Posted by : လက်တွဲဖော်
Saturday, November 3, 2012
မင်းသာမရှိတော့ရင်
မင်းအပြုံးရဲ့ လေပြေလေး တွေ
ငါ့ရင်ကို အေးစေတယ်…………..
မင်းနှလုံးသားရဲ့ သံစဉ်တေးသွားလေးတွေ
ငါ့ရင်ကို ကြည်နူးစေတယ်…………
မင်းနှုတ်ခမ်းရဲ့ နွေးထွေးတဲ့စကားတွေ
ငါ့အတွက်ခွန်အားဖြစ်စေတယ်……
မင်းရဲ့ ချိုမြန်တဲ့ အားပေးမှုတွေ
ငါ့အတွက် အနာဂတ်ကိုယူဆောင်ပေးတယ်…………
မင်းအတွက်ရွာသွန်းခဲ့တဲ့ ငါ့မျက်ရည်မိုးတွေ
ငါ့မျက်ဝန်းကိုကြည်လင်တောက်
မင်းအတွက်ရခဲ့တဲ့ ခံစားချက်တွေ
ငါ့အတွက် ကဗျာတွေကို ဖန်ဆင်းပေးတယ်………….
မင်းသာမရှိတော့ရင်……………….
လေပြေလေးလဲမတိုက်ခတ်တော့ဘူး
သံစဉ်လေးလဲ မကြားနိုင်တော့ဘူး
ခွန်အားတွေလည်း မရှိနိုင်တော့ဘူး
အနာဂတ်လည်း မရှိတော့ဘူး
မျက်ဝန်းတွေ မတောက်ပနိုင်တော့ဘူး
ကဗျာတွေ မဖန်တီးနိုင်တော့ဘူး
မင်းသာမရှိတော့ရင်.........
ငါဆိုတာလဲ မရှိနိုင်တော့ဘူး
မင်းသာမရှိတော့ရင်.........
Post a Comment