ဒီလို ငါ့သား ကလေး။ ။ ဖေဖေ၊ ကျွန်တော့်ကို ဘယ်လိုမွေးလာတာလဲဟင်။ ဖခင်။ ။ အေး၊ ငါ့သား။ မင်းတစ်နေ့နေ့မှာ ဒီလိုမေးမှာပဲလို့ ငါတွက်ထားတာကွ။ ဒီလိုကွာ။ မင်းအမေနဲ့ဖေဖေ Chat room မှာ Chatting လုပ်ရင်း သိခဲ့ကြတယ်။ နောက် Gtalk နဲ့  Facebook တွေကနေ E-mail တွေ အပြန်အလှန် ပို့ကြတယ်။ ဒီလိုနဲ့ နောက်ဆုံး မင်းအမေက ဖေဖေ့ကို Download လုပ်နိုင်တယ်လို့ ခွင့်ပြုတယ်။ သူကလည်း ဖေဖေ့ကို Upload ပြန်လုပ်တယ်။ ဖေဖေတို့ နှစ်ယောက်စလုံး Firewall ချမထားမိဘူး။ ပြီးတော့ Delete Button ကိုလည်း မနှိပ်မိဘူး။ နောက် ကိုးလကြာတော့ မင်းကို ရလာတာပေါ့။ အဲဒီအချိန်က Virus အကိုက်မခံလိုက် ရတာလည်း ပါတာပေါ့။ Connection ကလည်း လုံးဝ မှန်နေခဲ့တာ။ မင်းကံကောင်းတယ် ငါ့သား။ အညီအမျှ မ၀င်း။ ။ နင်တို့ လင်မယား ကွာမယ်၊ ကင်းမယ် ပြောပြီး ခုထိ မြဲနေတုန်းပါလားဟဲ့ မနွယ်။ ။ ဟုတ်တယ်၊ ပစ္စည်းတွေက ခွဲလို့ ညီမျှပေမယ့် ကလေးက (၃) ယောက်ဆိုတော့ အညီအမျှ ခွဲလို့ မရသေးဘူး ၊ ဒီတော့ နောက်ကလေး တစ်ယောက် ရအောင် စောင့်နေတာ၊ ကလေး(၄)ယောက် ပြည့်ရင်တော့ တို့လင်မယား ကွာနိုင်ပါပြီဟဲ့ တန်ဆောင်မုန်း ရပ်ဝေးတစ်မြို့ တစ်ရွာကို ခရီးထွက်ရာမှ ယောက်ျားဖြစ်သူ အိမ်ပြန်ရောက်လာသည်။ "မိန်းမရေ ငါခရီး ထွက်သွားတာ ၄-၅ လ ကြာတယ်၊ ဒီတော့ မင်းအတွက် အနမ်းတွေကို အတိုးနဲ့ ဆပ်ပါရစေနော်" မိန်းမက အပြုံးနှင့် ခေါင်းညိတ်လိုက်သည်။ "ဒါက သီတင်းကျွတ်လ အတွက်၊ ဒါက တန်ဆောင်မုန်း... ဒါကနတ်တော်... ဒါ... ပြာသို..." ခဏကြာလျှင် အိမ်ရှေ့မှ အသံကြားသဖြင့် အိမ်ပြင် ထွက်ကြည့်လိုက်၏။ ကျောင်းမှ ပြန်ရောက်နေသော သူ့သားကို ဘွားခနဲ့ တွေ့လိုက်ရသည်။ "ဟဲ့...သား၊ ဘယ်တုန်းက ပြန်ရောက်နေတာလဲ" သားမှ သွားကျိုး နှစ်ချောင်းပေါ်အောင် ဖြဲလိုက်ပြီး... "တန်ဆောင်မုန်းကတည်းကပါ မေမေ" မုသား "ကျုပ်မိန်းမဟာ အတော် မုသား ပြောတတ်တယ်" ဟု ယောက်ျား ဖြစ်သူက သူငယ်ချင်းလူယုံအား တိုင်၏။ "မင်း ဘယ်လိုသိသလဲ" "မနေ့ညက သူ အိမ်ပြန်မလာဘူး၊ ဘယ်သွားနေလဲ မေးတော့ သူ့ညီမ အဲမာ အိမ်မှာ အိပ်ခဲ့တယ်လို့ ပြောတယ်" "အဲဒီတော့" "ဒါ သူညာတာ ထင်ရှားတာပေါ့၊ ကျုပ်က အဲမာနဲ့ တစ်ညလုံး ရှိနေခဲ့တာပဲ" *မှတ်ကရော * အလုပ်များနေသော ခင်ပွန်းသည်အား အလိုက်မသိသော ဇနီးက စကားတွေ တတွတ်တွတ်ပြောနေသည်။ ခင်ပွန်းဖြစ်သူက သူမစကားတွင် စိတ်မပါမှန်းလည်း မရိပ်မိချေ။ "မောင် … ခင့်ကို ဘာလို့လက်ထပ်ခဲ့တာလဲဟင်။ ခင့်ရဲ့ မျက်နှာလေး လှလွန်းလို့လား။ ဒါမှမဟုတ် ခင့်ကိုယ်လုံးကိုယ်ပေါက်လေးကို သဘောကျလို့လား။ အင်း … မဟုတ်ဘူးဆိုရင် ခင်ရဲ့ စိတ်ထားလေး ဖြူတာကို မြတ်နိုးလို့လား။ အဲ … ဒါမှမဟုတ် … " စိတ်မရှည်တော့သော ခင်ပွန်းက သူမဘက်လှည့်ပြီး တစ်ခွန်းတည်း ပြန်ဖြေသည်။ "မင်း ခုလို ဟာသပြောတတ်တာကို ကြိုက်လွန်းလို့ဟေ့" *ဖိုးကံကောင်း * လက်ထပ်ပြီးစ ပုဂ္ဂိုလ်တစ်ဦး ထီပေါက်သည်။ သူငယ်ချင်းဖြစ်သူက ၄င်း ကံကောင်းကြောင်း ချီးကျူးသည်။ ထို့နောက် သူငယ်ချင်းက မေးသည်။ "ဒါနဲ့ ထီပေါက်တာသိတော့ မင်းမိန်းမ ဘာပြောသေးလဲ" ထီပေါက်သူက ဖြေသည်။ "ဟင့်အင်း … ၀မ်းသာလွန်းလို့ ဆွံ့သွားလိုက်တာ ခုထိ စကားမပြောနိုင်သေးဘူး" သူငယ်ချင်းက ပြောသည်။ "ကြည့်စမ်း၊ ကြည့်စမ်း … ကံကောင်းတဲ့သူတွေများ ဆက်တိုက်ကို ကံကောင်းကြတာပါလား" ဘာကောင်လဲ "ချာတိတ် မင်းဘာလို့ ငိုနေတာလဲ" "မေမေက ဖေဖေ့ကို ဆင်ရိုင်းကြီးလို့ ပြောတယ်.. ဖေဖေက မေမေ့ကို ကြက်မကြီးလို့ ပြောတယ်..." "အဲ့ဒါနဲ့ ငိုရရောလားဟ... ကလေးရ" "စဉ်းစားကြည့်လေ... ကျွန်တော်က ဘာကောင်ဖြစ်မလဲ..." ထိုလင့်တွင်အပြည့်အစုံဖတ်ပါ: http://www.mm-flashsongs.com/profiles/blog/show?id=5202681%3ABlogPost%3A1068533&xgs=1&xg_source=msg_share_post#ixzz1poeVpT00
Post a Comment