မနေ့ကထက် ဒီနေ့ပိုချစ်မဲ့နည်း အချစ်ကြောင့်စိတ်ညစ်နေလား ...............အချစ်ဆိုတာဘာလဲ? ဘယ်လို နားလည်မှုတွေထပ်ပေးရဦးမလဲ?ပြဿနာတွေဆိုတာ အမြဲကိုယ့်ဆီဘဲရောက်လာနေတယ် လို့ထင်သလား? ဒီချစ်မိခဲ့တဲ့ရင်ခုန်သံလေးတွေကြောင့်ခေါင်းစားနေရတယ်ဆိုပါတော့ ..... မိန်းကလေးတစ်ယောက်နဲ့ယောက်ျားလေးတစ်ယောက်ချစ်တဲ့အချစ်ကို နင်းဆီဖူးလေးနဲ့ တင်စားချင်ပါတယ်... အဖူးအငုံဘ၀စချစ်ခါစမှာ လှပနေတယ် ဒီလိုဘဲ ပွင့်အာလာတဲ့ အချိန် အချစ်နဲ့ခိုင်မြဲပြီး အနံ့အဆင်းနဲ့ပြည့်စုံ ပိုလှလာရမယ်။ နင်းဆီရဲ့ရနံ့ဟာဘေးပတ်ဝန်းကျင်ကိုပါ သင်းပျံ့ထုံမွှမ်းစေသလို သူငယ်ချင်းတို့ရဲကောင်းခြင်းဆိုးခြင်းတွေဟာ ဘေးပတ်ဝန်းကျင်မှာ ထင်ဟပ်လာပါတယ်။ မပြေလည်တာတွေများလာရင် နှစ်ဦးနှစ်ဖက်အတွက်လည်း မကောင်းဘူး ဘေးပတ်ဝန်းကျင်ရဲ့အထင်အမြင်သေးမှုကိုပါ ခံစားရပါမယ်.......ဒီတောအောက်ပါနည်းလမ်းများနဲ့ သူငယ်ချင်းတို့မပျော်ရွှင်တဲ့နေရာမှာ ပျော်ရွှင်မှုလေးတွေ ခံစားနိုင်စေဖို့ လက်ရှိပြည့်စုံနေတဲ့ချစ်သူတွေကတော့ ပိုပီးတော့ ချစ်သက်ရှည်နိုင်ဖို့ လရိပ်ကတင်ဆက်ဖော်ပြပေးလိုက်ပါတယ်....... ၁။အပေးအယူမျှ.....ဂရုစိုက်တတ်မှ တင်းကျပ်စွာချည်နှောင်ထားတဲ့ ချစ်နည်းထက် လွတ်လွတ်လပ်လပ်နဲ့နားလည်မှုပေးကြည့်ပါ။ နှစ်ဦးကြားမှာ မှားနေတယ်ထင်ထာတွေကို အရင်စသိတဲ့သူကစပြင်ပါ။ သူ့ဘ၀မှာ အရေးပါတဲ့လူတယောက်အနေနဲ့ ရပ်တည်ပေးပါ၊ တစ်ခါတစ်ရံဖြစ်တတ်တဲ့ အဝေးကဘဲချစ်နေမယ်ဆိုတဲ့စိတ်ကို ဖျောက်ပီး ချစ်သစ်ပင်လေးတွေ အတွက် နေ့စဉ်ယုယကြင်နာစွာနဲ့ရေလောင်းပေါင်းသင်ပေးပါ။အမြဲတစ်ယောက်နဲ့တစ်ယောက် ညှိနှိုင်း ဆွေးနွေးကြပါ။ အချိန်တွေမအားလပ်ရင်တောင် တစ်ပတ်တစ်ခါစကားလက်ဆုံကျဆွေးနွေးပါ။ အံ့သြမှင်သက် မှုတွေ ဖန်တီးပြပါ။ နွေးထွေးတဲ့လက်တစ်စုံနဲ့အတူ ကမ္ဘာပတ်သလို လမ်းလျှောက်ထွက်ပေးပါ။ ဝေးကွာနေတဲ့ချစ်သူတွေကတော့ ညအချိန်မှာ စကားပြောရင်း SMS ပို့ရင်းကုန်ဆုံးကြည့်ပါ။""ဘယ်တော့မှ အလုပ်ကိစ္စတွေနဲ့ အချစ်ကိုအရောင်ပြယ်အောင်မလုပ်ပါနဲ့။""ချစ်သူအတွက်အချိန်ဆိုတာ ပေးကိုပေးသင့်တဲ့ လုပ်ရပ်တစ်ခုပါ။ ၂၊ရန်ဖြစ်စေမဲ့စကား.....အမြန်ေ ရှာင်ရှား "အလျောက်ကောင်းမှအထောင်းသက်သာ"ဆိုတဲ့စကားလေးကြားဖူးမှာပါ။ဒီလိုဘဲ အချစ်မှာလဲ ပြဿနာဖြစ်မဲ့ အနေမထားမရောက်အောင်ခင်ကတည်းက စကားလမ်းကြောင်းလွှဲတတ်ရပါမယ်။ ပြဿနာတစ်ခုကို ကိုယ်တိုင်အဖြေမထုတ်ရသေးဘဲ သွားမစပါနဲ့။ပိုဆိုးသွားပါလိမ့်မယ်။ပြဿနာတစ်ခုဖြစ်တော့မယ်ဆိုရင် စကား မကျွံမိပါစေနဲ့။အစပထမကတည်းက ကိုယ့်ဆန္ဒနဲ့ထင်မြင်ချက်ကို နားဝင်အောင်ကြိုတင်ရှင်းပြထားပါ။အရှိန်မတက်ခင် ကြိုတားဆီးထားတဲ့သဘောပါဘဲ။ ဆိုးဝါးမဲ့အခြေအနေရောက်လာရင်တော့ စကားစဖြတ်လို့ ရအောင်ဖြတ်ပါ။ပြောချိန်မတန်ဘဲနဲ့ သွားမစပါနဲ့။ နောက်ဆုံးစကားလမ်းကြောင်းလွှဲပါ။ နားလည်မှုပေးနိုင်အောင် အတတ်နိုင်ဆုံးကြိုးစားဖို့ ပြောချင်ပါတယ်။မုန်းဖို့ ချစ်ခဲ့ကြတာမှမဟုတ်တာနော်။ ၃။မေ့သင့်တာတွေမေ့လိုက်ပါ အတိတ်ဆိုတာ လက်ရှိဘ၀ထဲ ဆွဲခေါ်မလာပါနဲ့။ လက်ရှိမှာအကောင်းဆုံးဖြစ်အောင်ကြိုးစားချစ်ပြပါ။ အနာဂတ်အတွက်အချစ်အိမ်လေးကြိုဆောက်ကြတာပေါ့။ဒါကြောင့် အတိတ်က အမှားတွေကိုမေ့ပစ်ပါ။ ဘာကြောင့်မေ့မပြစ်နိုင်ရမှာလဲ။ရအောင်မေ့ထားကြည့်ပါ။ခုချိန်ထိမမေ့နိုင်သေးဘူးဆိုရင်တော့ သူငယ်ချင်းရဲ့ အချစ်က စစ်ရောစစ်ရဲ့လားလို့မေးချင်ပါရဲ့နော်။လက်ရှိမှာ ကိုယ့်အတွက်အကောင်းဆုံးလူတစ်ယောက်ဆိုတာ လူသားအားလုံးလိုအပ်နေတဲ့ ဆုတစ်ခုပါ။ ဒီဆုကြီးသူငယ်ချင်းဆီရောက်နေတာတောင် ဘာကြောင့် အမှားတွေတူးဖော်ပီး ပုတ်ချနေဦးမလဲနော်။ကိုယ့်ချစ်သူအပေါ်ကို အတတ်နိုင်ဆုံးရိုးသားပေးပါ။(ဥပမာ။ ငါဒီနေ့ ဘယ်သွားမယ် ဘာလုပ်စရာလေးတော့ရှိတယ်ပေါ့နော် ဒါတွေက တကယ်အရေးမကြီးပေမဲ့ ကိုယ့်ချစ်သူက အော် သူငါ့ကိုဂရုစိုက်ရှာသားဘဲ သူဘာလုပ်မယ်ဆိုတာ အသိပေးတယ်ပေါ့နော် ကျေနပ်သွားတတ်ကြတယ်။) သူအမှားလုပ်ခဲ့တာရှိရင်လဲ ထပ်မံအပြစ်တင်ဝေဖန်နေတာမလုပ်ဘဲ မသိချင်ယောင်သာဆောင်ထားပေးပါ။ (ကိုယ်တစ်ယောက်တည်းသိ ကိုယ့်ရင်ထဲမှာသိမ်းထားလိုက်တာပေါ့နော်တကယ်ချစ်တဲ့သူက ကိုယ့်ချစ်သူကို စိတ်မဆင်းရဲစေချင်ဘူးလေ လုံးဝကိုမပြောဘူးပေါ့နော်။)ချစ်လို့စရင်တောင် အတိတ်ကအမှားတွေကို ဖယ်ထားပေးပါ။ ဒါဆိုရင် သာယာပျော်ရွှင်တဲ့ဘ၀လေးကို ကျေနပ်ပီတိဖြစ်စွာနဲ့ ရရှိလာမှာပါ။ ပြဿနာတစ်စုံတစ်ခုဖြစ်လာရင်လည်း အတိတ်ကိုနှိုးဆွမနေဘဲ လက်ရှိခံစားချက်ကို ချစ်သူရဲ့ အနက်ရှုံးဆိုင်းနှလုံးသားထိရောက်အောင် ဖွင့်ချလိုက်ပါ။ အမြဲဖြေရှင်းချက်တွေပေးမနေနဲ့လို့ ပြောမဲ့အစား သူ့ကိုဖြေရှင်းခွင့်ပေးကြည့်ပါ။တစ်ယောက်နဲ့တစ်ယောက်လေးစားမှုရှိပါ (ဥပမာ။အသက်အရွယ် ကွာဟတဲ့ ချစ်သူများ၊ သက်သူရွယ်တူချစ်သူများ အနိုင်ကျင့်တာတို့ မလေးမစားတို့ မလုပ်မိကြပါစေနဲ့) ချစ်သူတွေကြားမှာ မာနတွေ အတ္တတွေကို ဘေးဖယ်ထားကြပါ။အတိတ်ကအပြစ်တွေပြန်ပြောနေမဲ့အစား လက်ရှိဘယ်လောက်တန်ဖိုးထားချစ်နေတဲ့အကြောင်းကိုပြောပြပါ။ ၄။ကူညီဖြည့်ဆည်းမှုတွေနဲ့ ချစ်သက်တမ်းလေးရှည်ပါစေ။ ချစ်သူရဲ့လိုအပ်မှုတွေကို ငြီးတွားစိတ်ပျက်နေမဲ့အစား ကူညီဖြည့်ဆည်းပေးပါ။အားငယ်စိုး ရွံ့မှုတွေနောက်မှာ ယုံကြည်အားကိုးမှုတွေ ကပ်ပါလာပါလိမ့်မယ်။ချစ်သူရဲ့ရှေ့ မားမားရပ်ပီးကာကွယ်စောင့်ရှောက်ပေးပါ။ သင့်ချစ်သူရဲ့ယိုယွင်းနေတဲ့စိတ်ကို သင့်ရဲ့ဂရုစိုက်မှု၊စောင့်ရှောက်မှုတွေနဲ့ ဖေးမပေးပါ။ သင်လုပ် ပေးနိုင်တာထက် ပိုလုပ်မယ်လို့ စိတ်မှာမှတ်သားထားပါ။ ဘယ်လောက်ပင်ပန်းပါစေ ချစ်ခြင်းတွေ ပိုင်ဆိုင်ခွင့်ရထားတာကြောင့် ပျော်ကြောင်းပြောပါ။ အခြားသူတွေနဲ့မနှိုင်းဘဲ သင့်အချစ်အိမ်လေးအတွက် အမြဲ Hero ဖြစ်အောင်ကြိုးစားကြည့်ပါ။ စစ်မှန်တဲ့အချစ်တွေကြောင့် ခိုင်မြဲသာယာတဲ့ တုန့်ပြန်မှုတွေ မကြာခင်ရောက်လာပါလိမ့်မယ်။ ဘ၀ခရီးရှည်ကြီးကို အမောတွေဒေါသတွေနဲ့ဖြတ်ကျော်မဲ့အစား အကြင်နာရေစင်အေးတစ်ခွက်ကို မက်မပြေသောက်သုံးကြည့်ပါ။ ....... ......ကျွန်တော့်အကြောင်းတော့မမေးနဲ့နော်ဗျ.... မေးတဲ့သူရန်သူပဲ.. ချစ်သူတိုင်းကို ပျော်ဈေင် အဆင်ပြေစေချင်တဲ့စေတနာတွေနဲ့ပါ....။ ကိုယ်ချစ်တဲ့သူနဲ့ တစ်ဘ၀လုံး အေးချမ်းပျော်ရွှင်စွာနဲ့ နှစ်ပတ်လည်များစွာဖြတ်ကျော်နို င်ကြပါစေ...... ခန့်ချောလေး....။
Post a Comment