Archive for March 2012

ဝမ်းနည်းပြီဆိုရင်... တိတ်တိတ်လေးထိုင်ပြီး...ကိုယ့်ကိုယ်ကို ဖက်ထားပါ...ကြေကွဲမျက်ရည်တွေ တဝေါဝေါနဲ့ စီးကျလာပါစေ....
ဝမ်းနည်းပြီဆိုရင်... သူတစ်ပါးကို မပြောပါနဲ့... သူများတွေက သင့်ရဲ့ နေရာက ခံစားချက...်ကို နားမလည်ပေးနိုင်လို့ပါ....
ဝမ်းနည်းပြီဆိုရင်... တိတ်တိတ်လေးထိုင်ပြီး...ကိုယ့်ကိုယ်ကို ဖက်ထားပါ...ကြေကွဲမျက်ရည်တွေ တဝေါဝေါနဲ့ စီးကျလာပါစေ....
ဝမ်းနည်းပြီဆိုရင်...မှန်ကိုယူပြီး ကိုယ့်ကိုယ်ကို ကြည့်ပါ...လက်ရှိ ခံစားချက် အမှန်သရုပ်ကို ရင်ဆိုင်ပါ...
ဝမ်းနည်းပြီဆိုရင်... ငြိမ်ငြိမ်လေး တနေရာမှာ ပုန်းကွယ်ပြီး တကိုယ်လုံး လေဟာနယ်ထဲ မျောလွင့်သလို ခံစားမိပါစေ....
ဝမ်းနည်းပြီဆိုရင်...မျက်လုံးမှိတ်ထားပြီး...ဘေးက အသံတွေကို နားစိုက်ပါ... စိတ်ကို အသံတွေကြားမှာ နစ်မြုပ်ထားပါ...
ဝမ်းနည်းပြီဆိုရင်...သူများကို ပြောစရာမလိုပါဘူး...ကိုယ့်ရဲ့ နာကျင်မှုကို သူတစ်ပါးကို ဘာလို့ ခံစားစေမှာလဲ....
ဝမ်းနည်းပြီဆိုရင်...သီချင်းနားထောင်ပါ...သီချင်းက ခံစားချက်တွေကို သယ်ဆောင်သွားပါစေ....

ဝမ်းနည်းစရာ မကြုံဘူးတဲ့ သူ ဘယ်သူရှိမလဲ....တကယ်တော့...အတိတ်က ပြီးသွားတဲ့အရာတွေဟာ ပြန်မဖြစ်လာနိုင်တော့ဘူးလေ...ဒီ

ဝမ်းနည်းပြီဆိုရင်..

Posted by : လက်တွဲဖော် 0 Comments
*အသက်ရှုသွင်းလိုက်တဲ့အချိန်မှာ ရူးမတတ်လွမ်းရပြီး
အသက်ရှုထုတ်လိုက်တဲ့အချိန်မှာ သေမလောက် သတိရနေယုံက လွဲလို့
မင်းနဲ့ဝေးနေရတဲ့အချိန်မှာ ငါအဆင်ပြေပါတယ်****

ရူးမတတ်လွမ်းရပြီး

Posted by : လက်တွဲဖော် 0 Comments
တချိန်ချိန်မှာ ---- တချိန်ချိန်မှာ ---- တစုံတယောက်နဲ့ ဆုံစည်းရမယ်ဆိုရင် အဲဒီသူဟာ မင်းပဲဖြစ်ချင်တယ်။ တချိန်ချိန်မှာ ---- တစုံတယောက်နဲ့ ချစ်ခွင့်ရမယ်ဆိုရင် အဲဒီသူဟာ မင်းပဲဖြစ်ချင်တယ်။ တချိန်ချိန်မှာ ---- တစုံတယောက်ကို ပိုင်ဆိုင်ခွင့်ရမယ်ဆိုရင် အဲဒီသူဟာလည်း မင်းပဲဖြစ်ချင်တယ်။ တချိန်ချိန်မှာ ---- တစုံတယောက်နဲ့ ဝေးကွာရမယ်ဆိုရင်တော့ နှစ်ခါပြန် သေချင်သေပါစေ အဲဒီသူဟာ ဘယ်တော့မှ မင်းမဖြစ်စေရဘူး။ ဒါပေမယ့် ---- သူငယ်ချင်းတယောက်ကပြောတယ် “အချစ်စစ်ဆိုတာ ပိုင်ဆိုင်ရခြင်းနဲ့လည်း မဆိုင်ဘူး သူရှိနေတယ် ဆိုတဲ့ အသိလေးနဲ့ ပြီးပြည့်စုံတဲ့ ခံစားချက်လေးပါပဲ” တဲ့ ။ ဒါကြောင့် ---- စွန့်လွှတ်ရခြင်းကို ငါမနှစ်သက်လည်း ငါ့နှလုံးသားထဲမှာ မင်းရှိနေရုံနဲ့တင် သိမ်မွေ့ ပြီးပြည့်စုံတဲ့ခံစားချက်လေးတခုနဲ့ ငါ လွမ်းတတ်အောင် ကြိုးစားတော့မယ်။
Posted by : လက်တွဲဖော် 0 Comments
ချစ်သူ ဝေးရမယ့်အရေးဆို ...... တွေးတောင်မတွေးရဲဘူး ....... စွန့်လွှတ်ရမယ့်အတွေးဆို အိမ်မက်ထဲတောင်အလည်လာခွင့်မပေးနိုင်ဘူး ....... ဒါပေမယ့်လေ ....... မပိုင်ဆိုင်နိုင်မယ့် ဘ၀ကို ငါရင်ဆိုင်ရတော့မယ် ...... တစ်နေ့ ....... ဝေးရမှာကိုကြိုသိရက်နဲ့ ....... ငါ့အချစ်တွေ အကုန်ပေးခဲ့တယ် ....... ငိုရမယ်မှန်း ကြိုမြင်ရက်နဲ့ ...... ငါ့နှလုံးသားကို စတေးခဲ့တယ် ...... ငါလေ ....... မင်းထားခဲ့မယ်မှန်း သိရက်နဲ့လည်း ....... အချစ်ဦးမို့ သစ္စာထားပြီး ....... ငါရူးခဲ့တယ် ...... နောက်ဆုံးတော့လည်း ...... ငါလွမ်းတတ်အောင် လမ်းတစ်ဝက်ကနေ ....... မင်းနှုတ်ဆက်သွားခဲ့ပြီနော် ........

မင်းနှုတ်ဆက်သွားခဲ့ပြီနော်

Posted by : လက်တွဲဖော် 0 Comments
ချစ်သူသိစေဖို့ -------------------- သစ္စာမရှိမှန်းသိလျက်နဲ့ အချစ်ကိုတန်ဖိုးထားမိတာ ဘယ်သူမှားလည်းမေးကြည့်ရင် ငါမမှားဘူးလို့ထမင်မိတယ် မထိုက်တန်တဲ့နေရာကိုလှမ်းဖို့ ငါကိုယ်တိုင်ကပဲ ဆန္ဒဖြစ်ခဲ့တာလား ငါမမှားဘူးလို့ မပြောချင်ဘူး ဒါပေမဲ့ ငါမမှားချင်ခဲ့တာတော့အမှန်ပါ ဘ၀တစ်လျှောက်မှာ ငါဘာလို့ကျရှုံးရတာလဲ ငါမကျေနပ်ခဲ့ရင် ချစ်သူကိုတောင် ပြန်မချစ်ခဲ့ဘူး ခုတော့ ငါ့နှလုံးသားက ရိုးရင့်ရွက်ကြွေလို လေနှင်ရာမှာ သက်မဲ့လွင့်မျောရင်းက ငါရှူသွင်းနေတဲ့ ၀င်သက်နဲ့ထွက်သက်ကြားမှာ ငါလိုချင်တဲ့အိမ်ထဲက ငါ့ချစ်သူက ဘယ်မှာပုန်းရှောင်နေတာလဲ ..........။ အကိုဖတ်ဖြစ်ရင် ========== ညီမလေးတဲ့လား မာယာတွေ အလိမ်အညာစကားတွေ အတုအယောင် အစစ်အမှန် မဟုတ်တဲ့ အချစ်တွေနဲ. ရင်ထဲဝင်လာပြီးမှ ချစ်တတ်အောင် လွမ်းတတ်အောင် သင်ပေးသွားသူ မုန်းတတ်အောင်တော့ မသင်ပေးခဲ့ဘူး ညီမလေးလို. မကြွေးကြော်ပါနဲ. ရင်နာရလွန်းလို.ပါ ပေးခဲ့တဲ့ကတိတွေက ညီမလေးနဲ. ဆိုင်နေလား မုန်းမေ့ဖို. ကြိုးစားရင်း ပိုပိုချစ်မိတာ ညီမလေး အသိဆုံးပါ အကိုရာ ညီမလေးဆိုတဲ့ ဘွဲ.ထူးနဲ. အကိုပျော်ဖို. စေရာမှာနေပြီး အမြဲချစ်နေမှာ အချစ်ဧ။်ဥပဒေ တွေခါစမှာ ရင်ခုန်မြငါရုံနှင့် အသက်တမျှ ချစ်ရပါသော ကောင်မလေး.......... ကိုယ့်ရဲ့ နှလုံးသားကို လှူံဆော်နေတဲ့ ကောင်မလေး.............. မင်းကိုအချစ်ဥပဒေအရ အချစ်ရဲ့တရားသူကြီး နှလုံးသားဆီမှာ အချစ်ပုပဒ်မ LOVE/1500နဲ့တရားစွဲလိုက်ပြီ အယူခံမသန်လိုက်ပါနဲနော် ......... ကောင်းကင်ကသူရားသူကြီး၊ မြေ ပြင်ကသက်သေ၊ ပြစ်မှုကသူ့ကိုချစ်မှု၊ ပြစ်ဒဏ်က1500၊ တရားခံကကျွန်တော၊် အမိန့်......အသည်းကွဲစေ အမိန့်လေးတွေ နာခံပါရစေ....... အရိပ်လေးလိုနေပါရစေ..... မင်းရဲ.အနားမှာ နေပါရစေ....

ချစ်သူသိစေဖို့ -

Posted by : လက်တွဲဖော် 0 Comments
မချစ် လို့မေ့ ထားတာ မဟုတ်ပါဘူး ...
လွမ်းနေမိလို့ မေ့ထားတာပါ ...
သတိမရ ချင် တဲ့ ငါ့ရဲ့ စိတ်ကို
နင်ပြန်ပြီး ပုံဖော် စေချင်တာလား ...
ငါ့ကို စိတ်တိုအောင် ပဲလုပ်ပါ ဟာ ...
နာကျင်အောင်တော့ မလုပ်ချင်ပါနဲ့ ...
ငါ၇ူးသွား လိမ့် မယ် ...

မချစ် လို့မေ့ ထားတာ မဟုတ်ပါဘူး

Posted by : လက်တွဲဖော် 0 Comments
လှမ်းမခေါ်မီမှာ နင်လှည့်ကြည့်ပါ...
ဘာလို့ လဲဆိုရင်...
နင်လှည့်ကြည့်မှာကို ငါက အသင့်စောင့်နေခဲ့တာမို့ ...

မပြောမီမှာ နင်နားလည်ပေးပါ...
... ဘာလို့ လဲဆိုရင်...
ခံစားလွယ်တာကြောင့် ငါက မျက်ရည်ကျနေခဲ့မို့ ...

မလွမ်းမီမှာ နင်အနားရောက်လာပါ...
ဘာလို့ လဲဆိုရင်...
နင့်ဆီလာမိခဲ့ရင် နင်အနှောင့်ယှက်ဖြစ်နေမှာမို့ ...

အိမ်မပြန်မီမှာ နင်လက်ပြလှည့်ပါ...
ဘာလို့ လဲဆိုရင်...
နှုတ်မဆက်နိုင်ပဲ ငါက လက်ပြရုံသာတက်နိုင်တာမို့ ...

လမ်းမခွဲမီမှာ နင်လမ်းခွဲပါ...
ဘာလို့ လဲဆိုရင်...
ငါ့ဘက်က ဘယ်တော့မှ လမ်းမခွဲနိုင်သူမို့ ...♥
See More

လှမ်းမခေါ်မီမှာ နင်လှည့်ကြည့်ပါ

Posted by : လက်တွဲဖော် 0 Comments
Accept (လက်ခံသည်) "လောကကြီးမှာ ခြောက်ပစ်ကင်းသူမရှိပါဘူး" သူ့ကိုချစ်တယ်ဆိုရင် သူ့အားနည်းချက်အပါအဝင် သူ့ရဲ့အရာအားလုံးကို လက်ခံနိုင်ရပါမယ်။ Belief (ယုံကြည်ခြင်း) အချစ်မှာ ယုံကြည်ခြင်းတွေ လိုပါတယ်။ တစ်ဘက်သားကို မယုံကြည်ဘဲ အမြဲသံသယအမေး၊ သံသယအတွေးတွေနဲ့ အချစ်ကိုမယုံကြည်ခဲ့ရင် နောက်ဆုံးမှာ လမ်းခွဲခြင်းနဲ့ပဲ အဆုံးသတ်ရပါလိမ့်မယ်။ Care (ဂရုစိုက်ခြင်း) တစ်ဘက်သားကို ဂရုစိုက်တယ်ဆိုတာ သူ့အပေါ်ထားတဲ့ ကိုယ့်ရဲ့အရေးပေးမှုကို ပြသနေသလိုပါပဲ။ ဖုန်းလေးတစ်ချက်နဲ့ "အလုပ်ပင်ပန်းလား?"ဆိုတဲ့ ဂရုစိုက်တဲ့ အမေးလေးမေးနိုင်သလို "မိုးအေးပြီနော်... အနွေးထည်ထပ်ဖို့ မမေ့နဲ့နော်"ဆိုတဲ့ မက်ဆေ့လေးလည်း ပို့နိုင်ပါတယ်။ ဒီလို ဂရုစိုက်မှုတွေက တစ်ဘက်သားအတွက် တကယ့်အသုံးမနိုင်ဝင်ပေမယ့် အနည်းဆုံးတော့ သူ့စိတ်ကို နွေးထွေးကြည်နူးစေနိုင်ပါလိမ့်မယ်။ Devoted (သစ္စာခိုင်မြဲသည်) လူတစ်ယောက်ကိုချစ်ပြီဆိုရင် သစ္စာခိုင်မြဲရတယ်။ လှေနံနှစ်ဖက်နင်းတာက ကိုယ်ချစ်တဲ့သူကို နာကျင်ဝမ်းနည်းစေတဲ့အပြင် နောက်ဆုံးမှာ လမ်းခွဲတာနဲ့ပဲ အဆုံးသတ်ရတတ်တယ်။ Enjoy (ကျေနပ်စွာခံစားသည်) တစ်ဘက်သားရဲ့အရာအားလုံးကို ကျေကျေနပ်နပ်လက်ခံတဲ့အပြင် အချစ်ကြောင့်ဖြစ်လာတဲ့ ပျော်ရွှင်၊ ကြည်နူးခြင်းတွေကိုလည်း ကျေကျေနပ်နပ်ခံစားသင့်ပါတယ်။ ဒါမှ ချစ်ခရီးလမ်းက ပိုတာရှည်တည်မြဲ ပျော်ရွှင်မှာဖြစ်တယ်။ Freedom (လွတ်လပ်မှု) လက်ထပ်ပြီးအတူနေသည့်တိုင် တစ်ဘက်သားကို ကိုယ်ပိုင်လွတ်လပ်မှုနဲ့ လျှို့ဝှက်ချက်တချို့ ရှိစေသင့်တယ်။ ကိုယ်နဲ့အိမ်ထောင်ကျတာဟာ ထောင်ထဲရောက်သွားသလို အချုပ်နှောင်ခံတာမျိုး တစ်ဘက်သားကို မခံစားစေချင်ဘူး။ ဒါကြောင့် သူကိုယ်ပိုင်လွတ်လပ်မှုဆိုတာ ရှိသင့်ပါတယ်။ Give (ပေးဆပ်ခြင်း) အချစ်ဆိုတဲ့အရာက ကိုယ်ပေးဆပ်တိုင်း ပေးဆပ်သလောက် ပြန်ရမယ့်အရာမဟုတ်ပါဘူး။ ဒါပေမယ့် မပေးဆပ်ရင်တော့ လုံးဝပြန်ရဖို့ မရှိပါဘူး။ ကိုယ်ပေးဆပ်သလိုမျိုး တစ်ဘက်သားက ပြန်ပေးဆပ်ခဲ့ရင် ဒါဟာ စစ်မှန်တဲ့အချစ်လို့ ပြောနိုင်ပါတယ်။ Heart (နှလုံးသား) အချစ်မှာ အရေးအပါဆုံးအရာက နှလုံးသားတစ်စုံပဲဖြစ်တယ်။ တစ်ဘက်သားကို နှလုံးသားနဲ့ရင်းပြီး ချစ်သင့်တယ်၊ ကြင်နာနားလည်သင့်ပါတယ်။ တကယ်လို့ ချစ်ခြင်းမှာ နှလုံးသားတစ်စုံသာ မပါခဲ့ရင် အချစ်စစ်လို့မည်လိမ့်မှာ မဟုတ်ပါဘူး။ Independence (မမှီခို၊ အားမကိုးဘူး) စကားပြောကောင်းတဲ့ချစ်သူက "ငါဟာ မင်းအတွက်မွေးဖွားလာတာပါ" လို့ပြောတတ်ကြတယ်။ တကယ်တော့ လူတိုင်းမှာ ကိုယ်ပိုင်ရှင်သန်မှုတွေရှိကြတယ်။ တစ်ဘက်သားကို အလွန်အကျွံ မှီခို၊ အားကိုးတာက သူ့ကိုတာဝန်ပိုစေတဲ့အပြင် စိတ်ပင်ပန်းနွမ်းနယ်စေပါတယ်။ Jealousy (မနာလို၊ သဝန်တို) သင့်တင့်တဲ့ မနာလို၊ သဝန်တိုမှုတွေက သူဟာ ကိုယ့်အတွက် ဘယ်လောက်အရေးပါကြောင်း တစ်ဘက်သားကို ခံစားစေတယ်။ သဝန်တိုဖို့ အကျိုးအကြောင်းညီမျှရမယ်ဆိုတာ မမေ့သင့်ပါဘူး။ အကျိုးအကြောင်း အဆက်အစပ်မရှိတဲ့ သဝန်တိုမှုတွေက တစ်ဘက်သားကို မလိုလားမှုတွေ ဖြစ်ပေါ်စေပါတယ်။ Kiss (အနမ်း) အနမ်းတစ်ပွင့်က စကားအခွန်းထောင်သောင်းထက် သာလွန်ပါသတဲ့။ ညင်သာတဲ့အနမ်းတစ်ပွင့်နဲ့ ကိုယ့်မြတ်နိုးမှု၊ ကြင်နာမှုကို ပြသနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ချစ်တဲ့သူကိုနမ်းဖို့ မတွန့်တိုသင့်ပါဘူး။ Love (ချစ်တယ်) ချစ်တာနဲ့ နှစ်သက်တာမတူပါဘူး။ ချစ်မိပြီဆိုရင် တစ်ဘက်သားအတွက် အရာရာပေးဆပ်ရဲပါတယ်။ "ချစ်တယ်"ဆိုတဲ့စကားတစ်ခွန်းက တခြားတန်ဖိုးကြီးလက်ဆောင်တွေထက် တစ်ဘက်သားရဲ့ရင်ကို နွေးထွေးကြည်နူးစေပါတယ်။ Mature (ရင့်ကျက်) တချို့က အချစ်ဦးနဲ့ ဘာကြောင့်အလွယ်တကူ ကွေကွင်းကြရသလဲ? အကြောင်းက ငယ်ရွယ်စဉ် ရည်းစားထားချိန်မှာ ကလေးဆန်စိတ်တွေ များနေခဲ့လို့ဖြစ်တယ်။ ဘယ်သူကမှ အဆင်ခြေမရှိ စူစူအောင့်အောင့် မကြီးပြင်းတတ်တဲ့ကလေးကို အမြဲအလိုလိုက် ချစ်နိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် လူရင့်ကျက်ရင် အချစ်လည်းရင့်ကျက်ပြီး လှပတဲ့အဖူးအပွင့်တွေ မြန်မြန်ဆန်ဆန် ဖူးပွင့်နိုင်မှာဖြစ်တယ်။ Natural (ပင်ကို၊ ပကတိ) ချစ်စကြင်စမှာ လူတွေက ကိုယ့်အားနည်းချက်၊ အနာအဆာကို သိုဝှက်ပြီး ဟန်ဆောင်နေတတ်ကြတယ်။ အဲဒီအားနည်းချက်တွေက နှစ်ကြာမှ တဖြေးဖြေး ပေါ်လာတတ်တယ်။ ချစ်စတည်းက ပကတိအတိုင်းချစ်မယ်၊ သဘာဝအတိုင်း ဟန်ဆောင်မှုတွေကင်းခဲ့ရင် အချစ်က ပိုတာရှည်တည်မြဲမှာဖြစ်တယ်။ Observe (ဂရုတစိုက် ကြည့်ရှုမှတ်သား) တစ်ဘက်သားရဲ့ ဝါသနာ၊ ကြိုက်နှစ်သက်တာတွေကို ဂရုတစိုက်မှတ်သားခြင်းဖြင့် တစ်ဘက်သားကို ပိုနားလည်စေသလို တစ်ခါတလေမှာ သူ့ကို ထူးဆန်းအံ့သြအောင် လုပ်နိုင်ပါတယ်။ ဥပမာ- မဂ္ဂဇင်းအတူကြည့်တုန်း စာအုပ်ထဲကနာရီကို သူသဘောကျကြောင်းပြောခဲ့ရင် သူ့မွေးနေ့မှာ သူအံ့သြဝမ်းသာအောင် လက်ဆောင်ပေးတာမျိုးဖြစ်တယ်။ အဲဒီလို တစ်ဘက်သားရဲ့အကြိုက်ကို ဂရုစိုက်တတ်တဲ့စိတ်က လက်ဆောင်ပစ္စည်းတွေထက် ပိုတန်ဖိုးရှိကြောင်း တစ်ဘက်သားကို ခံစားစေနိုင်ပါတယ်။ Protect (ကာကွယ်စောင့်ရှောက်) ယောက်ျားလေးချစ်သူက မိန်းကလေးချစ်သူကို ကာကွယ်စောင့်ရှောက်တယ်ဆိုတာ သဘာဝပါ။ ဒါပေမယ့် မိန်းကလေးချစ်သူကလည်း ယောက်ျားလေးချစ်သူရဲ့ လေးစားမှု၊ မျက်နှာသာပေးမှုကို ကာကွယ်စောင့်ရှောက်ပေးရပါမယ်။ လူတွေကြားမှာ သူ့အရှက်မရဖို့၊ ထိခိုက်နာကျင်မှုတွေ မရဖို့ သတိထားရပါမယ်။ Quarter (ခွင့်လွတ်သည်းခံ) ခွင့်လွတ်သည်းခံခြင်းတွေ အချစ်မှာမရှိမဖြစ်တဲ့ အရာတွေဖြစ်တယ်။ တစ်ဘက်သားရဲ့အမှားကို ပြည့်ဝတဲ့သဘောထားတဲ့ ခွင့်လွတ်သင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူဟာ ကိုယ့်ရဲ့အချစ်ဆုံးသူ ဖြစ်နေလို့ပါပဲ။ Receive (လက်ခံ) ကိုယ့်အတွက် ချစ်သူပေးဆပ်တဲ့အရာတိုင်းကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ စိတ်ပျက်သွားတဲ့အမှုအရာမျိုး၊ စိတ်အနှောင့်အယှက်ဖြစ်သွားတဲ့ ပုံစံမျိုး ထုတ်မပြသင့်ပါဘူး။ အဲဒီအပြုအမှုတွေက သူ့ကို စိတ်ဓာတ်ကျအားငယ်စေပါတယ်။ ကိုယ့်အတွက် ချစ်သူပေးဆပ်တာကို ကျေနပ်ပျော်ရွှင်တဲ့အသွင်နဲ့ လက်ခံပေးသင့်ပါတယ်။ ဒါဟာ နှစ်ဦးသားရဲ့ အကြင်နာကို ပိုမိုခိုင်မြဲစေပါတယ်။ Share (မျှဝေ) တကယ်ချစ်ကြပြီဆိုရင် ဘဝရဲ့ပျော်ရွှင်၊ ဝမ်းနည်းခြင်းတွေကို အတူတကွမျှဝေသင့်ပါတယ်။ ဒါဟာ ဘဝဖော်တစ်ဦးရဲ့ အရိုးရှင်းဆုံး ဝတ္တရားပဲဖြစ်တယ်။ Tender (နူးညံ့) အချစ်မှာ နူးညံ့မှုတွေရှိသင့်ပါတယ်။ အချစ်မှာ နူးညံ့မှုတွေကင်းခဲ့ရင် အချစ်က ချစ်စရာမကောင်းတော့ပါဘူး။ Understand (နားလည်) တစ်ဘက်သားရဲ့ အမူအကျင့်ကို နားမလည်နိုင်ခဲ့ရင် အချစ်ဟာ အထီးကျန်ပြီး ဆက်ဆံရေးမဲ့သွားနိုင်ပါတယ်။ တစ်ဘက်သားရဲ့ ရှုထောင့်ကနေပြီး တွေးတောခံစားပေးခြင်းအားဖြင့် တစ်ဘက်သားကို ပိုနားလည်စေနိုင်ပါတယ်။ Veracity (ဖြောင့်မှန်၊ မှန်ကန်ခြင်း) အချစ်မှာ ဖြောင့်မှန်၊ မှန်ကန်ခြင်းတွေ အဆတစ်ရာလိုပါတယ်။ ကိုယ်ကလည်း ကိုယ့်ချစ်သူကို "အပြောသမား" တစ်ယောက် မဖြစ်စေချင်သလို သူကလည်း ကိုယ့်ကိုဖြစ်စေချင်မှာ မဟုတ်ပါဘူး။ အချင်းချင်း အချစ်ညာစားသူ မဖြစ်စေချင်ကြပါဘူး။ Wait (စောင့်သည်) အချစ်မှာ စောင့်တာက အခြေခံလိုအပ်ချက်လေးဖြစ်တယ်။ တစ်ဘက်သားနဲ့ အတူကြီးပြင်းရှင်သန်သင့်ပါတယ်။ ခရီးလမ်းဆုံးထိ တစ်ဦးကိုတစ်ဦး ဖေးမစောင့်စားသင့်ပါတယ်။ ကိုယ်အရင် ခြေလှမ်းလှမ်းပြီး တစ်ဘက်သားကို နောက်ချန်ထားရစ်ခဲ့လို့ မသင့်ပါဘူး။ X (အမြှောက်သင်္ကေတ) ချစ်သူအပေါ်ထားတဲ့ ကိုယ့်အချစ်ကို နေ့တိုင်းဆတိုးပြီး မြှောက်သွားခဲ့ရင် အချစ်ကအလိုလိုနေရင်း အဆုံးမရှိဖြစ်သွားနိုင်ပါတယ်။ Yield (အလျော့ပေး) နှစ်ယောက်အတူနေချိန်မှာ ငြင်းခုန်မှုက ရှိစမြဲဖြစ်တယ်။ နောက်ခြေတစ်လှမ်းဆုတ် အလျော့ပေးတာက ဒေါသမုန်တိုင်းကို ငြိမ်းအေးစေပါတယ်။ နောက်ပြီး ပြဿနာကို သဲသဲကွဲကွဲ မသိခင် "လမ်းခွဲကြရအောင်" ဆိုတဲ့စကားကို အလွယ်တကူမပြောမိဖို့ သတိထားရပါလိမ့်မယ်။ စိတ်တွေငြိမ်သွားမှ ပြဿနာရင်းမြစ်ကိုရှာပြီး ဖြေရှင်းနည်းတွေ ရှာတာဟာ အကောင်းဆုံးဖြစ်တယ်။ Zero (စမှတ်) အိမ်ထောင်ရေးတည်မြဲပြီလို့ မှတ်ယူတာပဲဖြစ်ဖြစ်၊ အချစ်ရေးခိုင်မြဲပြီလို့ ထင်မြင်တာပဲဖြစ်ဖြစ် ချစ်နေချိန်မှာ အရင်ညားစ၊ ချစ်စ၊ ကြင်နာစက ခံစားချက်မျိုး၊ စိတ်သဘောထားမျိုးထားဖို့ မမေ့သင့်ပါဘူး။ တည်မြဲပြီလို့ မှတ်ယူပြီး အချစ်ကို ပစ္စလက္ခမထားဘဲ၊ အနယ်မထိုင်စေဘဲ နေ့တိုင်းအချစ်ကို အသစ်အသစ်အဖြစ်နဲ့ ချစ်နိုင်၊ ခံစားနိုင်ခဲ့ရင် အချစ်ဟာ အမြဲနုပျိုလန်းဆန်းနေမှာဖြစ်တယ်။ လူတွေက အချစ်ကို အမျိုးမျိုးဖွဲ့ဆိုကြပါတယ်။ ဖွဲ့ဆိုကြတဲ့အထဲမှာ အချစ်တာရှည်ခိုင်မြဲဖို့၊ ချစ်ခရီးလမ်းဖြောင့်ဖြူး သာယာဖို့ အဓိကထား ရေးဖွဲ့ကြပါတယ်။ အချစ်အက္ခရာ A to Zကို အင်္ဂလိပ်ဘာသာ၊ မြန်မာဘာသာနဲ့ ဖတ်ဖူးကောင်း ဖတ်ဖူးကြပါလိမ့်မယ်။ အချစ်က ဘယ်တော့မှ ဘာသာပြန်ဆိုလို့ ပြီးနိုင်မယ့်အရာမဟုတ်တာကြောင့် အဲဒီအချစ်တွေကိုပဲ ကျွန်မက ထပ်ဘာသာပြန်ဆိုပါတယ်။ အချစ်အက္ခရာ A to Z လက်ခံသည်ကပဲ စမှတ်စခဲ့ပါတယ်။ အားလုံး ချစ်နိုင်ကြပါစေ... ထိုလင့်တွင်အပြည့်အစုံဖတ်ပါ: http://www.mm-flashsongs.com/profiles/blog/show?id=5202681%3ABlogPost%3A1095302&xgs=1&xg_source=msg_share_post#ixzz1qgXQpMPY

အချစ်အက္ခရာ A to Z

Posted by : လက်တွဲဖော် 0 Comments
တစ်ခါတုန်းက အင်မတန်ချစ်တတ်တဲ့ ဇနီး မောင်နှံရှိတယ်။ ဇနီးသည်က အိမ်ဆိုင်လေးဖွင့်ထားတယ်။ လင်သားက အစိုးရ၀န်ထမ်းပေါ့။ ဇနီးသည်ကလည်း စိတ်ကောင်းနှလုံးကောင်း လင်သားကလည်း ရိုးသားကြိုးစားသူ။ လင်သားက လခထုတ်လာတိုင်းထုတ်လာတိုင်း ဇနီးသည်ကို အကုန်အပ်လေ့ရှိတယ်။ အပ်တာက ရိုးရိုးမအပ်ဘူး သူအပ်တာက တစ်မျိုးလေး။ သူတို့မှာလည်းသားသမီး သုံးယောက်ရှိတယ်။ တစ်နေ့တော့ လင်သားက လစာလေးထုတ်လာတယ်။ အိမ်ရောက်တော့ -- ရှင်မရေ--- အစ်ကို လစာထုတ်လာတယ်။ လာပါအုံးဟ--- အစ်ကိုဘာဝယ်လာလဲလို့ လာကြည့်ပါအုံး--။ ဇနီးသည်ကလည်း အနားမှာ လာထိုင်တဲ့ အခါ-- လင်သားက ရော့ ဒါက ဒီတစ်လ အတွက်လစာ ဆိုပြီးတော့ ဇနီးသည်ရဲ့ ပါးကို နမ်းလိုက်တယ်။ မွေးမွေး ပေးလိုက်တယ်ပေါ့။ သူက လစာအပ်တိုင်း ဒီလို ပါးကလေးကို မွေးမွေးပေးပြီးတော့အပ်တာတဲ့။ တစ်နေ့တော့ တာဝန်ပြောင်းရတယ်။ နယ်ဘက်တွေမှာ တာဝန်သွားကျတယ်။ နယ်မှာ တစ်နှစ်လောက်လုပ်ပြီး အိမ်ပြန်လာတယ်။ ကလေးတွေကော ဇနီးသည်ကော ပျော်လို့ပေါ့။ ဇနီးသည်ကို အခန်းထဲ ခေါ်သွားတယ်။ ကလေးတွေကိုလည်း သားတို့ သမီးတို့ လာ လာ ရော့ သားအတွက် တစ်ရာ သမီးအတွက်တစ်ရာ ပေးပြီး ရုပ်ရှင် သွားကြည့်ခိုင်းလိုက်တယ်။ ကလေးနှစ်ယောက်ကလည်း ပျော်ပျော်ပါးပါးထွက်သွားတယ်။ အိမ်မှာ သူတို့ နှစ်ယောက်တည်းကျန်တော့တာပေါ့။ အဲဒီမှာ လင်သားလုပ်သူက ရှင်မ --လာ လာ ဒီမှာ ထိုင်ဆိုပြီး----------- နယ်မှာ တစ်နှစ်လုံးလုံးလုပ်လာတဲ့ လစာလေးတွေ စီနေတယ်။ ရှင်မ-- ရော့ -- ဒါက ဇန်န၀ါရီလ အတွက်လစာဆိုပြီး--မွေးမွေးပေးလိုက်တယ်။ ဒါက ဖေဖေါ်ဝါရီလအတွက်--- ဒါကမတ်လအတွက်----- ဒါက ဧပီလအတွက်---- နှစ်ယောက်သား လာစာ ပေးလိုက် မွေးမွေးပေးလိုက်လုပ်နေတယ်ပေါ့။ မောင်ကြီး ကလေးတွေ တွေ့နေဦးမယ် ။တော့ပါတော့--လို့ ပြောတော့ မရှိပါဘူး ---ကလေးတွေမရှိပါဘူး။ အင်းလေဒါဆိုလဲ ---ပြီးတာပဲ လစာတွေ ပေးနေတုန်း မွေးမွေးတွေပေးနေတုန်း အပြင်ဘက်မှာ ကလေးသံကြားရတယ်။ မောင်ကြီးထွက်ကြည့်ပါဦးဆိုတော့ လင်သားကအခန်းအပြင်ဘက်ထွက်ကြည့်လိုက်တယ်။ ဟင်---------- မင်း မင်း တို့---- လေသံမာမာလေးနဲ့ ပြောလိုက်တော့ ကလေးတွေကလန့်သွားတယ်။ ------ မင်းတို့ ဘယ်အချိန် ပြန်လာကြတာလဲ----------- ရုပ်ရှင် သွားမကြည့်ကြဘူးလား --ဘာလားနဲ့ ပြောလိုက်တော့ ကလေးတွေက---လန့်လန့်နဲ့ ဟုတ်--သား -- သားတို့ ဇန်နရီလ ကတည်းက ပြန်ရောက်တာပါအဖေ-------တဲ့--။ ချစ်တတ်လွန်းလို့ မိသွားတာပါ။ ရှင်မရယ်--- စိတ်မဆိုးပါနဲ့ လို့ လင်သားကဇနီးသည်ကို ပြန်ချော့နေရတယ်ဆိုပဲ။။။။။ ထိုလင့်တွင်အပြည့်အစုံဖတ်ပါ: http://www.mm-flashsongs.com/profiles/blog/show?id=5202681%3ABlogPost%3A1093344&xgs=1&xg_source=msg_share_post#ixzz1qffI9lGB

ချစ်တတ်လွန်းတော့

Posted by : လက်တွဲဖော် 0 Comments
ကောင်မလေး ကပြောတယ်... "ငါ အခုပဲ ငိုထားတာ...."
ကောင်လေးက "တောင်းပန်ပါတယ် အချစ်ရယ်......"
ကောင်မလေးက "ငါ့ကို မျက်ရည်ကျအောင် လုပ်တာ နင်မှ မဟုတ်တာပဲ....ဘာလို့ တောင်းပန်တာလဲ..."
ကောင်လေးက "ဘာလို့လဲ ဆိုတော့ နင် ငိုတဲ့ အချိန်တုန်းက...ငါနင့် ဘေးမှာ အတူ ရှိ မနေနိုင်ခဲ့တဲ့ အတွက်လေ"

ငါ အခုပဲ ငိုထားတာ.

Posted by : လက်တွဲဖော် 0 Comments
ချစ်သူ......... ဒီကမ္ဘာပေါ်မှာ ငါမင်းကိုသာအချစ်ဆုံးပါ ငါ့အသက်ရှင်နေသရွေ့ ငါ့ရဲ့ နှလုံးသား ဝင်သက်ထက်သက်တွေတိုင်းမှာ ရှိနေတာမင်းပါ ချစ်သူ........ တကယ်လို့များ မင်းငါ့ဘေးနားမှာ မရှိတော့ရင်တောင် မင်းရဲ့အငွေ့အသက်တွေ နဲ့ ငါရှေ့ဆက်ရင်း မင်းပေးတဲ့ဒဏ်ရာတွေကို မော့သောက်လို့ နာကျင်စွာပြုံးရင်း ယစ်မူးနေတာသိထားပေးပါ ချစ်သူ........ နင်ငါ့ကိုစိတ်ကုန်သွားခဲ့ရင် ဒါမှမဟုတ် အခြားတစ်ယောက်ကို ရွေးချယ်သွားခဲ့ရင် ငါ့အချစ်တွေက မင်းခြေဖဝါးအောက်မှာ ဖုန်မှုန်တွေလို ကပ်ငြိတွယ်စေဖို့ ငါဆုတောင်းတယ် ချစ်သူ....... တစ်နေ့နေ့တစ်ချိန်မှာ ငါ့ကိုပြန်မတွေ့ရင်တောင် မင်းဖိနပ်ချွတ်လိုက်တဲ့အချိန်တိုင်း ကပ်ငြိတွယ်နေတဲ့ဖုန်မှုန်ကိုတွေ့ရင် ဒါငါ့ အချစ်တွေ ကပ်ငြိတွယ်နေတယ်ဆိုတာ နင်သိထားပေးပါချစ်သူ........ မြေပြင်တစ်ခု ပေါ်မှာ ဘယ်လောက်ပဲ ပြောင်အောင်လှဲနေပါစေ အဲဒီမြေပြင်ပေါ်ကို မင်းနင်းလျှောက်လိုက် ရင် ဖုန်မှု့န်တွေပေကျံနေသလိုပဲ ဖုန်မှုန့်နဲ့တူတဲ့ငါ့အချစ်တွေကို နင်အမြဲ သတိရပေးပါနော်။

ဖုန်မှုန့်နှင့်တူသော ငါ့အချစ်တွေ

Posted by : လက်တွဲဖော် 0 Comments
video


(♫ ♪ ♫ ♪… အချစ်ဆိုသည်မှာ အံ့သြမှုများနဲ့ဆန်းကြယ်သော အရာ ♫ ♪


♫ ♪… အချစ်ဆိုသည်မှာ လူသားတိုင်းရဲ့ နှလုံးသားအထက် အရှင်သခင် ♫


♪ ♫ ♪… အချစ်ဆိုသည်မှာ ကြေကွဲခြင်းနဲ့ မျက်ရည်တို့ရဲ့ ကဗျာ ♫ ♪ ♫


♪… အချစ်ဆိုသည်မှာ ခံစားချက်တို့ မွေးဖွားရာနေရာ♫ ♪ ♫ ♪…


အချစ်ဆိုသည်မှာ ကြည်နူးကြတဲ့အခိုက် လမင်းတစ်ရာ ♫ ♪ ♫ ♪…


အချစ်ဆိုသည်မှာ ၀မ်းနည်းတဲ့အခါ နေမင်း ကုေ ဋ ကု ဋာ♫ ♪ ♫ ♪…


အချစ်ဆိုသည်မှာ တားဆီးတတ်ခဲ့ အိပ်စက်ခြင်းများစွာ ♫ ♪ ♫ ♪…


အချစ်ဆိုသည်မှာ အိပ်မက်များနဲ့ အရုဏ်ဦးအလှတရား ♫ ♪ ♫ ♪…


တကယ်ဆိုရင် အချစ်ဟာ ဖြေရှင်းမရတဲ့ ပြသနာ♫ ♪ ♫ ♪… အချစ်ဟာ


အဖြေရှာမရတဲ့ပုစ္ဆာ ငါကိုယ်တိုင် အချစ်ဟာ ဘာလဲမသိတော့ပါ ♫ ♪ ♫ ♪…


တစ်ခါတစ်ရံ အချစ်ဆိုတဲ့ အရာနဲ့ ဆုံစည်းလိုက်ချင်လည်း ♫ ♪ ♫ ♪…


တစ်ခါတစ်ရံတော့ အချစ်နဲ့ ဝေးချင်တယ်♫ ♪ ♫ ♪…)၂ 

 


♫ ♪ ♫ ♪… တကယ်ဆိုရင် အချစ်ဟာ ဖြေရှင်းမရတဲ့ ပြသနာ♫ ♪ ♫ ♪…


အချစ်ဟာ အဖြေရှာမရတဲ့ပုစ္ဆာ ငါကိုယ်တိုင် အချစ်ဟာ ဘာလဲမသိတော့ပါ ♫


♪ ♫ ♪… အချစ်ဟာ အဖြေရှာမရတဲ့ပုစ္ဆာ ♫ ♪ ♫ ♪… ♫ ♪ ♫ ♪…


တကယ်ဆိုရင် အချစ်ဟာ ဖြေရှင်းမရတဲ့ ပြသနာ♫ ♪ ♫ ♪… အချစ်ဟာ


အဖြေရှာမရတဲ့ပုစ္ဆာ ငါကိုယ်တိုင် အချစ်ဟာ ဘာလဲမသိတော့ပါ ♫ ♪ ♫ ♪…


အချစ်ဟာ အဖြေရှာမရတဲ့ပုစ္ဆာ ♫ ♪ ♫ ♪…

ထူးအိမ်သင်ရဲ့ အချစ်ဆိုသည်မှာ

Posted by : လက်တွဲဖော် 0 Comments
အချစ်ဆိုတာ နေရာတိုင်းမှာ၊ အချိန်တိုင်းမှာဖြစ်ပေါ်လာနိုင်ပါတယ်။ အချစ်ဟာ တောင်တန်းတွေပေါ်မှာရှိသလို မြေပြင်ပေါ်မှာလဲရှိနိုင်ပါတယ်။ လယ်ကွင်းတွေထဲမှာရှိသလို စက်ရုံတွေမှာလဲရှိနိုင်ပါတယ်။ ဘုံနန်းပြာသာဒ်တွေမှာလဲ အချစ်ရှိသလို တဲငယ်တွေမှာလဲအချစ်ရှိပါတယ်။ ပင်လယ်ပြာထဲမှာ အချစ်ရှိသလို သဲကန္တာထဲမှာလဲ အချစ်ဆိုတာရှိပါတယ်။ လူသားတိုင်းရဲ့ နှလုံးသားထဲမှာအချစ်ဆိုတာရှိသလို အကယ်၍်များလယ်သမားတွေရဲ့ နှလုံးသားထဲမှာ အချစ်ဆိုတာမရှိ ခဲ့ရင်စပါးနှံတွေဟာ ဖွဲပြာဖြစ်သွားနိုင်သလို စက်ရုံအလုပ်သမားတွေရဲ့ နှလုံးသားထဲမှာလည်း အချစ်မရှိခဲ့ရင် စက်ရုံဟာ မီးခိုးတိတ်လို့သွားမှာပါ။ အချစ်ဆိုတဲ့စကားကို အရမ်းသုံးမှုကြောင့် အချစ်လည်းနာမည်ပျက်ရတာပါ။ သိပ္ပံပညာဟာလက်ခံကျင့်သုံးတဲ့ သိပ္ပံပညာရှင်ရဲ့ နှလုံးသားအတိမ်အနက်အလျောက် လူ့ဘောင်ကိုအကျိုးပေးတဲ့နေရာမှာကွာခြားသွားသလို အချစ်ဆိုတာလဲ လက်ခံနိုင်တဲ့ နှလုံးသားပေါ်မှာမူတည်နေတာပါ။ သိပ္ပံပညာရှင်ဟာ ယုတ်မာရက်စက်တဲ့လူဆိုရင် သိပ္ပံပညာကိုလူသားတွေ အသက်ရှည်ဖို့၊ သစ်ပင်ပန်းမန် တွေရှင်သန်စေဖို့ အသုံးချဖို့အစား လက်နက်တွေနဲ့ ရောဂါပိုးတွေကိုသာထုတ်လုပ် ဖန်တီးပေးမှာပါ။ ဒီလိုပါဘဲ အချစ်ကိုရာဂ ဆိုတဲ့ တပ်မက်ခြင်းတဏှာနဲ့ ပေါင်းစပ်လိုက်တော့ အချစ်ရဲ့ အကျိုးသက်ရောက်မှုဟာ ယုတ်မာညစ်ညမ်းတဲ့တဏှာရာဂ အနေနဲ့ မိမိတို့ လိုချင်ခြင်းတစ်ခုတည်းကိုသာ ကြည့်တတ်တဲ့ အာသာဆန္ဒဘက်ကိုပုံစံကူးပြောင်းပြီးလူ့ဘောင်ကိုပျက်စီးသွားစေမှာပါ။ ဒီလိုမဟုတ်ဘဲ သိပ္ပံပညာရှင်ရဲ့ နှလုံးသားဟာ သိမ်မွေ့နူးညံတဲ့ ကရုဏာရှင်ဖြစ်ခဲ့ရင်တော့ သိပ္ပံပညာနဲ့အနာဂတ်လူ့ဘောင်ကို သာယာလှပအောင် ဖန်တီးသွားနိုင် မှာပါ။ ဒီလိုပါဘဲ အချစ်ကို ဂရုဏာနဲ့ပေါင်းစပ်လိုက်ရင်တော့ သာယာစိုပြည်တဲ့ လူဘောင်အလှကိုဖန်တီးယူနိုင်မှာပါ။ နှလုံးသားကပေးအပ်တဲ့ ကရုဏာအကျယ်အပြော၊ အချိုးအစားအလိုက်၊ အနစ်နာခံခြင်း၊ စွန့်လွှတ်ခြင်းဆိုတဲ့ ပါရမီအလုပ်ဟာလည်း အချိုးအစားအလိုက်ကွာခြားသွားမှာပါ။ မမြင်နိုင်တဲ့အချစ်ဆိုတာ နှလုံးသားထဲကိုဝင်လာတော့မှ သတ္တဝါတို့ဟာ ဇောစိတ်မျိုးစုံနဲ့ လှုပ်ရှားလာကြာတာပါ။ နှလုံးသားအတုကိုဖန်ဆင်းပြီး စက်ကိရိယာ အမျိုးမျိုးတပ်ပြီး နှလုံးခုန်လာအောင် စမ်းသပ်ကြည့်ပါ။ လူရုပ်တော့ပေါ်လာမှာပါ။ အဲဒီလူရဲ့လှုပ်ရှားမှုဟာ ဘက်ထရီအားနဲ့လှုပ်ရှားတဲ့ ဂျစ်ကားတစ်စီးမောင်းလို့ရတဲ့ အဖြစ်နဲ့ဘာမှ မခြားတော့ပါဖူး။ ဒါကြောင့် အချစ်ဆိုတာ ကိုလွယ်လွယ် မပြောကြဘဲ လွယ်လွယ် မခံစားကြပါနဲ့။ ဘုရားလောင်းမျောက်မင်းဟာ ချောက်ထဲကြနေတဲ့ ပုဏ္ဏား ကိုကယ်တင်ရာမှာ ချစ်လှချည်ရဲ့၊ သနားလှချည်ရဲ့ ဆိုပြီး အရမ်းမကယ်ခဲ့ပါဘူး။ ကယ်တင်ရှင်ဖြစ်ချင်ဇောနဲ့ မျက်ကန်းလိုမလုပ်ခဲ့ပါဘူး။ ပုဏ္ဏားကို ပခုံးပေါ်တင် တွင်းထဲကနေချောက်ကမ်းပါးအမြင့်ကို ခုန်တက်ရာမှာမတော်တဆ ဝန်ကလေးပြီး ကမ်းပါးလမ်းခုလတ်မှာသေမှာစိုးလို့ ပုဏ္ဏား နဲ့အလေးချိန်ညီတဲ့ ကျောက်တုံးကိုရှာ၊ သူ့ပခုံးပေါ်ကျောက်တုံးတင်ပြီး အကြိမ်ကြိမ်အစမ်းခုန်ကြည့် ပြီးသေချာမှ စိတ်ချရမှ ပုဏ္ဏားကို ပခုံးပေါ်တင်ပြီး ချောက်ကမ်းပါးထိရောက်အောင်ပို့ပေးခဲ့ပါတယ်။ မိမိထားတဲ့မေတ္တာအလေးချိန်ပမာဏ အတိုင်းအရှည်အလျောက်မျောက်မင်းရဲ့ပခုံးပေါ်ကကျောက်တုံးဟာလဲကြီးမားရပါတယ်။ ထမ်းရတဲ့ဝန်ကလည်းလေးမှာပါဘဲ။ ပုဏ္ဏားကိုကယ်တင်ချင်လွန်းလို့ပါဗျာဆိုပြီး မဟာကယ်တင်ရှင်နာမည်ခံရုံနဲ့တော့မရပါဘူး။ ကယ်တင်ချင်တဲ့ စေတနာအလျောက် ထမ်းရမဲ့ ဝန်အလေးဒဏ်ကိုခံရမယ်ဆိုတာ မကယ်ခင်ကတည်းက ဘုရားလောင်းမျောက်မင်းက ကြိုတွေးထားပြီးသားပါ။ ပုဏ္ဏားကိုကယ်ပြီး ဝန် ကလေးလွန်းတော့မှ မင်းဟာမင်းသေချင်သေ လို့မျောက်မင်းဟာ ကိုယ်လွတ်ရုန်း မပြေးခဲ့ပါဘူုး။ ပုဏ္ဏားကိုရအောင်ကယ်တင်ခဲ့ပါတယ်။ ဒီအကြောင်းအရာလေးကို ဖတ်မိပြီး တစ်ခုခု ခံစားသိမြင် လာမယ်လို့ထင်ပါတယ်။ လူတိုင်းအချစ်နဲ့မကင်းနိုင်ကြပါဖူး။ မချစ်ခင်စဉ်းစားပါ။ တကယ်အချစ်စစ်လား။ တသက်လုံးချစ်နိုင်ရဲ့လား။ ချစ်ပြီးရင်လဲစဉ်းစားပါ။ ဘယ်လိုဘဲဖြစ်ဖြစ်ဘယ်လောက်ဘဲ အခက်အခဲတွေ့တွေ့ နှစ်ဦး သဘောတူချစ်မိပြီဆိုရင်တော့ တသက်တာ လက်တွဲသွားနိုင်ဖို့ပါဘဲ။့ အချစ်ဆိုတာကိုလူတွေ အမျိုးမျိုး အဓိပ္ပါယ်ဖွင့်ခဲ့ကြပါတယ်။ အချစ်ဆိုတာ ကိုယ်ချစ်မိတဲ့ အချစ်ရဲ့တန်ဖိုးပမာဏ အလျောက် စွန့်လွှတ်နိုင်မှု၊ သည်းခံနိုင်မှု၊အနစ်နာခံနိုင်မှုနဲ့ စွန့်လွှတ်ရမဲ့၊ သည်းခံရမဲ့၊ အနစ်နာခံရမဲ့ အတိုင်းအရှည်ကိုလည်း ကြိုတင်မှန်းဆထားရမယ်ဆိုတာကိုပါ အချစ်ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက် တွေထဲမှာတစ်ချက်အနေနဲ့ထပ်ထည့်လိုက်ချင်ပါတယ်။ (ဒီဆောင်းပါးလေးနဲ့ ဆရာမကြီး ခင်နှင်းယုကို ကျေးဇုးတင်ဂါရဝပြုကန်တော့လိုက်ရပါတယ်။ ဆရာမကြီး စာအုပ်တွေကိုဖတ်ပြီး အသိအမြင်ရခဲ့သလိုဒီဆောင်းပါးလေးကိုဖတ်ပြီး အသိလေးတစ်ခုလောက်ရကြပါစေလို့ ဆန္ဒပြုမိပါတယ်။)

အချစ်ဆိုတာ

Posted by : လက်တွဲဖော် 0 Comments
အချစ်အကြောင်းတစေ့တစောင်း အချစ် ဆိုသည်မှာ လူ့ခံစားချက် နှင့် တွေ့ထိမှု အမျိုးမျိုးပါဝင်ပြီး အလွန် ပြင်းထန်သော စွဲလမ်းမှုကို ခေါ်သည်။ မြန်မာ့ ဓလေ့ထုံးစံတွင် တဏှာပါသော ၁၅၀၀ အချစ် နှင့် တပ်မက်ခြင်းကင်းသော ၅၂၈ အချစ် ဟူ၍ နှစ်မျိုး ခွဲထားသည်။ ၎င်းအချစ်နှစ်မျိုး အပြင် တိရစ္ဆာန်၊အရာဝတ္ထု၊ အကြောင်းအရာများကို ချစ်သော အချစ်များလည်းရှိသေးသည်။ ထိုကွဲပြားသော အဓိပ္ပါယ်များအပြင် ဖေါ်ပြရန် ခက်ခဲသော စိတ်ခံစားမှုများ အတွင်းမှ အချစ် ဆိုသော အခက်ခဲဆုံး စိတ်ခံစားမှုကြောင့် အချစ် ကို ဖွဲ့ဆိုသတ်မှတ်ရာတွင် အမြဲပင် ကွဲလွဲမှုများ ရှိသည်။ အခြေခံအားဖြင့် အချစ်သည်မှာ အခြားသူ တစ်ယောက်ကိုဖေါ်ပြ၍ မရနိုင်လောက်အောင် အလွန်ပြင်းထန်သော ကြင်နာခြင်း ခံစားမှု တစ်မျိုးပင်ဖြစ်သည်။ အချစ်ကို ဤမျှ တိုတောင်းသော အဓိပ္ပါယ်ဖွင့်မှုပင် များစွာသော စိတ်ခံစားမှုများ ကို ကိုယ်စားပြုပြီး တပ်မက်ခြင်း မှသည် အထိအတွေ့ အချစ် (romantic love) တဖန် ပလေတို အချစ် ခေါ် လိင်ကိစ္စ မပါသော အချစ် တို့ပါ သက်ရောက်နိုင်ပြီး တစ်ယောက်တည်းမှသည် အများသို့လည်း ရည်ရွယ်နိုင်သည်။ အချစ်ကို ပုံစံမျိုးစုံဖြင့် ပြုကျင့်ကျပြီး စိတ်၏ ဗဟို ဖြစ်သောကြောင့် လူမှုရေးတွင် အဓိက ကျပြီး အနုပညာ (creative art) တွင် အမြဲပါဝင်သည်။

အချစ်အကြောင်းတစေ့တစောင်း

Posted by : လက်တွဲဖော် 0 Comments
အချစ် ၏အဓိပ္ပာယ်ဖွင့်ချက်များ အချစ်ဟု ဆိုရာတွင် အကြောင်းအရာပေါ် မှုတည်၍ ကွဲပြားသော်လည်း ဆက်စပ်နေသော အဓိပ္ပာယ်များကို ရည်ညွှန်းသည်။ ယဉ်ကျေးမှု ကွာခြားမှု၊စိတ်၏ ခံစားမှုကို လိုက်၍ အချစ်၏ အဓိပ္ပာယ် ကွာခြားမှုများကြောင့် တကမ္ဘာလုံး အတွက် ကိုက်ညီမည့် အဓိပ္ပာယ် မရရှိနိုင်ပေ။ အချစ်၏ မူလသဘောကြောင့် အဓိပ္ပာယ် ဖွင့်ဆိုရာတွင် မကြာခဏ ညှင်းဆိုကြသော်လည်း အချစ်ကို အချစ်မဟုတ်သည် များနှင့် ရှင်းပြနိုင်သည်။ အချစ်သည် အလွန်ကြိုက်သော သဘောရှိပြီး အမုန်း နှင့် ဆန့်ကျင်ဖတ်ဟု ဆိုကြသည်။ အချစ်သည် တဏှာ မဟုတ်ပဲ လိင်ဆန္ဒ နည်းပြီး၊ ခင်တွယ်သော စိတ်ခံစားမှုအတွင်းမှ ပေါ်ပေါက်လာသည်။ သို့သော် အလွန်ခင်သော သူငယ်ချင်းနှင့်ကားမတူပေ။ ထိုအပြင် သူငယ်ချင်းအချစ်ကား သပ်သပ်ဖြစ်သည်။ နာမ်သဘောဖြစ်သော အချစ်သည် ရှုပ်ထွေးပြီး အချစ် ဒဿနများတွင် ဆိုရိုးဆန်ဆန် အဓိပ္ပာယ်ဖွင့်ချက်များ ရှိခဲ့လေရာ၊ ကျော်ကြားသော ၎င်းစာသားတို့မှာ ဘီဂျယ်၏ "အချစ်သည် အရာရာကို အောင်မြင်သည်" (Love conquers all), ဗီတယ်၏ "အချစ်သာလိုသည်" (All you need is love) နှင့် ဘာတရံ ရုဇ်ဆယ်၏ နှိုင်းရှင်ခြင်း မဟုတ်သော "အတိုင်းမဲ့ အချစ်" (absolute value) တို့မှာ ထင်ရှားသည်။

အချစ် ၏အဓိပ္ပာယ်ဖွင့်ချက်များ

Posted by : လက်တွဲဖော် 0 Comments
ဘာသာရေး ရှူဒေါင့် မှ အချစ်ကိုသုံးသပ်ခြင်း ခရစ်ယာန် ခရစ်ယာန် တို့တွင် အချစ်မှာ ဘုရား (God) မှ ဆင်းသက်လာသည်။ ခရစ်ယာန် တို့သည် Gospel of Mark chapter 12, verses 28-34 ဆိုထားသည့် အတိုင်း Love God with all your heart, mind, and strength and Love your neighbor as yourself are the two most important things in life ဘုရားကို အသည်းနှလုံး၊ စိတ် နှင့် ရှိသမျှ ခွန်အားတို့ 'အစွမ်းကုန် ချစ်ခြင်း နှင့် သူတပါးတို့အား မိမိကိုယ်ကဲ့သို့ ချစ်ခြင်းသည် ဘဝတွင် အရေးကြီးဆုံး ဖြစ်သည် ဟု ယုံကြည်ကြသည်။ ဗုဒ္ဓဘာသာ ဗုဒ္ဓဘာသာတွင် ကာမ သည် ခံစားမှု ဖြစ်ပြီး အချစ်ကို ကာမတဏှာ ဟု ခေါ်သည်။ ၄င်းအချစ်သည် အတ္တ ဖြစ်သောကြောင့် နိဗ္ဗာန် သို့ရောက်ရာ လမ်းအတွက် အတားအဆီး ဖြစ်သည်။ သို့သော် ကရုဏာ ခေါ် ကြင်နာခြင်း မှာ အခြားသူများ၏ ဒုက္ခဝေဒနာ ခံစားရခြင်းများ ကို သက်သာစေပြီး နိဗ္ဗာန် ရောက်ရန် လိုအပ်သော ဉာဏ်ပညာ တစ်ခုဖြစ်သည်။ မေတ္တာ သည် မြင့်မြတ်သော အချစ်ဖြစ်သည်။ ၎င်းအချစ်သည် မပြောင်းလဲသော သဘောရှိပြီး အနစ်နာခံခြင်းများ ပါဝင်သည်။ မေတ္တာသည် သာမန် အချစ်နှင့် ကွာခြားပြီး မိမိအတွက် ဖြစ်သော စွဲလမ်းခြင်း နှင့် လိင်ကိစ္စ မပါဝင်ပေ။ တနည်းအားဖြင့် ဗုဒ္ဓဘာသာဝင်တို့သည် မိမိကောင်းစားရေးထက် သူတပါးကောင်းစားရေးကို အားပေးသည်။

ဘာသာရေး ရှူဒေါင့် မှ အချစ်ကိုသုံးသပ်ခြင်း

Posted by : လက်တွဲဖော် 0 Comments
ဓာတု သဘော အရ အချစ်
ဇီဝဗေဒသည် လိင်ကိစ္စကို အချစ်ဟု မြင်ပြီး ဆာလောင်ခြင်း တို့ကဲ့သို့ နို့တိုက် သတ္တဝါ တို့၏ တွန်းအားဟု မြင်သည်။ အချစ် အကြောင်းတွင် ထိပ်တန်းဖြစ်သော Helen Fisher သည် အချစ် တွေ့ကြုံမှုကို ထက်ဆက်နေသော အပိုင်းသုံးပိုင်း တဏှာဖြစ်တည်မှု၊ ဆွဲငင်မှု၊ တွဲမက်မှု ဟု၍ ပိုင်းခြားထားသည်။ လူတို့၏ ဖေါ်ပြခြင်းများကြောင့် တဏှာဖြစ်တည်ပြီး၊ အချစ် ဆွဲငင်မှု ဖြစ်ကာ လူတို့၏ စွမ်းအင်များကို မိတ်လိုက်ရာတွင် သုံးပြီး နောက်ဆုံးတွင် မျိုးဆက်သစ်များ ပေါက်ပွားကာ တွဲမက်မှု ဖြစ်စေသည်။
တဏှာသည် မိတ်လိုက်ခြင်းကို အားပေးသော ပြင်းပြသည့် လိင်ဆန္ဒကို ဖြစ်ပေါ်စေပြီး၊ testostrone နှင့် estrogen ကဲ့သို့ ဓာတု ဓာတ်ပစ္စည်းများ ပိုမို ထွက်လေသည်။ ၎င်းအကျိုးသက်ရောက်မှုသည် ရက်တပတ် သို့မဟုတ် လ အနည်းငယ် ကာလအပိုင်းအခြားတစ်ခုထိ ကြာသည်။ အချစ် ဆွဲငင်မှု သည် ပုဂ္ဂိုလ်တစ်ဦးတစ်ရောက် အတွက်သာ ရွေးချယ်၍ မိတ်လိုက်ရန် အချစ်စိတ် ဖြစ်ပေါ်ပြီး ၎င်းအချစ်စိတ်သည် အမှန်တကယ် မိတ်လိုက်ပြီးသောအခါ လျော့ကျသွားပြန်သည်။ မကြာသေးမှီက ဦးနှောက်ဗေဒ (neuroscience) လေ့လာတွေ့ရှိချက်အရ လူတစ်ရောက်ချစ်မိလျှင် ဦးနှောက်သည် ဓာတု ဓာတ်ပစ္စည်းများ ဖြစ်သည့် pheromonesdopaminenorepinephrine နှင့် serotonin တို့ အဆက်မပြတ် ထုတ်လုပ်ပေးသည်။ ၎င်းတို့သည် အဖီတမင်း ကဲ့သို့ ဦးနှောက်၏ သာယာမှု အထွတ်အထိပ် (pleasure center) ကို ဆွပေးပြီး နှလုံးခုန်နှုန်း မြန်ကာ စိတ်လှုပ်ရှားခြင်းနှင့်အတူ အစား၊ အအိပ် ပျက်စေသည်။ 
တဏှာဖြစ်တည်မှု နှင့် အချစ်ဆွဲငင်မှု မှာ ခဏတာ ဖြစ်ပေါ်ရန်ရှိပြီး တတိယ အဆင့်မှာ ရေရှည် ဆက်ဆံရေးအတွက် ရည်ရွယ်သည်။ ဆွဲငင်မှု သည် နှောင်ကြိုး တစ်မျှင်ဖြစ်ပြီး ဆက်ဆံရေးကို အားပေးပြီး နှစ်များစွာ ကြာနိုင်သည်။ နှောင်ကြိုးများကို လက်ထပ်ခြင်း နှင့် သားဆက်များ သို့မဟုတ် အပြန်အလှန် ဆက်ဆံရေးများက နှစ်ဦးနှစ်ဖက် လိုအပ်ချက်အလိုက် ချည်နှောင်ထားသည်။ ၎င်းတို့သည် တိုတောင်းသော ဆက်ဆံရေးများထက် အဆင့်မြင့်သည့် ဓာတု ပစ္စည်းများဖြစ်သော oxytocin နှင့် vasopressin တို့ကို သုံးသည်။လူများ ချစ်ကျွမ်းဝင်စတွင် nerve growth factor (NGF) ခေါ် ပရိုတိန်း မော်လီကျူးများ ပိုမိုထွက်ရှိပြီး တစ်နှစ်အကြာတွင် မူလအခြေသို့ ပြန်ကျသွားသည်ကို Pavia University မှ အီတာလံ သိပ္ပံပညာရှင် များက ၂၀၀၅ခုနှစ်တွင် ရှာဖွေတွေ့ရှိခဲ့သည်။

ဓာတု သဘော အရ အချစ်

Posted by : လက်တွဲဖော် 0 Comments
သူ့ကို သူလက်ထပ်ခွင့်တောင်းတော့ သူစကားတစ်ခွန်းပဲပြောတယ်။ "ငါ့ကို ယုံပါ" သူ့အတွက် သူပထမဆုံးသမီးလေးမွေးပေးတော့ သူစကားတစ်ခွန်းပြောတယ်။ "နင် ပင်ပန်းပြီ" သူတို့သမီး မင်္ဂလာဆောင်တဲ့နေ့က သူ့ကို သူဖက်ပြီး စကားတစ်ခွန်းပြောတယ်။ "ငါ ရှိသေးတယ်" သူဖျားနာကြောင်း သူကြားတော့ သူ့ဘေးနား သူချက်ချင်းရောက်လာပြီး စကားတစ်ခွန်းကို သူထပ်တလဲလဲပြောတယ်။ "ငါ ဒီမှာ" လောကကြီးထဲကနေ သူထွက်သွားတော့မယ့်တခဏ သူ့နဖူးကို သူနမ်းပြီးပြောတယ်။ "ငါ့ကို စောင့်ပါ" ဒီတစ်သက် သူ့ကို ချစ်တယ်လို့ သူ မပြောခဲ့ဖူးဘူး။ ဒါပေမယ့် အချစ်က သူတို့အနားမခွဲမခွာရှိခဲ့တယ်။ ဒီလောကမှာ ရင်ထဲကစကားကို ထုတ်ဖော်မပြောပြတတ်တဲ့ လူတွေရှိတယ်။ ထုတ်ဖော်မပြောတိုင်း သူတို့မှာ ချစ်ခြင်းမေတ္တာမရှိတာမဟုတ်ပါဘူး။ Read more: http://www.mm-flashsongs.com/profiles/blog/show?id=5202681%3ABlogPost%3A1089195&xgs=1&xg_source=msg_share_post#ixzz1qVeOsGWh

ချစ်ခြင်းမေတ္တာမရှိတာမဟုတ်ပါဘူး။

Posted by : လက်တွဲဖော် 0 Comments
သင့်ကို တကယ်ချစ်တဲ့သူဆိုတာ ဘယ်တော့မှ သင့်ကို ထားမသွားဘူး...
ထောင်ပေါင်းများစွာသေ...ာအကြောင်းရင်းတွေနဲ့ စွန့်လွှတ်စရာရှိသည့်တိုင်အောင် ...
အကြောင်းပြချက်တစ်ခုကို မရမက ရှာပြီး သင့်အနားမှာ တောက်တဲ့လို တွယ်ကပ်နေတတ်တယ်....
အခက်အခဲမြောက်မြားစွာ ရှိသည့်တိုင်အောင်... ရှေ့ကိုဆက်တိုးဖို့ပဲ အားထုတ်နေတတ်တယ်...
ဘာလို့လဲဆိုတော့....သင့်ကို စွန့်လွှတ်လိုက်တဲ့ တစ်ခဏမှာ...သူဆုံးရှုံးသွားပြီ ဆိုတာ သိနေလို့လေ....

တစ်ခဏမှာ...သူဆုံးရှုံးသွားပြီ

Posted by : လက်တွဲဖော် 0 Comments
မီးဖွားခါနီး မိန်းမဘေးမှာ ယောက်ျားဖြစ်သူက အားပေးစကားပြောနေတယ်။

မိန်းမက မေးတယ်... "ယောက်ျားလေးလိုချင်လား? မိန်းကလေးလိုချင်လား?" တဲ့။

ဒါကို ယောက်ျားက ဒီလိုဖြေတယ်....
... "တကယ်လို့ ယောက်ျားလေးမွေးရင် ခင့်ကို မောင်တို့သားအဖ စောင့်ရှောက်မယ်
တကယ်လို့ မိန်းကလေးမွေးရင် ခင်တို့သားအမိကို မောင်စောင့်ရှောက်မယ်"တဲ့။
.
See More
Posted by : လက်တွဲဖော် 0 Comments
ဖူးစာကံကုန်သွားရင်
တစ်မြို့ထဲအတူနေတာတောင်
တစ်ယောက်နဲ့တစ်ယောက်
တွေ့ဆုံဖို့က ခက်သွားပြီ

... တစ်ခါတလေမှာ
လှည့်ထွက်လိုက်ပြီဆိုတာနဲ့
တစ်သက်လုံး ဝေးသွားတော့တာပဲ

ဆူညံ့ရှုပ်ထွေးတဲ့ ဒီမြို့ပြကြီးထဲမှာ
ဘယ်သူက ဘယ်သူ့ကို လွမ်းနေမလဲ?
.
See More

ဖူးစာကံကုန်သွားရင်

Posted by : လက်တွဲဖော် 0 Comments
ကောင်လေး နဲ့ ကောင်မလေး



ကောင်လေးနှင့် ကောင်မလေးနှစ်ယောက်ရှိသည်။ နှစ်ယောက်လုံးအထည်ချုပ်စက်ရုံမှာလုပ်သည်။ ကောင်လေး
ကပိတ်ဖြတ်ဌာန(cutting section)ကောင်မလေးက စက်ချုပ်ဌာန (sewing line) ။ နှစ်ယောက်လုံး ဆင်းရဲကြသည်။ ငွေကြေး မပြည့်စုံကြ ။
ကောင်မလေး အကြောင်းကိုအရင်ပြောပါမည်။ ကောင်မလေးကသူ့အဖေနှင့် သားဖနှစ်ယောက်သာရှိသည်။ အဖေက စစ်ထွက် ဒုက္ခိတ ။ ရှေ့တန်းမှာ မိုင်းနင်းမိလို့ဖြစ်သည်။ အရက်ကြိုက်သည် ။ ကောင်မလေး၏ လစာကိုသာ မှီခိုနေရသည်။ ကောင်မလေး လစာထုတ်လျှင် ဆန်ဘိုး - မီးဖိုချောင်စားရိတ် - သာရေးနာရေး - ခရီးစားရိတ်တို့နှင့်အတူ အဖေ့ အရက်ဘိုး ဟူသော ခေါင်းစဉ်အောက်တွင်လည်း ခွဲတန်းချန်ရလေသည် --။
ထိုစာရင်းစာအုပ် ကို ဖအေ လုပ်သူဖတ်ရသောအခါ - စိတ်မကောင်းဖြစ်ရု် သူတတ်ထားသော လက်မှုပညာဖြင့် ကြိမ်ခြင်း များထိုးကာ ငွေကိုတစ်ဖက်တစ်လမ်းမှရှရု် အသက်ရှုချောင်သွားသည် ။ အရက်ဘိုးတင်မက မီးဖိုချောင် စားရိတ်ပင် မလိုတော့ ။
သြော် -- ပြောဘို့ကျန်သေးသည် -- ကောင်မလေးက ငွေကြေးဆင်းရဲသော်လည်း - တော်တော်လေးလှသည် ။ ဖြူဝင်းသော အသားအရည်ရှိသည် ။ နက်မှောင်သော ဆံကေသာရှိသည် ။ ပြုံးလိုက်လျှင် ချိုင့်ဝင်သွားသော ပါးချိုင့် လေးနှင့် သွားတတ်လေးတို့မှာ လိုက်ဖက်ပြီး ဆွဲဆောင်မှုရှိသည် ။ ရိုးသားသည် ။ အဝေးသင်တက္ကသိုလ်နောက်ဆုံးနှစ် ။ သူငယ်ချင်းတွေအပေါ် အနွံတာခံသည် ။ အလုပ်ကိုကြိုးစားသည်။ ကူညီတတ်သည် . ။ ခြုံရု်ပြောရလျှင် အလွန်ချစ်စရာ ကောင်းသော ကောင်မလေးဖြစ်သည်။
ကောင်လေးအကြောင်းလည်း ပြောပါဦးမည် ။ ကောင်လေးတွင် မိဘနှစ်ပါးလုံး မရှိတော့ ။ မရှိတော့တာထက် ဘယ်သူတွေမှန်းပင် ကောင်လေးမသိ ။ ကောင်လေးငယ်ငယ် မွေးကင်းစကတဲက မိဘ၏ အစွန့်ပြစ်ခံဘဝ ။ ကောင်လေး၏ မိဘတွေက (ဒါမှမဟုတ်) ရုပ်ရှင်ထဲကလို ဗီလိန်အဖွဲ့က ကောင်လေးကိုဘုန်းကြီးကျောင်းဝင်းထဲ သွားပြီးစွန့်ပြစ်သည်။ ဘုန်းတော်ကြီးက --- အင်း `` ဘုန်းကြီး အမှုရွာပတ်`` ဘဲကြားဘူးပါတယ် --ခုတော့ ရွာအမှု ဘုန်းကြီး ပတ်နေပါပြီ --- ဟု ဂရုဏာသက်စွာငြီးတွားရင်း ဘုန်းကြီး၏ အထောက်အပံ့ဖြင့် လူလားမြောက်လာခဲ့ရသည်။
သူအရွယ်ရောက်တဲ့ အချိန်တွင်ဘုန်းတော်ကြီးပျံလွန်တော် မှုသွားပြီဖြစ်ရု် တစ်ယောက်တည်းမြိုးတတ်လာခဲ့သည် ။ သူမှ တစ်ကယ့်တစ်ကောင်ကြွက် ။ သို့သော် ``တစ်ကောင်တည်းဘဲဟေ့ -- ဒါပေမယ့်ခြင်္သေ့ `` ဟူသော စိတ်ရှိသည်။ ဘဝ၏သင်ခန်းစာများက သူ့ကို အရွယ်မရောက်မီ ရင့်ကျက်စေခဲ့သည်။ ကောင်လေးလည်းရုပ်ရည်သန့် ပြန့်ရု် ယောင်္ကျားပီသသည် --။
× × × × × × × × × × × × × × ××× × ×× × × ×
ကောင်လေးနှင့် ကောင်မလေးအကြောင်း ပေါင်းပြီးပြောပါမည် ။ မှန်ပါသည် -- သူတို့တွေချစ်သူဖြစ်သွားကြသည် ။ တစ်ယောက်နှင့်တစ်ယောက် တော်တော်လေးချစ်ကြသည်။ သူတို့အချစ်သည်နူးညံ့သိမ်မွေ့၏ ။ လှပ၏ ။ ကြည်နူးဖွယ်ကောင်း၏ ။ သန့်ရှင်း၏ ။ အားမာန်အပြည့်ရှိ၏ ။ မျှော်လင့်ချက်တို့ဖြင့်တောက်ပ၏ ။ တစ်ဦးနှင့်တစ်ဦး အပြန် အလှန် အနွံတာခံကြ၏ ။ သစ္စာရှိကြ၏ ။ ရိုမီယိုနှင့်ဂျူးလိယက် - နဝဒေး နှင့် ရှင်နှောင်း - ကနောင်နှင့် လှိုင်ထိပ်ခေါင်တင် - ဒိုင်းခင်ခင် နှင့်မောင်ဖေငယ် --------- သူတို့တွေထက်သာသည်။
× -× × × × × × × × × × × × × × × × × × × × ×
ကောင်လေးက နောင်အနာဂါတ်ကိုမျှော်ရု် မလေးရှားကို အလုပ်သွားလုပ်ချင်သည် ။ ကောင်မလေးကိုတိုင်ပင်တော့ သဘောတု၏ ။ သို့သော်ငွေ လိုအပ်နေသည်။ နှစ်ဦး ခေါင်းခြင်းဆိုင်းရု တိုင်ပင်ကြသည် ။ ကောင်မလေးကပြောသည် - မနက်တိုင်းမုန့်ဝယ်စားနေသည့် မုန့်ဖိုးကို သူဝယ်မစားတော့ဘဲ စုမည်။ မနက်စာ တစ်နပ် မစားရုံဖြင့်တော့ မသေနိုင်ပါတဲ့ ။ ကောင်လေးကလည်း သူလည်းမစားဘဲ အတူတူစုကြမည် ။ ဒီလိုနဲ့ စုဗူးလေး တစ်ဗူး ဝယ်ကြသည်။ ထို့နောက်ရေတစ်ခွက်စီ သောက်ရု် ကောင်မလေးက `` ဒီနေ့ မနက်စားရတဲ့ အရသာ သိပ်ကောင်းတာဘဲ ဗိုက်ကို ပြည့်သွားတာဘဲ --``ဟု နောက်သည် ။ ကောင်လေးက စိတ်မကောင်းစွာနဲ့ ကောင်မလေးကို ကြင်နာစွာကြည့်နေသည်။
ကောင်မလေး၏ နူးညံ့သော ပါးပြင်ကို ကောင်လေး ဘယ်သောအခါမှ မကျူးကျော်ပါ - ကောင်မလေး၏ လှပကျော့ရှင်းသော ဘဝသည် ကောင်လေး၏ သစ္စာစောင့်သိ မြတ်နိုးမှုအတွင်းဝယ် လုံခြုံစွာ လှပလျှက်ရိုသည် ။ ကောင်လေးနှင့် ကောင်မလေးဇာတ်လမ်းကို ကောင်မလေး ဖခင်က အားလုံးသိထားသည် ။ သဘောလည်းတူထားသည် ။ အရွယ်ရောက်ပြီးပြည့်စုံသည့်အချိန်ကိုသာစောင့်ရန် ပြောထားသည်။
အလုပ်စောဆင်းသော စနေနေ့ညနေပိုင်းတွင် ကောင်မလေးအဖေက ကောင်လေးကိုတွေ့ချင်သည်ဟုပြောသည် ။ ကောင်လေးရော - ကောင်မလေးရော ထူးထူးခြားခြား ကိစ္စရှိမည်လားဟု စိုးရိမ်နေကြသည်။ အိမ်ကို ရောက်တော့ အိမ်ရှေ့တွင်ကောင်မလေး အဖေက အရက်ပုလင်းထောင်ထားသည်။ မျက်နှာလည်းမှုံနေသည်။ တစ်ယောက်ကိုတစ်ယောက်မျက်စပြစ်ပြီး တို့ဘာမှားထားလဲဟု စဉ်းစားနေကြသည်။
`` သမီး --- နင် ပိုက်ဆံတွေ စုနေတယ်ဆို --- အဲဒီစုဗူး သွားယူချေစမ်း --``
မထင်မှတ်ထားတာ မေးတော့ ကောင်မလေး လန့်သွားသည် ။အဖေ ဘာလုပ်မလို့ပါလိမ့် ။ ရုပ်ရှင် ဝတ္ထုတွေထဲကလို စုဗူးဖောက်ပြီး အကုန်လုံးသောက်စားပြစ်မှာလား ။ ကောင်မလေး တွေးနေတုန်း ကောင်လေးက လက်တို့ပြီး သွားယူဘို့ မျက်ရိပ်ပြသည်. ။ ကောင်မလေးလဲ အခန်းတွင်းဝင်ပြီး သူတို့ အငတ်ခံစုထားသော စုဗူးလေးကို ဖခင်ထံပေးလိုက်သည် ။
ဖခင်လုပ်သူက အိပ်ကပ်ထဲမှ ငွေ အချို့ကို တုန်ရင်နေသောလက်ဖြင့် ထုတ်ရု် စုဗူးထဲကို ခက်ခက်ခဲခဲ ထည့်နေသည်။ ပြီးတော့ အရက်ခွက်ကိုမော့သောက်ကာ ---
``ဒီနေ့ အရက်က သိပ်အရသာရှိတာပဲကွာ---အေ့``ဟု လေချဉ်ထိုးပြလိုက်သေးသည်။ ကောင်မလေးက တစ်ခုခုကိုသိသွားပြီး သူ့အဖေသောက်နေသော အရက်ပုလင်းကိုနမ်းကြည့်ရာ ``အို---ရေတွေပါလား``
ကောင်မလေးက အဖေကိုဖက်ရု် ချုံးပွဲချငိုတော့သည်၊ ကောင်လေးက ယောက်ျားမှန်ရင် မျက်ရည်မကျရဘူးဟု ဘုန်းကြီးစကားကြားယောင်ပြီး `ကြိတ်မှိတ်ကာထိန်းသော်လည်းမရတော့ ပါးပြင်ပေါ်တွင် မျက်ရည်တို့စီးကျလျက် ထိုနေ့
မှစရု ကောင်မလေးအဖေ အရက်မသောက်တော့။
× -× × × × × × × × × × × × × × × × × × × × ×
ဒီလိုနဲ့ ကောင်လေးမလေးရှားကို သွားဖြစ်ခဲ့ပါသည်။ ကောင်လေး မလေးရှားသွားပြီး အလုပ်လုပ်ကာ ရသမျှကိုပို့ပေးသည်။ ကျန်ခဲ့သော ကောင်မလေးအကြောင်းကို ဆက်ပြောပါမည်။
နိုင်ငံခြားမှာနေသော အထည်ချုပ်ပိုင်ရှင်သူဌေးသည် မြန်မာနိုင်ငံကို ပြန်လာသည်။ ဒီမှာ ပင်မရုံးထိုင်သည်။ လုပ်ငန်းတိုးချဲ့မည်၊ ရုံးဝန်ထမ်း Office Staff လိုမည်။ အထည်ချုပ်စက်ရုံအခေါ် မာချဲ့(န်)ဒိုက်ဇာ (Merchandiser)
လိုသည်။ ပြင်ပမှ ၀န်ထမ်းမခေါ်ပါ။ စက်လိုင်းထဲမှ အရည်အချင်းရှိသူကို ရွေးဖို့ဖြစ်နိုင်သော ၀န်ထမ်း Personal Files တွေတောင်းသည်။ ကောင်မလေးအပါဝင် ငါးယောက်အရွေးခံရသည်။ ကုမ္ပဏီမှတာဝန်ယူရု Computer သင်ပေး
သည်။ Speaking သင်ပေးသည်။ လုပ်ငန်းလိုအပ်ချက်အားလုံး သင်ပေးသည်။ သူတို့လေးတွေက အထည်ကိုလည်း ကောင်းစွာချုပ်တတ်၊ ကွန်ပျူတာလဲတတ်၊ Speaking လည်းရဆိုတော့ သူဌေးအားကိုးရသော ၀န်ထမ်းများဖြစ်လာ
ကြသည်။ လခလဲ ၃-ဆလောက်တိုးလာသည်။ အလုပ်ချိန်လည်း လျော့သွားသည်။ ကောင်မလေးအနာဂတ်က ထွန်းလင်းတောက်ပလာသည်။ အကျိုးအကြောင်းအားလုံးကို ကောင်လေးဆီ အမြဲသတင်းပို့ရု ကောင်လေးလည်း ၀မ်းသာ
နေသည်။

သူတို့ ရုံးဝန်ထမ်း (Office Staff) တွေကို သူဌေးက တစ်နှစ်တစ်`ကြိမ် ဘုရားဖူး၊ လေ့လာရေး၊ ပျော်ပွဲစား စသည်ဖြင့်ပို့ပေးသည်။ ကားငှားပေးသည်။ နေစရာဟိုတယ် `ကြိုတင်ဘွတ်ကင်လုပ်ပေးထားသည်။ တစ်ဦးစီကို
အသုံးစရိတ်ပေးသည်။ ကိုယ်ခေ`ျွတာလျှင် ပျော်ပွဲစားလဲထွက်ရ၊ မုန့်ဖိုးလဲရသလို အလွန်ကောင်းသောအစီအစဉ်ဖြစ်ရု ၀န်ထမ်းတိုင်းမျှော်လင့်ကြသည်။
သို့သော်---
သို့သော်---


ထိုပျော်ပွဲစားထွက်သည့် နေ့တစ်နေ့ဋ္ဌ် ကောင်မလေး၏ဘ၀ကို၊ ကောင်မလေး၏အသွေးအသားတို့ကို ရမ္မက်တဏှာဘီလူး၏ ၀ါးမြိုခံရလိမ့်မည်ဟု ကောင်မလေးကြိုသိခဲ့ပါမူ--- (နောက်တစ်ဖန်) ကောင်မလေး၏ဘ၀ကို
တခဏတာ ရာဂတဏှာ၏ လှုံ့ဆော်စေခိုင်းခံရသူမှာ သူတို့အင်မတန်လေးစားသော၊ သူတို့အင်မတန်ချစ်ခင်သော၊ သူတို့အင်မတန်အထင်ကြီးသော သူတို့သူဌေးဖြစ်နေခြင်းမှာလဲ အားလုံးအံ့သြထိတ်လန့်ကုန်စေသည်။
``လက်ခုပ်ဆိုတာ တစ်ဖက်ထဲတီးလို့မရပါဘူး``ဟု မြေနိမ့်ရာလှံစိုက်တတ်သော အောက်တန်းစားတို့၏ ဝေဖန်ခြင်းကိုလည်းခံရသေးသည်။ ကိုယ့်ကိုယ်ကိုသတ်သေမည်ဟု အဖန်ဖန်အခါခါစဉ်းစားတိုင်း သမီးဖြစ်သူ ရှာဖွေ
ချက်ပြုတ်ကျွေးမှ စားရရှာသော ဒုက္ခိတဖခင်ကြီးကို တစ်ယောက်ထဲမထားရက်ခဲ့။ မျက်ရည်တို့သည်သာ မိမိကိုယ်နှစ်သိမ့်ပေးမည့် အဖော်ဖြစ်ခဲ့ရသည်။ ဖခင်သည် သိလျှင်သိချင်း တောက်တစ်ချက်ပြင်းထန်စွာခေါက်ရုံမှတပါး ဘာတတ်
နိုင်ပါမည်နည်း။ အဝေးဆီကို မမှိတ်သောမျက်လုံးဖြင့် တွေဝေစဉ်းစား နေတတ်သည်။ ကောင်မလေးဆန္ဒ တစ်စိုးတစ်စိမှမပါသည်ကို ယုံကြည်ပါသည်။ ကောင်မလေးသည် အလုပ်မှထွက်လိုက်သည်။ အိမ်ထဲမှ အိမ်ပြင်မထွက်တော့။
ကောင်လေးဆီကိုလဲ အကျိုးအကြောင်း ပွင့်ပွင့်လင်းလင်းပြောပြီး သူတို့မေ့ပစ်ဖို့ပြောလိုက်သည်။ သုံးရက်လုံးအလုပ်မဆင်းဘဲနေတော့ ကောင်မလေးအိမ်ရှေ့ကို နောက်ဆုံးပေါ်အဖိုးတန်ကားကြီး ဆိုက်လာသည်။ သူဌေးတော့မပါပေ။
သူဌေး၏ လူယုံသည် ခရီးဆောင်အိတ်ကြီးတစ်လုံးကို မနိုင်မနင်းသယ်ကာ အိမ်ပေါ်တင်ရု ကောင်မလေးကို စာတစ်စောင်ပေးပြီး ဘာတစ်ခွန်းမှမပြောဘဲ ကားကိုပြန်မောင်းထွက်သွားလေသည်။


ကောင်မလေးက တွေဝေငေးမောနေရင်းမှ နှုံးခွေသောနှလုံးသားဖြင့် စာကိုဖတ်လေသည်။ စာ၏ဆိုလိုရင်းမှာ-
သူသည် လူယုတ်မာတစ်ယောက်မဟုတ်ရပါကြောင်း၊
မိမိကျူးလွန်မိသောအပြစ်ကို တာဝန်အပြည့်ယူမည်ဖြစ်ရု အချိန်ခဏစောင့်ပါရန်၊
ဘ၀တွင် တစ်ခါမှမမှားဘူးပါဘဲ မှားမယ့်မှားတော့ လူအများကြားပင် မျက်နှာမပြ၀င့်တော့ပါကြောင်း။
အထူးသဖြင့် မိမိဝန်ထမ်း၊ မိမိလက်အောက်ငယ်သားဖြစ်နေရု ကိုယ့်ကိုယ်ကိုသတ်သေချင်လောက်အောင် နောင်တရမိပါကြောင်း၊ ငွေသည် အရာရာမဖြေရှင်းနိုင်သော်လည်း ဘ၀ရှင်သန်နေထိုင်ရေးအဆင်ပြေရန် မိမိပို့ပေး
သောငွေကို မငြင်းပါရန် ရေးထားလေသည်။
ကောင်မလေးသည် ဖခင်ကို စာပေးဖတ်သည်။ ဒီနောက် ကောင်မလေးနှင့် ဖခင်တို့ တစ်စုံတစ်ခုကို သံဓိဋ္ဌာန်ချလိုက်လေသည်။
× -× × × × × × × × × × × × × × × × × × × × ×
ထိုနေ့မှစရု ကောင်မလေးကို မတွေ့ရတော့ပေ။ ကောင်လေးပြန်လာရင် ပေးဖို့စာနှင့် ငွေအချို့ကိုတော့ လူကြုံနဲ့ ကျွန်တော့်ဆီရောက်လာခဲ့သည်။ ကောင်လေးသည် သတင်းကြားကြားခြင်း ပြန်ရန်ကြိုးစားခဲ့သော်လည်း
အကြောင်းကြောင်းတွေကြောင့် တစ်လခန့် အချိန်ကြာသွားသည်။ ကောင်လေးပြန်ရောက်တော့ လူမနေသော ကောင်မလေးရဲ့အိမ်ကလေးက စွန့်ခွာခြင်းခံရသော ဘ၀တူတွေအချင်းချင်းအလား ကောင်လေးကိုစောင့်နေခဲ့သည်။
ကောင်လေးသည် သတင်းကြားသည့်နေရာအားလုံးကို လိုက်ရှာသည်။ ကောင်မလေးသည် သူ့ကိုယ်သူ အလွန်တန်ဖိုးထားသည်။ ကောင်မလေး. ဖြူစင်သန့်ရှင်းသောဘ၀ကို ကောင်လေးကိုပေးဖို့မှာ ကောင်မလေး၏
အကြီးမားဆုံးဆန္ဒဖြစ်ပေလိမ့်မည်။ ထိုပန်းတစ်ပွင့်သည် လေပွေရူးတစ်ခု၏ ရိုက်ခတ်မှုကြောင့် ပွင့်ဖတ်လေးများ အနာတရရရှိသောအခါ ---
× -× × × × × × × × × × × × × × × × × × × × ×
အချိန်တို့သည် ကုန်လွယ်လွန်းလှသည်။ ကောာင်လေး ကောင်မလေးကိုရှာနေတာ နှစ်နှစ်ပင်ပြည့်ပြီ။ နှစ်တိုင်း (၁၀)ရက် ခွင့်ရက်ရှည်ယူသည်။ သတင်းကြားသည့်နေရာ၊ ထင်သည့်နေရာကိုလိုက်ရှာသည်။ အချို့က သူဌေး
နှင့် နိုင်ငံခြားတွင်လိုက်သွားသည်ဟု သပုတ်လေလွင့်ပြောကြသည်။ သူဌေးနှင့် အဆက်အသွယ်ရှိသူများက မဟုတ်ကြောင်း၊ သူဌေးလဲရှာနေကြောင်းပြောသည်။ တလောက ကောင်လေးအိမ်ကိုရောက်သည်။ ပေ ၄၀x၆၀ မြေကွက်မှာ
သပ်ရပ်သော အုတ်ခံပျဉ်ထောင်အိမ်လေးတစ်လုံး၊ အိမ်ဘေးတွင် စားပင်တွေစိုက်ထားသည်။ အိမ်ရှေ့တွင် ပန်းပင်တွေဖြင့်လှပနေသည်။ ၀ရံတာတွင် ၀ှီးချဲလ်အသစ်တစ်ခု၊ ကောင်မလေးအဖေအတွက်မှန်း မမေးဘဲသိနိုင်သည်။ ဧည့်ခန်း
မှာလဲ လိုလေသေးမရှိ သပ်ရပ်ပြည့်စုံစွာပင်။ မီးဖိုခန်းမှာလဲ စုံစုံစိစိ၊ အားလုံးအသစ် အသစ်တွေ---
ကျွန်တော် စပ်စပ်စုစု အခန်းတစ်ခန်းတွင်း ၀င်မည်ကြံတော့ ကောင်လေးက ကမန်းကတန်းရှေ့မှာပိတ်ရပ်ကာ ``အကို ကော်ဖီတွေအေးကုန်တော့မယ်။ ကော်ဖီသောက်ရအောင်``ဟု လမ်းလွှဲပါသည်။ ကျွန်တော်သိပါသည်။
ထိုအခန်းလေးထဲဝယ် ---
နှစ်ယောက်အိပ်ခုတင်
ပန်းရောင်ဇာပွင့်ထိုး ခေါင်းအုန်းလေးများ
အလှပြင်မှန်တင်ခုံ ---စသည့် ခန်းဝင်ပစ္စည်းစုံလေးများဖြင့် ---
``ဒီအိမ်လေးက သူနဲ့ကျွန်တော် စိတ်ကူးယဉ်ခဲ့တဲ့အတိုင်း ဆောက်ထားတာ ဒီအိမ်ထဲက ပစ္စည်းတွေအားလုံး တစ်ချိန်တုန်းက ကျွန်တော်တို့နှစ်ယောက် စိတ်ကူးယဉ်နဲ့ ၀ယ်ခဲ့ကြတဲ့အရာတွေကြီးပါပဲ`` ကောင်လေးက ဆို့နင့်စွာရှင်းပြသည်။

ဒီအချိန်ကျမှ ခေါင်းရင်းအိမ်က အလိုက်ကန်းဆိုးမသိ ကိုထီးဆိုင်ရဲ့သီချင်းက ပျံ့လွင့်လာသည်။
-- အကြွေပန်းရဲ့သဘော-----အနမ်းမခံဝံ့ခဲ့ပြီလား----ဟောင်းတယ်လို့
စိတ်အားငယ်----လေထဲပျံဝဲ---------------------------------------------------
---------------------------------------------- အတွယ်တာမဲ့ရင် မင်းအတွက် ကိုယ်ရှိသေးတယ်--------
ကောင်မလေးသတင်းကိုရရင် အမြန်အကြောင်းကြားပေးကြပါ။
ကျေးဇူးတင်ပါသည်။
ကောင်လေးကိုသနားလို့ပါ။

ကောင်လေး နဲ့ ကောင်မလေး

Posted by : လက်တွဲဖော် 0 Comments

♥♥ ♥♥တစ်နေရာစီဝေးလို့ ♥♥ ♥♥

♥♥ ♥♥မေ့ကြကြေးဆို♥♥ ♥♥

♥♥ ♥♥အချစ်စစ်ဆိုတဲ့စကားလုံးကို♥♥ ♥♥

♥♥ ♥♥ကမ္ဘာအပြင်သာပစ်လိုက်တော့♥♥ ♥♥

♥♥ ♥♥တစ်နိုင်ငံစီခြားနေလို့ ♥♥ ♥♥

♥♥ ♥♥မပေါင်းရဘူးလို့ ♥♥ ♥♥

♥♥ ♥♥ဘယ်ဥပဒေမှာမှပြဌာန်းချက်မရှိဘူး♥♥ ♥♥

♥♥ ♥♥စစ်မှန်တဲ့ချစ်ခြင်းအတွက်♥♥ ♥♥

♥♥ ♥♥မဖြောင့်ဖြူးတဲ့လမ်းတွေလည်း♥♥ ♥♥

♥♥ ♥♥နားလည်မှု့ တွေနဲ့ ဖလှယ်ထားတဲ့♥♥ ♥♥

♥♥ ♥♥နှလုံးသားပန်းခင်းထက်မှာ♥♥ ♥♥

♥♥ ♥♥အလဲလဲအကွဲကွဲပြိုလဲသွားကြတာချည်းပဲ♥♥ ♥♥

♥♥ ♥♥တစ်ဦးလိုအင်တစ်ဦး♥♥ ♥♥

♥♥ ♥♥ဖြည့်ဆည်းပေးဖို့ အချစ်စစ်မှန်ရင်♥♥ ♥♥

♥♥ ♥♥ကမ္ဘာတစ်ဖက်ခြမ်းမှာ♥♥ ♥♥

♥♥ ♥♥လက်လှမ်းဖို့ ဝေးခဲ့ရင်တောင်♥♥ ♥♥

♥♥ ♥♥ကမ်းလင့်တဲ့အချစ်စစ်ပန်းခင်းက♥♥ ♥♥

♥♥ ♥♥ငါတို့ အတွက်လမ်းခင်းပြီးအတိဖြစ်လိမ့်မယ်♥♥ ♥♥

♥♥ ♥♥တစ်ခုပဲ..........

အချစ်စစ်နဲ့ သာချစ်နေဖို့ လိုတယ်♥♥ ♥♥♥♥ ♥♥♥♥ ♥♥♥♥

.♥♥ အချစ်စစ်နဲ့ သာချစ်ပါ♥♥ ♥..........

Posted by : လက်တွဲဖော် 0 Comments
အလှတရားမရှိသော အချစ်
Photo Credit - Google

ရင်မှာ အချစ်များ ဖြစ်မိနေလား . . . မရေရာဘူး စိတ်ထဲက . . . ငယ်ငယ်ကသံယောဇဉ် ခင်မင်ရုံ စိတ်ကလေးများ . . . ကြင်နာခြင်းရဲ့စိတ်ရိုင်းများ
. . . ကိုယ့်နှလုံးသား အရောင်ပြောင်းသွား . . . နားလည်ပါ သူငယ်ချင်းချစ်သူလေးရာ . . .
                သူမ၏ မိုဘိုင်းဖုန်းလေးမှ Ringtone သံလေး ထွက်ပေါ်လာသော်လည်း မကိုင်မိသေးဘဲ သီချင်းကိုသာ ဆက်နားထောင်နေ
မိသည်။ ခံစားချက်ချင်းငြိသောကြောင့် ဒီသီချင်းလေးကို သူမ အလွန်ပင် နှစ်သက်ရပါသည်။ ဒီသီချင်းကိုဆိုသော အဆိုတော်သည် ဘယ်လို ခံစားချက်တွေနှင့် သီဆိုထားလဲ သူမမသိပါ။ သိုပေမယ့် စကားလုံးတစ်လုံးချင်းစီ၏ အဓိပ္ပါယ်ကိုက သူမခံစားချက်တွေနှင့် တိုက်ဆိုင်လွန်းနေသည်။ ထို့ကြောင့်လည်း ဖုန်း Ringtone အဖြစ် ဒီသီချင်းလေးကို သွင်းထားခဲ့ခြင်းဖြစ်သည်။ သူ ဆိုသည်မှာ သူမ ငယ်ငယ်လေးကတည်းက
တစ်ဖက်သတ် ရင်ခုန်ချစ်မြတ်နိုးခဲ့ရသော ငယ်သူငယ်ချင်းလေး မင်းရံခ ဆိုသူပင်။
“ ပြော . . . ရံခ ”
“ နင် ဘာလုပ်နေလဲ . . . မအိပ်သေးဘူးလား ”
“ မအိပ်သေးလို့ပဲ နင်နဲ့ ဖုန်းပြောနေတာပေါ့ . . . ပြော ဘာကိစ္စလဲ ”
“ အကူအညီတောင်းမလို့ ”
“ ဘာ . . . အကူအညီ ! ဘာကူညီရဦးမှာတုန်း . . . နင့်ရည်းစားရှုပ်ရှုပ်ယှက်ယှက်တွေထဲ ငါ့ကို ဝင်မပါခိုင်းနဲ့နော် . . . အဲ့ဒါဆိုရင်တော့
လုံးဝမကူညီဘူး ”
“ ရှုပ်ရှုပ်ယှက်ယှက်တွေထဲ ဝင်မပါခိုင်းပါဘူးဟာ . . . မွေးနေ့လက်ဆောင်လေး ဝယ်ပေးရုံလေးတင် . . . မနက်ဖြန် ငါ့ကောင်မလေး မွေးနေ့ဟ . . . အခုထိ ဘာဝယ်ပေးရမှန်း မသိသေးဘူးဟာ . . . အဲ့ဒါ . . . နင် စဉ်းစားပြီး ဝယ်ပေးပါလားလို့ . . . အဟဲ ”
“ နင်က ငါ့ကို မခိုင်းရင် စားမဝင် အိပ်မပျော်ဘူး တူတယ်နော် . . . ရည်းစားအတွက် မွေးနေ့လက်ဆောင် ဝယ်ပေးတာတောင် ကိုယ်တိုင်မဝယ်ပေးချင်ဘူး . . . တကယ်ဆိုရင် နင် ကိုယ်တိုင် ဝယ်ပေးသင့်တယ် ရံခ . . . နင် အဲ့ဒီကောင်မလေးကို တကယ်ရော ချစ်ရဲ့လား ”
“ နင်ကလည်း မဆိုင်တာတွေ မေးပြန်ပြီဟာ . . . ဝယ်ပေးမှာလား မဝယ်ဘူးလား တစ်ခုခုပဲပြော ”
                သူနှင့်ပတ်သက်လျှင်  ငြင်းချင်ရင်တောင်မှ ငြင်းနိုင်သောအင်အား သူမမှာ မရှိပါပေ။ သူမအတွက် အချစ်ဆိုသောအရာသည် ပေးဆပ်ခြင်းသက်သက်သာ ဖြစ်ပါလိမ့်မည်။ သူ ဖြစ်ချင်သော ဆန္ဒတွေကို မငြင်းမညူ ဖြည့်ဆည်းပေးခြင်းသည် သူမနှလုံးသားမှ ဖြစ်တည်လာ သော သူမ၏အချစ်ပင်။ ဖွင့်ပြောခွင့်မရှိသည့််ဘဝမှာ ကိုယ်ချစ်သောသူ၏ဆန္ဒတွေကို ဖြည့်ဆည်းပေးပြီးတစ်ဖက်သတ်ချစ်နေရုံကလွဲ၍ သူမ ဘာများတတ်နိုင်ဦးမှာလဲ။ သူမ တစ်ခု ကြားဖူးပါသည်။ အချစ်မှာ အလျားအနံမရှိပေမယ့် အသွားအပြန်ရှိသတဲ့ . . . ဒါဆိုရင် တစ်ဖက်သတ်ဆိုသော စကားလုံးကို ဘယ်သူများ စာလုံးပေါင်းခဲ့သလဲ သူမ မေးကြည့်ချင်ပါသည်။ တစ်ဖက်သတ်ချစ်နေရသည့်ဘဝမှာ သူ့ဆီက တုံ့ပြန်လာမည့်အချစ်တွေကို သူမ မမျှော်လင့်ရဲခဲ့သည်မှာ အမှန်ပါ။ သူမလိုပုံစံမျိုးနှင့် သူ့ဆီက အချစ်တွေကို မမျှော်လင့်ရဲသည်ကလည်း မဆန်းသား . . . သူမသည် သူ စိတ်ဝင်စားစရာမကောင်းလောက်အောင် ဝတုတ်နေသောသူ ဖြစ်လေသည်။
                ဒီလိုဝတုတ်နေခြင်း၏ အဓိကတရားခံကလည်း သူမကိုယ်တိုင်ပင် . . . ငယ်ငယ်ကတည်းက စားခြင်းသောက်ခြင်းကို ဝါသနာထုံပြီး ဖေဖေကလည်း မိတဆိုးလေးမို့ အဆုံးစွန်အလိုလိုက်ထားရာ လိုတရခဲ့သော သူမဘဝမှာ အများဆုံးတောင့်တခဲ့သောအရာတွေသည် အရုပ်နှင့် မုန့်တွေ ဖြစ်သည်။ ဖေဖေ ကုမ္ပဏီကပြန်လာတိုင်း မုန့်တစ်ခုခုပါလာမှ ကျေနပ်ခဲ့သူ . . . အစားအသောက်နှင့်ပတ်သက်လျှင် စိတ်ရှိတိုင်း စားသောက်တတ်သူပင်။ ထိုသို့ စိတ်ရှိတိုင်းစားသောက်ခဲ့ခြင်းက သူမကို အတိုင်းအလွန် ဝစေခဲ့လေသည်။
                ငယ်ငယ်တုန်းက ဝကစ်ကစ်လေးနှင့် ချစ်စရာကောင်းခဲ့ပေမယ့် အသက်ဆယ့်ရှစ်နှစ်အရွယ် ကောင်မလေးတစ်ယေက်၏ ဝတုတ်နေခြင်းက ဘယ်လိုမှ ချစ်စရာကောင်းတော့မည် မဟုတ်ပါ။ ဝမှလှတာ ဆိုသော ဆိုရိုးကလည်း မော်ဒယ်လ်ပိန်ပိန်လှလှလေးတွေ ကြီးစိုးနေသော ဒီနေ့ခေတ်ကြီးမှာ သုံးစားမရတော့ပြီ။အစားအသောက်နှင့်ပတ်သက်လျှင် သူမ ဘယ်လိုမှ ဟန်မဆောင်နိုင်ခဲ့ပါ။ ပြီးမှ ဖြစ်ချင်တာဖြစ်ဆိုပြီး အငမ်းမရ အမုန်းစွဲတတ်သည်မှာ သူမအကျင့်။ အစားအစာတွေသည် သူမ ချစ်သောအရာတွေပင်။ ( ဖေဖေနှင့် သူပြီးလျှင် ) သူမချစ်ရသောအရာတွေမှာ အစားအစာတွေကလွဲပြီး အခြားမရှိတော့ပြီ။ သူက ဆိုလျှင် . . .
“ အစားတွေလည်း လျှော့စားပါဦး မိုးသားရယ် . . . နင်ကိုယ်နင်လည်း မှန်ထဲ ပြန်ကြည့်ဦး . . . ဆင်ပေါက်နီးနီး ဖြစ်နေပြီ . . .
ဝိတ်ချဖို့ပြောလည်း အပိုပဲ နေမှာပါ . . . စားတာလည်း အငမ်းမရပဲ . . . ဖုတ်များဝင်နေလား မသိဘူး ”
                ဟု မှိုချိုမျစ်ချိုး ပြောတတ်လေသည်။ သူပြောသလို သူမ ဝိတ်ချချင်ပါသည်။ သို့ပေမယ့် သူမသည် တစ်ပေါင်လောက် ဝိတ်ချလိုက်လျှင် နှစ်ပေါင်လောက် ပြန်တက်လာတတ်သူ . . . တစ်ခါအငတ်ခံထားလိုက်သည်နှင့် နှစ်ဆလောက် ပြန်စားတတ်သူဖြစ်သောကြောင့် ဝိတ်ချခြင်းကို စိတ်ကုန်လျက် အစားအသောက်ဘက်ကိုသာ အာရုံလှည့်ထားလိုက်တော့သည်။
                တစ်ခါတလေ အချစ်သည် အစားအသောက်နှင့်တူရင် သိပ်ကောင်းမှာပဲ ဟု သူမ တွေးမိသည်။ သူမ တစ်ခါစားလိုက်တိုင်း တစ်ပေါင်တက်လာသလိုမျိုး သူမအချစ်တွေ တစ်စတစ်စ တိုးလာတိုင်း သူ့ရင်ထဲမှာ သူမအပေါ် ဖြစ်တည်သောချစ်ခြင်းတွေ တစ်စတစ်စ တိုးလာစေချင်သည်။ ဒီနေ့အထိတော့ သူမသည် တစ်ဖက်သတ်ဆိုသော ခေါင်းစဉ်အောက်မှာပင် သူ့ကို အတိုင်းထက်အလွန် ချစ်မြတ်နိုးနေရပါသည်။

♥♥♥♥♥♥


“ မိုးသား . . . မပြီးသေးဘူးလား ”
“ ပြီးတော့မယ် ပြီးတော့မယ် . . . ၁၄၉၇ လုံး ရနေပြီ ”
                ဒီနေ့သည် သူ့မွေးနေ့ဖြစ်ရာ သူ့ကို မွေးနေ့လက်ဆောင်ပေးဖို့ စက္ကူကြယ်ဖောင်းဖောင်းလေးတွေ ခေါက်နေခြင်းဖြစ်သည်။ အခုလို စက္ကူကြယ်လေးတွေခေါက်နေရသည်မှာ တစ်ခါက ကြယ်တွေခူးလို့ရရင် သိပ်ကောင်းမှာပဲ ဟု ပြောဖူးသော သူ့စကားကြောင့် ပင်ပင်ပန်းပန်း ခေါက်နေရခြင်းပါ။ သူမ ရူးလည်းရူးပါသည်။ အချစ်နှင့်တွေ့ရင် လူတိုင်း ရူးသွားတတ်ကြသည် မဟုတ်လား။ ဒီနေ့တစ်မနက်ခင်းလုံး သူမ ဘာမှမလုပ်ဘဲ စက္ကူကြယ်တွေသာ ထိုင်ခေါက်နေခဲ့သည်။ လက်ထိပ်တွေလည်း နာလှပါသည် . . . နောက်ဆုံးလက်ကျန် သုံးလုံးလေးကို သူမ မနည်းအားတင်းပြီး ခေါက်နေရသည်။ နောက်ဆုံးတော့လည်း အောင်မြင်စွာ ခေါက်ပြီးသွားခဲ့သည်။
“ ဟေး . . . ပြီးပြီဟေ့ . . . ၁၅ဝဝ ရပြီကွ ”
“ အေး . . . ရပေဦးမှပဲ . . . တစ်မနက်ခင်းလုံး ကြယ်တွေထိုင်ခေါက်နေလိုက်တာ . . . မိုးသား နင့်လက်တွေ မနာဘူးလား ဟင် ”
“ နာတာပေါ့ ဟယ် . . . ဒါပေမယ့် ချစ်တော့လည်း ဒီလောက်ကတော့ အေးဆေးပါ ”
“ နင် ရံခကို တော်တော်ချစ်သလား ”
“ တော်တော်မဟုတ်ဘူးဟေ့ . . . ပြောမပြတတ်အောင်ကို ချစ်တာ. . . ခဏနေဦး ငါ ပြင်လိုက်ဆင်လိုက်ဦးမယ် ”
                ဟုဆိုကာ ရေချိုးခန်းထဲသို့ ပြေးဝင်ခဲ့သည်။ မေလင်းနှင့်သူမသည် ငယ်ငယ်လေးကတည်းက ဒီနေ့အထိ တွဲလက်မြဲခဲ့သော ငယ်သူငယ်ချင်းတွေ ဖြစ်သည်။ သူမမှာ သူငယ်ချင်းများများစားစားမရှိပါ . . . မိန်းကလေးသူငယ်ချင်းဆို မေလင်း တစ်ယောက်တည်း ရှိသည်။ ယောက်ျားလေးသူငယ်ချင်းကတည်း သူနှင့်ထက်မင်းတို့ နှစ်ယောက်တည်းသာ။
                သူငယ်ချင်း မိတ်ဆွေမရှိသည်ကလည်း သူမ၏ အားနည်းချက်ကြောင့်ပင်။ သူမ အခြားသူတွေကို မခင်ချင်ပါ . . .
လူကို မြင်လိုက်သည်နှင့် လှောင်ချင်သလိုလို ရယ်ချင်သလိုလို မျက်လုံးများနှင့် ကြည့်ကြခြင်းကို သူမ အလွန် မုန်းတီးလှပါသည်။ မေလင်း ၊ ရံခ နှင့် ထက်မင်းတို့သာ အိမ်နီးချင်းတွေလည်းဖြစ် . . . မိဘချင်းကလည်း ရင်းနှီးကြသောကြောင့် ငယ်ငယ်ကလေးဘဝကတည်းက သူငယ်ချင်းတွေ အလိုလို ဖြစ်လာခဲ့ရသည်ပင် . . . သူမသဘော သူမဆန္ဒအတိုင်းသာဆိုလျှင် သူမ လူတစ်ယောက်ကို လွယ်လွယ်ကူကူ မခင်တတ်ပါပေ။
                သူမအတွေးတွေသည် လွန်ခဲ့သောကလေးဘဝဆီသို့ အလည်သွားနေပေရာ အတွေးတွေ ဘယ်လောက်တောင် အလည်လွန်နေလည်းမသိ . . . အပြင်က မေလင်း၏စိတ်မရှည်သော အသံချိုချိုလေး ထွက်ပေါ်လာတော့မှ ရေချိုးခြင်းကို လက်စသတ်ရလေသည်။ ထို့နောက် လိမ်းစရာရှိသည် လိမ်း ပြင်စရာရှိသည် ပြင်ပြီး အဝတ်အစားအမြန်လဲကာ ရေချိုးခန်းထဲမှ ထွက်လာသည်။            ပြီးလျှင် စာကြည့်စားပွဲပေါ်က ဆလင်းဘတ်အိတ်နှင့် သူ့အတွက် မွေးနေ့လက်ဆောင်လေးကိုယူပြီး မေလင်း သွားရအောင် ဟုဆိုကာ သူမတို့နှစ်ယောက် သူ့အိမ်ဘက်သို့ ကူးလာခဲ့တော့သည်။ သူမအိမ်နှင့် သူ့အိမ်သည် ခြံချင်းကပ်လျက်ဖြစ်သောကြောင့် နောက်ဖေးပေါက်ကနေ အလွယ်တကူ ဝင်လာခဲ့လေသည်။
“ မိုးသား အမြန်လာ . . . ဟိုနှစ်ကောင် ဘာတွေတွတ်တိုးနေလဲ မသိဘူး . . . ခိုးနားထောင်ရအောင် လာ ”
“ နင်ကလည်း . . . ”
စပ်စုတတ်သော မေလင်းက စပိုင်တစ်ယောက်လို နားလေးစွင့်ကာ သူနှင့်ထက်မင်း စကားပြောနေသော ဒန်းစင်အနားရှိ နံရံတစ်ခုမှာကွယ်ပြီး အမိအရပင် ခိုးနားထောင်နေပါတော့သည်။ သူ ဘာတွေပြောနေမလဲ . . . သူ စိတ်ဝင်စားသည့် ကားအကြောင်းလား . . . ဒါမှမဟုတ် သူ အခု တက်နေသည့် သင်တန်းအကြောင်းလား . . . ဒါမှမဟုတ် သူ အခုလိုက်နေသော ကောင်မလေး ဘယ်လိုလှတယ် ဆိုသော အကြောင်းလား။ သူမလည်း နံရံနားလေးကပ်ကာ ခိုးနားထောင်နေမိသည်။
                ပထမဆုံး ထက်မင်း၏အသံ ခပ်သြသြ ထွက်ပေါ်လာသည်။
“ မင်း မိုးသားကို ဘယ်လိုမြင်လဲ ရံခ ”
“ ဘာဖြစ်လို့လဲ . . . ငါက မိုးသားကို ဘယ်လိုမြင်ရမှာလဲ ”
“ မိုးသားက မင်းအပေါ်မှာ အရမ်းအနွံတာခံတာလေ . . . မင်း ခိုင်းရင် ဘာမဆိုလုပ်ပေးတာကိုပဲ ကြည့် . . . သူ မင်းကို ကြွေနေတယ်နဲ့ တူတယ်နော် . . . အဲ့ဒါ မင်း ဘယ်လိုမြင်လဲ ”
“ သူ့ဘာသာသူ ကြွေပစေလေ . . . ငါ့ဘက်ကတော့ ဝေးပါတယ်ကွာ . . . သူလို ဖက်တီးပုပ်မကို အိပ်မက်ထဲတောင် ထည့်မမက်ဘူး . . .
နေရာမဆံ့လို့ . . . ”
                သူ့စကားသံအဆုံးတွင် သူမ ကိုင်ထားသော  စက္ကူကြယ်ကလေးတွေ ထည့်ထားသည့် ဖန်ပုလင်းလေးသည် သူမလက်ထဲမှ လွတ်ကျသွားလေသည်။ ခွမ်း ဆိုသော အသံနှင့်အတူ သူမနှလုံးလည်း တစ်စစီ ပဲ့ကြွေသွားသလို ခံစားရသည်။ မျက်ရည်တို့ကလည်း သူမ ခွင့်ပြုချက်မရဘဲ မျက်ဝန်းမှ ပါးပြင်ထက်သို့ ခုန်ပေါက်စီးဆင်းလာကြသည်။ ဖြစ်နိုင်မည်ဆိုလျှင် ဒီနေကနေ အဝေးဆုံးကို သူမ ထွက်ပြေးသွားချင် ပါသည်။ သို့သော် ခြေတစ်လှမ်းလှမ်းဖို့တောင် သူမမှာ အင်အားမရှိတော့ပါပေ။
“ မိုးသား . . . ”
                သူ့ခေါ်သံကြောင့် သူမ သူ့ကို ကြည့်မိသည်။ သူသည် သူမကို အားနာသော မျက်လုံးများနှင့် ကြည့်နေလေသည်။ သူရော ဘာထူးလဲ
. . .  အခြားသူတွေလို သူမ၏အားနားချက်ကို လှောင်ပြောင်နေသော သူ ။
“ နင် ဒီလို ပြောထွက်လိမ့်မယ် ငါ မထင်ထားဘူး ရံခ . . . . . . နင်တို့လည်း အခြားသူတွေလိုပဲ . . . ငါ့ကွယ်ရာမှာ ငါ့အားနည်းချက်ကို ထင်သလို လှောင်ပြောင်ရယ်မောနေကြတာ . . . ဟုတ်တယ် ငါက ဖက်တီးမကြီးပဲ . . . ငါ အရမ်းဝတယ် . . . ”
                သူမ အသံကုန်ဟစ်ပြီး ငိုကြွေးပစ်ချင်သောစိတ်များ တလှိုက်လှိုက်တက်လာရာ မျက်ရည်များ အလိုလို စီးကျလာသည်။
“ တစ်ခုတော့ ပြောခဲ့မယ် ရံခ . . . လောကကြီးမှာ အချစ်စစ်တွေ ဘာလို့ ရှားပါးကုန်တာလဲ နင် သိလား . . . နင်တို့ယောက်ျားတွေ အလှမက်လာလို့ပဲ ”
                တစ်ကိုယ်လုံးမှာရှိသော အားတွေစုကာ ပြောချလိုက်ပြီး သူမ ပြေးထွက်လာခဲ့သည်။ တကယ် မသိခဲ့ခြင်းပါ . . . ဒီနေ့သည် သူမနှလုံးသားကို စုတ်ပြတ်သတ်အောင် တစ်စစီဖဲ့ခြွေခံရမည့် နေ့ဆိုတာကို . . . . . ။

 
♥♥♥♥♥♥

                အချစ်သည် ဒီလောက် ရက်စက်လိမ့်မည်ဟု သူမ လုံးဝမထင်ထားခဲ့ပါ။ ပထမဆုံးအချစ်အတွက် ခံစားနေရသော ဝေဒနာသည် ရင်နှင့်မဆံအောင်ပင်။ “ သူ့လို ဖက်တီးပုပ်မကို အိပ်မက်ထဲတာင် ထည့်မမက်ဘူး နေရာမဆံလို့ ” ဟူသော သူ့စကားကို ပြန်တွေးမိ တိုင်း သူမ သူ့ကို စိတ်နာချင်သည်။ သို့သော် အချစ်ကြီးချစ်ခဲ့သော သူမအတွက် စိတ်မနာနိုင်ဘဲ သူမကိုယ်သူမ “ ဒီလောက် ဝရလား ” ဟု အပြစ်တင်မိသည်။ အခုချိန်မှာ သူမ အသိချင်ဆုံးမေးခွန်းသည် “ လူတစ်ယောက်၏ရင်ထဲမှာ အချစ်တစ်ခုဖြစ်ဖို့အတွက် လှနေဖို့ လိုအပ်သလား ” ဆိုသော မေးခွန်းပင်။ သူမရင်ထဲမှာ ထိုမေးခွန်းကို မေးလိုက်တိုင်း သူမ ငိုပဲငိုမိသည်။ မျက်ရည်တွေကလည်း သူမအလိုကို လိုက်ပေးဖို့ အဆင်သင့်။
                အကယ်၍ သူ့ရင်ထဲမှာ အချစ်တစ်ခုဖြစ်ဖို့အတွက် လူတစ်ယောက်သည် လှနေဖို့လိုအပ်မည်ဆိုလျှင် သူမ ဘာလုပ်သင့်လဲ။
လှနေဖို့လိုအပ်မည်ဆိုလျှင် သူမ လှအောင် ပြုပြုပစ်လိုက်ပါမည်။ “ ရူးတယ် ” ဟု ဆိုရင်လည်း သူမသည် အရူးတစ်ယောက်သာ ဖြစ်ပါလိမ့်မည်။ 



♥♥♥♥♥♥
                
                သုံးနှစ်ကြာပြီးနောက် . . . .
                အချိန်တွေကြာခဲ့ပေမယ့်လည်း ပြန်စဉ်းစားကြည့်လျှင် မနေ့တစ်နေ့ကလိုပင် . . . သူမရင်ဘတ်ထဲမှာ ဒဏ်ရာတွေ အဆိပ်တက်နေတုန်း ရှိသေးသည်။ ဘယ်ဘက်ရင်အုံထဲက နှလုံးသားလည်း အနာမကျက်သေးဘူးဆိုတာ မျက်ရည်တွေက သက်သေခံနေသည် မဟုတ်လား။ သုံးနှစ်ဆိုသော အချိန်ကာလသည် သူမကို လုံးဝပြောင်းလဲစေခဲ့သည်။ အရင်တုန်းကလို ဝတုတ်တုတ် ဖက်တီးမကြီး မဟုတ်တော့ဘဲ
သွယ်လျလှပသော ခန္ဓာကိုယ်ပိုင်ရှင်တစ်ယောက် ဖြစ်နေပြီ။ ထိုသို့ဖြစ်အောင်လည်း သူမ ချစ်သောအစားအစာတွေကို စတေးခဲ့ရသည်။
                အရင်က စိတ်ရှိတိုင်း စားသောက်ခြင်းကို စွန့်လွှတ်ကာ သူ့အချိန်နှင့်သူ အချိုးအစားမျှတစွာ စားသောက်ခဲ့ရသည်။ မနက်စာနှင့်ညစာကို အသီးအရွက်တစ်ပွဲ သို့မဟုတ် ဖျော်ရည်တစ်ခွက်ဖြင့်သာ ရောင့်ရဲတင်းတိမ်ပြီး နေ့လည်စာထမင်းတစ်နပ်ဖြင့်သာ ကျေနပ်ခဲ့ရသည်။ စားရသည်ကလည်း အစာပြေရုံလောက်သာ။ ဒါတင်မက လုပ်လိုက်ရသော လေ့ကျင့်ခန်းတွေကလည်း ကိုယ့်ကိုယ်ကို သတ်သေချင်စိတ်ပေါက်သည်အထိပင်။ နေပြည်တော်ရှိ ဥပ္မါတသန္တိဘုရားလှေကားများတွင် တက်လိုက်ဆင်းလိုက်လုပ်ရသော ဒုက္ခသည် သူမအတွက် အဆိုးရွားဆုံးဖြစ်လေသည်။ သို့ပေမယ့် သူကိုချစ်သောစိတ်တစ်ခုတည်းနှင့်တင် ပင်ပန်းဆင်းရဲလှသော ထိုနေ့တွေကို သူမ ဖြတ်ကျော်နိုင်ခဲ့ပါသည်။ သူမရင်ထဲကအချစ်သည် သူမကိုအစစအရာရာ ပြောင်းလဲပေးခဲ့ပါသည်။
                အခုချိန် သူရော ဘာတွေလုပ်နေမလဲ . . . သူနှင့် နောက်ဆုံးတွေ့ခဲ့ရသော သူ့မွေးနေ့ကစပြီး သုံးလေးငါးရက်အကြာတွင် နေပြည်တော်ရှိ အဒေါ်တစ်ယောက်အိမ်သို့ ပြောင်းရွှေ့လာခဲ့ရာ  သူနှင့်သူမ အဆက်အသွယ်ပြတ်ခဲ့သည်မှာ ကြာပြီ။ အဆက်အသွယ်ပြတ်အောင် လည်း သူမကိုယ်တိုင် ဖန်တီးခဲ့ခြင်းဖြစ်သည်။ သူမကိုယ်သူမ ပြောင်းလဲဖို့အတွက် သူနှင့်ဝေးရာ နေပြည်တော်ကို ခေတ္တရှောင်တိမ်းခဲ့ခြင်းပါ။ ထိုသို့ရှောင်တိမ်းဖို့ သူမမှာ ဖေဖေ့ကို ဖြစ်ကြောင်းကုန်စင် ပြောပြခဲ့ရသည်။ ဖေဖေက သူမကို နားလည်ပေးကာ ခွင့်ပြုပေးရှာပါသည်။ ဤသို့ဖြင့် သုံးနှစ်တာကာလပတ်လုံး ဖေဖေတစ်ယောက်လွဲပြီး သူမ ဘယ်သူ့မှ အဆက်အသွယ်မလုပ်ဘဲ နေပြည်တော်တွင် အချိန်ကုန်ခဲ့ရလေသည်။
                သူမအတွေးတွေသည် လွန်ခဲ့သော သုံးနှစ်တာကာလဆီသို့ ရောက်သွားလျက် လူတစ်ယောက်နှင့် တိုက်မိတော့မှ သူမ စိတ်နှင့်ကိုယ် ပြန်ကပ်တော့သည်။ ပြဿနာက အဲ့ဒီမှာ စလေသည်။ ဈေးဝယ်ဖို့ စူပါမားကတ်ထဲ သူမကအဝင် စူပါမားကတ်ထဲက လူကအထွက် တစ်ယောက်နှင့်တစ်ယောက်တိုက်မိကြရာ သူမက ဘာမှမဖြစ်သော်လည်း ဟိုလူ့မျက်နှာက ရှစ်ခေါက်ချိုးနေလေပြီ။ အကြောင်းမှာ သူမနှင့်တိုက်မိခြင်းက ထိုသူ ယူလာသော ဖန်ပုလင်းလေး ကျကွဲသွားခြင်းပင်။ ပိုဆိုးသည်က ပုလင်းထဲတွင် ထည့်ထားသော စက္ကူကြယ်လေးတွေ သည် စူပါမားကတ်လှေကားပေါ်တွင် ပြန့်ကြဲကုန်လျက် အချို့တလေတောင်မှ သူမ တက်နင်းမိလိုက်သေးသည်။
                သူမ ဒီနေ့မှ ရန်ကုန်ပြန်ရောက်သည်ဖြစ်ရာ လေယာဉ်ပေါ်ကဆင်းဆင်းချင်း ဈေးဝယ်ချင်လာ၍ အိမ်တောင်မဝင်သေးဘဲ စူပါမားကတ်ထဲဝင်မိကာမှ ပြဿနာနှင့် တည့်တိုးကြုံရလေသည်။ စိတ်ညစ်ဖွယ်ပင်။
“ ဆောရီးနော် ”
“ ဘာဆောရီးလဲ . . . တိုက်တုန်းက မဆင်မခြင်ဝင်တိုက်ပြီးတော့ အခုတော့ ခေါက်ထားတဲ့ကြယ်တွေ အကုန်သွားပြီ             ”             
“ တမင်ဝင်တိုက်ချင်လို့ ဝင်တိုက်မှ မဟုတ်တာ . . . မတော်တဆဖြစ်သွားတာလေ ”
“ တမင်များ ဝင်တိုက်ကြည့်ပါလား . . . ခင်ဗျား အသက်တောင် ဘယ်ကထွက်သွားသလဲ သိလိုက်မှာတောင် မဟုတ်ဘူး ”
                ကိုယ့်ခန္ဓာကိုယ်မှ အားမနာ ဒီလောက်အဖြစ်သည်းနေသော ကိုရွှေဝတုတ်ကို သူမ ခြေဆုံးခေါက်ဆုံး အကဲခတ်မိလေသည်။ လူက ဝဝတုတ်တုတ် ဖိုးဝရုပ်ကြီးဖြစ်ကာ ဗိုက် ပါး နှင့် လည်ပင်းတို့သည် ကြည့်မကောင်းနိုင်လောက်အောင် အဆီပိုတွေ ထွက်နေပေသည်။
“ ကောင်းပြီလေ . . . ကျွန်မ ဒီကိစ္စကို ဘယ်လိုဖြေရှင်းပေးရမလဲ ”
“ မေးနေစရာတောင် မလိုပါဘူး . . . ခင်ဗျားသိတတ်မယ်ဆိုရင် ပြန်လျော်ပေးရမှာပေါ့ ”
“ ဟုတ်ပြီလေ . . . ကျွန်မ ပြန်လျော်ပေးပါ့မယ် . . . ဒါပေမယ့် အခုတော့ မလျော်ပေးနိုင်သေးဘူး . . . ရော့ ဒီမှာ ကျွန်မ လိပ်စာကတ်
ရှင် လိုချင်တဲ့အချိန် ကျွန်မဆီ ဖုန်းဆက်လိုက်ပါ . . . လူတွေ အိပ်စက်တဲ့ညအချိန်တွေကလွဲပြီး အချိန်မရွေး ကျွန်မ လာလျော်ပေးပါ့မယ်
အခုတော့ ကျွန်မ ဈေးဝယ်လိုက်ဦးမယ် ”
                သုံးနှစ်အတွင်း သူ့အတွက် သူမ ခေါက်ထားသော စက္ကူကြယ်ကလေးတွေ အများကြီးပင်။ ထို့ထဲမှ သူမ အလျော်ပေးလိုက် ပါမည်။ သူမသည် ထိုဝတုတ်ကို လိပ်စာကတ်ပေးပြီး စူပါမားကတ်ထဲဝင်ဖို့ တံခါးကို ဖွင့်လိုက်လျှင် ထိုဝတုတ်က . . .
“ ခဏ . . . ခဏ . . . ခဏနေပါဦး . . . ခင်ဗျားက ဒီလိပ်စာကတ်ထဲကနာမည်အတိုင်း တကယ်ပဲ မိုးသားမေ လား ”
“ ဘာလဲ ရှင်က အင် ထင်လို့လား . . . မယုံဘူးဆိုရင် အဲ့ဒီလိပ်စာကတ်ထဲမှာ ပါတဲ့ ဖုန်းနံပါတ်ကို တစ်ချက်ခေါ်လိုက်လေ ”
                ဝတုတ်သည် မယုံကြည်စွာပင် သူ့ဘောင်းဘီအိတ်ကပ်ထဲက ဖုန်းကိုထုတ်ကာ သူမလိပ်စာကတ်ကိုကြည့်ပြီး သူမဖုန်းနံပါတ်ကို ခေါ်နေလေသည်။ ဒီနေ့တော့ ဒီဝတုတ်ကြောင့် ဈေးဝယ်ရတော့မည် မဟုတ် . . . ပိုဆိုးသည်က စူပါမားကတ်ရှေ့တွင် သူမနှင့် ဝတုတ်မှာ ပိတ်နေသလိုဖြစ်နေပြီး ဈေးလာဝယ်သူတွေသည် သူမတို့နှစ်ယောက်ကို ရှောင်ပြီးမှ စူပါမားကတ်ထဲ ဝင်ကြလေသည်။ လှေကားတွင်လည်း စက္ကူကြယ်တွေ ပြန့်ကြဲနေလျက် . . . သူမမှာ အရင်ဆုံး လုံခြုံရေးထံ အကူအညီတောင်းပြီး ရှင်းခိုင်းရသည်။ ဝတုတ်ကတော့ အလိုက်ကန်းဆိုးမသိစွာ ဖုန်းကို သည်းသည်မည်းမည်း ခေါ်နေသည်။ ခဏအကြာတွင် သူမဖုန်းထဲမှ Ringtone သံလေး ထွက်ပေါ်လာသည်။
“ ရင်မှာ အချစ်များ ဖြစ်မိနေလား . . . မရေရာဘူး စိတ်ထဲက . . . ငယ်ငယ်ကသံယောဇဉ် ခင်မင်ရုံ စိတ်ကလေးများ . . . ကြင်နာခြင်းရဲ့
စိတ်ရိုင်းများ . . . ကိုယ့်နှလုံးသား အရောင်ပြောင်းသွား . . . နားလည်ပါ သူငယ်ချင်းချစ်သူလေးရာ . . . ”
“ ဘယ်လိုလဲ . . . ယုံပြီလား . . . ကျွန်မ ဈေးသွားဝယ်တော့မယ် . . . ရှင် အလျော်လိုချင်တဲ့အချိန် ကျွန်မဆီ ဖုန်းဆက်လိုက်ပါ . . .
ကျွန်မကို သွားခွင့်ပြုပါဦး . . . နောက်မှ ပြန်ဆုံတာပေါ့ ”
“ မိုးသား . . . ”
                သူမ စူပါမားကတ်တံခါးကို ဖွင့်ရုံရှိသေး စွဲစွဲငင်ငင် ခေါ်လိုက်သောအသံကြောင့် သူမ ခြေလှမ်းတွေ တုံ့ဆိုင်းသွားရသည်။ မိုးသား . . . တဲ့ . . . ထိုအသံသည် တစ်ချိန်က သူမ အရမ်းရင်းနှီးခဲ့သော အသံဖြစ်သည်။ သူမအသည်းတွေ တစ်စစီ ကွဲခဲ့ရသောနေ့က သူမကို အားနာသော မျက်လုံးများဖြင့်ကြည့်ပြီး ခေါ်လိုက်သောသူ၏ အသံဖြစ်သည်။ သူမ ဆတ်ခနဲ လှည့်ကြည့်မိရာ ဝတုတ်သည်လည်း သူမကို အားနာသောမျက်လုံးဖြင့် ကြည့်နေလေသည်။
“ ငါ့ မင်းရံခ လေ ”
                ကမ္ဘာကြီးတစ်ခုလုံး ချာချာလည်သွားတော့သည်။ သူက မင်းရံခ တဲ့ . . . တစ်ချိန်က သူမ တစ်ဖက်သတ် ရင်ခုန်
ချစ်မြတ်နိုးခဲ့ရသောသူ . . . သူသည် လွန်ခဲ့သော သုံးနှစ်တာကာလက မင်းရံခနှင့် လုံးဝကြီး ကွဲပြားခြားသွားပြီ။ အရင်က ချောမောခန့်ညားခဲ့သော သူ့ပုံစံကို ဘယ်လိုမှ ပုံဖော်၍မရေအောင် အရမ်းဝနေလေသည်။
“ ရံခ . . . နင် တကယ်ပဲ ရံခ ”
“ နင် တော်တော် ပြောင်းလဲသွားတယ်နော် မိုးသား ”
                သူကသာ သူမကို ပြောင်းလဲသွားသည်ဟု ဆိုသည်။ သူကိုယ်တိုင်ကလည်း ပြောင်းလဲသွားပြီဆိုတာ မသိဘူးလား မသိ။ သူကသာ မင်းရံခ ဟု ဆိုနေပေမယ့် သူမ ယုံတောင်မယုံကြည်နိုင်ပေ။ သို့ပေမယ့် တစ်ချိန်က ကြည့်ခဲ့ဖူးသော မျက်ဝန်းတွေ . . . ကြားခဲ့ဖူးသော အသံတွေသည် သူမ အတော့်ကို ရင်းနှီးနေပါသည်။
“ နင် တကယ်ပဲ ရံခနော် ”
“ ဟုတ်ပါတယ်ဟာ . . . ငါ မလိမ်ပါဘူး . . . နင် မယုံသေးဘူးဆိုရင် ဒါလေးကို ကြည့်ကြည့် ”
                သူသည် ဘောင်းဘီအိပ်ကပ်ထဲက ပိုက်ဆံအိတ်ကိုထုတ်ကာ ပိုက်ဆံအိတ်ထဲက ဓာတ်ပုံလေးတစ်ပုံကို ထုတ်ပြလေသည်။ ဓာတ်ပုံထဲတွင် သူ . . . သူမ . . . ထက်မင်း နှင့် မေလင်းတို့သည် ပို့စ်အမျိုးမျိုးနှင့် ရှိနေသည်။ ထိုအချိန်တုန်းက သူသည် ချောမောခန်ညားသော ကောင်လေးတစ်ယောက်ဖြစ်ကာ သူမကတော့ ဝဝတုတ်တုတ်နှင့် ရုပ်ဆိုးမလေးတစ်ယောက်သာ ဖြစ်လေသည်။ ထိုဓာတ်ပုံလေးကို မြင်တော့မှ သူသည် ရံခဆိုတာ တစ်ထစ်ချ ယုံကြည်ရပါသည်။ သူမသည် အံ့သြလွန်း၍ စကားတစ်ခွန်းမှတောင် ပြန်မပြောနိုင်တော့ပေ။
“ လာလေ . . . ငါတို့ တစ်နေရာသွားပြီး အေးအေးဆေးဆေး စကားပြောရအောင် ”
“ သြော် . . . အေး ”
                သူမတို့နှစ်ယောက် စူပါမားကတ်ထဲ ဝင်လာခဲ့ကြသည်။ သူမ အရမ်းအံ့သြရပါသည် . . . အရမ်းလည်း ပျော်မိသည်။ အရင်ကထက်စာလျှင် သူမ အများကြီး ပြောင်းလဲသွားခဲ့ပေမယ့် သူက မှတ်မိသည် မဟုတ်လား။ သူမမှန်း သူ ဘယ်လိုသိခဲ့ပါသလဲ။
“ နင် ငါ့ကို မှတ်မိသားပဲနော် ရံခ ”                     
“ အစကတော့ ငါလည်း နင်မှန်းမသိဘူးပေါ့ဟာ . . . နင်က တော်တော်လှလာတာကိုး . . . နင်ရဲ့ Visiting Card ကိုကြည့်လိုက်တော့မှ
မိုးသားမေ ဆိုတော့ ငါ သိတဲ့ မိုးသားမေများလားပေါ့ . . . နင် ဖုန်းကိုခေါ်လိုက်တော့မှ သေချာသွားတာ ”
                သူမ သူ့ကို မျက်စောင်းထိုးလိုက်မိသည်။ သူ ဆိုလိုသည့်သဘောက သူမ အရမ်းကြိုက်သည့်သီချင်းလေးကြောင့် သူ သူမကို မှတ်မိခဲ့သည်ပေါ့။ ထို့နောက် အအေးဆိုင်ရောက်သည်အထိ နှစ်ယောက်သား ဘာစကားမှ မပြောတော့ပေ။ အအေးဆိုင်ထဲဝင်ထိုင်ပြီး
ခဏအကြာတော့မှ သူက စကားစလာသည်။
“ ငါ အရမ်းဝလာတယ်မလား ”
“ သေချာတာပေါ့ . . . ဘာလို့ အဲ့လောက်ကြီး ဝလာတာလဲ ”
“ ငါ အသည်းကွဲခဲ့တယ်လေ . . . ငါ အရမ်းချစ်ရတဲ့ ကောင်မလေးက ငါ့ကို ထားသွားခဲ့တာ . . . ငါ ဝဋ်လည်တာနဲ့ တူပါတယ်ဟာ . . . အဲ့ဒါနဲ့ ငါလည်း အစားတွေ ဇွတ်စားပြီး ဝလာတော့တာပါပဲ . . . အစတုန်းကတော့သူ့အပေါ် ငါ အနိုင်ယူခဲ့မိတယ် . . . သူ ထားသွားတော့မှ ခံစားလိုက်ရတာ ရင်ကွဲမတတ်ပဲဟာ ”
                သူသည် ပြောရင်းပြောရင်း ကြေကွဲသံတွေစွက်လာသည်။ သူမနှလုံးသားလည်း တဆစ်ဆစ်နှင့် နာကျင်လာသည်။ သူမ မရှိသော သုံးနှစ်တာကာလအတွင်း သူ တကယ်ချစ်ရသောသူနှင့် တွေ့ဆုံခဲ့သည်ပေါ့ . . . သူမမှာတော့ မျှော်လင့်ချက်တွေနှင့် ပင်ပန်းဆင်းရဲစွာ ပြုပြင်ပြောင်းလဲပြီး သူ့ဆီ ပြန်လာခဲ့ရသည်။ သူမ ဒုတိယအကြိမ် အသည်းကွဲပြန်ပါပြီ . . . ရင်ဘတ်တစ်ခုလုံး နာကျင်လွန်း၍ မွန်းကျပ်လာသည်။
သူမ ခေါင်းလေးငုံ့ကာ ဖုန်းထဲမှ Ringtone လေးကို မသိမသာ ဖြုတ်ပစ်လိုက်သည်။ သူမ မမျှော်လင့်ချင်တော့ပါဘူး။
“ မိုးသား ဘာလုပ်နေတာလဲ ”
“ ဘာမလုပ်ပါဘူးဟာ . . . ဖုန်းလဲရင် ကောင်းမလား စဉ်းစားနေတာ . . . သြော် ဒါနဲ့ နင့်ကို အသည်းခွဲခဲ့တဲ့ ကောင်မလေးကို ငါ
သိချင်လိုက်တာ . . . နင်လို ခပ်ချောချောကောင်လေးတစ်ယောက်ကို အခုလို ဝတုတ်ကြီးဖြစ်အောင် လုပ်နိုင်တာ ငါ အရမ်းအံ့သြတာပဲ . . .
အဲ့ဒီကောင်မလေးက ဘယ်သူလဲ . . . ငါ သိတဲ့သူတွေထဲကလား . . .”
                ရင်ဘတ်ထဲက ဝေဒနာကို ကျိတ်မှိတ်ခံစားရင်း စကားတွေသာ တရစပ်ပြောနေမိသည်။
“ ငါ ပြောရင် မရယ်ရဘူးနော် ”
“ မရယ်ပါဘူးဟာ . . . နင် ဒီလောက်ခံစားနေရတာ ငါ မရယ်ရက်ပါဘူး ”
“ နင် သိတဲ့သူထဲကပါပဲ . . . သူ့နာမည်က မိုးသားမေ တဲ့ ”
                မိုးသားမေ ! . . . ဒီနာမည် . . . ဒီနာမည်သည် သူမနာမည် မဟုတ်လား။
“ ငါ သူ့ကို အရမ်းချစ်တယ် . . . သူရော ငါ့ကို ချစ်သေးရဲ့လား မသိပါဘူးဟာ ”
                သူမသည် ကြောင်အမ်းအမ်းနှင့် မချစ်တော့ဘူး ဟု ဆိုလိုက်ရာ သူက အလန့်တကြားဖြင့် . . . . .
“ ဘာ . . . ဘာလို့လဲ . . . ငါ ဝနေလို့လားဟာ ” ဟု မေးလေသည်။
“ သေချာတာပေါ့ . . . နင်လို ဝက်ပုပ်ကို ချစ်ဖို့မပြောနဲ့ . . . အိပ်မက်ထဲတောင် ထည့်မမက်ဘူး . . . နေရာမဆံ့လို့ ”
                သူ့မျက်နှာလေး ညှိုးငယ်သွားပါသည်။ အမှန်တကယ်တော့ သူမ သူ့ကို ချစ်နေဆဲပါ . . . ဝ ရုံတင်မက  ရုပ်ကြီးဆိုးနေလည်း သူမ သူ့ကို ထာဝရချစ်နေဦးမှာပါ။ သူမ သူ့ကို ချစ်ခဲ့သည်မှာ သူ၏ ချောမောခန့်ညားမှု အလှအပတွေကြောင့် မဟုတ်ပါ . . . အခုချိန်မှာ သူ ဘယ်လိုပုံစံကြီးဖြစ်နေဖြစ်နေ သူမအတွက်တော့ မင်းသားလေးပင် ဖြစ်ပါသည်။ ထို့အတွက် သူမ သူ့ကို ဝန်ခံလိုက်တော့မည်။ သူမလည်း သူ့ကို အရမ်းချစ်ပါသည်။

အလှတရားမရှိသော အချစ်

Posted by : လက်တွဲဖော် 0 Comments

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -