Posted by : လက်တွဲဖော် Thursday, March 29, 2012

သူ့ကို သူလက်ထပ်ခွင့်တောင်းတော့ သူစကားတစ်ခွန်းပဲပြောတယ်။ "ငါ့ကို ယုံပါ" သူ့အတွက် သူပထမဆုံးသမီးလေးမွေးပေးတော့ သူစကားတစ်ခွန်းပြောတယ်။ "နင် ပင်ပန်းပြီ" သူတို့သမီး မင်္ဂလာဆောင်တဲ့နေ့က သူ့ကို သူဖက်ပြီး စကားတစ်ခွန်းပြောတယ်။ "ငါ ရှိသေးတယ်" သူဖျားနာကြောင်း သူကြားတော့ သူ့ဘေးနား သူချက်ချင်းရောက်လာပြီး စကားတစ်ခွန်းကို သူထပ်တလဲလဲပြောတယ်။ "ငါ ဒီမှာ" လောကကြီးထဲကနေ သူထွက်သွားတော့မယ့်တခဏ သူ့နဖူးကို သူနမ်းပြီးပြောတယ်။ "ငါ့ကို စောင့်ပါ" ဒီတစ်သက် သူ့ကို ချစ်တယ်လို့ သူ မပြောခဲ့ဖူးဘူး။ ဒါပေမယ့် အချစ်က သူတို့အနားမခွဲမခွာရှိခဲ့တယ်။ ဒီလောကမှာ ရင်ထဲကစကားကို ထုတ်ဖော်မပြောပြတတ်တဲ့ လူတွေရှိတယ်။ ထုတ်ဖော်မပြောတိုင်း သူတို့မှာ ချစ်ခြင်းမေတ္တာမရှိတာမဟုတ်ပါဘူး။ Read more: http://www.mm-flashsongs.com/profiles/blog/show?id=5202681%3ABlogPost%3A1089195&xgs=1&xg_source=msg_share_post#ixzz1qVeOsGWh

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -