Posted by : လက်တွဲဖော် Monday, March 4, 2013

ချစ်တယ်ဘယ်လိုပြောပြော
နူးညံ့တဲ့နှလုံးသားမရှိတဲ့သူဟာ သင့်ကိုကြင်နာဖို့သိပ်ခက်သူပါ

ချစ်တယ်ဘယ်လိုပြောပြော
မျှမျှတတမတွေးပေးတတ်တဲ့သူဟာ သင့်ကိုနားလည်ပေးဖို့သိပ်ခက်သူပါ

ချစ်တယ်ဘယ်လိုပြောပြော
အတ္တကြီးတဖက်စွန်းရောက်တဲ့သူဟာ သင့်ကိုစိတ်ချမ်းသာမှုပေးဖို့မသေချာတဲ့သူပါ

ချစ်တယ်ဘယ်လိုပြောပြော
အပျော်အပါးလိုက်စားတတ်တဲ့သူဟာ သင့်ကိုအကောင်းဆုံးသစ္စာရှိဖို့ခက်ခဲတဲ့သူပါ

ချစ်တယ်ဘယ်လိုပြောပြော
လိမ်ညာတတ်တဲ့အကျင့်ရှိတဲ့သူဟာ သင့်အတွက်အမှန်တရားရှားပါးတဲ့သူပါ

ချစ်တယ်ဘယ်လိုပြောပြော
လူတယောက်ကိုဘယ်လိုချစ်ရမယ်ဆိုတာ ကောင်းကောင်းမသိတဲ့သူဟာ
သင့်ကိုစိတ်ညစ်စေနိုင်သူပါ

လူတစ်ယောက်ရဲ့စိတ်နေစိတ်ထား အကျင့်ဆိုတာ
ပြုပြင်ဖို့သိပ်ခက်တဲ့အမျိုးပါ
မချစ်ခင်လေ့လာပါ ကိုယ့်ကိုချစ်လို့သူပြုပြင်မယ်ဆိုတာသိပ်ခက်ပါတယ်
ချစ်လို့လက်ခံမယ်ဆိုရင်တောင် တသက်လုံးလက်ခံနိုင်ပါ့မလား??

ရုပ်ရည်နဲ့ပြည့်စုံမှုကိုပဲဦးစားပေးတအားမကြည့်ပါနဲ့
နှလုံးသားသက်သက်နဲ့လည်း လူတယောက်ကိုမဖတ်ပါနဲ့
ဦးနှောက်နဲ့တွဲဖတ်ပါ စိတ်ထားကိုဖတ်ပါ ၊
အဲဒါမှ စိတ်သဘောထားကိုမကြိုက်လို့ ၊အကျင့်စာရိတ္တကိုမကြိုက်လို့ဆိုပြီး
လမ်းခွဲရခြင်း ရည်းစားတွေများရခြင်းမှ ရှောင်ကြဉ်နိုင်မှာပါ

စိတ်ထားလည်းအထင်ကြီးနိုင်
တခြားအချက်တွေလည်း ကိုယ်ချစ်နိုင်တယ်ဆိုရင်တော့
အကောင်းဆုံးပေါ့ ။ ။




ခင်မင်လျက်
ကောင်ကလေး
03-03-13,09:42pm

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -