမ်းချမ်းရေး ရယူလိုက်ပါ...

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -