Posted by : လက်တွဲဖော် Thursday, March 1, 2012

ပျော်စရာကောင်းသည့် ခိုင်မြဲသောအိမ်ထောင်တစ်ခု ဖြစ်ရန်အတွက် နှစ်ဦးစလုံးတွင် တာဝန်ရှိပါသည်။ ခင်ပွန်းသည်အမျိုးသားများသည် အောက်ပါ အချက်များကို မပြုလုပ်မိရန် အရေးကြီးပါသည် - (က) အမိန့်ပေးသကဲ့သို့ အမြဲပြောဆိုဆက်ဆံခြင်း။ (ခ) ဆေးလိပ်ပြာများကို အိမ်အနှံ့ကြမ်းပြင်၊ ခုံ၊ စားပွဲများအပေါ်သို့ စည်း ကမ်းမဲ့ ချွေချခြင်း။ (ဂ) ကြိုတင်မပြောဘဲ အိမ်သို့ တစ်ဦးတစ်ယောက်အား ထမင်းစားခေါ်လာ ခြင်း။ (ဃ) မိမိဇနီးပြောနေသော အကြောင်းအရာတစ်ခု မပြီးဆုံးမီ မိမိပြောလိုသည့် အရာကို ပြောခြင်း။ (င) အခြားသူများရှေ့တွင် မိမိ၏ဇနီးကို ဝေဖန်ပြောဆိုခြင်း။ (စ) မိမိဇနီး၏ ချက်ပြုတ်မှုကို အခြားသူ၏ ဇနီးများနှင့် နှိုင်းယှဉ်ပြောဆိုအပြစ် တင်ခြင်း။ (ဆ) ဇနီးသည် တန်ဖိုးထားမှုများကို မလေးစားခြင်း။ (ဇ) လက်ထပ်သည့်နေ့ရက်ကို အမှတ်မထားခြင်း။ (ဈ) ပစ္စည်းများကို နေသားတကျ ပြန်မထားဘဲ လက်လွတ်စပယ်ထားခြင်း။ ဇနီးသည်ကလည်း အောက်ပါအချက်များကို မပြုလုပ်မိရန် သတိထား ရပါမည် - (က) လက်ကြောတင်းအောင် အလုပ်မလုပ်ဘဲမင်းသမီးကဲ့သို့နေထိုင်ခြင်း နှင့်အခြားသူကို တစ်ချိန်လုံး အပြစ်ရှာပြောဆိုခြင်း။ (ခ) အတင်းအဖျင်းပြောဆိုခြင်း။ အခြားသူ၏ ကိုယ်ရေးကိုယ်တာ လုပ်ငန်း ဆိုင်ရာ ကိစ္စများကို အတင်းပြောဆိုခြင်း။ (ဂ) နောက်ကျစွာအိမ်ပြန်တတ်ခြင်း (ဃ) သပ်ရပ်စွာ ၀တ်စားဆင်ယင် ထုံးဖွဲ့မှုမရှိခြင်း။ (င) ခင်ပွန်းသည် စကားပြောစဉ် စကားပြီးသည်အထိ မစောင့်ဆိုင်းဘဲဖြတ် ၍ပြောခြင်း။ (စ) မိမိ၏ ကလေးများအကြောင်းသာ အစဉ်အမြဲ ရှေ့တန်းတင်ပြောဆိုနေ ခြင်း။ (ဆ) မိမိ၏ ဆွေမျိုးများကို အိမ်လုံးပြည့် အမြဲခေါ်ထားခြင်း။ မိခင်အိမ်သို့ မ ကြာခဏအလည်ပြန်ခြင်း။ (ဇ) ခင်ပွန်းသည်၏ သူငယ်ချင်းများကို မနာလိုခြင်း။ လုပ်ငန်းခွင်တွင် သုံးရ သော အချိန်များကို မကျေမနပ်ဖြစ်ခြင်း။ (ဈ) ခင်ပွန်းသည်ကို အသိမပေးဘဲ သာရေး/နာရေးကိစ္စများ သွားခြင်း။ (ည) ဇနီးသည်မှာ ၀န်ထမ်းမဟုတ်သဖြင့် လက်အောက်ဝန်ထမ်းများကို အမိန့် ပေးစေခိုင်ခြင်းမပြုရပါ။ အမိန့်တစ်ခုသည် ၎င်း၏ ခင်ပွန်း၏ အမိန့်သာ ဖြစ်ရပါမည်။ (ဋ) အခမ်းအနား တွင်လွန်ကျွံစွာ ၀တ်စားဆင်ယင်မှုမျိုး ပြုလုပ်ခြင်း။ ခင်ပွန်းနှင့်ဇနီးသည် တစ်ဦးကိုတစ်ဦး အပြန်အလှန် လေးစားရပါ မည်။ တစ်ဦးကိုတစ်ဦး သေးသိမ်အောင် မည်သည့်အခါမျှ မပြုလုပ်ရ။ တစ်ဦး နှင့်တစ်ဦး ပြေလည်မှုမရှိသည့် အခါများတွင်လည်း နှစ်ဦးတည်းရှိနေချိန်တွင် သာ ဖြေရှင်းသင့်ပါသည်။ ကလေးများ၊ လက်အောက်ဝန်ထမ်းများ၏ အရှေ့ တွင် ကတောက်ကဆ မဖြစ်သင့်ပေ။ ခင်ပွန်နှင့်ဇနီး နှစ်ဦးလုံးသည် အိမ်ထောင် မပြုကြမီ အချိန်အခါတုန်းက ကဲ့သို့ပင် သပ်ရပ်စွာ ၀တ်စားဆင်ယင် နေထိုင် သင့်ပါသည်။ အိမ်ထောင်ရှင်များ ဖစ်သွားသည်နှင့်ကပိုကရိုဝတ်စားနေထိုင် ခြင်း မပြုသင့်ပေ။

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -