Posted by : လက်တွဲဖော်
Wednesday, March 21, 2012
တခါတလေ ကိုယ်အပေါ် အလေးမထား တန်ဖိုးမထားပေမယ့် သူ့ကို အလေးထားတန်ဖိုးထားနေမိတယ် တခါတလေ ကိုယ့်ကို အရေးမလုပ် အဖက်မလုပ် ဖယ်ခွာထားပေမယ့် သူ့အပေါ် စိုးရိမ်စိတ်နဲ့ ဂရုစိုက်မိပြန်တယ် တခါတလေ ကိုယ့်အပေါ် သရော်ပြုံး ပြုံးတဲ့ လှောင်ပြုံးဆိုပေမယ့် သူပြုံးနေနိုင်တဲ့အတွက် ၀မ်းသာနေမိပြန်တယ် တခါတလေ ကိုယ့်အတွက် ကြေကွဲစရာ ဒဏ်ရာတွေ ဆိုပေမယ့် သူ့အတွက် ပျော်စရာ အမှတ်တရတွေ ဆိုတော့လည်း မြတ်နိုးစိတ်နဲ့ ကြည်နူးခဲ့မိ ပါတယ်... ဒီလိုပါပဲ တခါတလေ ဆိုတဲ့ တခါတလေ ပေါင်းများစွာနဲ့ ရင်ခွင်ကို အကြိမ်ကြိမ် နှိပ်စက် ဒဏ်ရာတွေခါးသီးခဲ့ပေမယ့် ရင်နာနာနဲ့ပဲ ဆက်ချစ်ခဲ့မိလေတယ် ( စိမ်းရက်သူရယ် )............!
Post a Comment