Posted by : လက်တွဲဖော် Tuesday, February 19, 2013

နင့်ဘဝမှာ ငါ့ကိုအချစ်ဆုံးဖြစ်ရမယ်လို့ မတောင်းဆိုပါဘူး
နင့်ဘဝရဲ့ အရေးကြီးဆုံး ချစ်ရတဲ့သူတွေထဲကတစ်ယောက်ဖြစ်ရင် ကျေနပ်ပါပြီ

နင့်ဘဝမှာ ငါ့မရှိရင် မဖြစ်ဘူးလို့မခံယူထားပါဘူး
နင့်ဘဝရဲ့ ဖြစ်တည်မှုမှာ ငါ့ကို လိုအပ်ပေးနေရင်ဘဲ ကျေနပ်ပါပြီ

နင့်ဘဝကို လွမ်းမိုးချုပ်ကိုင်သူမဖြစ်ချင်ပါဘူး
နင့်ဘဝကို ပဲ့ကိုင်ထိန်းကျောင်းပေးသူဘဲဖြစ်ချင်တာပါ

နင့်ဘဝရဲ့ ပထမဆုံး အချစ်ဦးမဖြစ်ခဲ့ရင်နေပါ
နငိ့ဘဝရဲ့ လက်ရှိ ပစ္စုပ္ပန်ကနေ အနာဂါတ် ခရီးဆုံးထိအတူလျှောက်လှမ်းခွင့်ရတဲ့ ချစ်ရတဲ့သူဖြစ်ရင် ကျေနပ်ပါပြီ

နင့်အပေါ် နားလည်မှုပေးထားတယ်လို့မဆိုလိုပါဘူး
ဖြစ်လာသမျှ အကြောင်းအရာကို သေချာစဉ်းစားပြီး နင့်ဘက်က ရပ်တည်ပေးနေတာပါ မှန်နေရင် ထောက်ခံပြီး မှားနေရင် ထောက်ပြပေးချင်တာပါ

နင့်ငါ့တစ်ယောက်ထဲကိုဘဲချစ်ရမယ်လို့မဆိုလိုပါဘူး
နင့်ငါကို တကယ်ချစ်ရင် ငါ့အချစ်ကို တန်ဖိုးထားတဲ့အနေနဲ့ သစ္စာစောင့်သိစေချင်တာပါ

နင့်ကို နာကျင်စရာတွေဝမ်းနည်းစရာတွေမရှိစေရဘူးလို့အာမ မခံပါဘူး
နင်နာကျင်စရာတွေရှိရင်တော့ နင့်နဲ့အတူ မျှဝေခံစားပြီး အေးအတူ ပူအမျှ အနားမှာရှိနေပေးမှာပါ

နင့်ကိုဘယ်တော့မှ စိတ်မဆိုး စိတ်မကောက်ဘူးလို့ ကတိမပေးနိုင်ပါဘူး
နင်ကို ဘယ်တော့မှစိတ်နာ စိတ်ကုန်မသွားဘူးလို့ဘဲ ငါ့ကတိပေး နိုင်တယ်

နင့်ကိုငါ့ ထာဝရချစ်တာမဟုတ်ဘူး
ထာဝရထက် တစ်သက်ပိုချစ်တာပါ
ကောင်းခြင်းဆိုးခြင်းတွေ တူတူမျှဝေခံစားပြီး ဘဝခရီးလမ်းကို လက်တွဲမဖြုတ် ဆက်လျှောက်ချင်တယ်

ငါ့အချစ်မှာ သံယောဇဉ်ရယ် နားလည်မှုရယ် ဂရုစိုက်မှုရယ် မေတ္တာတရားရယ်ပေါင်းစပ်ပြီး နင့်ဘဝထဲကို ဝင်လာခွင့်ပြုပါ…………………

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -