Posted by : လက်တွဲဖော် Thursday, March 1, 2012

*** ရေ~~~
နင့်ကိုငါ ချစ်နေဆဲပါ ဒါပေမယ့်.....
ငါ့ကိုယ်ငါပိုချစ်တတ်ဖို့ ငါသင်ယူနိုင်ခဲ့ပါပြီ...........

ချစ်ခင်ရတဲ့သူရေ မငိုအောင် ငါသင်ယူနိုင်ခဲ့ပါပြီ တောက်ပတဲ့နေရောင်ကိုမြင်တိုင်း ငါပြုံးရယ်တတ်ခဲ့ပြီ။ ချစ်ခင်ရတဲ့သူရေ ကြီးပြင်းရင့်ကျက်ဖို့ ငါသင်ယူနိုင်ခဲ့ပါပြီ အခက်အခဲနဲ့ ကြုံတွေ့တဲ့အခါ ငါရင်ဆိုင်ဖြေရှင်းရဲခဲ့ပြီ။ ချစ်ခင်ရတဲ့သူရေ နင်မရှိလည်းနေတတ်အောင် ငါသင်ယူနိုင်ခဲ့ပါပြီ အထီးကျန်တဲ့အခါ တခြားသူကို ငါပိုဂရုစိုက်တတ်ခဲ့ပြီ။ ချစ်ခင်ရတဲ့သူရေ နင့်ကိုငါ ချစ်ခင်နေဆဲပါ ဒါပေမယ့်..... ငါ့ကိုယ်ငါပိုချစ်တတ်ဖို့ ငါသင်ယူနိုင်ခဲ့ပါပြီ။

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -