Posted by : လက်တွဲဖော် Friday, March 30, 2012

ချစ်သူ......... ဒီကမ္ဘာပေါ်မှာ ငါမင်းကိုသာအချစ်ဆုံးပါ ငါ့အသက်ရှင်နေသရွေ့ ငါ့ရဲ့ နှလုံးသား ဝင်သက်ထက်သက်တွေတိုင်းမှာ ရှိနေတာမင်းပါ ချစ်သူ........ တကယ်လို့များ မင်းငါ့ဘေးနားမှာ မရှိတော့ရင်တောင် မင်းရဲ့အငွေ့အသက်တွေ နဲ့ ငါရှေ့ဆက်ရင်း မင်းပေးတဲ့ဒဏ်ရာတွေကို မော့သောက်လို့ နာကျင်စွာပြုံးရင်း ယစ်မူးနေတာသိထားပေးပါ ချစ်သူ........ နင်ငါ့ကိုစိတ်ကုန်သွားခဲ့ရင် ဒါမှမဟုတ် အခြားတစ်ယောက်ကို ရွေးချယ်သွားခဲ့ရင် ငါ့အချစ်တွေက မင်းခြေဖဝါးအောက်မှာ ဖုန်မှုန်တွေလို ကပ်ငြိတွယ်စေဖို့ ငါဆုတောင်းတယ် ချစ်သူ....... တစ်နေ့နေ့တစ်ချိန်မှာ ငါ့ကိုပြန်မတွေ့ရင်တောင် မင်းဖိနပ်ချွတ်လိုက်တဲ့အချိန်တိုင်း ကပ်ငြိတွယ်နေတဲ့ဖုန်မှုန်ကိုတွေ့ရင် ဒါငါ့ အချစ်တွေ ကပ်ငြိတွယ်နေတယ်ဆိုတာ နင်သိထားပေးပါချစ်သူ........ မြေပြင်တစ်ခု ပေါ်မှာ ဘယ်လောက်ပဲ ပြောင်အောင်လှဲနေပါစေ အဲဒီမြေပြင်ပေါ်ကို မင်းနင်းလျှောက်လိုက် ရင် ဖုန်မှု့န်တွေပေကျံနေသလိုပဲ ဖုန်မှုန့်နဲ့တူတဲ့ငါ့အချစ်တွေကို နင်အမြဲ သတိရပေးပါနော်။

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -