Posted by : လက်တွဲဖော် Saturday, March 3, 2012

အနောက်အရပ်မည်သော မယား ကိုပြုစုအပ်၏။ ၁။ အမြတ်တနိုး ခေါ်ဆိုခြင်းဖြင့် လည်းကောင်း။ ၂။ နှိမ့်ချ၍ မခေါ်ဆိုခြင်းဖြင့် လည်းကောင်း။ ၃။ မိမိမယားကို လွန်၍ အခြားမိန်းမတို့၌ မပျော်ပါးခြင်းဖြင့် လည်းကောင်း။ ၄။ စဖိုဆောင်အုပ်စိုးမှုကို လွှဲအပ်ခြင်းဖြင့် လည်းကောင်း။ ၅။ အဝတ်တန်ဆာကို ပေးခြင်းဖြင့် လည်းကောင်း ပြုစုအပ်၏။ အနောက်အရပ်မည်သော မယားသည် ငါးပါးသော အကြောင်းတို့ဖြင့် လင်ဖြစ်သူကို စောင့်ရှောက်၏။ ၁။ အမှုကြီးငယ်ကိုလည်း ကောင်းစွာ စီရင်၏။ ၂။ နှစ်ဖက်သော ဆွေမျိုးကိုလည်း ချီးမြှောက်၏။ ၃။ မိမိလင်မှတစ်ပါး အခြားယောက်ျား၌ လွန်ကျူးသော အကျင့်မှ ကင်း၏။ ၄။ ရှာဖွေစုဆောင်းခဲ့သော ဥစ္စာကို ထိန်းသိမ်းစောင့်ရှောက်၏။ ၅။ အလုံးစုံသော ကိစ္စတို့၌ လိမ္မာ၍ ပျင်းရိခြင်းကင်း၏။ အနောက်အရပ်မည်သော မယားသည် ဤငါးပါးသော အကြောင်းတို့ဖြင့် လင်ကို စောင့်ရှောက်၏၊ ဤသို့ပြုစုသည်ရှိသော် ဤ အနောက်အရပ်သည် လုံခြုံ၏၊ ငြိမ်းချမ်း၏၊ ဘေးကင်း၏။ (သင်္ဂါလသုတ်၊ ပါထိက၀ဂ်၊ ဒီဃနိကာယ်

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -