Posted by : လက်တွဲဖော် Wednesday, October 17, 2012

ကဲ . . .
လောကကို ခပ်မော့မော့ကြည့်တတ်တဲ့ ကောင်မလေးရေ
မိုးတွေလည်းမှောင်လာပြီ
မင်းအခန်းတံခါးကို ပိတ်လိုက်တော့
မင်းစာဖတ်ချိန် ၊ မင်းအိပ်ချိန်
ပြီးတော့ မင်းအိပ်မက်တွေထဲ
ခေါင်းငိုက်စိုက် ပျံသန်းလာတဲ့ငှက်တစ်ကောင်
ခပ်တိုးတိုးမင်းနှလုံးသားစီကို
ပျံသန်းလာနေတာတွေ့ရင်လည်း
မင်းသိထားတဲ့ အဘိဓမ္မာတွေ ၊ ဒိုင်ယာလော့တွေနဲ့
ငါ့ဘ၀ထဲ ချကျွေးပါအုံးကွာ

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -